သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့ Covid-19 တိုက္ဖ်က္ေရး မျပည့္စံုတဲ႔ က်န္းမာေရးစနစ္နဲ႔ ႐ုန္းကန္


ရန္္ကုန္၊ ပုဇြန္ေတာင္တြင္ ေအာက္ဆီဂ်င္ တန္းစီေစာင့္ေနၾကသူမ်ား။ (၁၁ ဇူလိုင္ ၂၀၂၁)

[ Zawgyi ]

ျမန္မာနိုင္ငံမွာ အစကတည္းက က်န္းမာေရးေစာင့္ေရွာက္မႈက စနစ္တက် မရွိ ၊ ခ်ဳိ႕ယြင္းေနရတဲ့အထဲ စစ္ေကာင္စီက အာဏာသိမ္းထား လိုက္ခ်ိန္မွာျဖစ္လာတဲ့ ကိုဗစ္တတိယလိႈင္းရဲ႕ဒဏ္ကို ျပည္သူေတြ အႀကီးအက်ယ္ ခံစားေနရပါတယ္။ က်န္းမာေရးဝန္ေဆာင္မႈနဲ႔ ေစာင့္ေရွာက္မႈအေနအထား ပိုၿပီး ယိုယြင္းပ်က္စီးလာေနပါတယ္။ ဒီအေၾကာင္း ေအပီသတင္းလႊာတပုဒ္ကို မခြါညိဳက ေျပာျပေပးပါမယ္။

ကိုဗစ္ေရာဂါနဲ႔ေသဆံုးသူေတြကို သုႆန္ကိုပို႔ဖို႔ လိုက္ၿပီး သယ္ယူေနရတာဟာ ဝန္နဲ႔အားနဲ႔မမ်ွေအာင္ ျဖစ္ေနတယ္လို႔ ဘုိစိန္ပရဟိတအဖြဲ႔ေခါင္းေဆာင္ ကိုဘိုစိန္က ေျပာပါတယ္။

“က်ေနာ္တို႔ကေတာ့ မိုးလင္းကေန မုိးခ်ဳပ္အထိ အေလာင္းေတြကေတာ့ တန္းစီေနတာပဲ။ …တခ်ဳိ႕ဆို အိမ္မွာ ႏွစ္ရက္၊ သံုးရက္ အဲလို ….တခ်ဳိ႕ဆို အနံ႔ေတာင္ ထြက္ေနတဲ့ အေလာင္းေတြလည္း အမ်ားႀကီးပဲ။”

ကိုဘိုစိန္ရဲ႕ဖခင္ျဖစ္သူဟာလည္း ေအာက္စီဂ်င္မရလို႔ ကြယ္လြန္သြားခဲ့ေၾကာင္းလည္း သူက ေျပာပါတယ္။ ဇူလိုင္လဟာ ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ ကပ္ေရာဂါ ကူးစက္မႈ အဆုိးဆံုးလျဖစ္ခဲ့ၿပီး ေသဆံုးသူ ၁၁,၅၀၀ မွာ ကိုဗစ္-၁၉ နဲ႔ ဆက္စပ္ေၾကာင္း အတည္ျပဳတာ ၅၀ % ေက်ာ္ ရွိခဲ့ေၾကာင္း တရားဝင္ထုတ္ျပန္တဲ့မွတ္တမ္းေတြမွာ ေတြ႔ရပါတယ္။

ေဒသခံေတြေရာ လူ႔အခြင့္အေရးလႈပ္ရွားသူေတြကပါ စစ္ေကာင္စီအစိုးရဟာ မိမိအာဏာတည္တံ့ခုိင္ၿမဲဖို႔ ၊ အတုိက္အခံ ဆန္႔က်င္သူေတြကို ႏွိမ္နင္းဖို႔ ကူးစက္ကပ္ေရာဂါကို လက္နက္လို အသံုးခ်ေနတယ္လို႔ စြပ္စြဲၾကပါတယ္။

အမည္မေဖာ္လိုတဲ့ ဆရာဝန္တေယာက္ကလည္း အလားတူပဲ စစ္တပ္ဟာ သူ႔ကိုယ္က်ဳိးအတြက္ ကိုဗစ္ ကပ္ေရာဂါျဖစ္ေနတဲ့ အခိုက္အတန္႔ကို အခြင့္ေကာင္းယူၿပီး လက္နက္လို အသံုးခ်ေနေၾကာင္း Sky News သတင္းဌာနကို ေျပာပါတယ္။

“စစ္အစိုးရဟာ ကိုဗစ္ေရာဂါျဖစ္တဲ့ အေျခအေနကို ကိုယ္က်ဳိးအတြက္ လက္နက္လို အသံုးခ်ေနပါတယ္။ သူတို႔က လူနာေတြရဲ႕အေျခအေန၊ ေအာက္စီဂ်င္ ျပတ္လတ္ေနတဲ့ အေျခအေနေတြအျပင္ တကယ့္လက္ေတြ႔မွာ ဘာေတြျဖစ္ေနသလဲဆိုတာကိုလည္း နည္းနည္းမွ ဂ႐ုမစိုက္ၾကဘူး။ သူတို႔ဂ႐ုစိုက္တာက သူတို႔အာဏာတည္ၿမဲေရးတခုတည္းပါပဲ။”

က်န္းမာေရးသုံး ေအာက္စီဂ်င္ဓာတ္ေငြ႔လည္း ေနရာအႏွံ႔မွာ ျပတ္သေလာက္ျဖစ္ေနၿပီး မလိုအပ္ဘဲ စုေဆာင္း သိုဝွက္ထားတာကေန ကာကြယ္ဖို႔ ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ စစ္အုပ္ခ်ဳပ္ေရးေကာင္စီက ပုဂၢလိက အေရာင္းဆုိင္ေတြကို ေအာက္စီဂ်င္ေရာင္းခ် ေပးေနတာကို တားျမစ္ ကန္႔သတ္ခဲ့ပါတယ္။

ဒါေပမယ့္လည္း ျပည္သူေတြကို ေရာင္းခ်ခြင့္ ကန္႔သတ္ထားတဲ့ ေအာက္စီဂ်င္ေတြကို အစိုးရေထာက္ခံသူေတြနဲ႔ စစ္တပ္က ဖြင့္ထားတဲ့ ေဆး႐ံုေတြအတြက္ေတာ့ ပို႔ေပးေနရတယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြလည္း က်ယ္က်ယ္ျပန္႔ျပန္႔ ထြက္ေပၚလာပါတယ္။ ကိုဗစ္ေရာဂါျဖစ္သူ လူနာရွိတဲ့ မိသားစုေတြ၊ ေဆြမ်ဳိးသားခ်င္းေတြဟာ ေအာက္စီဂ်င္ရဖို႔အတြက္ တန္းစီၿပီး တေနကုန္ေစာင့္ၾကရပါတယ္။

ရန္ကုန္မွာ အဖိုးအတြက္ လိုအပ္တဲ့ ေအာက္စီဂ်င္ လာတန္းစီေနသူတေယာက္ဟာ သူ႔အလွည့္ အေရာက္မွာပဲ အဖိုးက ဆံုးသြားတဲ့အေၾကာင္း သူငယ္ခ်င္းျဖစ္တဲ့ မမ်ဳိးမ်ဳိးက အခုလို ေျပာျပပါတယ္။

“အိုးႏွစ္လံုး မနက္မွရတယ္။ ဒါေပမယ့္ မထည့္ေပးေသးဘူး ဆိုၿပီးေတာ့ စီ…စီ၊ စီ…စီနဲ႔ ၿပီးလည္းၿပီးေရာ အိမ္က ဖုန္းလွမ္းထိုးတယ္၊ သူ႔အကို ဆံုးသြားၿပီ-တဲ့။”

တခ်ိန္တည္းမွာပဲ စစ္အစိုးရနဲ႔ မပူးေပါင္းေရးအၾကမ္းမဖက္ အာဏာဖီဆန္ေရးလႈပ္ရွားမႈမွာ ပါဝင္ခဲ့ၾကတဲ့ ကၽြမ္းက်င္ပညာရွင္ေတြနဲ႔အတူ က်န္းမာေရး ဝန္ထမ္းေတြဟာ ပစ္မွတ္ထားခံခဲ့ၾကရပါတယ္။

ၿပီးခဲ့တဲ့ စေနေန႔ကပဲ ျမန္မာႏိုင္ငံမွာ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္အတည္ျပဳလူနာ ၃ သိန္းေက်ာ္ရွိေၾကာင္းနဲ႔ မၾကာေသးခင္ကပဲ အေရွ႕ေတာင္အာရွမွာ ေသႏႈန္းအျမင့္ဆံုးျဖစ္ခဲ့တဲ့ အင္ဒိုနီးရွားနဲ႔ မေလးရွားတို႔ထက္ စံခ်ိန္ ေက်ာ္လြန္သြားခဲ့ပါတယ္။

ျမန္မာႏုိင္ငံမွာ တရားဝင္ စမ္းသပ္အတည္ျပဳတာ၊ သတင္းပို႔တာေတြမရွိတဲ့ ကူးစက္ေသဆံုးသူ အေရအတြက္ဟာ လက္ရွိေဖာ္ျပထားတဲ့ တရားဝင္ ကိန္းဂဏန္းေတြထက္ အမ်ားႀကီး ပိုတယ္ဆိုတဲ့ ေျပာဆိုယူဆခ်က္ေတြလည္း ရွိေနပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္



[ Unicode ]

မြန်မာ့ Covid-19 တိုက်ဖျက်ရေး မပြည့်စုံတဲ့ ကျန်းမာရေးစနစ်နဲ့ ရုန်းကန်

မြန်မာနိုင်ငံမှာ အစကတည်းက ကျန်းမာရေးစောင့်ရှောက်မှုက စနစ်တကျ မရှိ ၊ ချို့ယွင်းနေရတဲ့အထဲ စစ်ကောင်စီက အာဏာသိမ်းထား လိုက်ချိန်မှာဖြစ်လာတဲ့ ကိုဗစ်တတိယလှိုင်းရဲ့ဒဏ်ကို ပြည်သူတွေ အကြီးအကျယ် ခံစားနေရပါတယ်။ ကျန်းမာရေးဝန်ဆောင်မှုနဲ့ စောင့်ရှောက်မှုအနေအထား ပိုပြီး ယိုယွင်းပျက်စီးလာနေပါတယ်။ ဒီအကြောင်း အေပီသတင်းလွှာတပုဒ်ကို မခွါညိုက ပြောပြပေးပါမယ်။

ကိုဗစ်ရောဂါနဲ့သေဆုံးသူတွေကို သုဿန်ကိုပို့ဖို့ လိုက်ပြီး သယ်ယူနေရတာဟာ ဝန်နဲ့အားနဲ့မမျှအောင် ဖြစ်နေတယ်လို့ ဘိုစိန်ပရဟိတအဖွဲ့ခေါင်းဆောင် ကိုဘိုစိန်က ပြောပါတယ်။

“ကျနော်တို့ကတော့ မိုးလင်းကနေ မိုးချုပ်အထိ အလောင်းတွေကတော့ တန်းစီနေတာပဲ။ …တချို့ဆို အိမ်မှာ နှစ်ရက်၊ သုံးရက် အဲလို ….တချို့ဆို အနံ့တောင် ထွက်နေတဲ့ အလောင်းတွေလည်း အများကြီးပဲ။”

ကိုဘိုစိန်ရဲ့ဖခင်ဖြစ်သူဟာလည်း အောက်စီဂျင်မရလို့ ကွယ်လွန်သွားခဲ့ကြောင်းလည်း သူက ပြောပါတယ်။ ဇူလိုင်လဟာ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှု အဆိုးဆုံးလဖြစ်ခဲ့ပြီး သေဆုံးသူ ၁၁,၅၀၀ မှာ ကိုဗစ်-၁၉ နဲ့ ဆက်စပ်ကြောင်း အတည်ပြုတာ ၅၀ % ကျော် ရှိခဲ့ကြောင်း တရားဝင်ထုတ်ပြန်တဲ့မှတ်တမ်းတွေမှာ တွေ့ရပါတယ်။

ဒေသခံတွေရော လူ့အခွင့်အရေးလှုပ်ရှားသူတွေကပါ စစ်ကောင်စီအစိုးရဟာ မိမိအာဏာတည်တံ့ခိုင်မြဲဖို့ ၊ အတိုက်အခံ ဆန့်ကျင်သူတွေကို နှိမ်နင်းဖို့ ကူးစက်ကပ်ရောဂါကို လက်နက်လို အသုံးချနေတယ်လို့ စွပ်စွဲကြပါတယ်။

အမည်မဖော်လိုတဲ့ ဆရာဝန်တယောက်ကလည်း အလားတူပဲ စစ်တပ်ဟာ သူ့ကိုယ်ကျိုးအတွက် ကိုဗစ် ကပ်ရောဂါဖြစ်နေတဲ့ အခိုက်အတန့်ကို အခွင့်ကောင်းယူပြီး လက်နက်လို အသုံးချနေကြောင်း ဗြိတိန် Sky News သတင်းဌာနကို ပြောပါတယ်။

“စစ်အစိုးရဟာ ကိုဗစ်ရောဂါဖြစ်တဲ့ အခြေအနေကို ကိုယ်ကျိုးအတွက် လက်နက်လို အသုံးချနေပါတယ်။ သူတို့က လူနာတွေရဲ့အခြေအနေ၊ အောက်စီဂျင် ပြတ်လတ်နေတဲ့ အခြေအနေတွေအပြင် တကယ့်လက်တွေ့မှာ ဘာတွေဖြစ်နေသလဲဆိုတာကိုလည်း နည်းနည်းမှ ဂရုမစိုက်ကြဘူး။ သူတို့ဂရုစိုက်တာက သူတို့အာဏာတည်မြဲရေးတခုတည်းပါပဲ။”

ကျန်းမာရေးသုံး အောက်စီဂျင်ဓာတ်ငွေ့လည်း နေရာအနှံ့မှာ ပြတ်သလောက်ဖြစ်နေပြီး မလိုအပ်ဘဲ စုဆောင်း သိုဝှက်ထားတာကနေ ကာကွယ်ဖို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်အုပ်ချုပ်ရေးကောင်စီက ပုဂ္ဂလိက အရောင်းဆိုင်တွေကို အောက်စီဂျင်ရောင်းချ ပေးနေတာကို တားမြစ် ကန့်သတ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ပြည်သူတွေကို ရောင်းချခွင့် ကန့်သတ်ထားတဲ့ အောက်စီဂျင်တွေကို အစိုးရထောက်ခံသူတွေနဲ့ စစ်တပ်က ဖွင့်ထားတဲ့ ဆေးရုံတွေအတွက်တော့ ပို့ပေးနေရတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပါတယ်။ ကိုဗစ်ရောဂါဖြစ်သူ လူနာရှိတဲ့ မိသားစုတွေ၊ ဆွေမျိုးသားချင်းတွေဟာ အောက်စီဂျင်ရဖို့အတွက် တန်းစီပြီး တနေကုန်စောင့်ကြရပါတယ်။

ရန်ကုန်မှာ အဖိုးအတွက် လိုအပ်တဲ့ အောက်စီဂျင် လာတန်းစီနေသူတယောက်ဟာ သူ့အလှည့် အရောက်မှာပဲ အဖိုးက ဆုံးသွားတဲ့အကြောင်း သူငယ်ချင်းဖြစ်တဲ့ မမျိုးမျိုးက အခုလို ပြောပြပါတယ်။

“အိုးနှစ်လုံး မနက်မှရတယ်။ ဒါပေမယ့် မထည့်ပေးသေးဘူး ဆိုပြီးတော့ စီ…စီ၊ စီ…စီနဲ့ ပြီးလည်းပြီးရော အိမ်က ဖုန်းလှမ်းထိုးတယ်၊ သူ့အကို ဆုံးသွားပြီ-တဲ့။”

တချိန်တည်းမှာပဲ စစ်အစိုးရနဲ့ မပူးပေါင်းရေးအကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ ကျွမ်းကျင်ပညာရှင်တွေနဲ့အတူ ကျန်းမာရေး ဝန်ထမ်းတွေဟာ ပစ်မှတ်ထားခံခဲ့ကြရပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ကပဲ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်အတည်ပြုလူနာ ၃ သိန်းကျော်ရှိကြောင်းနဲ့ မကြာသေးခင်ကပဲ အရှေ့တောင်အာရှမှာ သေနှုန်းအမြင့်ဆုံးဖြစ်ခဲ့တဲ့ အင်ဒိုနီးရှားနဲ့ မလေးရှားတို့ထက် စံချိန် ကျော်လွန်သွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ တရားဝင် စမ်းသပ်အတည်ပြုတာ၊ သတင်းပို့တာတွေမရှိတဲ့ ကူးစက်သေဆုံးသူ အရေအတွက်ဟာ လက်ရှိဖော်ပြထားတဲ့ တရားဝင် ကိန်းဂဏန်းတွေထက် အများကြီး ပိုတယ်ဆိုတဲ့ ပြောဆိုယူဆချက်တွေလည်း ရှိနေပါတယ်ရှင်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG