သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၄ နာရီအတြင္း ဓါတ္ခြဲအတည္ျပဳ ၃,၀၂၇ ဦး၊ ေသဆုံး ၂၅၀ ဦး


ျမန္မာႏိုင္ငံတြင္း ကိုဗစ္ေရာဂါကူးစက္မႈတုိးလာတာနဲ႔အမွ် ေအာက္စီဂ်င္ျပတ္လပ္ေနတဲ့အေျခအေန။

Zawgyi/Unicode

ျမန္မာႏိုင္ငံအတြင္း ကိုဗစ္-၁၉ ေရာဂါပိုး စစ္ေဆးမႈေတြကို ျမန္မာႏိုင္ငံ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ျပဳလုပ္ေနတာမွာ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ဓါတ္ခြဲနမူနာေပါင္း ၉,၂၆၉ ခုကို စစ္ေဆးခဲ့တဲ့အထဲ ပိုးေတြ႔သူ ၃,၀၂၇ ဦး ရွိတယ္လို႔ ဒီ ကေန႔ည ၈ နာရီမွာ ထုတ္ျပန္ပါတယ္။

ဒါဟာ ဓါတ္ခြဲနမူနာ စုစုေပါင္းရဲ႕ ၃၂.၆၇ % မွာ ပိုးေတြ႔လူနာ ေတြ႔ရွိတာလည္း ျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္းမွာပဲ ကိုဗစ္ေၾကာင့္ ေသဆုံးသူ ၂၅၀ ဦးရွိခဲ့တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ပါတယ္။

က်န္းမာေရးဌာနက ေန႔စဥ္ ထုတ္ျပန္ေနတဲ့စာရင္းဇယားေတြဟာ အျပင္မွာ တကယ္ ပိုးကူးစက္၊ ေသဆုံးတဲ့စာရင္းနဲ႔ ကြာဟမႈေတြ ရွိေနေၾကာင္း က်န္းမာေရးပညာရွင္ေတြနဲ႔ ပရဟိတ ကူညီေဆာင္ေပးေနသူေတြက ေထာက္ျပၾကပါတယ္။

ျမန္မာႏိုင္ငံမွာ လတ္တေလာရင္ဆိုင္ေရတဲ့ ကိုဗစ္-၁၉ တတိယလႈိင္း အရွိန္ေလ်ာ့မသြားေသးဘဲ ျပည္နယ္၊ တိုင္းေဒသႀကီးအားလုံးမွာ ကူးစက္မႈေတြ ျဖစ္ေပၚေနတဲ့အျပင္ ျပည္ပကျပန္လာသူေတြထံမွာလည္း ကိုဗစ္ ကူးစက္ေနတာကို စမ္းသပ္ ေတြ႔ရွိရေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဒီကေန႔ သတင္းထုတ္ျပန္ပါတယ္။
ဒါေၾကာင့္လည္း ေရာဂါပိုး ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ အစိုးရ႐ုံးေတြနဲ႔ စာသင္ေက်ာင္းေတြကို ၾသဂုတ္လ ၁၅ ရက္ေန႔အထိ ေနာက္ထပ္ တပတ္တိုးၿပီး ပိတ္ပင္လိုက္ပါတယ္။

မႏွစ္ကစတင္ခဲ့တဲ့ ကိုဗစ္-၁၉ ေရာဂါပိုး ကူးစက္ျပန႔္ႏွံ႔မႈေတြေၾကာင့္ စီးပြားေရးလုပ္ ငန္းေတြ တႏွစ္ခြဲေက်ာ္ၾကာ ရပ္ဆိုင္းေနခဲ့တာအျပင္ စစ္တပ္က အာဏာသိမ္းလိုက္တဲ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ေနာက္ပိုင္း ႏိုင္ငံေရးပဋိပကၡေတြ အခုခ်ိန္ထိ ဆက္တိုက္ျဖစ္ေပၚေနတာေၾကာင့္ အေရးပါတဲ့ စီးပြားေရးလုပ္ငန္းေတြ မလည္ပတ္ႏိုင္ေတာ့တဲ့ ေနာက္ဆက္တြဲအျဖစ္ အေျခခံ လက္လုပ္လက္စားေတြ စားဝတ္ေနေရး အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနၾကရပါတယ္။
======

Unicode

၂၄ နာရီအတွင်း ဓါတ်ခွဲအတည်ပြု ၃,၀၂၇ ဦး၊သေဆုံး ၂၅၀ ဦး

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးမှုတွေကို မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြုလုပ်နေတာမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓါတ်ခွဲနမူနာပေါင်း ၉,၂၆၉ ခုကို စစ်ဆေးခဲ့တဲ့အထဲ ပိုးတွေ့သူ ၃,၀၂၇ ဦး ရှိတယ်လို့ ဒီ ကနေ့ည ၈ နာရီမှာ ထုတ်ပြန်ပါတယ်။ ဒါဟာ ဓါတ်ခွဲနမူနာ စုစုပေါင်းရဲ့ ၃၂.၆၇ % မှာ ပိုးတွေ့လူနာ တွေ့ရှိတာလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာပဲ ကိုဗစ်ကြောင့် သေဆုံးသူ ၂၅၀ ဦးရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။


ကျန်းမာရေးဌာနက နေ့စဉ် ထုတ်ပြန်နေတဲ့စာရင်းဇယားတွေဟာ အပြင်မှာ တကယ် ပိုးကူးစက်၊ သေဆုံးတဲ့စာရင်းနဲ့ ကွာဟမှုတွေ ရှိနေကြောင်း ကျန်းမာရေးပညာရှင်တွေနဲ့ ပရဟိတ ကူညီဆောင်ပေးနေသူတွေက ထောက်ပြကြပါတယ်။


မြန်မာနိုင်ငံမှာ လတ်တလောရင်ဆိုင်ရေတဲ့ ကိုဗစ်-၁၉ တတိယလှိုင်း အရှိန်လျော့မသွားသေးဘဲ ပြည်နယ်၊ တိုင်းဒေသကြီးအားလုံးမှာ ကူးစက်မှုတွေ ဖြစ်ပေါ်နေတဲ့အပြင် ပြည်ပကပြန်လာသူတွေထံမှာလည်း ကိုဗစ် ကူးစက်နေတာကို စမ်းသပ် တွေ့ရှိရကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
ဒါကြောင့်လည်း ရောဂါပိုး ထိန်းချုပ်နိုင်ရေးအတွက် အစိုးရရုံးတွေနဲ့ စာသင်ကျောင်းတွေကို သြဂုတ်လ ၁၅ ရက်နေ့အထိ နောက်ထပ် တပတ်တိုးပြီး ပိတ်ပင်လိုက်ပါတယ်။


မနှစ်ကစတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်နှံ့မှုတွေကြောင့် စီးပွားရေးလုပ် ငန်းတွေ တနှစ်ခွဲကျော်ကြာ ရပ်ဆိုင်းနေခဲ့တာအပြင် စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း နိုင်ငံရေးပဋိပက္ခတွေ အခုချိန်ထိ ဆက်တိုက်ဖြစ်ပေါ်နေတာကြောင့် အရေးပါတဲ့ စီးပွားရေးလုပ်ငန်းတွေ မလည်ပတ်နိုင်တော့တဲ့ နောက်ဆက်တွဲအဖြစ် အခြေခံ လက်လုပ်လက်စားတွေ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

#Covid19 #MyanamrCovid

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG