သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယႏိုင္ငံ အေနာက္ျခမ္းေျမၿပိဳေရႀကီးမႈ ၁၁၃ ဦးထက္မနည္းေသဆုံး


India Landslide

Zawgyi/Unicode

အိႏၵိယႏိုင္ငံ အေနာက္ပိုင္း Maharashtra ျပည္နယ္မွာလည္း မုတ္သုန္မိုးေၾကာင့္ ေရႀကီး၊ ေျမၿပိဳတာေတြဆက္တိုက္ျဖစ္ပြါးခဲ့ၿပီး အနည္းဆုံး လူ ၁၁၃ ဦးေသဆုံးခဲ့သလို ၅၀ ထက္မနည္း ဒဏ္ရာရၿပီး လူ ၁၀၀ ေလာက္ေပ်ာက္ဆုံးေနပါတယ္။

ျပည္နယ္တြင္း ေရလႊမ္းမိုးမႈေတြေၾကာင့္ အနီးအနား ေက်း႐ြာ ၉၀၀ နီးပါးက လူေပါင္း ၁ သိန္း ၃ ေသာင္းေလာက္ကို ေဘးလြတ္ရာကို ကယ္ဆယ္ေပးခဲ့ရတယ္လို႔ တာဝန္ရွိသူ တဦးက ေျပာပါတယ္။ ပိတ္မိေနတဲ့ သူေတြကို ကယ္တင္ဖို႔ ကယ္ဆယ္ေရးအဖြဲ႔ေတြေစလႊတ္ထားတယ္လို႔လည္း အိႏၵိယ ေလတပ္က ေျပာပါတယ္။

Mumbai ၿမိဳ႕ ေတာင္ဘက္ ေက်း႐ြာေတြမွာ ေရလႊမ္းမိုးတဲ့ဒဏ္ အဆိုးဆုံးခံခဲ့ရၿပီး ၾကာသပေတးေန႔တုန္းကလည္း အိမ္ေျခ ၆၀ နီးပါးရွိတဲ့ ႐ြာတ႐ြာ ေျမၿပိဳနစ္ျမဳပ္ခဲ့ရတာေၾကာင့္ အနည္းဆုံး ၄၂ ေယာက္ေသဆုံးခဲ့သလို ၄၀ ေက်ာ္ေပ်ာက္ဆုံးေနတာပါ။

အိႏၵိယမွာ ႏွစ္စဥ္ ဇြန္လကေန စက္တင္ဘာလတြင္း မုတ္သုန္မိုးေၾကာင့္ ေရႀကီးတာ၊ ေျမၿပိဳတာေတြျဖစ္ေလ့ရွိပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္တုန္းကလည္း Mumbai ၿမိဳ႕နဲ႔ အနီးတဝိုက္ ေရႀကီး၊ ေျမၿပိဳတာေၾကာင့္ ေသဆုံးသူ အနည္းဆုံး ၃၀ ေလာက္ရွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


=======

Unicode

အိန္ဒိယနိုင်ငံ အနောက်ခြမ်းမြေပြိုရေကြီးမှု ၁၁၃ ဦးထက်မနည်းသေဆုံး

အိန္ဒိယနိုင်ငံ အနောက်ပိုင်း Maharashtra ပြည်နယ်မှာလည်း မုတ်သုန်မိုးကြောင့် ရေကြီး၊ မြေပြိုတာတွေဆက်တိုက်ဖြစ်ပွါးခဲ့ပြီး အနည်းဆုံး လူ ၁၁၃ ဦးသေဆုံးခဲ့သလို ၅၀ ထက်မနည်း ဒဏ်ရာရပြီး လူ ၁၀၀ လောက်ပျောက်ဆုံးနေပါတယ်။

ပြည်နယ်တွင်း ရေလွှမ်းမိုးမှုတွေကြောင့် အနီးအနား ကျေးရွာ ၉၀၀ နီးပါးက လူပေါင်း ၁ သိန်း ၃ သောင်းလောက်ကို ဘေးလွတ်ရာကို ကယ်ဆယ်ပေးခဲ့ရတယ်လို့ တာဝန်ရှိသူ တဦးက ပြောပါတယ်။ ပိတ်မိနေတဲ့ သူတွေကို ကယ်တင်ဖို့ ကယ်ဆယ်ရေးအဖွဲ့တွေစေလွှတ်ထားတယ်လို့လည်း အိန္ဒိယ လေတပ်က ပြောပါတယ်။

Mumbai မြို့ တောင်ဘက် ကျေးရွာတွေမှာ ရေလွှမ်းမိုးတဲ့ဒဏ် အဆိုးဆုံးခံခဲ့ရပြီး ကြာသပတေးနေ့တုန်းကလည်း အိမ်ခြေ ၆၀ နီးပါးရှိတဲ့ ရွာတရွာ မြေပြိုနစ်မြုပ်ခဲ့ရတာကြောင့် အနည်းဆုံး ၄၂ ယောက်သေဆုံးခဲ့သလို ၄၀ ကျော်ပျောက်ဆုံးနေတာပါ။

အိန္ဒိယမှာ နှစ်စဉ် ဇွန်လကနေ စက်တင်ဘာလတွင်း မုတ်သုန်မိုးကြောင့် ရေကြီးတာ၊ မြေပြိုတာတွေဖြစ်လေ့ရှိပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း Mumbai မြို့နဲ့ အနီးတဝိုက် ရေကြီး၊ မြေပြိုတာကြောင့် သေဆုံးသူ အနည်းဆုံး ၃၀ လောက်ရှိခဲ့ပါတယ်။

#India #IndiaLandslide #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG