သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူမႈဖူလံုေၾကးသြင္း အလုပ္သမားေတြ COVID-19 ကာကြယ္ေဆး စထိုးေပးေန


၂၀၂၁ ခုႏွစ္ ဇန္နဝါရီ ၂၇ ရက္ေန႔တုန္းက ရန္ကုန္ၿမိဳ႕ရွိ ကိုဗစ္စင္တာတခုမွာ ကိုဗစ္ ကာကြယ္ေဆးထိုးေပးေနတဲ့ ျမင္ကြင္း။ (ဇန္နဝါရီ ၂၇၊၂၀၂၁)

[Zawgyi/Unicode]

လူမႈဖူလုံေၾကး ေပးသြင္းထားတဲ့ အလုပ္သမားေတြကို COVID ကာကြယ္ေဆး ဒီကေန႔ စၿပီးထိုးေပးေနၿပီလို႔ အလုပ္သမားဝန္ႀကီးဌာန တာဝန္ရွိသူတဦးက ေျပာပါတယ္။ လူမႈဖူလုံေၾကးေပးသြင္းထားတဲ့ စက္မႈဇုန္အလုပ္သမားေတြလည္း အမ်ားအျပားရွိတာမို႔ သူတို႔ကို ဘယ္လိုအစီအစဥ္နဲ႔ ထိုးေပးသြားမလဲဆိုတာေတာ့ လတ္တေလာ မသိရွိရေသးေၾကာင္း အလုပ္သမားသမဂၢေတြက ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းအျပည့္အစံုကုိ ကိုသားၫြန္႔ဦးက ေျပာျပပါမယ္။

လူမႈဖူလုံေၾကးေပးသြင္းထားတဲ့ အစိုးရ၊ ပုဂၢလိက အလုပ္သမားေတြကို COVID ကာကြယ္ေဆး စထိုးေပးေနၿပီလို႔ အလုပ္သမားဝန္ႀကီးဌာန၊ လူမႈဖူလုံေရးအဖြဲ႕ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေမာင္ေမာင္ေအးက ဗြီအိုေအကို ေျပာပါတယ္။

“က်ေနာ္တို႔ လူမႈဖူလုံေရးမွာ အက်ိဳးဝင္မွတ္ပုံတင္ထားတဲ့ အလုပ္သမားေတြကို ထိုးေပးဖို႔ စာရင္းေကာက္ၿပီး အခုလက္ရွိမွာ ပဲခူးတိုင္းမွာ စထိုးေပးေနပါၿပီ။ အက်ိဳးဝင္မွတ္ပုံတင္ထားတဲ့ အာမခံ ပုဂၢလိကေရာ ျပည္သူ႔ဝန္ထမ္းေရာ အကုန္ပါပါတယ္။ က်ေနာ္တို႔ မွတ္ပုံတင္ထားတဲ့ ဦးေရအရဆိုရင္ အားလုံး ၁၀ သိန္းေက်ာ္ ရွိပါတယ္။”

ပထမဦးစားေပးအေနနဲ႔ လူမႈဖူလုံေၾကးေပးသြင္းထားတဲ့ အလုပ္သမားေတြကို အရင္ထိုးေပးမွာျဖစ္ၿပီး က်န္တဲ့အလုပ္သမားေတြကိုေတာ့ ဒုတိယဦးစားေပးအေနနဲ႔ ထိုးေပးသြားဖို႔ စီစဥ္ထားေၾကာင္း သူကေျပာပါတယ္။

ကိုဗစ္တတိယလႈိင္းမွာ စက္မႈဇုန္တခ်ိဳ႕က စက္႐ုံေတြမွာ ကိုဗစ္ေရာဂါ ကာကြယ္ေရးနဲ႔ပတ္သက္တဲ့ က်န္းမာေရးစည္းကမ္းေတြ လိုက္နာတာ အားနည္းေနတယ္လို႔ အလုပ္သမားသမဂၢေတြက ဗြီအိုေအကို ေျပာပါတယ္။ လက္တေလာအေျခအေနမွာ အလုပ္ရွင္၊ အလုပ္သမားသမဂၢ၊ အစိုးရ စတဲ့ သုံးပြင့္ဆိုင္ ေဆြးေႏြးမႈေတြကလည္း မရွိေတာ့တဲ့အတြက္ ကိုဗစ္ကာကြယ္ေရးကို ထိထိေရာက္ေရာက္လုပ္ဖို႔ စိန္ေခၚမႈေတြလည္း ရွိေနတာပါ။

လူမႈဖူလုံေၾကးေပးသြင္းထားတဲ့ အလုပ္သမားေတြထဲမွာ စက္မႈဇုန္လုပ္သားေတြလည္း အမ်ားအျပားပါဝင္ေနၿပီး သူတို႔ကို ဘယ္လိုအစီအစဥ္နဲ႔ ထိုးေပးသြားမယ္ဆိုတာကိုေတာ့ လတ္တေလာ မသိရွိရေသးေၾကာင္း ျမန္မာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ ဗဟိုေကာ္မတီဝင္တဦးက ေျပာပါတယ္။

“လက္ရွိအခု စကစရဲ႕ဘက္ကေန ဘာမွ တုံ႔ျပန္လာတာ မရွိဘူး။ ဘာမွေျပာေနတာ မရွိဘူး။ ဒါေပမဲ့ တခ်ိဳ႕ေသာ ႐ုံေတြမွာေတာ့ အလုပ္ရွင္လိုလို၊ government က လိုလိုနဲ႔ ဒီကာကြယ္ေဆးကို ထိုးဖို႔အတြက္ စီမံေဆာင္႐ြက္ေနတာ ရွိတယ္။ Social network ေတြမွာတက္လာတဲ့ information ေတြကိုၾကည့္ၿပီး တခ်ိဳ႕ေသာ ဒီ employer အေတာ္မ်ားမ်ားက ျပင္ဆင္ေနတာေတာ့ရွိတယ္။ ဒါေပမဲ့ အဲဒါကေတာ့ ၁၀၀ မွာ တ႐ုံေလာက္ပဲရွိမယ္။ ၁၀% ေတာင္မွ ေျပာလို႔မရဘူး။ အဲဒီလိုအေနအထားေတာ့ရွိတယ္။ က်န္တဲ့႐ုံေတြကေတာ့ normal အတိုင္းပဲ သြားေနတယ္။ အဲလိုေတာ့ သိထားတယ္။”

အလုပ္သမားဝန္ႀကီးဌာနက အမည္မေဖာ္လိုတဲ့ အရာရွိတဦးကေတာ့ တ႐ုတ္ႏိုင္ငံက ေရာက္ရွိလာတဲ့ ကာကြယ္ေဆးအလုံးေရ ၃,၀၀၀,၀၀၀ ထဲကေန အခုလို လူမႈဖူလုံေၾကးဝင္ အလုပ္သမားေတြကို ထိုးႏွံေပးမွာျဖစ္ေၾကာင္း ေျပာပါတယ္။ တ႐ုတ္ႏိုင္ငံထုတ္ Sinopharm နဲ႔ Sinovac ကာကြယ္ေဆးဟာ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က အေရးေပၚအသုံးျပဳခြင့္ေပးထားတဲ့ ေဆးအမ်ိဳးအစား ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံဟာ ကိုဗစ္တတိယလႈိင္းကို ရင္ဆိုင္ေနရၿပီး ေန႔စဥ္ကူးစက္ႏႈန္းနဲ႔ ေသဆုံးႏႈန္းက မ်ားေနဆဲျဖစ္ပါတယ္။ ျမန္မာက်န္းမာေရးဌာနရဲ႕ ေနာက္ဆုံးထုတ္ျပန္ခ်က္အရဆိုရင္ ဩဂုတ္လ ၁၀ ရက္ ဓာတ္ခြဲစစ္ေဆးမႈ၁၄,၄၅၇ ခုမွာ လူနာသစ္ ၄,၄၃၄ ေယာက္နဲ႔ ေသဆုံးသူဦးေရ ၂၂၀ ရွိခဲ့တာပါ။

က်န္းမာေရးဌာန တရားဝင္စာရင္းအရ ျမန္မာႏိုင္ငံမွာ ကိုဗစ္ဓာတ္ခြဲလူနာစုစုေပါင္း ၃၃၇,၅၆၁ ဦးရွိၿပီး ေသဆုံးသူစုစုေပါင္းက ၁၂,၂၃၄ ေယာက္ရွိလာၿပီ ျဖစ္ပါတယ္။ တရားဝင္ထုတ္ျပန္တဲ့ စာရင္းေတြထက္ ျပင္ပမွာ ေသဆုံးႏႈန္း ပိုမ်ားႏိုင္တယ္ဆိုတာလည္း က်န္းမာေရးပညာရွင္ေတြက လက္ခံထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

လူမှုဖူလုံကြေးသွင်း အလုပ်သမားတွေ COVID-19 ကာကွယ်ဆေး စထိုးပေးနေ

လူမှုဖူလုံကြေး ပေးသွင်းထားတဲ့ အလုပ်သမားတွေကို COVID ကာကွယ်ဆေး ဒီကနေ့ စပြီးထိုးပေးနေပြီလို့ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။ လူမှုဖူလုံကြေးပေးသွင်းထားတဲ့ စက်မှုဇုန်အလုပ်သမားတွေလည်း အများအပြားရှိတာမို့ သူတို့ကို ဘယ်လိုအစီအစဉ်နဲ့ ထိုးပေးသွားမလဲဆိုတာတော့ လတ်တလော မသိရှိရသေးကြောင်း အလုပ်သမားသမဂ္ဂတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို ကိုသားညွန့်ဦးက ပြောပြပါမယ်။

လူမှုဖူလုံကြေးပေးသွင်းထားတဲ့ အစိုးရ၊ ပုဂ္ဂလိက အလုပ်သမားတွေကို COVID ကာကွယ်ဆေး စထိုးပေးနေပြီလို့ အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ လူမှုဖူလုံရေးမှာ အကျိုးဝင်မှတ်ပုံတင်ထားတဲ့ အလုပ်သမားတွေကို ထိုးပေးဖို့ စာရင်းကောက်ပြီး အခုလက်ရှိမှာ ပဲခူးတိုင်းမှာ စထိုးပေးနေပါပြီ။ အကျိုးဝင်မှတ်ပုံတင်ထားတဲ့ အာမခံ ပုဂ္ဂလိကရော ပြည်သူ့ဝန်ထမ်းရော အကုန်ပါပါတယ်။ ကျနော်တို့ မှတ်ပုံတင်ထားတဲ့ ဦးရေအရဆိုရင် အားလုံး ၁၀ သိန်းကျော် ရှိပါတယ်။”

ပထမဦးစားပေးအနေနဲ့ လူမှုဖူလုံကြေးပေးသွင်းထားတဲ့ အလုပ်သမားတွေကို အရင်ထိုးပေးမှာဖြစ်ပြီး ကျန်တဲ့အလုပ်သမားတွေကိုတော့ ဒုတိယဦးစားပေးအနေနဲ့ ထိုးပေးသွားဖို့ စီစဉ်ထားကြောင်း သူကပြောပါတယ်။

ကိုဗစ်တတိယလှိုင်းမှာ စက်မှုဇုန်တချို့က စက်ရုံတွေမှာ ကိုဗစ်ရောဂါ ကာကွယ်ရေးနဲ့ပတ်သက်တဲ့ ကျန်းမာရေးစည်းကမ်းတွေ လိုက်နာတာ အားနည်းနေတယ်လို့ အလုပ်သမားသမဂ္ဂတွေက ဗွီအိုအေကို ပြောပါတယ်။ လက်တလောအခြေအနေမှာ အလုပ်ရှင်၊ အလုပ်သမားသမဂ္ဂ၊ အစိုးရ စတဲ့ သုံးပွင့်ဆိုင် ဆွေးနွေးမှုတွေကလည်း မရှိတော့တဲ့အတွက် ကိုဗစ်ကာကွယ်ရေးကို ထိထိရောက်ရောက်လုပ်ဖို့ စိန်ခေါ်မှုတွေလည်း ရှိနေတာပါ။

လူမှုဖူလုံကြေးပေးသွင်းထားတဲ့ အလုပ်သမားတွေထဲမှာ စက်မှုဇုန်လုပ်သားတွေလည်း အများအပြားပါဝင်နေပြီး သူတို့ကို ဘယ်လိုအစီအစဉ်နဲ့ ထိုးပေးသွားမယ်ဆိုတာကိုတော့ လတ်တလော မသိရှိရသေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုကော်မတီဝင်တဦးက ပြောပါတယ်။

“လက်ရှိအခု စကစရဲ့ဘက်ကနေ ဘာမှ တုံ့ပြန်လာတာ မရှိဘူး။ ဘာမှပြောနေတာ မရှိဘူး။ ဒါပေမဲ့ တချို့သော ရုံတွေမှာတော့ အလုပ်ရှင်လိုလို၊ government က လိုလိုနဲ့ ဒီကာကွယ်ဆေးကို ထိုးဖို့အတွက် စီမံဆောင်ရွက်နေတာ ရှိတယ်။ Social network တွေမှာတက်လာတဲ့ information တွေကိုကြည့်ပြီး တချို့သော ဒီ employer အတော်များများက ပြင်ဆင်နေတာတော့ရှိတယ်။ ဒါပေမဲ့ အဲဒါကတော့ ၁၀၀ မှာ တရုံလောက်ပဲရှိမယ်။ ၁၀% တောင်မှ ပြောလို့မရဘူး။ အဲဒီလိုအနေအထားတော့ရှိတယ်။ ကျန်တဲ့ရုံတွေကတော့ normal အတိုင်းပဲ သွားနေတယ်။ အဲလိုတော့ သိထားတယ်။”

အလုပ်သမားဝန်ကြီးဌာနက အမည်မဖော်လိုတဲ့ အရာရှိတဦးကတော့ တရုတ်နိုင်ငံက ရောက်ရှိလာတဲ့ ကာကွယ်ဆေးအလုံးရေ ၃,၀၀၀,၀၀၀ ထဲကနေ အခုလို လူမှုဖူလုံကြေးဝင် အလုပ်သမားတွေကို ထိုးနှံပေးမှာဖြစ်ကြောင်း ပြောပါတယ်။ တရုတ်နိုင်ငံထုတ် Sinopharm နဲ့ Sinovac ကာကွယ်ဆေးဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အရေးပေါ်အသုံးပြုခွင့်ပေးထားတဲ့ ဆေးအမျိုးအစား ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ကိုဗစ်တတိယလှိုင်းကို ရင်ဆိုင်နေရပြီး နေ့စဉ်ကူးစက်နှုန်းနဲ့ သေဆုံးနှုန်းက များနေဆဲဖြစ်ပါတယ်။ မြန်မာကျန်းမာရေးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရဆိုရင် ဩဂုတ်လ ၁၀ ရက် ဓာတ်ခွဲစစ်ဆေးမှု၁၄,၄၅၇ ခုမှာ လူနာသစ် ၄,၄၃၄ ယောက်နဲ့ သေဆုံးသူဦးရေ ၂၂၀ ရှိခဲ့တာပါ။

ကျန်းမာရေးဌာန တရားဝင်စာရင်းအရ မြန်မာနိုင်ငံမှာ ကိုဗစ်ဓာတ်ခွဲလူနာစုစုပေါင်း ၃၃၇,၅၆၁ ဦးရှိပြီး သေဆုံးသူစုစုပေါင်းက ၁၂,၂၃၄ ယောက်ရှိလာပြီ ဖြစ်ပါတယ်။ တရားဝင်ထုတ်ပြန်တဲ့ စာရင်းတွေထက် ပြင်ပမှာ သေဆုံးနှုန်း ပိုများနိုင်တယ်ဆိုတာလည်း ကျန်းမာရေးပညာရှင်တွေက လက်ခံထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG