သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ျပည္နယ္တြင္း ကိုဗစ္လူနာတိုးလာလို႔ ေအာက္ဆီဂ်င္လိုအပ္ခ်က္မ်ားေန


ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္အတြင္းက ေရလႊမ္းမိုးတဲ့ျမင္ကြင္း။ (ဓာတ္ပုံ-နိရဥၥရာ)

(Zawgyi/Unicode)

ရခိုင္ျပည္နယ္မွာ ကိုဗစ္အတည္ျပဳလူနာေတြ တိုးလာတာေၾကာင့္ ေအာက္ဆီဂ်င္လိုအပ္ခ်က္ေတြလည္း မ်ားလာေနပါတယ္။ ေျမာက္ဦးၿမိဳ႕နယ္မွာလည္း ကိုဗစ္အတည္ျပဳလူနာတိုး လာေနတာေၾကာင့္ ေျမာက္ဦးေအာက္ဆီဂ်င္စက္႐ုံက ထြက္တဲ့ေအာက္ဆီဂ်င္ေတြ တျခားၿမိဳ႕နယ္ ေတြကို ကူညီေနတာေတြကို ရပ္တန႔္ထားရတာပါ။ သံတြဲၿမိဳ႕နယ္မွာလည္း မေန႔က ေရႀကီး ေရလ်ံျဖစ္ပြားခဲ့တာေၾကာင့္ ေအာက္ဆီဂ်င္ အခက္အခဲေတြ ရွိေနတယ္လို႔ ေျပာဆိုၾကပါတယ္။ ဒီအေၾကာင္းအျပည့္အစုံကိုေတာ့ ရခိုင္ကလာတဲ့သတင္း ကိုၿငိမ္းခ်မ္းေျပာျပပါမယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္း၊ ေျမာက္ဦးၿမိဳ႕နယ္အတြင္းမွာ ကိုဗစ္အတည္ျပဳလူနာေတြ ေသဆုံး သူေတြ မ်ားျပားလာတာမွာ စက္႐ုံကထြက္တဲ့ ေအာက္ဆီဂ်င္ထက္ ကိုဗစ္လူနာက ပိုမ်ား ေနတယ္လို႔ ေျမာက္ဦး ေအာက္ဆီဂ်င္စက္႐ုံက တာဝန္ရွိသူ တစ္ဦးျဖစ္တဲ့ ဦးသန္းထြန္း ကေျပာပါတယ္။

“ ေျမာက္ဦးေဆး႐ုံမွာေပါ့ေနာ္ ေအာက္ဆီဂ်င္က သုံးစြဲသူေတြက အရမ္းမ်ားလာတယ္။ ေျပာရမယ္ဆိုရင္ ေအာက္ဆီဂ်င္က တစ္ေန႔ကို ဗူးေလးဆယ္ေလာက္ပဲ ထြက္တာ။ ပမဏခ်င္းခ်ိန္လိုက္ရင္ ထြက္ေနတာထက္ သုံးေနတဲ့ ပမာဏက ပိုမ်ားေနတယ္ေပါ့ေနာ္။ အဲတာေၾကာင့္ က်ေနာ္တို႔က ခဏ ရပ္တန႔္ထားတာပါ။ ေလာေလာဆယ္မွာေတာ့ က်ေနာ္သိသေလာက္ ေဆး႐ုံမွာ လိုအပ္တဲ့သူရႉ၊ မလိုအပ္တဲ့သူေတြ မရႉခိုင္းဘူးေပါ့ ။အဲလိုမ်ိဳးေတာ့ ေျပာသံၾကားပါတယ္။”

ေက်ာက္ေတာ္၊ စစ္ေတြ၊ ေပါက္ေတာ၊ မင္းျပားနဲ႔ ေျမပံၿမိဳ႕နယ္ေတြရဲ႕ ေအာက္ဆီဂ်င္လိုအပ္ခ်က္ေတြကို ကူညီေပးေနတဲ့ ေျမာက္ဦးေအာက္ဆီဂ်င္စက္႐ုံဟာ ကိုယ္ထူကိုယ္ထ စနစ္နဲ႔ တည္ေဆာက္ထား တာျဖစ္ၿပီးတစ္ေန႔ကို ေအာက္ဆီဂ်င္ ၄၀လီတာ အလုံးေလးဆယ္ေလာက္အထိ ထုတ္လုပ္ႏိုင္ပါတယ္။

လက္ရွိမွာေတာ့ ေျမာက္ဦးမွာ ကိုဗစ္လူနာေတြ မ်ားျပားလာတာေၾကာင့္ တျခားၿမိဳ႕ နယ္ေတြကို ကူညီေပးေနတာကို ရပ္တန႔္ထားတယ္လို႔ ေျမာက္ဦး ေအာက္ဆီဂ်င္စက္႐ုံက တာဝန္ရွိသူ တစ္ဦးျဖစ္တဲ့ ဦးသန္းထြန္း ကေျပာပါတယ္။

“ က်ေနာ္တို႔က က်ေတာ့ ေက်ာက္ေတာ္ရယ္ စစ္ေတြရယ္၊ ေနာက္ၿပီးေတာ့ မင္းျပားရယ္ ေပါက္ေတာရယ္၊ ေနာက္ၿပီးေတာ့ ေျမပုံၿမိဳ႕နယ္ေတြကို ေပးတယ္။ အမ်ားႀကီးေတာ့ မဟုတ္ပါဘူး အဆင္ေျပသလို အဲလိုေပါ့။ စစ္ေတြဆိုရင္ေတာ့ အမ်ားႀကီးေပးရတယ္။ တေန႔ကို ဆယ္လုံးဆို ဆယ္လုံ၊း ၂၀ဆို ၂၀၊ မင္းျပားဆိုရင္ ဆယ္လုံးကေန ၈လုံး အဲလိုမ်ိဳးေပါ့။ အဲဒါလည္း ေျမာက္ဦးမွာ လူနာေတြ မမ်ားခင္က ကူညီႏိုင္တာပါ။ အခုလူနာေတြ မ်ားလာေတာ့ မကူညီႏိုင္ေတာ့ဘူး။ အဲတာေၾကာင့္ရပ္ဆိုင္းထားတာပါ။”

ကိုဗစ္လူနာေတြ တိုးလာေနတဲ့ ေျမာက္ဦးၿမိဳ႕နယ္မွာ ေစတနာ့ဝန္ထမ္းေတြ မလုံေလာက္တာအျပင္ ေငြေၾကးပိုင္းဆိုင္ရာ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတယ္လို႔လည္း ကိုဗစ္ ေစတနာ့ဝန္ထမ္းလုပ္ေနတဲ့ ေျမာက္ဦး လူငယ္အစည္းအ႐ုံ ဥကၠဌ ကိုခိုင္မင္းေသွ်ာင္က ေျပာပါတယ္။

“ ေစတနာ့ဝန္ထမ္းလုပ္ေနတဲ့ သူေတြ ဘာအခက္အခဲရွိလည္းဆိုေတာ့ ကိုဗစ္နဲ႔ ပတ္သတ္ၿပီး သုံးစြဲရတဲ့ ေငြေၾကးေတြ ရွိတာေပါ့ေနာ္။ ကုန္က်တာေတြရွိတယ္။ ဒီအေပၚမွာ တစ္ျခားျပင္က အဖြဲ႕အစည္းျဖစ္ျဖစ္ ပုဂၢလိက အလႉရွင္ေတြ ျဖစ္ျဖစ္ လႉဒါန္းတာေတြ နည္းတယ္။ ဆိုေတာ့ ေငြေၾကး နည္းေတာ့ အလုပ္မ်ားႀကီးလုပ္ဖို႔ေနရာေတြမွာ သိပ္ၿပီးေတာ့ မတြင္က်ယ္ေတာ့ဘူး။ အခက္အခဲျဖစ္တာေပါ့ေနာ္။ ဂ႐ုဏာလႈိင္း ေသြးလႉရွင္အသင္းမွာဆိုရင္လည္း ကားက်ေတာ့ တစ္ခ်ိန္လုံးသြားေနရတာေပါ့ေနာ္။ သူတို႔မွာလည္း ဆီဖိုးနဲ႔။ ေနာက္ၿပီးေတာ့ဆီတို႔ PPE ဝတ္စုံဝတ္စုံတို႔ ေထာက္ပံ့တဲ့ အဖြဲ႕မရွိေတာ့ သူတို႔မွာလည္း အခက္အခဲျဖစ္ရပါတယ္။”

ဒါ့အျပင္ ရခိုင္ေတာင္းပိုင္း သံတြဲၿမိဳ႕နယ္မွာဆိုရင္လည္း မေန႔က ေရႀကီးေရလွ်ံမႈေတြ ျဖစ္ပြားခဲ့တာေၾကာင့္ ေအာက္ဆီဂ်င္စက္႐ုံ ေရျမဳပ္သြားတာေၾကာင့္ အခုရက္ပိုင္း ေအာက္ဆီဂ်င္ထုတ္လုပ္ႏိုင္မွာ မဟုတ္သလို ေဆး႐ုံမွာလည္း ေအာက္ဆီလိုအပ္ေနတယ္လို႔ သံတြဲနာေရးကူညီေရးအသင္း ဥကၠဌ ဦးျမင့္ထြန္းကေျပာပါတယ္။

“ ေရကေတာ့ အကုန္လုံးနီးပါး ခမ္းသြားပါၿပီ။ ေအာက္ဆီဂ်င္စက္႐ုံကေတာ့ ဒီတစ္ရက္ႏွစ္ ရက္ ေလာက္ဆိုရင္ ျပန္လည္ဖို႔မ်ားပါတယ္။ ေအာက္ဆီဂ်င္ေပးထားရတဲ့ လူေတြ ေအာက္ ဆီဂ်င္ မရွိေတာ့ဘူးေပါ့။ ဟိုတစ္ရက္က အလုံးေလး ဘယ္ေလာက္ရွိလည္း နည္းနည္းပဲ ရွိေတာ့တယ္။ ေအာက္ဆီဂ်င္ကေလ။ ေအာက္ဆီဂ်င္လည္း ျပတ္ေတာ့မယ္။”

ရခိုင္ျပည္နယ္အတြင္းက ၿမိဳ႕နယ္အမ်ားစုမွာ ေအာက္ဆီဂ်င္လိုအပ္ခ်က္ေတြေၾကာင့္ ကိုယ္ထူကိုယ္ထစနစ္နဲ႔ ေအာက္ဆီဂ်င္စက္႐ုံေတြတည္ေဆာက္ဖို႔ ျပည္သူေတြလုပ္ ေဆာင္ေနၾကပါတယ္။ ရခိုင္ျပည္တြင္း ေအာက္ဆီဂ်င္ လိုအပ္ခ်က္ေတြအတြက္ ျပည္နယ္ေကာင္စီဖက္က လုပ္ေဆာင္ေနတာနဲ႔ ပတ္သတ္လို႔ သိရွိႏိုင္ဖို႔ စစ္ေကာင္စီဖက္ကို ဆက္သြယ္ခဲ့ေပမယ့္ ဖုန္းလက္ခံေျဖဆိုခဲ့ျခင္း မရွိပါဘူး။

ရခိုင္ျပည္နယ္မွာ မေန႔က အထိ ကိုဗစ္-၁၉ ကူးစက္ခံရသူ ၂,၄၀၀ေက်ာ္အထိရွိေနၿပီး ေသဆုံးသူ ၁၂၀ ရွိတယ္လို႔ ရခိုင္ျပည္နယ္ ျပည္သူ႔က်န္းမာေရး ဦးစီးဌာနက ထုတ္ျပန္တဲ့စာရင္းေတြအရ သိရပါတယ္။

..................................................................................................

ရခိုင်ပြည်နယ်တွင်း ကိုဗစ်လူနာတိုးလာလို့ အောက်ဆီဂျင်လိုအပ်ချက်များနေ

(Unicode)

ရခိုင်ပြည်နယ်မှာ ကိုဗစ်အတည်ပြုလူနာတွေ တိုးလာတာကြောင့် အောက်ဆီဂျင်လိုအပ်ချက်တွေလည်း များလာနေပါတယ်။ မြောက်ဦးမြို့နယ်မှာလည်း ကိုဗစ်အတည်ပြုလူနာတိုး လာနေတာကြောင့် မြောက်ဦးအောက်ဆီဂျင်စက်ရုံက ထွက်တဲ့အောက်ဆီဂျင်တွေ တခြားမြို့နယ် တွေကို ကူညီနေတာတွေကို ရပ်တန့်ထားရတာပါ။ သံတွဲမြို့နယ်မှာလည်း မနေ့က ရေကြီး ရေလျံဖြစ်ပွားခဲ့တာကြောင့် အောက်ဆီဂျင် အခက်အခဲတွေ ရှိနေတယ်လို့ ပြောဆိုကြပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ရခိုင်ကလာတဲ့သတင်း ကိုငြိမ်းချမ်းပြောပြပါမယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မြောက်ဦးမြို့နယ်အတွင်းမှာ ကိုဗစ်အတည်ပြုလူနာတွေ သေဆုံး သူတွေ များပြားလာတာမှာ စက်ရုံကထွက်တဲ့ အောက်ဆီဂျင်ထက် ကိုဗစ်လူနာက ပိုများ နေတယ်လို့ မြောက်ဦး အောက်ဆီဂျင်စက်ရုံက တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဦးသန်းထွန်း ကပြောပါတယ်။

“ မြောက်ဦးဆေးရုံမှာပေါ့နော် အောက်ဆီဂျင်က သုံးစွဲသူတွေက အရမ်းများလာတယ်။ ပြောရမယ်ဆိုရင် အောက်ဆီဂျင်က တစ်နေ့ကို ဗူးလေးဆယ်လောက်ပဲ ထွက်တာ။ ပမဏချင်းချိန်လိုက်ရင် ထွက်နေတာထက် သုံးနေတဲ့ ပမာဏက ပိုများနေတယ်ပေါ့နော်။ အဲတာကြောင့် ကျနော်တို့က ခဏ ရပ်တန့်ထားတာပါ။ လောလောဆယ်မှာတော့ ကျနော်သိသလောက် ဆေးရုံမှာ လိုအပ်တဲ့သူရှူ၊ မလိုအပ်တဲ့သူတွေ မရှူခိုင်းဘူးပေါ့ ။အဲလိုမျိုးတော့ ပြောသံကြားပါတယ်။”

ကျောက်တော်၊ စစ်တွေ၊ ပေါက်တော၊ မင်းပြားနဲ့ မြေပံမြို့နယ်တွေရဲ့ အောက်ဆီဂျင်လိုအပ်ချက်တွေကို ကူညီပေးနေတဲ့ မြောက်ဦးအောက်ဆီဂျင်စက်ရုံဟာ ကိုယ်ထူကိုယ်ထ စနစ်နဲ့ တည်ဆောက်ထား တာဖြစ်ပြီးတစ်နေ့ကို အောက်ဆီဂျင် ၄၀လီတာ အလုံးလေးဆယ်လောက်အထိ ထုတ်လုပ်နိုင်ပါတယ်။

လက်ရှိမှာတော့ မြောက်ဦးမှာ ကိုဗစ်လူနာတွေ များပြားလာတာကြောင့် တခြားမြို့ နယ်တွေကို ကူညီပေးနေတာကို ရပ်တန့်ထားတယ်လို့ မြောက်ဦး အောက်ဆီဂျင်စက်ရုံက တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဦးသန်းထွန်း ကပြောပါတယ်။

“ ကျနော်တို့က ကျတော့ ကျောက်တော်ရယ် စစ်တွေရယ်၊ နောက်ပြီးတော့ မင်းပြားရယ် ပေါက်တောရယ်၊ နောက်ပြီးတော့ မြေပုံမြို့နယ်တွေကို ပေးတယ်။ အများကြီးတော့ မဟုတ်ပါဘူး အဆင်ပြေသလို အဲလိုပေါ့။ စစ်တွေဆိုရင်တော့ အများကြီးပေးရတယ်။ တနေ့ကို ဆယ်လုံးဆို ဆယ်လုံ၊း ၂၀ဆို ၂၀၊ မင်းပြားဆိုရင် ဆယ်လုံးကနေ ၈လုံး အဲလိုမျိုးပေါ့။ အဲဒါလည်း မြောက်ဦးမှာ လူနာတွေ မများခင်က ကူညီနိုင်တာပါ။ အခုလူနာတွေ များလာတော့ မကူညီနိုင်တော့ဘူး။ အဲတာကြောင့်ရပ်ဆိုင်းထားတာပါ။”

ကိုဗစ်လူနာတွေ တိုးလာနေတဲ့ မြောက်ဦးမြို့နယ်မှာ စေတနာ့ဝန်ထမ်းတွေ မလုံလောက်တာအပြင် ငွေကြေးပိုင်းဆိုင်ရာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ကိုဗစ် စေတနာ့ဝန်ထမ်းလုပ်နေတဲ့ မြောက်ဦး လူငယ်အစည်းအရုံ ဥက္ကဌ ကိုခိုင်မင်းသျှောင်က ပြောပါတယ်။

“ စေတနာ့ဝန်ထမ်းလုပ်နေတဲ့ သူတွေ ဘာအခက်အခဲရှိလည်းဆိုတော့ ကိုဗစ်နဲ့ ပတ်သတ်ပြီး သုံးစွဲရတဲ့ ငွေကြေးတွေ ရှိတာပေါ့နော်။ ကုန်ကျတာတွေရှိတယ်။ ဒီအပေါ်မှာ တစ်ခြားပြင်က အဖွဲ့အစည်းဖြစ်ဖြစ် ပုဂ္ဂလိက အလှူရှင်တွေ ဖြစ်ဖြစ် လှူဒါန်းတာတွေ နည်းတယ်။ ဆိုတော့ ငွေကြေး နည်းတော့ အလုပ်များကြီးလုပ်ဖို့နေရာတွေမှာ သိပ်ပြီးတော့ မတွင်ကျယ်တော့ဘူး။ အခက်အခဲဖြစ်တာပေါ့နော်။ ဂရုဏာလှိုင်း သွေးလှူရှင်အသင်းမှာဆိုရင်လည်း ကားကျတော့ တစ်ချိန်လုံးသွားနေရတာပေါ့နော်။ သူတို့မှာလည်း ဆီဖိုးနဲ့။ နောက်ပြီးတော့ဆီတို့ PPE ဝတ်စုံဝတ်စုံတို့ ထောက်ပံ့တဲ့ အဖွဲ့မရှိတော့ သူတို့မှာလည်း အခက်အခဲဖြစ်ရပါတယ်။”

ဒါ့အပြင် ရခိုင်တောင်းပိုင်း သံတွဲမြို့နယ်မှာဆိုရင်လည်း မနေ့က ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တာကြောင့် အောက်ဆီဂျင်စက်ရုံ ရေမြုပ်သွားတာကြောင့် အခုရက်ပိုင်း အောက်ဆီဂျင်ထုတ်လုပ်နိုင်မှာ မဟုတ်သလို ဆေးရုံမှာလည်း အောက်ဆီလိုအပ်နေတယ်လို့ သံတွဲနာရေးကူညီရေးအသင်း ဥက္ကဌ ဦးမြင့်ထွန်းကပြောပါတယ်။

“ ရေကတော့ အကုန်လုံးနီးပါး ခမ်းသွားပါပြီ။ အောက်ဆီဂျင်စက်ရုံကတော့ ဒီတစ်ရက်နှစ် ရက် လောက်ဆိုရင် ပြန်လည်ဖို့များပါတယ်။ အောက်ဆီဂျင်ပေးထားရတဲ့ လူတွေ အောက် ဆီဂျင် မရှိတော့ဘူးပေါ့။ ဟိုတစ်ရက်က အလုံးလေး ဘယ်လောက်ရှိလည်း နည်းနည်းပဲ ရှိတော့တယ်။ အောက်ဆီဂျင်ကလေ။ အောက်ဆီဂျင်လည်း ပြတ်တော့မယ်။”

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အများစုမှာ အောက်ဆီဂျင်လိုအပ်ချက်တွေကြောင့် ကိုယ်ထူကိုယ်ထစနစ်နဲ့ အောက်ဆီဂျင်စက်ရုံတွေတည်ဆောက်ဖို့ ပြည်သူတွေလုပ် ဆောင်နေကြပါတယ်။ ရခိုင်ပြည်တွင်း အောက်ဆီဂျင် လိုအပ်ချက်တွေအတွက် ပြည်နယ်ကောင်စီဖက်က လုပ်ဆောင်နေတာနဲ့ ပတ်သတ်လို့ သိရှိနိုင်ဖို့ စစ်ကောင်စီဖက်ကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခဲ့ခြင်း မရှိပါဘူး။

ရခိုင်ပြည်နယ်မှာ မနေ့က အထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂,၄၀၀ကျော်အထိရှိနေပြီး သေဆုံးသူ ၁၂၀ ရှိတယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။

Rakhine Oxygen
please wait

No media source currently available

0:00 0:03:51 0:00
တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG