သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္စစ္ေရွာင္ဒုကၡသည္ေတြ ကိုဗစ္ကာကြယ္ေဆးထိုးေပးေရး လိုလား


ရခိုင္ ဘူးသီးေတာင္ေဒသက ျမိဳဒုကၡသည္တခ်ိဳ ့ (ဓာတ္ပံု - AFP)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ လက္ရွိျဖစ္ေပၚေနတဲ့ ကိုဗစ္-၁၉ တတိယလႈိင္းေၾကာင့္ ေသဆုံးသူေတြ တိုးလာေနတဲ့ ရခိုင္ျပည္နယ္ေျမာက္ပိုင္းက စစ္ေရွာင္စခန္းတခ်ိဳ႕မွာ ကိုဗစ္ကူးစက္မႈေတြရွိေနတာပါ။ လူဦးေရ တေထာင္ေက်ာ္ေလာက္ ရွိတဲ့ ဘူးသီး ေတာင္ၿမိဳ႕နယ္ လမ္းမေက်ာင္းစစ္ေရွာင္စခန္းမွာ ေမြးခါနီးကိုယ္ဝန္ ေဆာင္အမ်ိဳး သမီးတဦး ကိုဗစ္ကူးစက္ခံထားရပါတယ္။ ဒါေၾကာင့္ ရခိုင္ေျမာက္ပိုင္း စစ္ေဘး ဒုကၡသည္စခန္းေတြမွာရွိတဲ့ သက္ႀကီး႐ြယ္အိုေတြကို ကိုဗစ္ကာကြယ္ေဆးထိုး ေပးေစခ်င္တယ္လို႔ စစ္ေရွာင္စခန္းတာဝန္ရွိသူေတြကေျပာပါတယ္။ ရန္ကုန္ကလာတဲ့ သတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးပါမယ္။

ရခိုင္ေျမာက္ပိုင္း ဘူးသီးေတာင္ၿမိဳ႕နယ္အတြင္းက လူဦးေရ တေထာင္ေက်ာ္ေလာက္ရွိတဲ့ လမ္းမေက်ာင္း စစ္ေဘးေရွာင္ဒုကၡသည္စခန္းမွာ ေမြးခါနီးကိုယ္ဝန္ေဆာင္အမ်ိဳးသမီးတစ္ဦး ကိုဗစ္ကူး-၁၉ ကူးစက္ခံရတာေၾကာင့္ စစ္ေရွာင္ေတြ စိုးရိမ္ေနၾကတယ္လို႔ စခန္းတာဝန္ခံ ဦးေက်ာ္ဝင္းက ေျပာပါတယ္။

“ သူက က်ေနာ္တို႔ Camp ထဲက တရားဝင္ ဒုကၡသည္ေတာ့ မဟုတ္ပါဘူး။ ဒီ နယ္ကလာတဲ့ သူက ေဆး႐ုံမွာ ကေလးေမြးဖို႔ လာတဲ့ သူျဖစ္တယ္။ ဧည့္သည္အျဖစ္လာတာပါ။ သူက ကိုယ္ဝန္ ေဆာင္ အမ်ိဳးသမီးေပါ့။ သူ႔ကိုက်ေတာ့ ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံကေနၿပီးေတာ့ သူ႔ကို ေဆး႐ုံ မွာပဲ ထိန္းထားပါတယ္။ သူေနခဲ့တဲ့ အိမ္ကိုေတာ့ ေဆးျဖန္းၿပီးေတာ့ Lockdown ခ်ထားပါ တယ္။ စိုးေတာ့ စိုးရိမ္တာေပါ့ ဒါေပမယ့္ မကူးစက္ရေအာင္ေတာ့ က်ေနာ္တို႔ အၿမဲတမ္း က်န္းမာေရး သတိနဲ႔ ေနၾကပါတယ္။”

စစ္ေဘးဒုကၡသည္ေတြအေနနဲ႔ စခန္းတြင္း ကိုဗစ္ ကူးစက္ခံရမွာကို စိုးေနရိမ္ေနရတဲ့ အျပင္ ကိုဗစ္ကာလ အျပင္ထြက္ၿပီး အလုပ္မလုပ္ရတာေၾကာင့္ စားဝတ္ေနေရး အခက္အခဲေတြနဲ႔ ပါရင္ဆိုင္ေနၾကရတယ္လို႔ ဦးေက်ာ္ဝင္းက ဆက္ေျပာပါတယ္။

“ စားဝတ္ေနေရးေတာ့ အခက္အခဲရွိတယ္။ က်ေနာ္တို႔အခု အစိုးရက တ ေန႔က လူတစ္ေယာက္ ဆန္ႏို႔ဆီဗူးနဲ႔မနက္တလုံး ညတလုံးဆိုေတာ့ အဲတာေလာက္နဲ႔ မလုံေလာက္ဘူး။ ဆန္အျပင္ တစ္ျခား မီးဖိုေခ်ာင္သုံးပစၥည္းေတြ ေငြေရးေၾကးေရး အခက္အခဲေတြ အမ်ား ႀကီးရွိတာေပါ့။ ကိုဗစ္ကာလမွာ အျပင္ထြက္ၿပီးေတာ့လည္း အလုပ္လုပ္လို႔မရဘူးဆိုေတာ့ စားဝတ္ေနေရးက ပိုၿပီးေတာ့ ခက္ခဲတာေပါ့။”

စစ္ေဘးဒုကၡသည္ေတြ အမ်ားဆုံးရွိတဲ့ ရခိုင္ေျမာက္ပိုင္း ေက်ာက္ေတာ္ၿမိဳ႕နယ္ အတြင္းမွာရွိတဲ့ စစ္ေရွာင္စခန္းေတြမွာေတာ့ ကိုဗစ္ကူးစက္ခံရမွာကို စိုးရိမ္တာေၾကာင့္ စခန္းတြင္း ကိုဗစ္စည္းကမ္းခ်က္ေတြကို တင္းၾကပ္ထားတယ္လို႔လည္း ေက်ာက္ေတာ္ၿမိဳ႕နယ္ စစ္ေဘးဒုကၡသည္စခန္း ေကာ္မတီဝင္ ဦးေမာင္ထြန္းခင္ကေျပာပါတယ္။

“ အဲတာေၾကာင့္ က်ေနာ္တို႔က စစ္ေရွာင္စခန္းေတြကို ၿမိဳ႕ေပၚမွာ နည္းနည္းအေျခ အေနစိုးရိမ္ ရတာနဲ႔ သူတို႔ကို မထြက္ခိုင္းဘူးက်ေနာ္တို႔က သူတို႔ကို အိမ္မွာေနခိုင္းတယ္။ ေဈးသည္ေတြ လာရင္လည္း အထဲကို မဝင္ခိုင္းဘူး အျပင္မွာပဲ ေနခိုင္းတယ္။ အဲလိုမ်ိဳးလုပ္ထားတယ္။ ကိုဗစ္အႏၲရာယ္ကို ကာကြယ္ႏိုင္တာက အဲဒီတနည္းပဲ ရွိတာကို ကတယ္လို႔ ျဖစ္သြားရင္ လည္း က်ေနာ္တို႔ ဘယ္လို လုပ္ရမလည္း ဆိုတာကို ေတြးေတာင္မေတြးရဲဘူး။ တကယ္လို႔ ျဖစ္လာရင္ သူတို႔က အိမ္မွာလို ေနရတာမဟုတ္ဘူး။ အကုန္လုံးက ကြင္းျပင္တစ္ခုမွာ စုၿပီးေနရတာဆိုေတာ့ စိုးရိမ္လို႔ ႀကိဳၿပီး လုပ္ထားတာပါ။ ဌာနဆိုင္ရာေတြလည္း ဘယ္လိုမွ က်ေနာ္တို႔ အားကိုမရဘူး ျဖစ္ရင္ ခံရမွာ ဆိုေတာ့ က်ေနာ္တို႔ပဲ ႀကိဳးစားၿပီးေတာ့ ထိန္းသိမ္းေနရတာေပါ့။”

ဒါအျပင့္ လက္ရွိတစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ ဌာနဆိုင္ရာဝန္ထမ္းေတြနဲ႔ သက္ႀကီးပိုင္းေတြကို ထိုးႏွံေနတဲ့ ကိုဗစ္ကာကြယ္ေဆးထိုးစာရင္းေတြမွာ စစ္ေဘးဒုကၡသည္စခန္းမွာရွိတဲ့ သက္ႀကီးပိုင္းေတြ တစ္ေယာက္မွမပါတာေၾကာင့္ သူတို႔ကိုလည္း ကာကြယ္ေဆးေတြ ထိုးေပးေစခ်င္တယ္လို႔လည္း ဦးေမာင္ထြန္းခင္ကေျပာပါတယ္။

“ ကိုဗစ္ကာကြယ္ေဆးထိုးမယ့္ ကိစၥမွာ စစ္ေရွာင္စခန္းေတြ မပါဘူးျဖစ္ေနတယ္။ ျဖစ္ႏိုင္မယ္ ဆိုရင္ စစ္ေရွာင္စခန္းေတြမွာ ရွိတဲ့ အဘိုးႀကီး အဘြားႀကီးေတြကိုပါ ထိုးေပးေစခ်င္တယ္။ ဌာနဆိုင္ ရာေတြကိုေျပာရင္လည္း သူတို႔ကလည္း ဟာ က်ေနာ္တို႔ ႀကိဳးစားၾကည့္ပါေမ အထက္ကိုတင္ျပၾကည့္ပါမယ္ဆိုေတာ့ က်ေနာ္တို႔ဘာမွလုပ္လို႔မရဘူး။ စစ္ေရွာင္စခန္း ကလူေတြ ဘာေၾကာင့္မပါလည္းေတာ့ မေျပာတတ္ဘူး ၿမိဳ႕ေပၚက ဌာနဆိုင္ရာေတြ လူမႉ အဖြဲ႕အစည္းေတြ က်န္တဲ့ သူေတြ အကုန္ပါတယ္။ စစ္ေရွာင္စခန္းကလူေတြ မပါဘူးျဖစ္ ေနတယ္။”

ရခိုင္ျပည္နယ္အတြင္းမွာ လက္ရွိအခ်ိန္ထိ ေနရပ္မျပန္ႏိုင္ေသးတဲ့ စစ္ေဘးဒုကၡသည္ တသိန္းေက်ာ္ရွိေနၿပီး အဲဒီထဲမွာ သက္ႀကီး႐ြယ္အိုေတြနဲ႔ ကေလးသူငယ္ေတြ အမ်ားဆုံးျဖစ္တယ္လို႔လည္း စစ္ေရွာင္ေတြကို စာရင္းေကာက္ယူေနတဲ့ အဖြဲ႕ေတြရဲ႕ စာရင္းမွာ ေဖာ္ျပထားပါတယ္။

ကိုဗစ္ကူးစက္မႈေတြရွိေနတဲ့ ရခိုင္ျပည္နယ္မွာ ျပည္နယ္ေကာင္စီဖက္က Stay at home သတ္မွတ္မထားေသးေပမယ့္ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ဖက္ကေတာ့ တျပည္နယ္လုံး Stay at home ေနထိုင္ဖို႔ ၿပီးခဲ့တဲ့ ဇူလႈိင္လ ၂၀ရက္ေန႔ကေန ဒီလ ၄ရက္ေန႔အထိထုတ္ျပန္ၿပီး အဲဒီထုတ္ျပန္ခ်က္ကို ေနာက္ထပ္ ႏွစ္ပတ္ထပ္မံၿပီး သက္တမ္းတိုးထားပါတယ္။ ရခိုင္လက္နက္ကိုင္အဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္အတိုင္း မလိုက္နာဘဲ ႏွာေခါင္စည္းမတပ္သူေတြကို အျပစ္ေပးတဲ့ အေနနဲ႔ ထိုင္ထလုပ္ခိုင္းတာေတြ၊ ဒိုက္ထိုးခိုင္းတာေတြလည္း ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္


.....................................................................................................

ရခိုင်စစ်ရှောင်ဒုက္ခသည်တွေ ကိုဗစ်ကာကွယ်ဆေးထိုးပေးရေး လိုလား

(Unicode)

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ တတိယလှိုင်းကြောင့် သေဆုံးသူတွေ တိုးလာနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်ရှောင်စခန်းတချို့မှာ ကိုဗစ်ကူးစက်မှုတွေရှိနေတာပါ။ လူဦးရေ တထောင်ကျော်လောက် ရှိတဲ့ ဘူးသီး တောင်မြို့နယ် လမ်းမကျောင်းစစ်ရှောင်စခန်းမှာ မွေးခါနီးကိုယ်ဝန် ဆောင်အမျိုး သမီးတဦး ကိုဗစ်ကူးစက်ခံထားရပါတယ်။ ဒါကြောင့် ရခိုင်မြောက်ပိုင်း စစ်ဘေး ဒုက္ခသည်စခန်းတွေမှာရှိတဲ့ သက်ကြီးရွယ်အိုတွေကို ကိုဗစ်ကာကွယ်ဆေးထိုး ပေးစေချင်တယ်လို့ စစ်ရှောင်စခန်းတာဝန်ရှိသူတွေကပြောပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးပါမယ်။

ရခိုင်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်အတွင်းက လူဦးရေ တထောင်ကျော်လောက်ရှိတဲ့ လမ်းမကျောင်း စစ်ဘေးရှောင်ဒုက္ခသည်စခန်းမှာ မွေးခါနီးကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ကိုဗစ်ကူး-၁၉ ကူးစက်ခံရတာကြောင့် စစ်ရှောင်တွေ စိုးရိမ်နေကြတယ်လို့ စခန်းတာဝန်ခံ ဦးကျော်ဝင်းက ပြောပါတယ်။

“ သူက ကျနော်တို့ Camp ထဲက တရားဝင် ဒုက္ခသည်တော့ မဟုတ်ပါဘူး။ ဒီ နယ်ကလာတဲ့ သူက ဆေးရုံမှာ ကလေးမွေးဖို့ လာတဲ့ သူဖြစ်တယ်။ ဧည့်သည်အဖြစ်လာတာပါ။ သူက ကိုယ်ဝန် ဆောင် အမျိုးသမီးပေါ့။ သူ့ကိုကျတော့ မြို့နယ် ပြည်သူ့ဆေးရုံကနေပြီးတော့ သူ့ကို ဆေးရုံ မှာပဲ ထိန်းထားပါတယ်။ သူနေခဲ့တဲ့ အိမ်ကိုတော့ ဆေးဖြန်းပြီးတော့ Lockdown ချထားပါ တယ်။ စိုးတော့ စိုးရိမ်တာပေါ့ ဒါပေမယ့် မကူးစက်ရအောင်တော့ ကျနော်တို့ အမြဲတမ်း ကျန်းမာရေး သတိနဲ့ နေကြပါတယ်။”

စစ်ဘေးဒုက္ခသည်တွေအနေနဲ့ စခန်းတွင်း ကိုဗစ် ကူးစက်ခံရမှာကို စိုးနေရိမ်နေရတဲ့ အပြင် ကိုဗစ်ကာလ အပြင်ထွက်ပြီး အလုပ်မလုပ်ရတာကြောင့် စားဝတ်နေရေး အခက်အခဲတွေနဲ့ ပါရင်ဆိုင်နေကြရတယ်လို့ ဦးကျော်ဝင်းက ဆက်ပြောပါတယ်။

“ စားဝတ်နေရေးတော့ အခက်အခဲရှိတယ်။ ကျနော်တို့အခု အစိုးရက တ နေ့က လူတစ်ယောက် ဆန်နို့ဆီဗူးနဲ့မနက်တလုံး ညတလုံးဆိုတော့ အဲတာလောက်နဲ့ မလုံလောက်ဘူး။ ဆန်အပြင် တစ်ခြား မီးဖိုချောင်သုံးပစ္စည်းတွေ ငွေရေးကြေးရေး အခက်အခဲတွေ အများ ကြီးရှိတာပေါ့။ ကိုဗစ်ကာလမှာ အပြင်ထွက်ပြီးတော့လည်း အလုပ်လုပ်လို့မရဘူးဆိုတော့ စားဝတ်နေရေးက ပိုပြီးတော့ ခက်ခဲတာပေါ့။”

စစ်ဘေးဒုက္ခသည်တွေ အများဆုံးရှိတဲ့ ရခိုင်မြောက်ပိုင်း ကျောက်တော်မြို့နယ် အတွင်းမှာရှိတဲ့ စစ်ရှောင်စခန်းတွေမှာတော့ ကိုဗစ်ကူးစက်ခံရမှာကို စိုးရိမ်တာကြောင့် စခန်းတွင်း ကိုဗစ်စည်းကမ်းချက်တွေကို တင်းကြပ်ထားတယ်လို့လည်း ကျောက်တော်မြို့နယ် စစ်ဘေးဒုက္ခသည်စခန်း ကော်မတီဝင် ဦးမောင်ထွန်းခင်ကပြောပါတယ်။

“ အဲတာကြောင့် ကျနော်တို့က စစ်ရှောင်စခန်းတွေကို မြို့ပေါ်မှာ နည်းနည်းအခြေ အနေစိုးရိမ် ရတာနဲ့ သူတို့ကို မထွက်ခိုင်းဘူးကျနော်တို့က သူတို့ကို အိမ်မှာနေခိုင်းတယ်။ ဈေးသည်တွေ လာရင်လည်း အထဲကို မဝင်ခိုင်းဘူး အပြင်မှာပဲ နေခိုင်းတယ်။ အဲလိုမျိုးလုပ်ထားတယ်။ ကိုဗစ်အန္တရာယ်ကို ကာကွယ်နိုင်တာက အဲဒီတနည်းပဲ ရှိတာကို ကတယ်လို့ ဖြစ်သွားရင် လည်း ကျနော်တို့ ဘယ်လို လုပ်ရမလည်း ဆိုတာကို တွေးတောင်မတွေးရဲဘူး။ တကယ်လို့ ဖြစ်လာရင် သူတို့က အိမ်မှာလို နေရတာမဟုတ်ဘူး။ အကုန်လုံးက ကွင်းပြင်တစ်ခုမှာ စုပြီးနေရတာဆိုတော့ စိုးရိမ်လို့ ကြိုပြီး လုပ်ထားတာပါ။ ဌာနဆိုင်ရာတွေလည်း ဘယ်လိုမှ ကျနော်တို့ အားကိုမရဘူး ဖြစ်ရင် ခံရမှာ ဆိုတော့ ကျနော်တို့ပဲ ကြိုးစားပြီးတော့ ထိန်းသိမ်းနေရတာပေါ့။”

ဒါအပြင့် လက်ရှိတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ သက်ကြီးပိုင်းတွေကို ထိုးနှံနေတဲ့ ကိုဗစ်ကာကွယ်ဆေးထိုးစာရင်းတွေမှာ စစ်ဘေးဒုက္ခသည်စခန်းမှာရှိတဲ့ သက်ကြီးပိုင်းတွေ တစ်ယောက်မှမပါတာကြောင့် သူတို့ကိုလည်း ကာကွယ်ဆေးတွေ ထိုးပေးစေချင်တယ်လို့လည်း ဦးမောင်ထွန်းခင်ကပြောပါတယ်။

“ ကိုဗစ်ကာကွယ်ဆေးထိုးမယ့် ကိစ္စမှာ စစ်ရှောင်စခန်းတွေ မပါဘူးဖြစ်နေတယ်။ ဖြစ်နိုင်မယ် ဆိုရင် စစ်ရှောင်စခန်းတွေမှာ ရှိတဲ့ အဘိုးကြီး အဘွားကြီးတွေကိုပါ ထိုးပေးစေချင်တယ်။ ဌာနဆိုင် ရာတွေကိုပြောရင်လည်း သူတို့ကလည်း ဟာ ကျနော်တို့ ကြိုးစားကြည့်ပါမေ အထက်ကိုတင်ပြကြည့်ပါမယ်ဆိုတော့ ကျနော်တို့ဘာမှလုပ်လို့မရဘူး။ စစ်ရှောင်စခန်း ကလူတွေ ဘာကြောင့်မပါလည်းတော့ မပြောတတ်ဘူး မြို့ပေါ်က ဌာနဆိုင်ရာတွေ လူမှူ အဖွဲ့အစည်းတွေ ကျန်တဲ့ သူတွေ အကုန်ပါတယ်။ စစ်ရှောင်စခန်းကလူတွေ မပါဘူးဖြစ် နေတယ်။”

ရခိုင်ပြည်နယ်အတွင်းမှာ လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးဒုက္ခသည် တသိန်းကျော်ရှိနေပြီး အဲဒီထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေ အများဆုံးဖြစ်တယ်လို့လည်း စစ်ရှောင်တွေကို စာရင်းကောက်ယူနေတဲ့ အဖွဲ့တွေရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

ကိုဗစ်ကူးစက်မှုတွေရှိနေတဲ့ ရခိုင်ပြည်နယ်မှာ ပြည်နယ်ကောင်စီဖက်က Stay at home သတ်မှတ်မထားသေးပေမယ့် ရခိုင်လက်နက်ကိုင် AA အဖွဲ့ဖက်ကတော့ တပြည်နယ်လုံး Stay at home နေထိုင်ဖို့ ပြီးခဲ့တဲ့ ဇူလှိုင်လ ၂၀ရက်နေ့ကနေ ဒီလ ၄ရက်နေ့အထိထုတ်ပြန်ပြီး အဲဒီထုတ်ပြန်ချက်ကို နောက်ထပ် နှစ်ပတ်ထပ်မံပြီး သက်တမ်းတိုးထားပါတယ်။ ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်အတိုင်း မလိုက်နာဘဲ နှာခေါင်စည်းမတပ်သူတွေကို အပြစ်ပေးတဲ့ အနေနဲ့ ထိုင်ထလုပ်ခိုင်းတာတွေ၊ ဒိုက်ထိုးခိုင်းတာတွေလည်း ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG