သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္တြင္းမွာပဲ ကိုဗစ္ကာကြယ္ေဆးထုတ္ဖို႔ ျမန္မာစစ္ေခါင္းေဆာင္တိုက္တြန္း


ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္

ZAWGYI/UNICODE

ျမန္မာႏိုင္ငံလူဦးေရအားလုံးအတြက္ COVID-19 ေရာဂါကာကြယ္ေဆးကို ျပည္ပကေနပဲ ဝယ္ရရင္ တိုင္းျပည္မြဲသြားႏိုင္တယ္လို႔ စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကေျပာပါတယ္။

" ျပည္တြင္းမွာ မလုပ္လို႔မရဘူး။ လူသန္းေပါင္း၅၀ေက်ာ္ေလာက္ လူေတြရဲ႕ဟာကို တခ်ိန္လုံး ႏိုင္ငံျခားက ဝယ္မယ္ဆိုရင္ေတာ့ ခင္ဗ်ာ့တိုင္းျပည္က မြဲသြားလိမ့္မယ္။ အဲ့ဒီ့ေတာ့ က်ေနာ္တို႔ဆီမွာ ထုတ္လုပ္ႏိုင္ေအာင္ ႀကိဳးစားရမယ္။ အဲ့ေတာ့ ထုတ္လုပ္ႏိုင္ေအာင္ ႀကိဳးစားရမယ္။ ကာကြယ္ေဆးေရာ ကုသေဆးေရာ ရေအာင္ က်ေနာ္တို႔ လုပ္ၾကရမယ္။"

ၾသဂုတ္လ ၉ ရက္၊ တနလၤာေန႔ကလုပ္တဲ့ COVID-19 ေရာဂါ ကာကြယ္ ထိန္းခ်ဳပ္၊ ကုသေရးဆိုင္ရာအစည္းေဝးမွာ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က အဲဒီလိုေျပာခဲ့တာပါ။ ဒါ့အျပင္ တိုင္းရင္းေဆးပညာကို ေခတ္သစ္နည္းပညာေတြနဲ႔ေပါင္းစပ္ၿပီး ကိုဗစ္ကာကြယ္ေဆး ထုတ္လို႔ရေအာင္ ႀကိဳးစားဖို႔လည္း စစ္ေကာင္စီေခါင္းေဆာင္က ဆိုပါတယ္။ ကမာၻမွာ ခုခ်ိန္ထိေတာ့ တိုင္းရင္းေဆးပညာနဲ႔ ကိုဗစ္ကာကြယ္ေဆးထုတ္ႏိုင္တာ မရွိေသးပါဘူး။

ကိုဗစ္တတိယလႈိင္းနဲ႔ ႀကဳံေနရတဲ့ ျမန္မာႏိုင္ငံမွာ ကူးစက္ေသဆုံးမႈႏႈန္း သိသိသာသာ ေလ်ာ့က်မသြားေသးသလို ကာကြယ္ေဆးကလည္း ၿပီးခဲ့တဲ့ရက္ပိုင္းေတြကမွသာ အသက္ ၆၅ ႏွစ္အထက္ေတြအပါအဝင္ သတ္မွတ္လူအုပ္စုေတြကို စၿပီး ထိုးေပးႏိုင္တဲ့အေျခအေန ေရာက္ေနခ်ိန္မွာပဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ရဲ႕ အခုေျပာဆိုခ်က္ ထြက္လာတာပါ။

ဒီရက္ပိုင္းေတြအတြင္း COVID-19 ေရာဂါေၾကာင့္ ဆုံးပါးသူေတြ၊ တျခားေရာဂါေတြနဲ႔ ဆုံးပါးသူေတြထဲမွာ က႑အသီးသီးက ထင္ရွားသူေတြ ဆက္တိုက္လိုေတြ႕ေနရပါတယ္။

နာဂသိန္းလႈိွု္င္လို႔ အမ်ားသိၾကတဲ့ နာဂေတာင္တန္းေဒသမွာ ၆ ႏွစ္ၾကာ တာဝန္ထမ္းေဆာင္ခဲ့သူ ဆရာဝန္ႀကီး ေဒါက္တာသိန္းလႈိင္ ဒီကေန႔ပဲ ကြယ္လြန္သြားတဲ့အေၾကာင္း သူ႔ရဲ႕သားျဖစ္သူက လူမႈဆက္သြယ္ေရး မီဒီယာမွာ ေရးထားပါတယ္။

ေခတ္ေပၚကဗ်ာကို လမ္းေဖာက္ခဲ့သူေတြထဲက တဦးျဖစ္သူ ေအာင္ခ်ိမ့္ ကေလာင္အမည္နဲ႔ထင္ရွားတဲ့ ကဗ်ာဆရာႀကီး၊ အထက္ဗမာႏိုင္ငံ စာေရးဆရာအသင္း ဂုဏ္ထူးေဆာင္အသင္းသား၊ ႏိုင္ငံေရးအက်ဥ္းသားေဟာင္း၊ လူထုႀကီးပြားေရးစာအုပ္တိုက္ အယ္ဒီတာ ဦးေက်ာ္ဇံလွ (စာေရးဆရာ ညီေစမင္း) ၊ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ မႏၲေလးတိုင္းရဲ႕ နာယက ေဒါက္တာကိုကိုႀကီး (စိတ္ပညာ) တို႔သုံးဦးကေတာ့ တနလၤာေန႔ တရက္ထဲမွာပဲ ကြယ္လြန္သြားခဲ့ၾကတာပါ။

တနလၤာေန႔ည၈ နာရီအထိဆိုရင္ ႏိုင္ငံတဝန္းမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုးကူးစက္သူ ၃၃၀,၀၀၀ ေက်ာ္သြားၿပီျဖစ္ၿပီး ေသဆုံးသူက ၁၂,၀၀၀ ေက်ာ္ရွိၿပီျဖစ္ပါတယ္။

UNICODE

သြဂုတ်လ ၉ ရက်၊ တနင်္လာနေ့ကလုပ်တဲ့ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်၊ ကုသရေးဆိုင်ရာအစည်းဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဲဒီလိုပြောခဲ့တာပါ။ ဒါ့အပြင် တိုင်းရင်းဆေးပညာကို ခေတ်သစ်နည်းပညာတွေနဲ့ပေါင်းစပ်ပြီး ကိုဗစ်ကာကွယ်ဆေး ထုတ်လို့ရအောင် ကြိုးစားဖို့လည်း စစ်ကောင်စီခေါင်းဆောင်က ဆိုပါတယ်။ ကမ္ဘာမှာ ခုချိန်ထိတော့ တိုင်းရင်းဆေးပညာနဲ့ ကိုဗစ်ကာကွယ်ဆေးထုတ်နိုင်တာ မရှိသေးပါဘူး။

ကိုဗစ်တတိယလှိုင်းနဲ့ ကြုံနေရတဲ့ မြန်မာနိုင်ငံမှာ ကူးစက်သေဆုံးမှုနှုန်း သိသိသာသာ လျော့ကျမသွားသေးသလို ကာကွယ်ဆေးကလည်း ပြီးခဲ့တဲ့ရက်ပိုင်းတွေကမှသာ အသက် ၆၅ နှစ်အထက်တွေအပါအဝင် သတ်မှတ်လူအုပ်စုတွေကို စပြီး ထိုးပေးနိုင်တဲ့အခြေအနေ ရောက်နေချိန်မှာပဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အခုပြောဆိုချက် ထွက်လာတာပါ။

ဒီရက်ပိုင်းတွေအတွင်း COVID-19 ရောဂါကြောင့် ဆုံးပါးသူတွေ၊ တခြားရောဂါတွေနဲ့ ဆုံးပါးသူတွေထဲမှာ ကဏ္ဍအသီးသီးက ထင်ရှားသူတွေ ဆက်တိုက်လိုတွေ့နေရပါတယ်။

နာဂသိန်းလှိုှု်င်လို့ အများသိကြတဲ့ နာဂတောင်တန်းဒေသမှာ ၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ ဆရာဝန်ကြီး ဒေါက်တာသိန်းလှိုင် ဒီကနေ့ပဲ ကွယ်လွန်သွားတဲ့အကြောင်း သူ့ရဲ့သားဖြစ်သူက လူမှုဆက်သွယ်ရေး မီဒီယာမှာ ရေးထားပါတယ်။

ခေတ်ပေါ်ကဗျာကို လမ်းဖောက်ခဲ့သူတွေထဲက တဦးဖြစ်သူ အောင်ချိမ့် ကလောင်အမည်နဲ့ထင်ရှားတဲ့ ကဗျာဆရာကြီး၊ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း ဂုဏ်ထူးဆောင်အသင်းသား၊ နိုင်ငံရေးအကျဉ်းသားဟောင်း၊ လူထုကြီးပွားရေးစာအုပ်တိုက် အယ်ဒီတာ ဦးကျော်ဇံလှ (စာရေးဆရာ ညီစေမင်း) ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းရဲ့ နာယက ဒေါက်တာကိုကိုကြီး (စိတ်ပညာ) တို့သုံးဦးကတော့ တနင်္လာနေ့ တရက်ထဲမှာပဲ ကွယ်လွန်သွားခဲ့ကြတာပါ။

တနင်္လာနေ့ည၈ နာရီအထိဆိုရင် နိုင်ငံတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်သူ ၃၃၀,၀၀၀ ကျော်သွားပြီဖြစ်ပြီး သေဆုံးသူက ၁၂,၀၀၀ ကျော်ရှိပြီဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG