သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားနဲ့ အရှေ့တီမော မိုးသည်းထန်မှု သေဆုံးသူ ၅၀ ကျော်ပြီ


[ Zawgyi/ Unicode ]

အင်ဒိုနီးရှားနိုင်ငံမှာ မိုးသည်းထန်ခဲ့တာကြောင့် ရေကြီးတာ၊ မြေပြိုတာတွေဖြစ်ပြီး အနည်းဆုံး လူ(၄၁)ဦး သေဆုံးကာ ၊ နိုင်ငံ့ အရှေ့ဖက်ခြမ်းက ထောင်ချီတဲ့ ဒေသခံတွေ အိုးမဲ့အိမ်မဲ့ ဖြစ်သွားရပါတယ်။ ခုချိန်ထိ ပျောက်ဆုံးနေသူတွေ ရှိကြောင်း အင်ဒိုနီးရှား သဘာဝ ဘေးအန္တရာယ်ကယ်ဆယ်ရေး အေဂျင်စီ BNPB က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

စနေနေ့ညတုန်းကဆိုရင် မိုးရေကြောင့် တောင်ကုန်းတွေပေါ်က ပျော်ဆင်းလာတဲ့ ရွှံ့နွံ တွေက Lamenele ကျေးရွာက အိမ်ခြေ(၅၀) လောက်ကို တိုက်စားသွားခဲ့တယ်လို့ BNPB အဖွဲ့ ပြောခွင့်ရ Raditya Jati က ပြောပါတယ်။ ဒါဇင်နဲ့ချီတဲ့ အိမ်တွေ ရွှံ့တွေကြား နစ်မြုပ်နေပြီး ၊ တချို့ အိမ်တွေဆိုရင် ရေထဲ မြောပါသွားတယ်လို့ သူက ဆိုပါတယ်။ ရှေ့လာမယ့် သီတင်းပတ်ထဲ ရာသီဥတုအခြေအနေ ဆက်လက် ဆိုးဝါးနေဦးမှာ ဖြစ်တယ်လို့ ခန့်မှန်းထားကြပါတယ်။

၉ နာရီကြာ မိုးသည်းထန်ပြီး ဆည်ရေ လျှံတာကြောင့် နိုင်ငံ့အနောက်ဖက် Nusa Tenggara ပြည်နယ် Bima မြို့က အိမ်ခြေ (၁၀၀၀)လောက် ရေနစ်မြုပ်ကာ အနည်းဆုံး လူ(၂)ဦး သေဆုံးခဲ့ပါတယ်။

အနီးအနားဒေသ အရှေ့တီမောမှာလည်း မိုးကြောင့် မြေပြိုပြီး လူ(၈)ဦး သေဆုံးခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

[ Unicode ]






XS
SM
MD
LG