သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေဘး နဲ႔ ကပ္ေဘး တခ်ိန္တည္း ၾကံဳရတဲ႔ ကခ်င္ေဒသခံမ်ား


ကခ်င္ျပည္နယ္ ဗန္းေမာ္ကို ေရာက္လာတဲ႔ စစ္ေရွာင္မ်ား။ ေမလ ၂၀၊ ၂၀၂၁။ ဓာတ္ပံု - AFP PHOTO / KACHINWAVES

(Zawgyi/ Unicode)

စစ္ေကာင္စီတပ္နဲ႔ KIA အၾကား တုိက္ပဲြျဖစ္ပြားေနတဲ့ ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႕နယ္ထဲက ေက်းရြာ ၃ ရြာေလာက္က ေဒသခံ ၂၀၀ ေလာက္ ေနရပ္စြန္႔ခြာ ေဘးလြတ္ရာ ထြက္ေျပးေနၾကရပါတယ္။ သူတုိ႔ ခိုလႈံေနၾကတဲ့ ေက်း႐ြာေတြမွာလည္း ကိုဗစ္သံသယ လူနာေတြ ႐ွိေနတာေၾကာင့္ စိုးရိမ္စရာျဖစ္ေန ပါတယ္။ ဒုကၡသည္ေတြအတြက္ Covid ကာကြယ္ေရးပစၥည္းေတြအျပင္ ေဆးဝါးနဲ႔က်န္းမာေရး ေစာင့္ေရွာက္မႈေတြ လုိအပ္ေနတဲ့အေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုခင္ေမာင္စိုးမင္း ကတင္ျပပါမယ္။

ဒီလ ဇူလိုင္လ ၁၄ ရက္ကေနမွာ ဖားကန္႔နဲ႔ ကားမိုင္းအၾကားက နမ့္ယားရြာအနီးမွာ စစ္ေကာင္စီတပ္နဲ႔ KIA အၾကား တိုက္ပဲြေတြ စတင္ခဲ့တာပါ။ အဲဒီေနာက္ ေန႔စဥ္ရက္ဆက္ ဆိုသလို တိုက္ပဲြျဖစ္ပြားေနၿပီး ၁၉ ရက္ေန႔မွာလည္း လက္နက္ၾကီးနဲ႔ ပစ္ခတ္တာေတြ ရိွေနပါတယ္။ လတ္တေလာ ျဖစ္ပြားတဲ့တုိက္ပဲြေၾကာင့္ တံတားညီေနာင္၊ ခြန္ဆိုင္ဇြပ္နဲ႔ ေဂၚလိုယန္ စတဲ့႐ြာေတြက ရြာသားေတြဟာ ဆိုင္းဖရာရြာ ဘုရားေက်ာင္းမွာ ထြက္ေျပး ခိုလႈံေနေၾကာင္း ေဒသခံ တဦးက VOA ကို အခုလို ေျပာပါတယ္။

“ဆိုင္းဖရာ ႏွစ္ခ်င္းဘုရားေက်ာင္းမွာ။ အားလံုး စာရင္း ျပဳစုထားတာက ၁၉၅ ေယာက္။ ၃ ရြာက။ အဲဒီ တံတားညီေနာင္ေရာ၊ ေဂၚလုိယန္ေရာ၊ ခြန္ဆိုင္ေရာဟုတ္တယ္။ အိမ္ေျခကေတာ့ ၅၃အ ိမ္။ တခ်ိဳ႔ေတြက ျပန္မလာရဲေသးဘူးခင္ဗ်။ လက္နက္ၾကီးေတြ ရမ္းထုေနလို႔။ မေန႔ကထိေတာ့ လက္နက္ၾကီးေတြ ထုေနတံုးပဲ ခင္ဗ်။ ”

စစ္ေဘးဒုကၡသည္ေတြ ခိုလႈံေနၾကတဲ့ ဆိုင္းဖရာရြာမွာ Covid 19 သံသယလူနာေတြ႐ွိေနတာေၾကာင့္ ဒုကၡသည္ေတြဟာ ေနာက္ထပ္ စိုးရိမ္စရာ အေျခအေနကို ရင္ဆိုင္ေနၾကရပါတယ္။

“ ဆိုင္းဖရာမွာ မေန႔ကေန Covid Positive ေတြ႔တယ္ဆုိၿပီး အဲဒါ အားလံုး လန္႔ေနၾကတာ။ တခ်ိဳ႔ေတြက်ေတာ့ ဘယ္လုိပဲျဖစ္ျဖစ္ ရြာမွာပဲ လက္နက္ၾကီးပဲ ထုထု ဘာပဲ ထုထု၊ ရြာမွာပဲ သြားေနတာ ေကာင္းတယ္ဆုိၿပီး တခ်ိဳ႔ေတြက ျပန္လာတာေတြ ရိွတယ္ခင္ဗ်။ အဲဒီ ေရာဂါျဖစ္ရင္ ပိုဆုိးမွာဆုိၿပီးေတာ့။ အခုေလာေလာဆည္ အေရးၾကီးေနတာက Covid နဲ႔ ပတ္သက္ၿပီးေတာ့ ကာကြယ္ေရးပစၥည္းတုိ႔ အဲဒါေတြေတာ့ အေရးတၾကီး လိုအပ္မယ္ ထင္တယ္ခင္ဗ်။”

ဆိုင္းဖရာရြာက ရပ္မိရပ္ဖ တစ္ဦးကေတာ့ ေက်းရြာအတြင္းမွာ Covid အတည္ျပဳလူနာ ႐ွိတာေၾကာင့္ အသြားအလာ ကန္႔သတ္တာေတြ လုပ္ေဆာင္ေနေၾကာင္း ေျပာပါတယ္။

“ အဲဒီထဲမွာ Positive ေတြ႔တဲ့ ပိုးေတြ႔လူနာရိွတယ္ဆုိၿပီးမွ အခုက ေတာ္ေတာ္ေလးကို စိုးရိမ္ရတယ္။ က်ေနာ္တို႔က လူစု လူေ၀း အရမ္းၾကီးလုပ္လိုက္မယ္ဆုိရင္ ပိုၿပီးမွ ျပန္႔ႏွံသြားမယ္၊ ခက္ခဲသြားမယ္ အဲဒါေတြလည္း စိုးရိမ္တာေပါ့။ ဒါေၾကာင့္မုိ႔ က်ေနာ္တို႔က စစ္ေရွာင္ ထားတဲ့ေနရာမွာေတာ့ သြားသြား လာလာ ၀င္၀င္ ထြက္ထြက္ မလုပ္ၾကဖုိ႔လည္း ေျပာထားပါတယ္ခင္ဗ်။”

၁၅ ရက္ေန႔ မနက္ပိုင္းက နမ့္ယားအေျခစိုက္ စစ္တပ္စခန္းက လက္နက္ၾကီးနဲ႔ ပစ္ခတ္ရာမွာ ဆုိင္းဖရာရြာတြင္း က်ေရာက္ေပါက္ကဲြတာေၾကာင့္ အရပ္သား ၆ ဦး ထိခုိက္ခဲ့ပါတယ္။

လက္ရိွအခ်ိန္မွာ Covid 19 ေၾကာင့္ အသြားအလာ ကန္႔သတ္ထားလို႔ ဒဏ္ရာရသူေတြကို ေဆးရံုကို မပို႔ေဆာင္ႏိုင္ဘဲ ဆိုင္းဖရာရြာမွာပဲ ကုသေပးေနၿပီး သူတုိ႔ အတြက္ ေဆး၀ါးလိုအပ္ေနပါတယ္။ စစ္ေဘးဒုကၡသည္ေတြၾကာမွာလည္း ရာသီတုပ္ေကြးနဲ႔ ၀မ္းပ်က္ ၀မ္းေလ်ာေရာဂါျဖစ္သူေတြ ႐ွိေနတာေၾကာင့္ ေဆး၀ါးလုိအပ္ခ်က္ေတြ႐ွိေနတယ္လို႔ ေဒသခံ ေတြက ေျပာပါတယ္။

စစ္တပ္က အာဏာသိမ္းယူၿပီးေနာက္ ကခ်င္ျပညနယ္အတြင္း စစ္ေကာင္စီတပ္နဲ႔ KIA အၾကား မတ္လအတြင္းတည္းက တုိက္ပဲြေတြ စတင္ျဖစ္ပြားခဲ့ရာမွာ လက္ရိွအေျခအေနမွာ ေတာ့ ကခ်င္ျပည္နယ္မွာ သာမက စစ္ကိုင္းတုိင္းအထိ တုိက္ပဲြေတြ က်ယ္ျပန္႔လာေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

စစ်ဘး နဲ့ ကပ်ဘေး တချိန်ထဲ ကြုံရတဲ့ ကချင်ဒေသခံများ

စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက ကျေးရွာ ၃ ရွာလောက်က ဒေသခံ ၂၀၀ လောက် နေရပ်စွန့်ခွာ ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။ သူတို့ ခိုလှုံနေကြတဲ့ ကျေးရွာတွေမှာလည်း ကိုဗစ်သံသယ လူနာတွေ ရှိနေတာကြောင့် စိုးရိမ်စရာဖြစ်နေ ပါတယ်။ ဒုက္ခသည်တွေအတွက် Covid ကာကွယ်ရေးပစ္စည်းတွေအပြင် ဆေးဝါးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်နေတဲ့အကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုခင်မောင်စိုးမင်း ကတင်ပြပါမယ်။

ဒီလ ဇူလိုင်လ ၁၄ ရက်ကနေမှာ ဖားကန့်နဲ့ ကားမိုင်းအကြားက နမ့်ယားရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲတွေ စတင်ခဲ့တာပါ။ အဲဒီနောက် နေ့စဉ်ရက်ဆက် ဆိုသလို တိုက်ပွဲဖြစ်ပွားနေပြီး ၁၉ ရက်နေ့မှာလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိနေပါတယ်။ လတ်တလော ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် တံတားညီနောင်၊ ခွန်ဆိုင်ဇွပ်နဲ့ ဂေါ်လိုယန် စတဲ့ရွာတွေက ရွာသားတွေဟာ ဆိုင်းဖရာရွာ ဘုရားကျောင်းမှာ ထွက်ပြေး ခိုလှုံနေကြောင်း ဒေသခံ တဦးက VOA ကို အခုလို ပြောပါတယ်။
“ဆိုင်းဖရာ နှစ်ချင်းဘုရားကျောင်းမှာ။ အားလုံး စာရင်း ပြုစုထားတာက ၁၉၅ ယောက်။ ၃ ရွာက။ အဲဒီ တံတားညီနောင်ရော၊ ဂေါ်လိုယန်ရော၊ ခွန်ဆိုင်ရောဟုတ်တယ်။ အိမ်ခြေကတော့ ၅၃အ ိမ်။ တချို့တွေက ပြန်မလာရဲသေးဘူးခင်ဗျ။ လက်နက်ကြီးတွေ ရမ်းထုနေလို့။ မနေ့ကထိတော့ လက်နက်ကြီးတွေ ထုနေတုံးပဲ ခင်ဗျ။ ”

စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေကြတဲ့ ဆိုင်းဖရာရွာမှာ Covid 19 သံသယလူနာတွေရှိနေတာကြောင့် ဒုက္ခသည်တွေဟာ နောက်ထပ် စိုးရိမ်စရာ အခြေအနေကို ရင်ဆိုင်နေကြရပါတယ်။
“ ဆိုင်းဖရာမှာ မနေ့ကနေ Covid Positive တွေ့တယ်ဆိုပြီး အဲဒါ အားလုံး လန့်နေကြတာ။ တချို့တွေကျတော့ ဘယ်လိုပဲဖြစ်ဖြစ် ရွာမှာပဲ လက်နက်ကြီးပဲ ထုထု ဘာပဲ ထုထု၊ ရွာမှာပဲ သွားနေတာ ကောင်းတယ်ဆိုပြီး တချို့တွေက ပြန်လာတာတွေ ရှိတယ်ခင်ဗျ။ အဲဒီ ရောဂါဖြစ်ရင် ပိုဆိုးမှာဆိုပြီးတော့။ အခုလောလောဆည် အရေးကြီးနေတာက Covid နဲ့ ပတ်သက်ပြီးတော့ ကာကွယ်ရေးပစ္စည်းတို့ အဲဒါတွေတော့ အရေးတကြီး လိုအပ်မယ် ထင်တယ်ခင်ဗျ။”
ဆိုင်းဖရာရွာက ရပ်မိရပ်ဖ တစ်ဦးကတော့ ကျေးရွာအတွင်းမှာ Covid အတည်ပြုလူနာ ရှိတာကြောင့် အသွားအလာ ကန့်သတ်တာတွေ လုပ်ဆောင်နေကြောင်း ပြောပါတယ်။
“ အဲဒီထဲမှာ Positive တွေ့တဲ့ ပိုးတွေ့လူနာရှိတယ်ဆိုပြီးမှ အခုက တော်တော်လေးကို စိုးရိမ်ရတယ်။ ကျနော်တို့က လူစု လူဝေး အရမ်းကြီးလုပ်လိုက်မယ်ဆိုရင် ပိုပြီးမှ ပြန့်နှံသွားမယ်၊ ခက်ခဲသွားမယ် အဲဒါတွေလည်း စိုးရိမ်တာပေါ့။ ဒါကြောင့်မို့ ကျနော်တို့က စစ်ရှောင် ထားတဲ့နေရာမှာတော့ သွားသွား လာလာ ဝင်ဝင် ထွက်ထွက် မလုပ်ကြဖို့လည်း ပြောထားပါတယ်ခင်ဗျ။”
၁၅ ရက်နေ့ မနက်ပိုင်းက နမ့်ယားအခြေစိုက် စစ်တပ်စခန်းက လက်နက်ကြီးနဲ့ ပစ်ခတ်ရာမှာ ဆိုင်းဖရာရွာတွင်း ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သား ၆ ဦး ထိခိုက်ခဲ့ပါတယ်။
လက်ရှိအချိန်မှာ Covid 19 ကြောင့် အသွားအလာ ကန့်သတ်ထားလို့ ဒဏ်ရာရသူတွေကို ဆေးရုံကို မပို့ဆောင်နိုင်ဘဲ ဆိုင်းဖရာရွာမှာပဲ ကုသပေးနေပြီး သူတို့ အတွက် ဆေးဝါးလိုအပ်နေပါတယ်။ စစ်ဘေးဒုက္ခသည်တွေကြာမှာလည်း ရာသီတုပ်ကွေးနဲ့ ဝမ်းပျက် ဝမ်းလျောရောဂါဖြစ်သူတွေ ရှိနေတာကြောင့် ဆေးဝါးလိုအပ်ချက်တွေရှိနေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းယူပြီးနောက် ကချင်ပြညနယ်အတွင်း စစ်ကောင်စီတပ်နဲ့ KIA အကြား မတ်လအတွင်းတည်းက တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ရာမှာ လက်ရှိအခြေအနေမှာ တော့ ကချင်ပြည်နယ်မှာ သာမက စစ်ကိုင်းတိုင်းအထိ တိုက်ပွဲတွေ ကျယ်ပြန့်လာနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG