သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မိုင္ဂ်ာယန္ ကိုဗစ္ကူးစက္မႈ ထိန္းခ်ဳပ္ႏိုင္ၿပီး ကန္႔သတ္ခ်က္ေတြေျဖေလ်ာ့


မိုင္ဂ်ာယန္ နယ္ေျမမွာ တေြ ့ရတဲ့ COVID-19 ကာကြယ္ေရး ပိုစတာတခု (ဓာတ္ပံု - The Kachin Net၊ Kachin News Group - ဧၿပီလ ၂၅၊ ၂၀၂၀)

(Zawgyi/Unicode)

ကခ်င္လြတ္ေျမာက္ေရးအဖြဲ႔ (KIO) ရဲ့ ပညာေရးေက်ာင္းေတြတည္ရိွရာ မုိင္ဂ်ာယန္မွာ COVID-19 ကပ္ေရာဂါ ကူးစက္မႈဟာ ထိန္းခ်ဳပ္ႏိုင္တဲ့အေျခအေနကို ေရာက္ရိွလာၿပီလုိ႔ KIO ရဲ႕ကိုဗစ္ထိန္းခ်ဳပ္ေရးတာဝန္႐ွိသူက ေျပာပါတယ္။ ဒါေၾကာင့္ အသြားအလာကန္႔သတ္မႈေတြကို စတင္ေျဖေလ်ာ့ေပးေနပါၿပီ။ ျပည္တြင္းဒုကၡသည္ IDP စခန္းမွာေတာ့ ကူးစက္မႈေတြ ထပ္မံေတြ႔ရိွေနတာေၾကာင့္ လူစုလူေ၀းမလုပ္ဖို႔ ဆက္လက္ ကန္႔သတ္ထားပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုၿငိမ္းခ်မ္းက ေျပာျပပါမယ္။

ကခ်င္အမ်ိဳးသားေကာလိပ္၊ ဖက္ဒရယ္ဥပေဒအကယ္ဒမီနဲ႔ တျခားပညာေရးေက်ာင္းေတြ ဖြင့္ထားတဲ့ မိုင္ဂ်ာယန္မွာ ၿပီးခဲ့တဲ့ ဇူလိုင္လဆန္းက အေဆာင္ေန ေက်ာင္းသားေတြမွာ COVID-19 ေရာဂါ စေတြ႔ခဲ့တာပါ။ ေရာဂါပုိးကူးစက္မႈ ေတ႔ြခဲ့ၿပီးေနာက္ ၿမိဳ႔ေနျပည္သူ ၁ ေသာင္း ၄ ေထာင္ေလာက္ကို စစ္ေဆးရာမွာ လူ ၂ ေထာင္ ေလာက္မွာ ကိုဗစ္ေရာဂါပိုးကူးစက္ေနတာ ေတ႔ြခဲ့ပါတယ္။ အခုအခါမွာေတာ့ အတည္ျပဳလူနာ ၂ ရာ ၀န္းက်င္ေလာက္သာရိွေတာ့ေၾကာင္း KIO COVID-19 ေရာဂါ ကာကြယ္တားဆီးႏွိမ္နင္းေရးေကာ္မတီက အတြင္းေရးမွဴး ဗိုလ္မွဴးၾကီးဟိန္း၀မ္က အခုလို ေျပာပါတယ္။

“ၿပီးခဲ့တဲ့ ဇူလိုင္လဆို ၂ ေထာင္ေက်ာ္ၿပီ။ အဲဒီ Positive လူဦးေရက။ ၂ ေထာင္နဲ႔ ၄- ၅ ရာေလာက္ ရိွမယ္ထင္တယ္။ အဲဒီ၀န္းက်င္ေလာက္။ အခုက သက္သာေပ်ာက္ကင္းသြားတဲ့လူလည္း ေတာ္ေတာ္မ်ားၿပီ။ အခု Positive ဆို ၁ ရာ။ ၂ ရာ နီးပါးေလာက္ပဲက်န္တယ္။”
မိုင္ဂ်ာယန္ၿမိဳ႔မွာ ကူးစက္မႈထိန္းခ်ဳပ္ႏိုင္တာေၾကာင့္ Lockdown ခ်ၿပီး အသြားအလာကန္႔သတ္တာေတြကို စက္တင္ဘာ ၁ ရက္ေန႔က အကန္႔အသတ္နဲ႔ စတင္ေျဖေလ်ာ့ခဲ့ေၾကာင္းလည္း ဆက္ေျပာပါတယ္။

“မိုင္ဂ်ာယန္မွာ စက္တင္ဘာလ ၁ ရက္ေန႔ကေန Lockdown ေျဖလိုက္တယ္။ ဒီမွာ ႏွစ္လနီးပါးေလာက္ အဲလို ရိွတယ္ဆိုေတာ့ လူထုေတြလည္း အဘက္ဘက္မွာ အခက္အခဲေတြ ၾကံဳေနရတယ္ဆုိေတာ့ သူတို႔လည္း ယာခင္းေတြ သြားဖို႔၊ အလုပ္ဆင္းဖုိ႔ေတြ အခ်ိန္လည္းရေအာင္ Lockdown ေျဖလိုက္တာ။ လူစုလူေ၀းေတာ့ ခြင့္မျပဳေသးဘူး။ အဓိကဆုိလုိ႔ရိွရင္ COVID စည္းကမ္းနဲ႔အညီ လိုက္နာေဆာင္ရြက္ဖို႔ အဲဒါေတြ ၾကပ္မတ္ ေဆာင္ရြက္တာျဖစ္တယ္။”

မိုင္ဂ်ာယန္ၿမိဳ႔အနီးက ပါကေထာင္ ျပည္တြင္းဒုကၡသည္ IDP စခန္းမွာေတာ့ အတည္ျပဳလူနာ ၄၀ ေက်ာ္ မေန႔က ေတြရိွတာေၾကာင့္ Lockdown သတ္မွတ္ခ်က္ေတြ ခ်ထားၿပီး အသြားအလာ ဆက္လက္ ကန္႔သတ္ထားသလို ပိုးေတြ႔လူနာေတြကိုလည္း သီးျခားခဲြျခားထားပါတယ္။

COVID ကူးစက္မႈ ေလ်ာ့က်လာေပမဲ့ ထပ္မံကူးစက္မႈမရိွေအာင္ ကာကြယ္ေဆးထိုးတာေတြကို ေဆာင္ရြက္ဖုိ႔ျပင္ဆင္ေနသလို ေရာဂါစမ္းသပ္ဖို႔ ၊ ကုသဖို႔အတြက္လည္း မိုင္ဂ်ာယန္နဲ႔ လိုင္ဇာမွာ ေဆးရံုေတြကို အဆင့္ျမွင့္တင္ တည္ေဆာက္ေနေၾကာင္း ဗိုလ္မွဴးၾကီးဟိန္း၀မ္က ေျပာပါတယ္။

မိုင္ဂ်ာယန္ေဒသ COVID-19 တိုက္ဖ်က္ေရးအစီအစဥ္မွာ ကူညီေဆာင္ရြက္ေနသူ ေဒသခံတဦးကေတာ့ လက္ရိွအေျခအေနအေပၚမွာ အခုလို ေျပာဆုိပါတယ္။

“Lockdown က မေန႔က စၿပီး သူတို႔ ဖြင့္တဲ့ဟာရိွတယ္ဆုိေပမဲ့ လူေတြကေတာ့ နည္းနည္း အသြားအလာကေတာ့ နည္းေနဆဲပဲ။ အားလံုးက ဂရုစိုက္ ဆင္ျခင္တဲ့ဟာမ်ိဳး။ ေဒသခံေတြကေတာ့ ထြက္လို႔ရၿပီဆုိေပမဲ့ အရင္လို လြတ္လြတ္လပ္လပ္ သြားတဲ့ဟာမ်ိဳးမရိွဘူး။ ဘာျဖစ္လို႔လည္းဆို COVID ေကာ္မတီကေနၿပီး စည္းကမ္းခ်မွတ္ထားတယ္။ အျပင္ထြက္မယ္ဆို COVID စည္းကမ္း လုိက္နာရမယ္ဆုိတဲ့ဟာမ်ိဳးေပါ့ေနာ္။ အရင္စျဖစ္တဲ့အခ်ိန္နဲ႔ ေျပာမယ္ဆို ေလ်ာ့ေတာ့ ေလ်ာ့သြားၿပီ။ ဒါေပမဲ့ အရမ္းၾကီး အကင္းအရွင္းေတာ့ မဟုတ္ဘူးေပ့ါေလေနာ္။ အားလံုးဂရုတစိုက္နဲ႔ ဆင္ဆင္ျခင္ျခင္လုပ္သြားမယ္ဆုိရင္ေတာ့ ဆက္ၿပီး ထိန္းခ်ဳပ္သြားႏိုင္မယ္ဆုိတဲ့ ပံုစံမ်ိဳး အဲလိုမ်ိဳးေတာ့ ရိွပါတယ္။”

ကခ်င္ျပည္နယ္ထဲက ၿမိဳ႔နယ္ ၁၈ ၿမိဳ႔နယ္မွာ COVID-19 ကူးစက္မႈျမင့္တက္ခဲ့တာေၾကာင့္ ျမစ္ၾကီးနား၊ ဗန္းေမာ္၊ ေရႊကူ၊ ဖားကန္႔နဲ႔ မိုးေကာင္း စတဲ့ၿမိဳ႔နယ္ေတြမွာ မလိုအပ္ဘဲ အျပင္မထြက္ဖို႔ Stay at home သတ္မွတ္ခ်က္ေတြကို က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

..................................................................................................

တိုက္႐ိုက္ လင့္ခ္


မိုင်ဂျာယန် ကိုဗစ်ကူးစက်မှု ထိန်းချုပ်နိုင်ပြီး ကန့်သတ်ချက်တွေဖြေလျော့

(Unicode)

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ရဲ့ ပညာရေးကျောင်းတွေတည်ရှိရာ မိုင်ဂျာယန်မှာ COVID-19 ကပ်ရောဂါ ကူးစက်မှုဟာ ထိန်းချုပ်နိုင်တဲ့အခြေအနေကို ရောက်ရှိလာပြီလို့ KIO ရဲ့ကိုဗစ်ထိန်းချုပ်ရေးတာဝန်ရှိသူက ပြောပါတယ်။ ဒါကြောင့် အသွားအလာကန့်သတ်မှုတွေကို စတင်ဖြေလျော့ပေးနေပါပြီ။ ပြည်တွင်းဒုက္ခသည် IDP စခန်းမှာတော့ ကူးစက်မှုတွေ ထပ်မံတွေ့ရှိနေတာကြောင့် လူစုလူဝေးမလုပ်ဖို့ ဆက်လက် ကန့်သတ်ထားပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုငြိမ်းချမ်းက ပြောပြပါမယ်။

ကချင်အမျိုးသားကောလိပ်၊ ဖက်ဒရယ်ဥပဒေအကယ်ဒမီနဲ့ တခြားပညာရေးကျောင်းတွေ ဖွင့်ထားတဲ့ မိုင်ဂျာယန်မှာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းက အဆောင်နေ ကျောင်းသားတွေမှာ COVID-19 ရောဂါ စတွေ့ခဲ့တာပါ။ ရောဂါပိုးကူးစက်မှု တေ့ွခဲ့ပြီးနောက် မြို့နေပြည်သူ ၁ သောင်း ၄ ထောင်လောက်ကို စစ်ဆေးရာမှာ လူ ၂ ထောင် လောက်မှာ ကိုဗစ်ရောဂါပိုးကူးစက်နေတာ တေ့ွခဲ့ပါတယ်။ အခုအခါမှာတော့ အတည်ပြုလူနာ ၂ ရာ ဝန်းကျင်လောက်သာရှိတော့ကြောင်း KIO COVID-19 ရောဂါ ကာကွယ်တားဆီးနှိမ်နင်းရေးကော်မတီက အတွင်းရေးမှူး ဗိုလ်မှူးကြီးဟိန်းဝမ်က အခုလို ပြောပါတယ်။

“ပြီးခဲ့တဲ့ ဇူလိုင်လဆို ၂ ထောင်ကျော်ပြီ။ အဲဒီ Positive လူဦးရေက။ ၂ ထောင်နဲ့ ၄- ၅ ရာလောက် ရှိမယ်ထင်တယ်။ အဲဒီဝန်းကျင်လောက်။ အခုက သက်သာပျောက်ကင်းသွားတဲ့လူလည်း တော်တော်များပြီ။ အခု Positive ဆို ၁ ရာ။ ၂ ရာ နီးပါးလောက်ပဲကျန်တယ်။”
မိုင်ဂျာယန်မြို့မှာ ကူးစက်မှုထိန်းချုပ်နိုင်တာကြောင့် Lockdown ချပြီး အသွားအလာကန့်သတ်တာတွေကို စက်တင်ဘာ ၁ ရက်နေ့က အကန့်အသတ်နဲ့ စတင်ဖြေလျော့ခဲ့ကြောင်းလည်း ဆက်ပြောပါတယ်။

“မိုင်ဂျာယန်မှာ စက်တင်ဘာလ ၁ ရက်နေ့ကနေ Lockdown ဖြေလိုက်တယ်။ ဒီမှာ နှစ်လနီးပါးလောက် အဲလို ရှိတယ်ဆိုတော့ လူထုတွေလည်း အဘက်ဘက်မှာ အခက်အခဲတွေ ကြုံနေရတယ်ဆိုတော့ သူတို့လည်း ယာခင်းတွေ သွားဖို့၊ အလုပ်ဆင်းဖို့တွေ အချိန်လည်းရအောင် Lockdown ဖြေလိုက်တာ။ လူစုလူဝေးတော့ ခွင့်မပြုသေးဘူး။ အဓိကဆိုလို့ရှိရင် COVID စည်းကမ်းနဲ့အညီ လိုက်နာဆောင်ရွက်ဖို့ အဲဒါတွေ ကြပ်မတ် ဆောင်ရွက်တာဖြစ်တယ်။”

မိုင်ဂျာယန်မြို့အနီးက ပါကထောင် ပြည်တွင်းဒုက္ခသည် IDP စခန်းမှာတော့ အတည်ပြုလူနာ ၄၀ ကျော် မနေ့က တွေရှိတာကြောင့် Lockdown သတ်မှတ်ချက်တွေ ချထားပြီး အသွားအလာ ဆက်လက် ကန့်သတ်ထားသလို ပိုးတွေ့လူနာတွေကိုလည်း သီးခြားခွဲခြားထားပါတယ်။

COVID ကူးစက်မှု လျော့ကျလာပေမဲ့ ထပ်မံကူးစက်မှုမရှိအောင် ကာကွယ်ဆေးထိုးတာတွေကို ဆောင်ရွက်ဖို့ပြင်ဆင်နေသလို ရောဂါစမ်းသပ်ဖို့ ၊ ကုသဖို့အတွက်လည်း မိုင်ဂျာယန်နဲ့ လိုင်ဇာမှာ ဆေးရုံတွေကို အဆင့်မြှင့်တင် တည်ဆောက်နေကြောင်း ဗိုလ်မှူးကြီးဟိန်းဝမ်က ပြောပါတယ်။

မိုင်ဂျာယန်ဒေသ COVID-19 တိုက်ဖျက်ရေးအစီအစဉ်မှာ ကူညီဆောင်ရွက်နေသူ ဒေသခံတဦးကတော့ လက်ရှိအခြေအနေအပေါ်မှာ အခုလို ပြောဆိုပါတယ်။

“Lockdown က မနေ့က စပြီး သူတို့ ဖွင့်တဲ့ဟာရှိတယ်ဆိုပေမဲ့ လူတွေကတော့ နည်းနည်း အသွားအလာကတော့ နည်းနေဆဲပဲ။ အားလုံးက ဂရုစိုက် ဆင်ခြင်တဲ့ဟာမျိုး။ ဒေသခံတွေကတော့ ထွက်လို့ရပြီဆိုပေမဲ့ အရင်လို လွတ်လွတ်လပ်လပ် သွားတဲ့ဟာမျိုးမရှိဘူး။ ဘာဖြစ်လို့လည်းဆို COVID ကော်မတီကနေပြီး စည်းကမ်းချမှတ်ထားတယ်။ အပြင်ထွက်မယ်ဆို COVID စည်းကမ်း လိုက်နာရမယ်ဆိုတဲ့ဟာမျိုးပေါ့နော်။ အရင်စဖြစ်တဲ့အချိန်နဲ့ ပြောမယ်ဆို လျော့တော့ လျော့သွားပြီ။ ဒါပေမဲ့ အရမ်းကြီး အကင်းအရှင်းတော့ မဟုတ်ဘူးပေ့ါလေနော်။ အားလုံးဂရုတစိုက်နဲ့ ဆင်ဆင်ခြင်ခြင်လုပ်သွားမယ်ဆိုရင်တော့ ဆက်ပြီး ထိန်းချုပ်သွားနိုင်မယ်ဆိုတဲ့ ပုံစံမျိုး အဲလိုမျိုးတော့ ရှိပါတယ်။”

ကချင်ပြည်နယ်ထဲက မြို့နယ် ၁၈ မြို့နယ်မှာ COVID-19 ကူးစက်မှုမြင့်တက်ခဲ့တာကြောင့် မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ဖားကန့်နဲ့ မိုးကောင်း စတဲ့မြို့နယ်တွေမှာ မလိုအပ်ဘဲ အပြင်မထွက်ဖို့ Stay at home သတ်မှတ်ချက်တွေကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG