သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖားကန႔္ၿမိဳ႕နယ္ တံတားညီေနာင္အနီး ျမန္မာစစ္တပ္ကို KIA ၾကားျဖတ္တိုက္ခိုက္


KIA က နန္႔စီပြန္ေက်ာက္စိမ္းေမွာ္ရွိ စစ္ေကာင္စီတပ္စခန္းေတြကို တုိက္ခုိက္မႈေၾကာင့္ မီးခုိးလုံးေတြ ဖုံးလႊမ္းေနမႈျမင္ကြင္း။ (ေမ ၂၂၊ ၂၀၂၁)

(Zawgyi/Unicode)

ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္ တံတားညီေနာင္အနီးမွာ စစ္ေကာင္စီရဲ႕ စစ္ေၾကာင္းကို ကခ်င္လက္နက္ကိုင္ အဖြဲ႕ KIA က ဒီကေန႔မနက္အေစာပိုင္းက ၾကားျဖတ္ တိုက္ခိုက္ခဲ့ၿပီး တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။ ၿပီးခဲ့တဲ့တနလၤာေန႔ကလည္း မိုးေမာက္ၿမိဳ႕နယ္အတြင္းမွာ စစ္ယာဥ္တန္းလုံၿခဳံေရးအဖြဲ႕ေတြကို KIA က တိုက္ခိုက္တာေတြ ရွိခဲ့ပါတယ္။ ကခ်င္ျပည္နယ္အတြင္း တိုက္ပြဲအေျခအေန သတင္းေပးပို႔ခ်က္ကို ကိုၿငိမ္းခ်မ္းေျပာျပပါမယ္။

ဒီကေန႔ မနက္တိုက္ပြဲျဖစ္ပြားတာကေတာ့ မိုးေကာင္း- ဖားကန႔္လမ္း ဖားကန႔္ၿမိဳ႕နယ္ အတြင္းမွာ ျဖစ္ခဲ့တာပါ။
တိုက္ပြဲျဖစ္ပြားရာ အနီးေက်း႐ြာက ေဒသခံတစ္ဦးက တိုက္ပြဲအေျခအေနကို အခုလို ေျပာပါတယ္။

“ ပ်ားအုံနဲ႔ နန႔္တိန္းၾကားေပါ့။ အဲဒီ႐ုန္းေတာင္နားမွာ ျဖစ္တာ။ မနက္ ၇နာရီကေန ၈နာရီနီးပါး ျဖစ္တာ။ ျဖစ္တာက ဒီ နမ့္ယားက တက္လာတာ သူတို႔ စစ္ေၾကာင္းက။ ၁၀၀ မကဘူး။ ၁၀၀ ေက်ာ္ေက်ာ္ ေလာက္ရွိတယ္။ ၾကားျဖတ္တိုက္တာမ်ိဳးေပါ့။ အဓိကေတာ့ KIA တိုက္တာ။ နမ့္ယားတပ္ကလည္း ပစ္တယ္။ ၿပီးလု႔ိရွိရင္ KIA တပ္ကလည္း နမ့္ယားတပ္ကို လက္နက္ႀကီးထုတာေတြ ရွိတယ္။ ေျမျပင္ အထိအခိုက္အေျခအေနေတာ့ သတင္းအတိအက် မသိေသးဘူးခင္ဗ်။ တိုက္ပြဲျဖစ္တာ အဲလိုမ်ိဳးပဲ ၾကားတာ။”

ၿပီးခဲ့တဲ့ ဇူလိုင္လ ၁၄ရက္နဲ႔ ၁၅ရက္ေန႔ေတြကလည္း နမ့္ယား႐ြာအနီးတိုက္ပြဲျဖစ္ခဲ့ၿပီး ဆိုင္းဖရာ႐ြာအတြင္း လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲတာေၾကာင္ လူ ၆ဦး ထိခိုက္ဒဏ္ရာရခဲ့သလို ေဒသခံ႐ြာသား ၂၀၀ေလာက္လည္း ေနရပ္စြန႔္ခြာ တိမ္းေရွာင္ခဲ့ရပါတယ္။

အခု လ ၁ရက္ေန႔ ေန႔ခင္းကေတာ့ ကခ်င္ျပည္နယ္ မိုးေမာက္ၿမိဳ႕နယ္အတြင္းမွာ စစ္တပ္ယာဥ္တန္း လုံၿခဳံေရးအဖြဲ႕ကို KIA က မိုင္းခြဲတိုက္ခိုက္ခဲ့တယ္လို႔ မိုးေမာက္ေဒသခံတစ္ေယာက္က ေျပာပါတယ္။

“ ဒီကားတက္ဖို႔ လုံၿခဳံေရးေစာင့္ေပးတဲ့ အဖြဲ႕ေတြကိုေပါ့။ ကားေတာ့ ဆင္းသြားၿပီ။ ဒါေပမဲ့ သူတို႔ ေျခလ်င္နဲ႔ ျပန္ဆင္းလာတဲ့အခါက်ေတာ့ နန္းတိန္နဲ႔ ကုန္းေလာၾကားမွာေပါ့ အဲဒီမွာ တံတားနားမွာ မိုင္းတစ္လုံး ခြဲလိုက္တာေပါ့။ ခြဲလိုက္တဲ့အခ်ိန္က် အဲဒီမွာ လုံၿခဳံေရးပိုင္းက ဆင္းလာတဲ့အဖြဲ႕ေတြက အဲဒီမွာ ပစ္ၾကတာေလ။ ေသနတ္အႀကီးေရာ၊ အေသးေရာ နာရီဝက္ေလာက္ေတာ့ ၾကာတယ္။ ”

တိုက္ပြဲအတြင္း ထိခိုက္ေသဆုံးမႈကိုေတာ့ မသိရေၾကာင္း ေျပာပါတယ္။

ၿပီးခဲ့တဲ့လကုန္ပိုင္းကေတာ့ မိုးေကာင္း၊ နမၼတီး၊ ဝိုင္းေမာ္ၿမိဳ႕နယ္ေတြအတြင္းမွာလည္း စစ္ေကာင္စီတပ္နဲ႔ KIA အၾကား အနည္းဆုံး ၄ႀကိမ္ပစ္ခတ္တိုက္ခိုက္တာေတြ ရွိခဲ့ၿပီး အနည္းဆုံး အရပ္သား ၂ဦး ေသဆုံးခဲ့ပါတယ္။

ဇူလိုင္ ၃၀ရက္ေန႔ကလည္း ကခ်င္ျပည္နယ္နဲ႔ စစ္ကိုင္းတိုင္းနယ္စပ္က နန႔္စီေအာင္ အနီးမွာ စစ္ယာဥ္တန္းကို တိုက္ခိုက္တာ ရွိတယ္။

ကခ်င္ျပည္နယ္တြင္းတိုက္ပြဲေတြဟာ ေဖေဖာ္ဝါရီလ စစ္တပ္က အာဏာသိမ္းၿပီးေနာက္မွာ က်ယ္ျပန႔္လာတာျဖစ္သလို အျခားတိုင္းနဲ႔ ျပည္နယ္ေတြမွာလည္း စစ္ေကာင္စီတပ္နဲ႔ ျပည္သူ႔ကာကြယ္ေရးတပ္ PDF ေတြအၾကား တိုက္ပြဲျဖစ္ပြားတာေတြ ရွိေနပါတယ္။

ဒီလို တိုက္ပြဲေတြ ျဖစ္ပြားေနခ်ိန္မွာပဲ စစ္ေကာင္စီဘက္ကေတာ့ ထာဝရၿငိမ္းခ်မ္းေရး နဲ႔ Covid ေရာဂါ တိုက္ဖ်က္ေရးအတြက္ ၾသဂုတ္လ ၁ရက္ေန႔ကေန စက္တင္ဘာလ ၃၀ရက္ေန႔အထိ ၂လ အပစ္အခတ္ရပ္စဲေရးသက္တမ္း ထပ္မံတိုးျမႇင့္ေၾကာင္းကို ဇူလိုင္လ၃၁ရက္ေန႔စြဲနဲ႔ ထုတ္ျပန္ထားပါတယ္။

.....................................................................................

တိုက္႐ိုက္ လင့္ခ္


ဖားကန့်မြို့နယ် တံတားညီနောင်အနီး မြန်မာစစ်တပ်ကို KIA ကြားဖြတ်တိုက်ခိုက်

(Unicode)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် တံတားညီနောင်အနီးမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းကို ကချင်လက်နက်ကိုင် အဖွဲ့ KIA က ဒီကနေ့မနက်အစောပိုင်းက ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့ကလည်း မိုးမောက်မြို့နယ်အတွင်းမှာ စစ်ယာဉ်တန်းလုံခြုံရေးအဖွဲ့တွေကို KIA က တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။ ကချင်ပြည်နယ်အတွင်း တိုက်ပွဲအခြေအနေ သတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းပြောပြပါမယ်။

ဒီကနေ့ မနက်တိုက်ပွဲဖြစ်ပွားတာကတော့ မိုးကောင်း- ဖားကန့်လမ်း ဖားကန့်မြို့နယ် အတွင်းမှာ ဖြစ်ခဲ့တာပါ။
တိုက်ပွဲဖြစ်ပွားရာ အနီးကျေးရွာက ဒေသခံတစ်ဦးက တိုက်ပွဲအခြေအနေကို အခုလို ပြောပါတယ်။

“ ပျားအုံနဲ့ နန့်တိန်းကြားပေါ့။ အဲဒီရုန်းတောင်နားမှာ ဖြစ်တာ။ မနက် ၇နာရီကနေ ၈နာရီနီးပါး ဖြစ်တာ။ ဖြစ်တာက ဒီ နမ့်ယားက တက်လာတာ သူတို့ စစ်ကြောင်းက။ ၁၀၀ မကဘူး။ ၁၀၀ ကျော်ကျော် လောက်ရှိတယ်။ ကြားဖြတ်တိုက်တာမျိုးပေါ့။ အဓိကတော့ KIA တိုက်တာ။ နမ့်ယားတပ်ကလည်း ပစ်တယ်။ ပြီးလု့ိရှိရင် KIA တပ်ကလည်း နမ့်ယားတပ်ကို လက်နက်ကြီးထုတာတွေ ရှိတယ်။ မြေပြင် အထိအခိုက်အခြေအနေတော့ သတင်းအတိအကျ မသိသေးဘူးခင်ဗျ။ တိုက်ပွဲဖြစ်တာ အဲလိုမျိုးပဲ ကြားတာ။”

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ရက်နဲ့ ၁၅ရက်နေ့တွေကလည်း နမ့်ယားရွာအနီးတိုက်ပွဲဖြစ်ခဲ့ပြီး ဆိုင်းဖရာရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင် လူ ၆ဦး ထိခိုက်ဒဏ်ရာရခဲ့သလို ဒေသခံရွာသား ၂၀၀လောက်လည်း နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရပါတယ်။

အခု လ ၁ရက်နေ့ နေ့ခင်းကတော့ ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းမှာ စစ်တပ်ယာဉ်တန်း လုံခြုံရေးအဖွဲ့ကို KIA က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ မိုးမောက်ဒေသခံတစ်ယောက်က ပြောပါတယ်။

“ ဒီကားတက်ဖို့ လုံခြုံရေးစောင့်ပေးတဲ့ အဖွဲ့တွေကိုပေါ့။ ကားတော့ ဆင်းသွားပြီ။ ဒါပေမဲ့ သူတို့ ခြေလျင်နဲ့ ပြန်ဆင်းလာတဲ့အခါကျတော့ နန်းတိန်နဲ့ ကုန်းလောကြားမှာပေါ့ အဲဒီမှာ တံတားနားမှာ မိုင်းတစ်လုံး ခွဲလိုက်တာပေါ့။ ခွဲလိုက်တဲ့အချိန်ကျ အဲဒီမှာ လုံခြုံရေးပိုင်းက ဆင်းလာတဲ့အဖွဲ့တွေက အဲဒီမှာ ပစ်ကြတာလေ။ သေနတ်အကြီးရော၊ အသေးရော နာရီဝက်လောက်တော့ ကြာတယ်။ ”

တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုကိုတော့ မသိရကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့လကုန်ပိုင်းကတော့ မိုးကောင်း၊ နမ္မတီး၊ ဝိုင်းမော်မြို့နယ်တွေအတွင်းမှာလည်း စစ်ကောင်စီတပ်နဲ့ KIA အကြား အနည်းဆုံး ၄ကြိမ်ပစ်ခတ်တိုက်ခိုက်တာတွေ ရှိခဲ့ပြီး အနည်းဆုံး အရပ်သား ၂ဦး သေဆုံးခဲ့ပါတယ်။

ဇူလိုင် ၃၀ရက်နေ့ကလည်း ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းနယ်စပ်က နန့်စီအောင် အနီးမှာ စစ်ယာဉ်တန်းကို တိုက်ခိုက်တာ ရှိတယ်။

ကချင်ပြည်နယ်တွင်းတိုက်ပွဲတွေဟာ ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ ကျယ်ပြန့်လာတာဖြစ်သလို အခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေအကြား တိုက်ပွဲဖြစ်ပွားတာတွေ ရှိနေပါတယ်။

ဒီလို တိုက်ပွဲတွေ ဖြစ်ပွားနေချိန်မှာပဲ စစ်ကောင်စီဘက်ကတော့ ထာဝရငြိမ်းချမ်းရေး နဲ့ Covid ရောဂါ တိုက်ဖျက်ရေးအတွက် သြဂုတ်လ ၁ရက်နေ့ကနေ စက်တင်ဘာလ ၃၀ရက်နေ့အထိ ၂လ အပစ်အခတ်ရပ်စဲရေးသက်တမ်း ထပ်မံတိုးမြှင့်ကြောင်းကို ဇူလိုင်လ၃၁ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG