သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကခ်င္ျပည္နယ္၊ ဝိုင္းေမာ္ၿမိဳ႕နယ္အတြင္း တိုက္ပြဲေတြ ဆက္ျဖစ္ေန


လိုင္ဇာျမိဳ့အနီးမွာေတြ ့ရတဲ့ KIA တပ္ဖြဲ ့၀င္တခ်ိဳ ့ ( ဓာတ္ပံု-AP)

(Zawgyi/Unicode)

ကခ်င္ျပည္နယ္ ဝိုင္းေမာ္ၿမိဳ႕က ခလရ ၅၈မွာ ၃ရက္ဆက္တိုက္ ညအခ်ိန္ ပစ္ခတ္တာေတြ ရွိေနၿပီး အနီးအနားေက်း႐ြာေတြမွာ လက္နက္ႀကီးက်ေရာက္တာေၾကာင့္ ေဒသခံေတြဟာ ညအခါမွာ ႐ြာမွာမေနရဲဘဲ တျခားမွာ တိမ္းေရွာင္ အိပ္စက္ေနၾကရပါတယ္။ တခ်ိန္တည္းမွာပဲ ဖားကန႔္ဘက္မွာလည္း ဗုဒၶဟူးေန႔က ၃ေနရာေလာက္မွာ တိုက္ခိုက္တာေတြ ရွိေနပါတယ္။ ရန္ကုန္ကလာတဲ့ ကခ်င္ျပည္နယ္အတြင္းက တိုက္ပြဲ ေနာက္ဆုံးအေျခအေနကိုေတာ့ ကိုေအာင္ျမတ္သူက ေျပာေျပးပါမယ္။

ကခ်င္ျပည္နယ္ ဝိုင္းေမာ္အေျခစိုက္ ခလရ ၅၈မွာ ဒီလ ၂ရက္ေန႔ကစတင္ၿပီး ၄ရက္ေန႔ညနဲ႔ ၅ရက္ေန႔ မနက္အေစာပိုင္းအထိ လက္နက္ႀကီး၊ လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္တာေတြ ဆက္တိုက္ဆိုသလို ျဖစ္ပြားခဲ့တာပါ။

ဒီလ ၄ရက္ေန႔ ညပိုင္းနဲ႔ ၅ရက္ေန႔ မနက္အေစာပိုင္းအေျခအေနကို ဝိုင္းေမာ္ေဒသခံတစ္ေယာက္က အခုလို ေျပာပါတယ္။

“ မေန႔ည ၄ရက္ေန႔ညပိုင္း ၁၁ေလာက္က ေလယာဥ္ပ်ံဝဲတယ္။ ဝဲၿပီးမွ ဗုံးသံ ၂ခ်က္ၾကားတယ္။ ခန ေတာ္ၾကာေနေတာ့ နည္းနည္းၿငိမ္လိုက္ ျပန္ပစ္လိုက္ျဖစ္တာပဲ။ လက္နက္ႀကီး၊ လက္နက္ငယ္ေတြလည္း ဆက္တိုက္ၾကားေတာ့တာပ။ မနက္မိုးလင္း ၅နာရီအထိေတာ့ ၾကားေနတယ္။”

ခလရ ၅၈ဟာ ဝိုင္းေမာ္ၿမိဳ႕အနီး မဒိန္ေက်း႐ြာမွာ အေျခစိုက္တာျဖစ္ပါတယ္။ ဒီလ ၂၉ရက္ေန႔က KIA က လာေရာက္တိုက္ခိုက္ခဲ့ၿပီး ဒီတိုက္ပြဲအတြင္း အျပန္အလွန္ ပစ္ခတ္ၾကရာမွာ လဘန္႐ြာက ႐ြာသားတစ္ဦး လက္နက္ႀကီးက်ည္ထိမွန္ေသဆုံးခဲ့ရပါတယ္။

ၿပီးခဲ့တဲ့ ၃ရက္ေန႔ညပိုင္းပစ္ခတ္မႈမွာေတာ့ လဘန္႐ြာက ေနအိမ္တစ္လုံးထိမွန္ခဲ့သလို အိမ္ေမြးတိရိစာၦန္ အခ်ိဳ႕လည္း ေသဆုံးခဲ့ပါတယ္။

ဝိုင္းေမာ္ၿမိဳ႕ကေဒသခံေနာက္တစ္ဦးကေတာ့ ညစဥ္ဆက္တိုက္ ပစ္ခတ္မႈေတြျဖစ္ေနတာေၾကာင့္ လဘန္႐ြာသားေတြဟာ ညအခ်ိန္မွာ အျခားကို ေ႐ႊ႕ေျပာင္း အိပ္ေနၾကေၾကာင္း နဲ႔ လက္နက္ႀကီးက်ည္တခ်ိဳ႕ဟာ Covid Center အနီးမွာက်ေရာက္ေၾကာင္း ေျပာပါတယ္။

“ ညတိုင္းလိုလိုျဖစ္ေနတာ။ ၅၈ကေန လွမ္းပစ္တာေလ။ မေန႔ကေရာ ဟိုတစ္ေန႔ကေရာ။ အဲဒါ ေတာင္ေပၚ႐ြာမွာလည္း က်တယ္။ ၿမိဳ႕သစ္မွာလည္း က်တယ္။ လဘန္မွာက ေနအိမ္လည္း ပ်က္ဆီးတယ္ေပါ့ေနာ။ က်ေနာ္တို႔ ဝိုင္းေမာ္ၿမိဳ႕သစ္မွာ Covid Center ေလ၊ အဲဒါ Positive လူနာေတြ ထားတဲ့ ေနရာမွာေတာင္မွ က်ည္ေတြ က်လာတယ္ဆိုေတာ့ ေတာ္ေတာ္ ေၾကာက္ေနရတာ။ ဒီညလည္း ျပန္ပစ္မလားေတာ့ မသိဘူး။ ညတိုင္းလိုလို ျဖစ္ေနတာအခုက။ အဲဒီ လဘန္႐ြာက လူေတြကေတာ့ အဲဒီမွာ မအိပ္ေတာ့ဘူး ညဆို ေၾကာက္တာ။ ဒီ ဝိုင္းေမာ္ၿမိဳ႕သစ္မွာရွိတဲ့ ဇုံနယ္႐ုံးမွာ အဲဒီမွာ ခိုေအာင္းၿပီးေတာ့ အဲဒီမွာေနတာ။ ညဆို။ ေန႔ခင္းေတာ့ ျပန္ေပါ့။ အဲလိုေပါ့။”

ေဒသခံေတြကေတာ့ ညပိုင္းပစ္ခတ္မႈေတြဟာ တဖက္သတ္ပစ္ခတ္ေနတာျဖစ္ေၾကာင္း ေျပာၾကေပမဲ့ သီးျခားအတည္ျပဳခ်က္ေတာ့ မရပါဘူး။

KIA ဘက္ကေတာ့ အရင္လ ၂၉ရက္ေန႔ညက ခလရ ၅၈ကို ပစ္ခတ္ တိုက္ခိုက္ခဲ့တာရွိေၾကာင္း ေျပာေပမဲ့ ေနာက္ရက္ေတြမွာေတာ့ သြားေရာက္ တိုက္ခိုက္တာမရွိဘူးလို႔ VOA ကို ေျပာဆိုထားပါတယ္။

ဝိုင္းေမာ္ၿမိဳ႕နယ္ဘက္မွာ ဒီတိုက္ခိုက္မႈေတြ ရွိေနခ်ိန္မွာပဲ ဒီလ ၄ရက္ေန႔က ဖားကန႔္ၿမိဳ႕နယ္အတြင္းမွာလည္း ေနရာ ၃ေနရာမွာ တိုက္ခိုက္တာေတြ ျဖစ္ခဲ့ပါတယ္။

ဖားကန႔္ေဒသခံတစ္ဦးက ၄ရက္ေန႔ ညပိုင္းက KIA က နမ့္ယားတပ္စခန္းကို လက္နက္ႀကီးနဲ႔ ပစ္ခတ္ တိုက္ခိုက္တာ၊ နမ့္ယား တပ္စခန္းကလည္း ျပန္လည္ ပစ္ခတ္တာေတြ ရွိေၾကာင္းနဲ႔ လီဒိုလမ္းေပၚက လဝါး႐ြာမွာ စစ္ေကာင္စီတပ္ရဲ႕ စစ္ေၾကာင္းကိုလည္း KIA က တိုက္ခိုက္ခဲ့ေၾကာင္း အခုလို ေျပာပါတယ္။

“ နမ့္ယားမွာေတာ့ မေန႔ညက စစ္ျဖစ္တဲ့ သေဘာေတာ့ မဟုတ္ဘူးဗ်။ ၾကားရတာေတာ့ KIA က လက္နက္ႀကီးနဲ႔ ထုထည့္လိုက္ေတာ့ အဲဒါ သူတို႔ ရမ္းပစ္တယ္လို႔ေတာ့ ေျပာတယ္။ ၈နာရီခြဲအခ်ိန္ထင္တယ္။ အဲဒီ ၁၁နာရီေလာက္က်ေတာ့ လဝါးနားမွာ ျဖစ္ေသးတယ္။ စစ္ေၾကာင္းကို KIA က ၿခဳံခိုတိုက္တယ္ေျပာတယ္။ လဝါး အေက်ာ္မွာေပါ့။ ကာမိုင္းနဲ႔ လဝါးၾကားမွာ။ ”

၄ရက္ေန႔ ညေန ၄နာရီေလာက္ကလည္း ဖားကန႔္ၿမိဳ႕နယ္ ကံဆီး႐ြာဘက္မွာ စစ္ေကာင္စီတပ္ရဲ႕ စစ္ေၾကာင္းကို KIA က တိုက္ခိုက္တာရွိေၾကာင္း ဆက္ေျပာပါတယ္။

ဝိုင္းေမာ္နဲ႔ ဖားကန႔္ၿမိဳ႕နယ္အတြင္း ျဖစ္ပြားတဲ့ တိုက္ပြဲေတြနဲ႔ပတ္သက္ၿပီး အတည္ျပဳခ်က္ရယူဖို႔ စစ္ေကာင္စီနဲ႔ KIA ဘက္ကို ဆက္သြယ္ခဲ့ေပမဲ့ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

တိုက္႐ိုက္ လင့္ခ္


................................................................................................

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း တိုက်ပွဲတွေ ဆက်ဖြစ်နေ

(Unicode)

ကချင်ပြည်နယ် ဝိုင်းမော်မြို့က ခလရ ၅၈မှာ ၃ရက်ဆက်တိုက် ညအချိန် ပစ်ခတ်တာတွေ ရှိနေပြီး အနီးအနားကျေးရွာတွေမှာ လက်နက်ကြီးကျရောက်တာကြောင့် ဒေသခံတွေဟာ ညအခါမှာ ရွာမှာမနေရဲဘဲ တခြားမှာ တိမ်းရှောင် အိပ်စက်နေကြရပါတယ်။ တချိန်တည်းမှာပဲ ဖားကန့်ဘက်မှာလည်း ဗုဒ္ဓဟူးနေ့က ၃နေရာလောက်မှာ တိုက်ခိုက်တာတွေ ရှိနေပါတယ်။ ရန်ကုန်ကလာတဲ့ ကချင်ပြည်နယ်အတွင်းက တိုက်ပွဲ နောက်ဆုံးအခြေအနေကိုတော့ ကိုအောင်မြတ်သူက ပြောပြေးပါမယ်။

ကချင်ပြည်နယ် ဝိုင်းမော်အခြေစိုက် ခလရ ၅၈မှာ ဒီလ ၂ရက်နေ့ကစတင်ပြီး ၄ရက်နေ့ညနဲ့ ၅ရက်နေ့ မနက်အစောပိုင်းအထိ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တာပါ။

ဒီလ ၄ရက်နေ့ ညပိုင်းနဲ့ ၅ရက်နေ့ မနက်အစောပိုင်းအခြေအနေကို ဝိုင်းမော်ဒေသခံတစ်ယောက်က အခုလို ပြောပါတယ်။

“ မနေ့ည ၄ရက်နေ့ညပိုင်း ၁၁လောက်က လေယာဉ်ပျံဝဲတယ်။ ဝဲပြီးမှ ဗုံးသံ ၂ချက်ကြားတယ်။ ခန တော်ကြာနေတော့ နည်းနည်းငြိမ်လိုက် ပြန်ပစ်လိုက်ဖြစ်တာပဲ။ လက်နက်ကြီး၊ လက်နက်ငယ်တွေလည်း ဆက်တိုက်ကြားတော့တာပ။ မနက်မိုးလင်း ၅နာရီအထိတော့ ကြားနေတယ်။”

ခလရ ၅၈ဟာ ဝိုင်းမော်မြို့အနီး မဒိန်ကျေးရွာမှာ အခြေစိုက်တာဖြစ်ပါတယ်။ ဒီလ ၂၉ရက်နေ့က KIA က လာရောက်တိုက်ခိုက်ခဲ့ပြီး ဒီတိုက်ပွဲအတွင်း အပြန်အလှန် ပစ်ခတ်ကြရာမှာ လဘန်ရွာက ရွာသားတစ်ဦး လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ၃ရက်နေ့ညပိုင်းပစ်ခတ်မှုမှာတော့ လဘန်ရွာက နေအိမ်တစ်လုံးထိမှန်ခဲ့သလို အိမ်မွေးတိရိစ္ဆာန် အချို့လည်း သေဆုံးခဲ့ပါတယ်။

ဝိုင်းမော်မြို့ကဒေသခံနောက်တစ်ဦးကတော့ ညစဉ်ဆက်တိုက် ပစ်ခတ်မှုတွေဖြစ်နေတာကြောင့် လဘန်ရွာသားတွေဟာ ညအချိန်မှာ အခြားကို ရွှေ့ပြောင်း အိပ်နေကြကြောင်း နဲ့ လက်နက်ကြီးကျည်တချို့ဟာ Covid Center အနီးမှာကျရောက်ကြောင်း ပြောပါတယ်။

“ ညတိုင်းလိုလိုဖြစ်နေတာ။ ၅၈ကနေ လှမ်းပစ်တာလေ။ မနေ့ကရော ဟိုတစ်နေ့ကရော။ အဲဒါ တောင်ပေါ်ရွာမှာလည်း ကျတယ်။ မြို့သစ်မှာလည်း ကျတယ်။ လဘန်မှာက နေအိမ်လည်း ပျက်ဆီးတယ်ပေါ့နော။ ကျနော်တို့ ဝိုင်းမော်မြို့သစ်မှာ Covid Center လေ၊ အဲဒါ Positive လူနာတွေ ထားတဲ့ နေရာမှာတောင်မှ ကျည်တွေ ကျလာတယ်ဆိုတော့ တော်တော် ကြောက်နေရတာ။ ဒီညလည်း ပြန်ပစ်မလားတော့ မသိဘူး။ ညတိုင်းလိုလို ဖြစ်နေတာအခုက။ အဲဒီ လဘန်ရွာက လူတွေကတော့ အဲဒီမှာ မအိပ်တော့ဘူး ညဆို ကြောက်တာ။ ဒီ ဝိုင်းမော်မြို့သစ်မှာရှိတဲ့ ဇုံနယ်ရုံးမှာ အဲဒီမှာ ခိုအောင်းပြီးတော့ အဲဒီမှာနေတာ။ ညဆို။ နေ့ခင်းတော့ ပြန်ပေါ့။ အဲလိုပေါ့။”

ဒေသခံတွေကတော့ ညပိုင်းပစ်ခတ်မှုတွေဟာ တဖက်သတ်ပစ်ခတ်နေတာဖြစ်ကြောင်း ပြောကြပေမဲ့ သီးခြားအတည်ပြုချက်တော့ မရပါဘူး။

KIA ဘက်ကတော့ အရင်လ ၂၉ရက်နေ့ညက ခလရ ၅၈ကို ပစ်ခတ် တိုက်ခိုက်ခဲ့တာရှိကြောင်း ပြောပေမဲ့ နောက်ရက်တွေမှာတော့ သွားရောက် တိုက်ခိုက်တာမရှိဘူးလို့ VOA ကို ပြောဆိုထားပါတယ်။

ဝိုင်းမော်မြို့နယ်ဘက်မှာ ဒီတိုက်ခိုက်မှုတွေ ရှိနေချိန်မှာပဲ ဒီလ ၄ရက်နေ့က ဖားကန့်မြို့နယ်အတွင်းမှာလည်း နေရာ ၃နေရာမှာ တိုက်ခိုက်တာတွေ ဖြစ်ခဲ့ပါတယ်။

ဖားကန့်ဒေသခံတစ်ဦးက ၄ရက်နေ့ ညပိုင်းက KIA က နမ့်ယားတပ်စခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်တာ၊ နမ့်ယား တပ်စခန်းကလည်း ပြန်လည် ပစ်ခတ်တာတွေ ရှိကြောင်းနဲ့ လီဒိုလမ်းပေါ်က လဝါးရွာမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းကိုလည်း KIA က တိုက်ခိုက်ခဲ့ကြောင်း အခုလို ပြောပါတယ်။

“ နမ့်ယားမှာတော့ မနေ့ညက စစ်ဖြစ်တဲ့ သဘောတော့ မဟုတ်ဘူးဗျ။ ကြားရတာတော့ KIA က လက်နက်ကြီးနဲ့ ထုထည့်လိုက်တော့ အဲဒါ သူတို့ ရမ်းပစ်တယ်လို့တော့ ပြောတယ်။ ၈နာရီခွဲအချိန်ထင်တယ်။ အဲဒီ ၁၁နာရီလောက်ကျတော့ လဝါးနားမှာ ဖြစ်သေးတယ်။ စစ်ကြောင်းကို KIA က ခြုံခိုတိုက်တယ်ပြောတယ်။ လဝါး အကျော်မှာပေါ့။ ကာမိုင်းနဲ့ လဝါးကြားမှာ။ ”

၄ရက်နေ့ ညနေ ၄နာရီလောက်ကလည်း ဖားကန့်မြို့နယ် ကံဆီးရွာဘက်မှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းကို KIA က တိုက်ခိုက်တာရှိကြောင်း ဆက်ပြောပါတယ်။

ဝိုင်းမော်နဲ့ ဖားကန့်မြို့နယ်အတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး အတည်ပြုချက်ရယူဖို့ စစ်ကောင်စီနဲ့ KIA ဘက်ကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG