သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကခ်င္က စစ္ေဆးေရးဂိတ္နဲ႔ စစ္တပ္ KIA တိုက္ခိုက္


ေရွးတန္းတနေရာမွာ ေတြ ့ရတဲ့ (KIA) ကခ်င္လြတ္လပ္ေရးတပ္ဖြဲ ့၀င္တခ်ိဳ ့ (ဓာတ္ပံု - AFP)

(Zawgyi/Unicode)

ကခ်င္ျပည္နယ္ မိုးေကာင္းနဲ႔ ကာမိုင္းအၾကားက စစ္ေဆးေရးဂိတ္ကို KIA က ဒီကေန႔ မနက္အေစာပိုင္းမွာ လက္နက္ႀကီးနဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့သလို ဝိုင္းေမာ္အေျခစိုက္ စစ္ေကာင္စီတပ္ရင္းကိုလည္း မေန႔ညပိုင္း က တိုက္ခိုက္ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဝိုင္းေမာ္တိုက္ခိုက္မႈမွာ မိနစ္ ၄၀ေက်ာ္ၾကာ အျပန္အလွန္ ပစ္ခတ္တာေတြ ရွိၿပီး အရပ္သားတဦး လက္နက္ႀကီးထိမွန္ ေသဆုံးခဲ့ပါတယ္။ ကခ်င္ျပည္နယ္တြင္း တိုက္ပြဲေတြအေျခအေန ရန္ကုန္ကလာတဲ့သတင္းကို ကိုၿငိမ္းခ်မ္းက ေျပာျပပါမယ္။

COVID-19 ကပ္ေရာဂါ ပ်ံ႕ပြားေနခ်ိန္မွာပဲ ဒီရက္ပိုင္း ကခ်င္ျပည္နယ္မွာ တိုက္ပြဲေတြ ခပ္စိပ္စိပ္ျပန္ျဖစ္လာေနတာပါ။ ၾကာသပေတးနဲ႔ ေသာၾကာ ႏွစ္ရက္အတြင္း အနည္းဆုံး သုံးေနရာေလာက္မွာ တိုက္ပြဲျဖစ္ခဲ့တာပါ။ မိုးေကာင္းနဲ႔ ကာမိုင္းအၾကားက စုေပါင္းစစ္ေဆးေရးဂိတ္ကို ဒီကေန႔မနက္ ၃ နာရီေက်ာ္ေလာက္မွာ KIA က လက္နက္ႀကီးနဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ ေဒသခံတဦးက VOA ကို ေျပာပါတယ္။

“၃ နာရီခြဲေက်ာ္ေလာက္ကပါရွင္။ ကားမိုင္းနဲ႔မိုးေကာင္းၾကားဆိုေတာ့ မရန္ကေထာင္ဂိတ္ပါရွင္။ အဲဒါ စုေပါင္းဂိတ္ပါရွင့္။ KIA ဘက္က ဒီ ဂိတ္ကို လာပစ္တာေပါ့။ ဂိတ္မွာက ရဲေရာ စစ္သားေရာ ရွိတယ္ဆိုေတာ့ေလ။ က်မတို႔ သိရသေလာက္ောတ့ အထိအခိုက္ေတာ့ မရွိဘူးရွင့္။ သူ႔ပတ္ဝန္းက်င္မွာပဲ။ လက္နက္ေတြ သြားက် တယ္လို႔ပဲ သိရတာရွင္။”

ၾကာသပေတးေန႔ ညပိုင္းကလည္း ဝိုင္းေမာ္ၿမိဳ႕အေျခစိုက္ ခလရ ၅၈ တပ္ရင္းကို KIA က လက္နက္ႀကီးနဲ႔ ပစ္ခတ္တာေၾကာင့္ မိနစ္ ၄၀ ၾကာ တိုက္ပြဲျဖစ္ခဲ့ေၾကာင္းနဲ႔ ေဒသခံတဦး လက္နက္ႀကီးထိမွန္ေသဆုံးခဲ့ေၾကာင္း ဝိုင္းေမာ္ေဒသခံတဦးက ေျပာပါတယ္။
“ ၅၈- ၅၈ တပ္ရင္းမွာျဖစ္တာ။ ၁၀ နာရီေက်ာ္ေလာက္ေပါ့။ မေန႔က မေန႔ညက ဟုတ္တယ္။ အဲဒါ မိနစ္ ၃၀-၄၀ ေလာက္ေတာ့ အျပန္အလွန္ပစ္တဲ့သေဘာရွိတယ္။ ဝိုင္းေမာ္က ေမာင္ေအာင္းလီေပါ့။တေယာက္က ဆုံးသြားတာဟုတ္တယ္။ ႐ြာသားေပါ့။ အရပ္သားေပါ့။ မေန႔က အဲဒီမွာ လက္နက္က်လာေတာ့ ဆုံးသြားတယ္ေျပာတာ။”

ေသဆုံးသြားသူဟာ ခလရ ၅၈ အနီး လဘန္႐ြာရွိ KEP ကုမၸဏီမွာ တာဝန္ထမ္းေဆာင္ေနခ်ိန္ လက္နက္ႀကီးထိမွန္ေသဆုံးတာျဖစ္ပါတယ္။
ေဒသတြင္း သတင္းမီဒီယာေတြကေတာ့ ဒီတိုက္ပြဲမွာ အျပန္အလွန္ပစ္ခတ္တာ ၁ နာရီနီးပါး ၾကာျမင့္ေၾကာင္းနဲ႔ ခလ၇ ၅၈ ဘက္က ထိခိုက္ေသဆုံးသူမ်ားျပားေၾကာင္း ေဖာ္ျပတာေတြရွိေပမဲ့ သီးျခားအတည္ျပဳႏိုင္တာမရွိေသးပါဘူး။

KIA ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးႀကီးေနာ္ဘူကေတာ့ မေန႔ကနဲ႔ ဒီကေန႔ ႏွစ္ရက္အတြင္း အနည္းဆုံး တိုက္ပြဲ သုံးႀကိမ္ျဖစ္ခဲ့ေၾကာင္း အခုလို ေျပာပါတယ္။
“ဒီမနက္ ၁ နာရီခြဲအခ်ိန္ေလာက္မွာ လီဒိုလမ္းေပ့ါေနာ္။ အဲဒီလမ္းေပၚက မရန္ကေထာင္ဆိုတဲ့ ဒီ စကစ ဂိတ္ေတြေပါ့ေနာ္။ အဲဒီမွာ ဝင္တိုက္တဲ့ ျဖစ္စဥ္ရွိပါတယ္။ ဒီေန႔ကေတာ့ မိုးေကာင္း ဒကစ ႐ုံးဘက္မွာလည္း KIA ဘက္ကေန လက္နက္ႀကီးနဲ႔ လွမ္းပစ္တဲ့ ျဖစ္စဥ္ေတြ ရွိပါတယ္။ မေန႔က ၁၀ နာရီေက်ာ္အခ်ိန္ေလာက္မွာ ဝိုင္းေမာ္မွာရွိတဲ့ ဒီ စကစရဲ႕ အမွတ္ ၅၈ တပ္ရင္းမွာ ဒီ KIA ဘက္က ဝင္တိုက္တာရွိပါတယ္။ ဒါ သူတို႔လည္း ျပန္ၿပီးမွ ခုခံတိုက္ခိုက္ၿပီးမွ တနာရီေလာက္ ၾကာတယ္လို႔ သိရပါတယ္။ အဲဒါပါပဲ။ သိပ္ၿပီးမွ ႀကီးႀကီးက်ယ္က်ယ္ တိုက္ပြဲေတြျဖစ္တာကေတာ့ မဟုတ္ပါဘူး။ ”

အထိအခိုက္ အက်အဆုံးစာရင္းနဲ႔ တိုက္ပြဲအေျခအေန အေသးစိတ္ကိုေတာ့ မသိရေသးေၾကာင္း ေျပာပါတယ္။
ၿပီးခဲ့တဲ့ရက္ေတြမွာကေတာ့ ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္နဲ႔ ကြတ္ခိုင္အၾကား ျပည္ေထာင္စုလမ္းမေပၚမွာ စစ္ေကာင္စီတပ္နဲ႔ KIA အၾကား တိုက္ပြဲျဖစ္ခဲ့သလို KIA တပ္ရင္း ၉၆ အေျခစိုက္ရာ မုံးကိုးေဒသဘက္မွာ လည္း စစ္ေကာင္စီတပ္နဲ႔ MNDAA ေခၚ ကိုးကန႔္တပ္ဖြဲ႕အၾကား တိုက္ပြဲျဖစ္ခဲ့ေၾကာင္းလည္း ေျပာပါတယ္။

စစ္ေကာင္စီဘက္ကို ဒီတိုက္ပြဲျဖစ္စဥ္ေတြနဲ႔ပတ္သက္ၿပီး ေမးျမန္းဖု႔ိ ဆက္သြယ္ခဲ့ေပမဲ့ ဆက္သြယ္လို႔ မရခဲ့ပါဘူး။
ဒီရက္ပိုင္းေတြအတြင္းမွာ စစ္ေကာင္စီဘက္က ဧရာဝတီျမစ္ေၾကာင္းကေန တင့္ကားနဲ႔ သံခ်ပ္ကာယာဥ္ေတြကို ဗန္းေမာ္ကို ပို႔ေဆာင္ေၾကာင္း သတင္းေတြ ထြက္ေပၚေနသလို မိုးေမာက္ေဒသဖက္မွာလည္း လူ၊လက္နက္၊ ရိကၡာ ျဖည့္တင္းတယ္ဆိုတဲ့သတင္းေတြ ထြက္ေပၚေနပါတယ္။ ေဒသခံေတြကေတာ့ ဒီလို အင္အားျဖည့္တင္းေနတာေၾကာင့္ လိုင္ဇာေဒသဘက္မွာ မၾကာခင္ တိုက္ပြဲေတြ ျပင္းထန္လာႏိုင္ေၾကာင္း ခန႔္မွန္းတာေတြ ရွိေနပါတယ္။

.............................................................................................

ကခ်င္က စစ္ေဆးေရးဂိတ္နဲ႔ စစ္တပ္ KIA တိုက္ခိုက္
please wait

No media source currently available

0:00 0:03:09 0:00
တိုက္႐ိုက္ လင့္ခ္


ကချင်က စစ်ဆေးရေးဂိတ်နဲ့ စစ်တပ် KIA တိုက်ခိုက်

(Unicode)

ကချင်ပြည်နယ် မိုးကောင်းနဲ့ ကာမိုင်းအကြားက စစ်ဆေးရေးဂိတ်ကို KIA က ဒီကနေ့ မနက်အစောပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို ဝိုင်းမော်အခြေစိုက် စစ်ကောင်စီတပ်ရင်းကိုလည်း မနေ့ညပိုင်း က တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဝိုင်းမော်တိုက်ခိုက်မှုမှာ မိနစ် ၄၀ကျော်ကြာ အပြန်အလှန် ပစ်ခတ်တာတွေ ရှိပြီး အရပ်သားတဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ပါတယ်။ ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေအခြေအနေ ရန်ကုန်ကလာတဲ့သတင်းကို ကိုငြိမ်းချမ်းက ပြောပြပါမယ်။

COVID-19 ကပ်ရောဂါ ပျံ့ပွားနေချိန်မှာပဲ ဒီရက်ပိုင်း ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ခပ်စိပ်စိပ်ပြန်ဖြစ်လာနေတာပါ။ ကြာသပတေးနဲ့ သောကြာ နှစ်ရက်အတွင်း အနည်းဆုံး သုံးနေရာလောက်မှာ တိုက်ပွဲဖြစ်ခဲ့တာပါ။ မိုးကောင်းနဲ့ ကာမိုင်းအကြားက စုပေါင်းစစ်ဆေးရေးဂိတ်ကို ဒီကနေ့မနက် ၃ နာရီကျော်လောက်မှာ KIA က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတဦးက VOA ကို ပြောပါတယ်။

“၃ နာရီခွဲကျော်လောက်ကပါရှင်။ ကားမိုင်းနဲ့မိုးကောင်းကြားဆိုတော့ မရန်ကထောင်ဂိတ်ပါရှင်။ အဲဒါ စုပေါင်းဂိတ်ပါရှင့်။ KIA ဘက်က ဒီ ဂိတ်ကို လာပစ်တာပေါ့။ ဂိတ်မှာက ရဲရော စစ်သားရော ရှိတယ်ဆိုတော့လေ။ ကျမတို့ သိရသလောက်ောတ့ အထိအခိုက်တော့ မရှိဘူးရှင့်။ သူ့ပတ်ဝန်းကျင်မှာပဲ။ လက်နက်တွေ သွားကျ တယ်လို့ပဲ သိရတာရှင်။”

ကြာသပတေးနေ့ ညပိုင်းကလည်း ဝိုင်းမော်မြို့အခြေစိုက် ခလရ ၅၈ တပ်ရင်းကို KIA က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် မိနစ် ၄၀ ကြာ တိုက်ပွဲဖြစ်ခဲ့ကြောင်းနဲ့ ဒေသခံတဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ကြောင်း ဝိုင်းမော်ဒေသခံတဦးက ပြောပါတယ်။
“ ၅၈- ၅၈ တပ်ရင်းမှာဖြစ်တာ။ ၁၀ နာရီကျော်လောက်ပေါ့။ မနေ့က မနေ့ညက ဟုတ်တယ်။ အဲဒါ မိနစ် ၃၀-၄၀ လောက်တော့ အပြန်အလှန်ပစ်တဲ့သဘောရှိတယ်။ ဝိုင်းမော်က မောင်အောင်းလီပေါ့။တယောက်က ဆုံးသွားတာဟုတ်တယ်။ ရွာသားပေါ့။ အရပ်သားပေါ့။ မနေ့က အဲဒီမှာ လက်နက်ကျလာတော့ ဆုံးသွားတယ်ပြောတာ။”

သေဆုံးသွားသူဟာ ခလရ ၅၈ အနီး လဘန်ရွာရှိ KEP ကုမ္ပဏီမှာ တာဝန်ထမ်းဆောင်နေချိန် လက်နက်ကြီးထိမှန်သေဆုံးတာဖြစ်ပါတယ်။
ဒေသတွင်း သတင်းမီဒီယာတွေကတော့ ဒီတိုက်ပွဲမှာ အပြန်အလှန်ပစ်ခတ်တာ ၁ နာရီနီးပါး ကြာမြင့်ကြောင်းနဲ့ ခလ၇ ၅၈ ဘက်က ထိခိုက်သေဆုံးသူများပြားကြောင်း ဖော်ပြတာတွေရှိပေမဲ့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကတော့ မနေ့ကနဲ့ ဒီကနေ့ နှစ်ရက်အတွင်း အနည်းဆုံး တိုက်ပွဲ သုံးကြိမ်ဖြစ်ခဲ့ကြောင်း အခုလို ပြောပါတယ်။
“ဒီမနက် ၁ နာရီခွဲအချိန်လောက်မှာ လီဒိုလမ်းပေ့ါနော်။ အဲဒီလမ်းပေါ်က မရန်ကထောင်ဆိုတဲ့ ဒီ စကစ ဂိတ်တွေပေါ့နော်။ အဲဒီမှာ ဝင်တိုက်တဲ့ ဖြစ်စဉ်ရှိပါတယ်။ ဒီနေ့ကတော့ မိုးကောင်း ဒကစ ရုံးဘက်မှာလည်း KIA ဘက်ကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တဲ့ ဖြစ်စဉ်တွေ ရှိပါတယ်။ မနေ့က ၁၀ နာရီကျော်အချိန်လောက်မှာ ဝိုင်းမော်မှာရှိတဲ့ ဒီ စကစရဲ့ အမှတ် ၅၈ တပ်ရင်းမှာ ဒီ KIA ဘက်က ဝင်တိုက်တာရှိပါတယ်။ ဒါ သူတို့လည်း ပြန်ပြီးမှ ခုခံတိုက်ခိုက်ပြီးမှ တနာရီလောက် ကြာတယ်လို့ သိရပါတယ်။ အဲဒါပါပဲ။ သိပ်ပြီးမှ ကြီးကြီးကျယ်ကျယ် တိုက်ပွဲတွေဖြစ်တာကတော့ မဟုတ်ပါဘူး။ ”

အထိအခိုက် အကျအဆုံးစာရင်းနဲ့ တိုက်ပွဲအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးကြောင်း ပြောပါတယ်။
ပြီးခဲ့တဲ့ရက်တွေမှာကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နဲ့ ကွတ်ခိုင်အကြား ပြည်ထောင်စုလမ်းမပေါ်မှာ စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲဖြစ်ခဲ့သလို KIA တပ်ရင်း ၉၆ အခြေစိုက်ရာ မုံးကိုးဒေသဘက်မှာ လည်း စစ်ကောင်စီတပ်နဲ့ MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ခဲ့ကြောင်းလည်း ပြောပါတယ်။

စစ်ကောင်စီဘက်ကို ဒီတိုက်ပွဲဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး မေးမြန်းဖု့ိ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
ဒီရက်ပိုင်းတွေအတွင်းမှာ စစ်ကောင်စီဘက်က ဧရာဝတီမြစ်ကြောင်းကနေ တင့်ကားနဲ့ သံချပ်ကာယာဉ်တွေကို ဗန်းမော်ကို ပို့ဆောင်ကြောင်း သတင်းတွေ ထွက်ပေါ်နေသလို မိုးမောက်ဒေသဖက်မှာလည်း လူ၊လက်နက်၊ ရိက္ခာ ဖြည့်တင်းတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒေသခံတွေကတော့ ဒီလို အင်အားဖြည့်တင်းနေတာကြောင့် လိုင်ဇာဒေသဘက်မှာ မကြာခင် တိုက်ပွဲတွေ ပြင်းထန်လာနိုင်ကြောင်း ခန့်မှန်းတာတွေ ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG