သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကာကြယ္ေဆး သို႔မဟုတ္ ကိုဗစ္ျပသနာအတြက္ ေနာက္ဆံုး ေမွ်ာ္လင့္ခ်က္


A health worker receives a vaccine for the Covid-19 coronavirus at the Ayeyarwady Covid Center in Yangon on January 27, 2021. (Photo by Sai Aung Main / AFP)

ျမန္မာႏိုင္ငံမွာ ေရွ႕လာမယ့္ သီတင္း ႏွစ္ပတ္ အတြင္း လူဦးေရ ထက္၀က္ေလာက္ ကိုဗစ္-19 ဗိုင္းရပ္စ္ ကူးစက္ခံရႏုိင္ေၾကာင္း ပညာရပ္ဆုိင္ရာ ကၽြမ္းက်င္သူေတြရဲ႕ ေျပာဆုိခ်က္ေတြကို ကိုးကားျပီး ကုလသမဂၢဆုိင္ရာ ျဗိတိန္သံအမတ္ၾကီး Barbara Woodward က ေျပာဆုိလိုက္ပါတယ္။ ျပီးခဲ့တဲ့ ဇူလိုင္ ၂၉ ရက္ေန႔က ကုလသမဂၢ လံုျခံဳေရးေကာင္စီမွာ က်င္းပတဲ့ ျမန္မာ့အေရး အလြတ္သေဘာ ေဆြးေႏြးခ်ိန္ သူက အဲလို ထုတ္ေဖာ္ေျပာဆိုလိုက္တာပါ။ ျမန္မာႏိုင္ငံမွာ ေဖေဖာ္၀ါရီ ၁ ရက္ စစ္တပ္က အာဏာသိမ္းလိုက္ျပီးတဲ့ေနာက္ က်န္းမာေရး စနစ္ လံုး၀ ျပိဳပ်က္ေနျပီး က်န္းမာေရး၀န္ထမ္းေတြဟာလည္း တုိက္ခိုိက္ခံရ၊ ဖမ္းဆီးခံရတာေတြ ရွိခဲ့တာေၾကာင့္ အေျခအေနေတြဟာ စိုးရိမ္စရာ ေကာင္းတယ္လို႔လည္း သူက ဆုိပါတယ္။ ကုလသမဂၢဆိုင္ရာ ျဗိတိန္သံအမတ္ၾကီးရဲ႕ ေျပာဆုိခ်က္ဟာ လက္ရွိ ျမန္မာႏုိင္ငံအတြင္း ျဖစ္ပ်က္ေနတဲ့ ကိုဗစ္ဗုိင္းရပ္စ္ ျပသနာ အေျခအေနေတြကို ထင္ဟပ္ေနတယ္လို႔လည္း ဆုိႏိုင္ပါတယ္။ ဒါဆိုရင္ ျမန္မာႏုိင္ငံထဲက ကိုဗစ္ဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႕မွဳ၊ ေန႔စဥ္ လူအေျမာက္အမ်ား ေသဆံုးမွဳေတြနဲ႔ ပတ္သက္ျပီး ေျဖရွင္းႏိုင္စရာ နည္းလမ္း ရွိပါေသးရဲ႕လား လို႔ ေမးစရာ ရွိလာပါတယ္။

တကယ္ေတာ့ ကိုဗစ္ ျပသနာကို ေကာင္းေကာင္းမြန္မြန္ ရင္ဆုိင္ႏုိင္ဖို႔ ဆိုရင္ သက္ဆုိင္ရာ တိုင္းျပည္ ေခါင္းေဆာင္နဲ႔ အာဏာပိုင္ အဖြဲ႕အစည္းရဲ႕ ႏိုင္ငံသားေတြအေပၚ ကိုယ္က ကာကြယ္ေစာင့္ေရွာက္ရမယ့္ မိဘ ျပည္သူေတြအျဖစ္ သေဘာထားဖုိ႔၊ ကိုဗစ္ကို ရင္ဆုိင္ရာမွာ ေကာင္းမြန္တဲ့ စီမံခန္႔ခြဲမွဳ ခ်မွတ္ အေကာင္အထည္ ေဖာ္ႏုိင္ဖုိ႔၊ ကိုဗစ္ ကာကြယ္တုိက္ဖ်က္ေရး လုပ္ငန္းထဲ ျပည္သူတစ္ရပ္လံုး ပါ၀င္လာေအာင္ စည္းရံုးႏိုင္ဖုိ႔ လိုအပ္မွာ ျဖစ္ပါတယ္။ အဲဒီထဲက ေကာင္းမြန္တဲ့ စီမံခန္႔ခြဲမွဳ ဆုိတာကေတာ့ ကိုဗစ္ဗိုင္းရပ္စ္ ကူးစက္ခံရမွဳ ရွိမရွိ သံသယရွိသူေတြကို လိုအပ္သလို စစ္ေဆးေပးဖို႔၊ စစ္ေဆးခ်က္အရ ဗိုင္းရပ္စ္ ကူးစက္ခံရသူေတြကို ေကာင္းမြန္တဲ့ ကုသမွဳေပးဖို႔၊ ကူးစက္ခံရသူေတြနဲ႔ ထိစပ္ခဲ့သူ၊ အတူေနသူေတြကို Quarantine စင္တာေတြလို ေနရာမ်ိဳးမွာ ခြဲျခားထားဖို႔ လိုအပ္မွာျဖစ္ျပီး ေနာက္ဆံုး အဆင့္အေနနဲ႔ အရြယ္ေရာက္သူတိုင္း ကာကြယ္ေဆး စနစ္တက် ထိုးႏွံခြင့္ရရွိေရး ဖန္တီးေပးဖို႔ လိုအပ္ပါတယ္။ ဒီအတြက္လည္း ႏုိင္ငံ အစိုးရေတြဟာ အဲဒီ လုပ္ငန္းေဆာင္တာေတြ အေကာင္အထည္ ေဖာ္ႏိုင္ေအာင္ အေသးစိတ္ စီမံကိန္းခ်၊ အစီစဥ္ေရးဆြဲ၊ အေကာင္အထည္ေဖာ္ ၾကရတာမ်ိဳးျဖစ္ျပီး တတ္ႏိုင္သမွ် ေငြေၾကးဘတ္ဂ်က္လည္း ထုတ္သံုးရပါတယ္။

လက္ရွိ စစ္ေကာင္စီကေတာ့ ကိုဗစ္ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး လုပ္ငန္းရဲ႕ အေျခခံက်တဲ့ သံသယရွိသူေတြကို ဗိုင္းရပ္စ္ ကူးစက္ခံရမွဳ ရွိမရွိ စစ္ေဆးေပးတာ၊ စစ္ေဆးလို႔ ကူးစက္ခံရရင္ ေဆး၀ါး ကုသေပးတာ၊ ထိေတြ႕သူ နီးစပ္သူေတြကို Quarantine စင္တာေတြမွာ ခြဲျခားထားတာမ်ိဳးကိုေတာင္ အေကာင္အထည္ ေဖာ္ႏိုင္တာ မေတြ႕ရပါဘူး။ အက်ိဳးဆက္ကေတာ့ ဗုိင္းရပ္စ္ကို လိုအပ္တဲ့ အေရအတြက္ စစ္ေဆး မေပးႏုိင္တာေၾကာင့္ တကယ္လက္ေတြ႕ ဘယ္ႏွစ္ေယာက္ ကူးစက္ခံရတယ္ မွန္မွန္ကန္ကန္ မေဖာ္ထုတ္ႏုိင္တဲ့အျပင္ ကုသေရး၊ နီးစပ္သူေတြကို ခြဲျခားထားေရးေတြကိုလည္း စနစ္တက် မလုပ္ႏုိင္ေတာ့ပါဘူး။

ဒါတင္မက ကိုဗစ္ ကူးစက္ခံရသူေတြကို ကုသဖို႔၊ ေဆးရံုနဲ႔ စင္တာေတြမွာ လံုလံုေလာက္ေလာက္ ျပင္ဆင္ထားမွဳ မရွိတာေၾကာင့္ ျပည္သူ အေျမာက္အမ်ားဟာ ကိုယ့္ေနအိမ္မွာပဲ ကိုယ္ေနျပီး ကိုယ့္အစီအစဥ္နဲ႔ကိုယ္ ကိုဗစ္ကို ကုသရတဲ့ အေျခအေန ဆုိက္ေရာက္ သြားေစပါေတာ့တယ္။ အဲဒီအတြက္ ေနာက္ဆက္တြဲ ေပၚေပါက္လာတဲ့ ျပသနာေတြကေတာ့ ထိေရာက္မွန္ကန္တဲ့ ကုသမွဳ မရတာ၊ ကူးစက္ခံရတဲ့ ေနအိမ္ေတြနဲ႔ အကူးမခံရေသးတဲ့ ေနအိမ္ေတြပါ ေဆး၀ါး ရွာေဖြမွဳ၊ စုေဆာင္းမွဳ၊ ေအာက္စီဂ်င္၊ အိုး နဲ႔ Oxygen Concentrator ေတြ ၀ယ္ယူမွဳ၊ စုေဆာင္းမွဳေတြေၾကာင့္ ေဆး၀ါး၊ ေအာက္စီဂ်င္နဲ႔ အသက္ရွဴစက္ ရွားပါး၊ ေစ်းႏွဳန္းျမင့္တက္မွဳေတြ ျဖစ္ေပၚတာနဲ႔ အတူ ေနာက္ဆံုး လူအမ်ားအျပား ေသဆံုးမွဳေတြ ျဖစ္ေပၚလာရေတာ့တာပါပဲ။
လက္ရွိ ကမၻာေပၚက ကိုဗစ္ အကူးစက္ခံရဆံုးလို႔ ဆုိတဲ့ ႏိုင္ငံၾကီးေတြေတာင္မွ ကိုဗစ္ေၾကာင့္ တစ္ေန႔ လူ တစ္ေထာင္ေက်ာ္ ေသဆံုးရမွဳ အလြန္နည္းပါတယ္။ ဒါေပမယ့္ ဇူလိုင္ ဒုတိယ အပတ္ကစ ျမန္မာႏုိင္ငံ ရန္ကုန္ တစ္ျမိဳ႕ထဲမွာတင္ ကိုဗစ္ေၾကာင့္ ေသဆံုးသူ လူ ၁၀၀၀ ေက်ာ္ရွိေနသလို၊ စစ္ေကာင္စီဘက္က လူေသအေလာင္းေတြ မီးသျဂိဳလ္မွဳ အဆင္ေျပေအာင္ တစ္ေန႔ အေလာင္းေပါင္း ၃၀၀၀ ေလာက္ သျဂိဳလ္ႏိုင္သည္အထိ မီးသျဂိဳလ္စက္ကို အျမန္ တိုးခ်ဲ႕ တည္ေဆာက္ ေနတာကိုၾကည့္ရင္ ကိုဗစ္ေၾကာင့္ လူေသဆံုးမွဳ ဘယ္ေလာက္ မ်ားေနျပီလဲ ခန္႔မွန္းႏိုင္ပါတယ္။
အျခားတစ္ဖက္မွာေတာ့ ကိုဗစ္ ျပသနာကို ဒီထက္ ပိုျပီး ေကာင္းေကာင္း ကိုင္တြယ္ႏိုင္ေရး စစ္ေကာင္စီဘက္က ဆရာ၀န္္ေတြ က်န္းမာေရး၀န္ထမ္းေတြကို ဖမ္းဆီး၊ ေဆးကုသခြင့္ ပိတ္ပင္၊ ဖမ္း၀ရမ္းထုတ္ထားတာေတြကို ပယ္ဖ်က္ေပးဖို႔၊ ဆရာ၀န္ေတြ က်န္းမာေရး ၀န္ထမ္းေတြနဲ႔ ေဗာ္လံတီယာေတြရဲ႕ ကိုဗစ္ ကုသေရး၊ က်န္းမာေရး ေစာင့္ေရွာက္မွဳေပးေရး၊ အကူအညီေပးေရး ပရဟိတ လုပ္ငန္းေတြ လြတ္လြတ္လပ္လပ္ လုပ္ႏုိင္ေအာင္ လမ္းဖြင့္ေပးဖို႔ စတာေတြ ေျဖေလ်ာ့ေပးဖို႔ မျမင္ မေတြ႕ရတဲ့အတြက္ ျမန္မာႏုိင္ငံမွာ ကိုဗစ္ျပသနာကို ရင္ဆုိင္ရာမွာ ကာကြယ္၊ ထိန္းသိမ္း၊ ကုသေရး လုပ္ငန္းေတြအေပၚ သိပ္ျပီး ေမွ်ာ္လင့္လို႔ မရတာ တေျဖးေျဖး ထင္ရွားလာေစပါတယ္။ ဒီအတြက္ ကိုဗစ္ ျပသနာကို ေက်ာ္လႊားႏိုင္မယ့္ ေနာက္ဆံုး ေမွ်ာ္လင့္ခ်က္ တစ္ခုကေတာ့ အရြယ္္ေရာက္သူတုိင္း ကာကြယ္ေဆး ထုိးႏွံႏိုင္ေရး လုပ္ငန္းစဥ္ၾကီးပဲ က်န္ရွိပါေတာ့တယ္။

လက္ရွိ ျမန္မာႏုိင္ငံမွာ အသက္ ၁၈ ႏွစ္နဲ႔အထက္ အရြယ္ေရာက္ျပီးသူ၊ တနည္းအားျဖင့္ ကိုဗစ္ ကာကြယ္ေဆး ထုိးႏွံေပးရမယ့္သူ ၃၈ ဒသမ ၃ သန္း၀န္းက်င္ ရွိျပီး လူတစ္ေယာက္ ကိုဗစ္ေဆး ၂ ၾကိမ္ထိုးရမွာနဲ႔ တြက္ရင္ ကာကြယ္ေဆး ၇၇ သန္း၀န္းက်င္ လိုအပ္ပါလိမ့္မယ္။ ေဖေဖၚ၀ါရီ ၁ ရက္ စစ္အာဏာသိမ္းပြဲ မျဖစ္ခင္၊ အရင္ အင္န္အယ္လ္ဒီ အစိုးရလက္ထက္မွာ အမ်ားျပည္သူက ကာကြယ္ေဆး ၀ယ္ဖို႔ လွဴဒါန္းထားေငြ ေဒၚလာ ၁၇၈ သန္းေက်ာ္နဲ႔ ျမန္မာေငြ က်ပ္ ဘီလ်ံ ၃၀ နီးပါးရွိျပီး အားလံုးေပါင္းလိုက္ရင္ ေဒၚလာ သန္း ၂၀၀ နီးပါး ရွိေနပါတယ္။ စစ္ေကာင္စီလက္ထက္မွာ ဒီေငြေတြကို တရုတ္ကာကြယ္ေဆး ၀ယ္ဖို႔ ေဒၚလာ ၁၀ သန္းခြဲေလာက္ပဲ သံုးထားေသးတာမို႔ ကာကြယ္ေဆး အမ်ားၾကီး ၀ယ္ႏုိင္ပါေသးတယ္။ အရင္ အင္န္အယ္လ္ဒီ အစိုးရလက္ထက္ အိႏိၵယ ႏိုင္ငံကေန ကိုဗစ္ရွီး ကာကြယ္ေဆး ၃ သန္းခြဲရထားျပီး လူ ၁သန္း ၆ သိန္းေလာက္ ကာကြယ္ေဆး ထုိးျပီးပါျပီ။ ဇူလိုင္လကုန္ထိ စစ္ေကာင္စီလက္ထက္ တရုတ္ကေန ၀ယ္ထားတာ ၁ သန္း၊ လက္ေဆာင္ ၂ သန္း စုစုေပါင္း ၃ သန္း ေရာက္ေနျပီျဖစ္သလို လူ ၃ သန္းကို စျပီး ထုိးေပးေနပါျပီ။ လာမယ့္ ၾသဂုတ္လအတြင္း ေနာက္ထပ္ ၃ သန္းေရာက္လာမွာျဖစ္ျပီး အဲဒီ ကာကြယ္ေဆးေတြ လူ ၃ သန္းကို ဒုတိယ အၾကိမ္ ထုိးေပးမယ္လို႔ ဆိုပါတယ္။ ဒါေတြ အားလံုး ထိုးျပီးရင္ေတာင္ အရြယ္ေရာက္ျပီးသူေတြရဲ႕ ၁၂% ေလာက္ပဲ ကာကြယ္ေဆး ထုိးျပီးမယ့္ သေဘာ ျဖစ္တာမို႔ ေနာက္ထပ္ အမ်ားၾကီး ထိုးေပးဖို႔ က်န္ပါဦးမယ္။

ဒီၾကားထဲ ေပၚေပါက္လာတဲ့ သတင္းေကာင္းေတြကေတာ့ ကုလသမဂၢ၊ အေမရိကန္၊ ဥေရာပ သမဂၢ အပါအ၀င္ ႏုိင္ငံတကာ အသိုင္းအ၀ိုင္းေတြကေန ျမန္မာႏုိင္ငံတြင္း ကိုဗစ္ ျပသနာ ေျဖရွင္းေရး အကူအညီေတြ ေပးေန၊ ေနာက္ထပ္လည္း ေပးၾကဦးမွာ ျဖစ္ျပီး အဲဒီထဲမွာ ကာကြယ္ေဆး လွဴဒါန္းတာ၊ ထိုးႏွံေပးတာ စတဲ့ အစီအစဥ္ေတြလည္း ပါ၀င္လာလိမ့္မယ္လို႔ ဆုိပါတယ္။ ဒီအတြက္ စစ္ေကာင္စီအေနနဲ႔ ကိုယ္ကိုယ္တုိင္ ကာကြယ္ေဆး၀ယ္၊ ႏိုင္ငံတကာ ကလွဴတာေတြကို လက္ခံျပီး ျပည္သူေတြကို ထိုးႏွံေပးရံုမက၊ အျခားေသာ အစီအစဥ္ အမ်ိဳးမ်ိဳးနဲ႔ ေပၚေပါက္လာမယ့္ ကာကြယ္ေဆးထိုး အစီအစဥ္ေတြကိုလည္း တားဆီးပိတ္ပင္တာမ်ိဳး မလုပ္ပဲ ခြင့္ျပဳေပးဖို႔ လိုပါလိမ့္မယ္။ ဒါမွသာ ကိုဗစ္ျပသနာကို ေျဖရွင္းလိုစိတ္၊ တုိင္းသူျပည္သားေတြရဲ႕ အသက္ကို ကယ္ဆယ္လိုစိတ္ ရွိတယ္ဆုိတာကို ျပသႏုိင္မယ္ ျဖစ္ေၾကာင္းပါ။

----------------------------

ကာကွယ်ဆေး သို့မဟုတ် ကိုဗစ်ပြသနာအတွက် နောက်ဆုံး မျှော်လင့်ချက်
စည်သူအောင်မြင့်

မြန်မာနိုင်ငံမှာ ရှေ့လာမယ့် သီတင်း နှစ်ပတ် အတွင်း လူဦးရေ ထက်ဝက်လောက် ကိုဗစ်-19 ဗိုင်းရပ်စ် ကူးစက်ခံရနိုင်ကြောင်း ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ ပြောဆိုချက်တွေကို ကိုးကားပြီး ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Barbara Woodward က ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ကျင်းပတဲ့ မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးချိန် သူက အဲလို ထုတ်ဖော်ပြောဆိုလိုက်တာပါ။ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် ကျန်းမာရေး စနစ် လုံး၀ ပြိုပျက်နေပြီး ကျန်းမာရေးဝန်ထမ်းတွေဟာလည်း တိုက်ခိုက်ခံရ၊ ဖမ်းဆီးခံရတာတွေ ရှိခဲ့တာကြောင့် အခြေအနေတွေဟာ စိုးရိမ်စရာ ကောင်းတယ်လို့လည်း သူက ဆိုပါတယ်။ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီးရဲ့ ပြောဆိုချက်ဟာ လက်ရှိ မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေတဲ့ ကိုဗစ်ဗိုင်းရပ်စ် ပြသနာ အခြေအနေတွေကို ထင်ဟပ်နေတယ်လို့လည်း ဆိုနိုင်ပါတယ်။ ဒါဆိုရင် မြန်မာနိုင်ငံထဲက ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု၊ နေ့စဉ် လူအမြောက်အများ သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းနိုင်စရာ နည်းလမ်း ရှိပါသေးရဲ့လား လို့ မေးစရာ ရှိလာပါတယ်။

တကယ်တော့ ကိုဗစ် ပြသနာကို ကောင်းကောင်းမွန်မွန် ရင်ဆိုင်နိုင်ဖို့ ဆိုရင် သက်ဆိုင်ရာ တိုင်းပြည် ခေါင်းဆောင်နဲ့ အာဏာပိုင် အဖွဲ့အစည်းရဲ့ နိုင်ငံသားတွေအပေါ် ကိုယ်က ကာကွယ်စောင့်ရှောက်ရမယ့် မိဘ ပြည်သူတွေအဖြစ် သဘောထားဖို့၊ ကိုဗစ်ကို ရင်ဆိုင်ရာမှာ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှု ချမှတ် အကောင်အထည် ဖော်နိုင်ဖို့၊ ကိုဗစ် ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းထဲ ပြည်သူတစ်ရပ်လုံး ပါဝင်လာအောင် စည်းရုံးနိုင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ အဲဒီထဲက ကောင်းမွန်တဲ့ စီမံခန့်ခွဲမှု ဆိုတာကတော့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရမှု ရှိမရှိ သံသယရှိသူတွေကို လိုအပ်သလို စစ်ဆေးပေးဖို့၊ စစ်ဆေးချက်အရ ဗိုင်းရပ်စ် ကူးစက်ခံရသူတွေကို ကောင်းမွန်တဲ့ ကုသမှုပေးဖို့၊ ကူးစက်ခံရသူတွေနဲ့ ထိစပ်ခဲ့သူ၊ အတူနေသူတွေကို Quarantine စင်တာတွေလို နေရာမျိုးမှာ ခွဲခြားထားဖို့ လိုအပ်မှာဖြစ်ပြီး နောက်ဆုံး အဆင့်အနေနဲ့ အရွယ်ရောက်သူတိုင်း ကာကွယ်ဆေး စနစ်တကျ ထိုးနှံခွင့်ရရှိရေး ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ ဒီအတွက်လည်း နိုင်ငံ အစိုးရတွေဟာ အဲဒီ လုပ်ငန်းဆောင်တာတွေ အကောင်အထည် ဖော်နိုင်အောင် အသေးစိတ် စီမံကိန်းချ၊ အစီစဉ်ရေးဆွဲ၊ အကောင်အထည်ဖော် ကြရတာမျိုးဖြစ်ပြီး တတ်နိုင်သမျှ ငွေကြေးဘတ်ဂျက်လည်း ထုတ်သုံးရပါတယ်။

လက်ရှိ စစ်ကောင်စီကတော့ ကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းရဲ့ အခြေခံကျတဲ့ သံသယရှိသူတွေကို ဗိုင်းရပ်စ် ကူးစက်ခံရမှု ရှိမရှိ စစ်ဆေးပေးတာ၊ စစ်ဆေးလို့ ကူးစက်ခံရရင် ဆေးဝါး ကုသပေးတာ၊ ထိတွေ့သူ နီးစပ်သူတွေကို Quarantine စင်တာတွေမှာ ခွဲခြားထားတာမျိုးကိုတောင် အကောင်အထည် ဖော်နိုင်တာ မတွေ့ရပါဘူး။ အကျိုးဆက်ကတော့ ဗိုင်းရပ်စ်ကို လိုအပ်တဲ့ အရေအတွက် စစ်ဆေး မပေးနိုင်တာကြောင့် တကယ်လက်တွေ့ ဘယ်နှစ်ယောက် ကူးစက်ခံရတယ် မှန်မှန်ကန်ကန် မဖော်ထုတ်နိုင်တဲ့အပြင် ကုသရေး၊ နီးစပ်သူတွေကို ခွဲခြားထားရေးတွေကိုလည်း စနစ်တကျ မလုပ်နိုင်တော့ပါဘူး။

ဒါတင်မက ကိုဗစ် ကူးစက်ခံရသူတွေကို ကုသဖို့၊ ဆေးရုံနဲ့ စင်တာတွေမှာ လုံလုံလောက်လောက် ပြင်ဆင်ထားမှု မရှိတာကြောင့် ပြည်သူ အမြောက်အများဟာ ကိုယ့်နေအိမ်မှာပဲ ကိုယ်နေပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် ကိုဗစ်ကို ကုသရတဲ့ အခြေအနေ ဆိုက်ရောက် သွားစေပါတော့တယ်။ အဲဒီအတွက် နောက်ဆက်တွဲ ပေါ်ပေါက်လာတဲ့ ပြသနာတွေကတော့ ထိရောက်မှန်ကန်တဲ့ ကုသမှု မရတာ၊ ကူးစက်ခံရတဲ့ နေအိမ်တွေနဲ့ အကူးမခံရသေးတဲ့ နေအိမ်တွေပါ ဆေးဝါး ရှာဖွေမှု၊ စုဆောင်းမှု၊ အောက်စီဂျင်၊ အိုး နဲ့ Oxygen Concentrator တွေ ဝယ်ယူမှု၊ စုဆောင်းမှုတွေကြောင့် ဆေးဝါး၊ အောက်စီဂျင်နဲ့ အသက်ရှူစက် ရှားပါး၊ ဈေးနှုန်းမြင့်တက်မှုတွေ ဖြစ်ပေါ်တာနဲ့ အတူ နောက်ဆုံး လူအများအပြား သေဆုံးမှုတွေ ဖြစ်ပေါ်လာရတော့တာပါပဲ။
လက်ရှိ ကမ္ဘာပေါ်က ကိုဗစ် အကူးစက်ခံရဆုံးလို့ ဆိုတဲ့ နိုင်ငံကြီးတွေတောင်မှ ကိုဗစ်ကြောင့် တစ်နေ့ လူ တစ်ထောင်ကျော် သေဆုံးရမှု အလွန်နည်းပါတယ်။ ဒါပေမယ့် ဇူလိုင် ဒုတိယ အပတ်ကစ မြန်မာနိုင်ငံ ရန်ကုန် တစ်မြို့ထဲမှာတင် ကိုဗစ်ကြောင့် သေဆုံးသူ လူ ၁၀၀၀ ကျော်ရှိနေသလို၊ စစ်ကောင်စီဘက်က လူသေအလောင်းတွေ မီးသဂြိုလ်မှု အဆင်ပြေအောင် တစ်နေ့ အလောင်းပေါင်း ၃၀၀၀ လောက် သဂြိုလ်နိုင်သည်အထိ မီးသဂြိုလ်စက်ကို အမြန် တိုးချဲ့ တည်ဆောက် နေတာကိုကြည့်ရင် ကိုဗစ်ကြောင့် လူသေဆုံးမှု ဘယ်လောက် များနေပြီလဲ ခန့်မှန်းနိုင်ပါတယ်။
အခြားတစ်ဖက်မှာတော့ ကိုဗစ် ပြသနာကို ဒီထက် ပိုပြီး ကောင်းကောင်း ကိုင်တွယ်နိုင်ရေး စစ်ကောင်စီဘက်က ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေကို ဖမ်းဆီး၊ ဆေးကုသခွင့် ပိတ်ပင်၊ ဖမ်းဝရမ်းထုတ်ထားတာတွေကို ပယ်ဖျက်ပေးဖို့၊ ဆရာဝန်တွေ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ဗော်လံတီယာတွေရဲ့ ကိုဗစ် ကုသရေး၊ ကျန်းမာရေး စောင့်ရှောက်မှုပေးရေး၊ အကူအညီပေးရေး ပရဟိတ လုပ်ငန်းတွေ လွတ်လွတ်လပ်လပ် လုပ်နိုင်အောင် လမ်းဖွင့်ပေးဖို့ စတာတွေ ဖြေလျော့ပေးဖို့ မမြင် မတွေ့ရတဲ့အတွက် မြန်မာနိုင်ငံမှာ ကိုဗစ်ပြသနာကို ရင်ဆိုင်ရာမှာ ကာကွယ်၊ ထိန်းသိမ်း၊ ကုသရေး လုပ်ငန်းတွေအပေါ် သိပ်ပြီး မျှော်လင့်လို့ မရတာ တဖြေးဖြေး ထင်ရှားလာစေပါတယ်။ ဒီအတွက် ကိုဗစ် ပြသနာကို ကျော်လွှားနိုင်မယ့် နောက်ဆုံး မျှော်လင့်ချက် တစ်ခုကတော့ အရွယ်ရောက်သူတိုင်း ကာကွယ်ဆေး ထိုးနှံနိုင်ရေး လုပ်ငန်းစဉ်ကြီးပဲ ကျန်ရှိပါတော့တယ်။

လက်ရှိ မြန်မာနိုင်ငံမှာ အသက် ၁၈ နှစ်နဲ့အထက် အရွယ်ရောက်ပြီးသူ၊ တနည်းအားဖြင့် ကိုဗစ် ကာကွယ်ဆေး ထိုးနှံပေးရမယ့်သူ ၃၈ ဒသမ ၃ သန်းဝန်းကျင် ရှိပြီး လူတစ်ယောက် ကိုဗစ်ဆေး ၂ ကြိမ်ထိုးရမှာနဲ့ တွက်ရင် ကာကွယ်ဆေး ၇၇ သန်းဝန်းကျင် လိုအပ်ပါလိမ့်မယ်။ ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပွဲ မဖြစ်ခင်၊ အရင် အင်န်အယ်လ်ဒီ အစိုးရလက်ထက်မှာ အများပြည်သူက ကာကွယ်ဆေး ဝယ်ဖို့ လှူဒါန်းထားငွေ ဒေါ်လာ ၁၇၈ သန်းကျော်နဲ့ မြန်မာငွေ ကျပ် ဘီလျံ ၃၀ နီးပါးရှိပြီး အားလုံးပေါင်းလိုက်ရင် ဒေါ်လာ သန်း ၂၀၀ နီးပါး ရှိနေပါတယ်။ စစ်ကောင်စီလက်ထက်မှာ ဒီငွေတွေကို တရုတ်ကာကွယ်ဆေး ဝယ်ဖို့ ဒေါ်လာ ၁၀ သန်းခွဲလောက်ပဲ သုံးထားသေးတာမို့ ကာကွယ်ဆေး အများကြီး ဝယ်နိုင်ပါသေးတယ်။ အရင် အင်န်အယ်လ်ဒီ အစိုးရလက်ထက် အိန္ဒိယ နိုင်ငံကနေ ကိုဗစ်ရှီး ကာကွယ်ဆေး ၃ သန်းခွဲရထားပြီး လူ ၁သန်း ၆ သိန်းလောက် ကာကွယ်ဆေး ထိုးပြီးပါပြီ။ ဇူလိုင်လကုန်ထိ စစ်ကောင်စီလက်ထက် တရုတ်ကနေ ဝယ်ထားတာ ၁ သန်း၊ လက်ဆောင် ၂ သန်း စုစုပေါင်း ၃ သန်း ရောက်နေပြီဖြစ်သလို လူ ၃ သန်းကို စပြီး ထိုးပေးနေပါပြီ။ လာမယ့် သြဂုတ်လအတွင်း နောက်ထပ် ၃ သန်းရောက်လာမှာဖြစ်ပြီး အဲဒီ ကာကွယ်ဆေးတွေ လူ ၃ သန်းကို ဒုတိယ အကြိမ် ထိုးပေးမယ်လို့ ဆိုပါတယ်။ ဒါတွေ အားလုံး ထိုးပြီးရင်တောင် အရွယ်ရောက်ပြီးသူတွေရဲ့ ၁၂% လောက်ပဲ ကာကွယ်ဆေး ထိုးပြီးမယ့် သဘော ဖြစ်တာမို့ နောက်ထပ် အများကြီး ထိုးပေးဖို့ ကျန်ပါဦးမယ်။

ဒီကြားထဲ ပေါ်ပေါက်လာတဲ့ သတင်းကောင်းတွေကတော့ ကုလသမဂ္ဂ၊ အမေရိကန်၊ ဥရောပ သမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းတွေကနေ မြန်မာနိုင်ငံတွင်း ကိုဗစ် ပြသနာ ဖြေရှင်းရေး အကူအညီတွေ ပေးနေ၊ နောက်ထပ်လည်း ပေးကြဦးမှာ ဖြစ်ပြီး အဲဒီထဲမှာ ကာကွယ်ဆေး လှူဒါန်းတာ၊ ထိုးနှံပေးတာ စတဲ့ အစီအစဉ်တွေလည်း ပါဝင်လာလိမ့်မယ်လို့ ဆိုပါတယ်။ ဒီအတွက် စစ်ကောင်စီအနေနဲ့ ကိုယ်ကိုယ်တိုင် ကာကွယ်ဆေးဝယ်၊ နိုင်ငံတကာ ကလှူတာတွေကို လက်ခံပြီး ပြည်သူတွေကို ထိုးနှံပေးရုံမက၊ အခြားသော အစီအစဉ် အမျိုးမျိုးနဲ့ ပေါ်ပေါက်လာမယ့် ကာကွယ်ဆေးထိုး အစီအစဉ်တွေကိုလည်း တားဆီးပိတ်ပင်တာမျိုး မလုပ်ပဲ ခွင့်ပြုပေးဖို့ လိုပါလိမ့်မယ်။ ဒါမှသာ ကိုဗစ်ပြသနာကို ဖြေရှင်းလိုစိတ်၊ တိုင်းသူပြည်သားတွေရဲ့ အသက်ကို ကယ်ဆယ်လိုစိတ် ရှိတယ်ဆိုတာကို ပြသနိုင်မယ် ဖြစ်ကြောင်းပါ။

XS
SM
MD
LG