(Zawgyi/Unicode)
ကမာၻတဝွမ္း COVID 19 ေရာဂါကူးစက္မႈေတြ ၿပီးခဲ့တဲ့ သီတင္း ေလးပတ္ ဆက္တိုက္ တိုးလာခဲ့ၿပီး ျမန္မာႏိုင္ငံဟာ အေရွ႕ေတာင္အာရွ ေဒသတြင္းႏိုင္ငံ ေတြထဲ ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္း ကိုဗစ္ 19 ေၾကာင့္ေသဆုံးမႈ တတိယ အမ်ားဆုံး ႏိုင္ငံျဖစ္လာတဲ့အေၾကာင္း WHO ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီးက စာရင္းထုတ္ျပန္ပါတယ္။
တလအတြင္းမွာပဲ ကမာၻတဝွမ္း ေရာဂါကူးစက္မႈေတြ ဆက္တိုက္ တိုးလာခဲ့ၿပီး ၿပီးခဲ့တဲ့ သီတင္း တပတ္အတြင္းမွာတင္ တကမာၻလုံး ကိုဗစ္ 19 ေရာဂါ ကူးစက္မႈ ေလးသန္းေက်ာ္ ရွိတဲ့အေၾကာင္း ကုလသမဂၢက ေၾကညာခ်က္ ထုတ္ျပန္တာပါ။ အိႏၵိယ၊ အင္ဒိုနီးရွားနဲ႔၊ ထိုင္းႏိုင္ငံေတြအတြင္း ေရာဂါကူးစက္မႈ အသစ္ေတြဟာ ေတာင္နဲ႔ အေရွ႕အာရွ ေဒသတြင္း ႏိုင္ငံအားလုံး ကူးစက္မႈ ပမာဏရဲ႕ ၈၀ ရာခိုင္ႏႈန္း ရွိတဲ့အေၾကာင္း စာရင္း ထုတ္ျပန္ထားပါတယ္။
အင္ဒိုနီးရွားမွာ ၿပီးခဲ့တဲ့ တပတ္အတြင္း ကိုဗစ္ 19 ေရာဂါကူးစက္မႈ အသစ္ ၂ သိန္း ၇ ေသာင္းေက်ာ္ ရွိၿပီး ထိုင္းႏိုင္ငံမွာ ေရာဂါကူးစက္မႈ တသိန္း တေသာင္း ရွစ္ေထာင္ေက်ာ္ ရွိခဲ့ပါတယ္။ ကိုဗစ္ တတိယလႈိင္းနဲ႔ ႀကဳံေနရတဲ့ ျမန္မာႏိုင္ငံမွာလည္း ကူးစက္မႈနဲ႔ ေသဆုံးမႈႏႈန္းတိုးလာတယ္လို႔ ကုလသမဂၢက ေဖာ္ျပပါတယ္။ ျမန္မာႏိုင္အတြင္း ကိုဗစ္ 19 ေရာဂါကူးစက္သူေတြအၾကား ေအာက္စီဂ်င္ျပတ္လတ္မႈနဲ႔ က်န္းမာေရး ေစာင့္ေရွာက္မႈ လုံလုံေလာက္ေလာက္ မရႏိုင္တာက အဓိက အခက္အခဲျဖစ္ေနၿပီး ေရာဂါ ကူးစက္သူနဲ႔ ေသဆုံးသူ အေရအတြက္ဟာ တရားဝင္ ထုတ္ျပန္တဲ့ စာရင္းေတြထက္ မ်ားႏိုင္တဲ့အေၾကာင္း က်န္းမာေရးပညာရွင္ေတြနဲ႔ ပရဟိတအဖြဲ႕ေတြက ခန႔္မွန္းထားၾကပါတယ္။
...................................................................
အရှေ့တောင်အာရှမှာ တပတ်အတွင်း မြန်မာမှာ သေဆုံးမှုအများဆုံးဖြစ်ခဲ့
(Unicode)
ကမ္ဘာတဝှမ်း COVID 19 ရောဂါကူးစက်မှုတွေ ပြီးခဲ့တဲ့ သီတင်း လေးပတ် ဆက်တိုက် တိုးလာခဲ့ပြီး မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံ တွေထဲ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကိုဗစ် 19 ကြောင့်သေဆုံးမှု တတိယ အများဆုံး နိုင်ငံဖြစ်လာတဲ့အကြောင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက စာရင်းထုတ်ပြန်ပါတယ်။
တလအတွင်းမှာပဲ ကမ္ဘာတဝှမ်း ရောဂါကူးစက်မှုတွေ ဆက်တိုက် တိုးလာခဲ့ပြီး ပြီးခဲ့တဲ့ သီတင်း တပတ်အတွင်းမှာတင် တကမ္ဘာလုံး ကိုဗစ် 19 ရောဂါ ကူးစက်မှု လေးသန်းကျော် ရှိတဲ့အကြောင်း ကုလသမဂ္ဂက ကြေညာချက် ထုတ်ပြန်တာပါ။ အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့၊ ထိုင်းနိုင်ငံတွေအတွင်း ရောဂါကူးစက်မှု အသစ်တွေဟာ တောင်နဲ့ အရှေ့အာရှ ဒေသတွင်း နိုင်ငံအားလုံး ကူးစက်မှု ပမာဏရဲ့ ၈၀ ရာခိုင်နှုန်း ရှိတဲ့အကြောင်း စာရင်း ထုတ်ပြန်ထားပါတယ်။
အင်ဒိုနီးရှားမှာ ပြီးခဲ့တဲ့ တပတ်အတွင်း ကိုဗစ် 19 ရောဂါကူးစက်မှု အသစ် ၂ သိန်း ၇ သောင်းကျော် ရှိပြီး ထိုင်းနိုင်ငံမှာ ရောဂါကူးစက်မှု တသိန်း တသောင်း ရှစ်ထောင်ကျော် ရှိခဲ့ပါတယ်။ ကိုဗစ် တတိယလှိုင်းနဲ့ ကြုံနေရတဲ့မြန်မာနိုင်ငံမှာလည်း ကူးစက်မှုနဲ့ သေဆုံးမှုနှုန်းတိုးလာတယ်လို့ ကုလသမဂ္ဂက ဖော်ပြပါတယ်။ မြန်မာနိုင်အတွင်း ကိုဗစ် 19 ရောဂါကူးစက်သူတွေအကြား အောက်စီဂျင်ပြတ်လတ်မှုနဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုံလုံလောက်လောက် မရနိုင်တာက အဓိက အခက်အခဲဖြစ်နေပြီး ရောဂါ ကူးစက်သူနဲ့ သေဆုံးသူ အရေအတွက်ဟာ တရားဝင် ထုတ်ပြန်တဲ့ စာရင်းတွေထက် များနိုင်တဲ့အကြောင်း ကျန်းမာရေးပညာရှင်တွေနဲ့ ပရဟိတအဖွဲ့တွေက ခန့်မှန်းထားကြပါတယ်။