သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သံတြဲၿမိဳ႕ေရႀကီးၿပီး လွ်ပ္စစ္မီးမ်ားျပတ္ေတာက္


ရခုိင္ေဒသတြင္း ေရလႊမ္းမိုးမႈ အေျခအေန (06/16/2018) (ဓာတ္ပံု-နိရဥၥရာ FB)

(Zawgyi/Unicode)

ရခိုင္ျပည္နယ္မွာ မိုးသည္းထန္စြာ႐ြာသြန္းေနတာေၾကာင့္ စစ္ေဘးဒုကၡသည္စခန္းေတြအပါအဝင္ ၿမိဳ႕နယ္ ေတာ္ေတာ္မ်ားမ်ား ေရႀကီးေရလ်ံတာေတြရွိေနပါတယ္။ သံတြဲၿမိဳ႕နယ္မွာ တစ္ၿမိဳ႕ လုံးနီးပါး ေရႀကီးေနတာေၾကာင့္ ေဆး႐ုံမွာ ရွိတဲ့ ကိုဗစ္လူနာေတြ အခက္ႀကဳံေနရသလို လွ်ပ္စစ္မီး ေတြလည္း ျပတ္ေနတယ္လို႔ ေဒသခံေတြက ေျပာဆိုၾကပါတယ္။ ဒီအေၾကာင္း အျပည့္ အစုံ ကိုေတာ့ ရန္ကုန္က လာတဲ့ သတင္း ကိုသားၫြန႔္ဦး ေျပာျပပါမယ္။

ရခိုင္ျပည္နယ္ေတာင္ပိုင္း သံတြဲၿမိဳ႕နယ္မွာ မိုးသည္းထန္စြာ ႐ြာသြန္းေနတာေၾကာင့္ ေရႀကီး ေရလ်ံတာေတြ ရွိေနၿပီး သံတြဲေဆး႐ုံမွာ ရွိတဲ့ လူနာေတြေနထိုင္ေရး အခက္အခဲျဖစ္ ေနၾက တယ္လို႔ သံတြဲနာေရးကူညီမႈအသင္းဥကၠဌ ကိုျမင့္ထြန္းက ေျပာပါတယ္။

“ သံတြဲမွာေရႀကီးေနတဲ့ အခါက်ေတာ့ က်ေနာ္တို႔ သံတြဲ သုႆန္ကို ယူဖို႔က်ေတာ့ အခက္ အခဲျဖစ္ေနတယ္။ ကမ္းေျခဖက္မွာ ရွိတဲ့ ဂ်ိတ္ေတာတို႔ ဟသၤားတို႔ကေတာ့ ကူၿပီးေတာ့ သၿဂီဳလၤ္ေပးေနရတာေပါ့။ လက္ရွိေလာေလာဆယ္ ႏွစ္ေလာင္းရွိတယ္။အဲတာကို က်ေနာ္တို႔ ထုတ္ဖို႔အခက္အခဲျဖစ္ေနတယ္။ အဲမွာယူလို႔မရ ေဆး႐ုံမွာလည္း လူနာေတြကအကုန္ ေရေတြ ဝင္ေနတာကို သူတို႔မွာလည္း ေအာက္ဆီဂ်င္စက္ေတြလည္း ေရျမဳပ္ေနတယ္။ အခက္အခဲျဖစ္ေနၾကတယ္။ ေဆး႐ုံကိုေတာ့ က်ေနာ္တို႔ လူေတြ သြားေနတုန္း ေလွေစာင့္ေနၾကတယ္။ ေရေတာ္ေတာ္ႀကီးေနၿပီ ေတာ္ေတာ္ကို အခက္အခဲျဖစ္ေနၾကၿပီ။ လူနာေတြကေတာ့ ကုတင္ေတြ ထပ္ၿပီးေတာ့ ေနၾကတာေပါ့အဲလိုမ်ိဳးေတြ။”

လက္ရွိအခ်ိန္ထိ သံတြဲၿမိဳ႕မွာ ေရ ဆက္လက္ျမင့္တက္ေနၿပီး ကယ္ဆယ္ေရးေတြလည္း မရွိတာေၾကာင့္ ျပည္သူေတြ အခက္ႀကဳံေနရတယ္လို႔ ကိုယ္တိုင္ေရေဘးရင္ဆိုင္ေနရတဲ့ မၿငိမ္းေကခိုင္က ေျပာပါတယ္။

“ ညီမတို႔ဆီမွာက်ေတာ့ ေရကတက္ေနတုန္းပဲ။ အိမ္က အခုလက္ရွိေနတဲ့ အိမ္ဆိုရင္ ၈ေပ ေက်ာ္ေလာက္ရွိတယ္ေပါ့ေနာ္။ အဲတာေတာင္ ေလွကားက ႏွစ္ထစ္ေလာက္ပဲ က်န္ေတာ့တာ။ အခုလက္ရွိလည္း ေရတက္တာ မရပ္ဘူးဆိုရင္ ညဖက္ ဘယ္လိုေနရ မလည္းေတာ့ မသိေသး ဘူးေပါ့ေနာ္။ အခုက တစ္ၿမိဳ႕တည္းမွာ ေျမႏိုမ့္ပိုင္းေလာက္ပဲ ျဖစ္တယ္ဆိုရင္ေတာ့ ကယ္ဆယ္ေရးေတြ ဘာေတြ ေမွ်ာ္လင့္လို႔ရတာေပါ့။အခုက တစ္ၿမိဳ႕လုံးေရျမဳပ္ေနတာဆိုေတာ့ ဘယ္သူ႔ကို ဘယ္သူက ကူညီၿပီးေတာ့ ဘယ္သူ႔ဆီမွာ အကူအညီသြားေတာင္းမလဲ အဲလိုပဲ အဆင္ေျပသလို ေနၾကရတာေပါ့။”

ဒီကေန႔ ညေန ေလးနာရီေလာက္မွာေတာ့ မၿငိမ္းေကခိုင္တို႔ေနတဲ့အိမ္မွာ ေရေတြ ေခါင္မိုး အထိေရာက္ေနတာေၾကာင့္ အသက္ေဘးနဲ႔ပါ ရင္ဆိုင္ေနရတယ္လို႔လည္း သူက ဆက္ေျပာပါတယ္။ သက္ဆိုင္ရာ ဌာနဆိုင္ေတြ အရပ္ဖက္လူမႈပရဟိတ အဖြဲ႕အစည္းေတြအေနနဲ႔လည္း လိုက္လံ ကယ္ဆယ္ေနေပမယ့္ လူအင္အားမေလာက္တာေတြ ေလွမရွိတာေတြေၾကာင့္ အခက္ႀကဳံေနရ တယ္လို႔လည္း အရံမီးသတ္တစ္ေယာက္က ေျပာပါတယ္။

ရခိုင္ျပည္နယ္အတြင္းကေက်ာက္ျဖဴ ေတာင္ကုတ္၊ မင္းျပား ေျမာက္ဦးစတဲ့ ၿမိဳ႕နယ္ ေတြမွာ လည္း ေရႀကီး ေရလွ်ံတာ ရွိေနေပမယ့္ ေနထိုင္လို႔ရတဲ့ အေနအထားမွာ ရွိေနေသးတယ္လို႔ ေဒသခံေတြက ေျပာဆိုၾကပါတယ္။ ေျမာက္ဦးၿမိဳ႕နယ္အတြင္းက လူဦးေရ တစ္ေထာက္ေက်ာ္ေနထိုင္တဲ့ ကလားေခ်ာင္း စစ္ေဘးဒုကၡသည္စခန္းမွာဆိုရင္လည္း ေရႀကီးေနတာ ေလးရက္ေလာက္ရွိတာေၾကာင့္ စားဝတ္ေနေရးအခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတယ္လို႔ ကလား ေခ်ာင္းစစ္ေဘးဒုကၡသည္စခန္းတာဝန္ခံ ဦးလွထြန္းေယက ေျပာပါတယ္။

“ အခုကေရလည္း ႀကီးေနသလို ကိုဗစ္-၁၉ကလည္းရွိေနေတာ့ အျပင္လည္းမထြက္ရဘူး။ စားေရးေသာက္ေရး အခက္အခဲေတြ ႀကဳံေနရတာေပါ့။ ေရကလည္း ဆက္တက္ ေနတယ္။ အျပင္ထြက္ၿပီးေတာ့လည္း အလုပ္လုပ္လို႔မရဆိုေတာ့ စားေရးေသာက္ေရး ေနေရးထိုင္ေရးက အစအကုန္လုံး အခက္အခဲျဖစ္ေနတာေပါ့။”

ရခိုင္ျပည္နယ္မွာ မိုးရာသီေရာက္တိုင္းနစ္စဥ္ ေရႀကီးေရလွ်ံတာေတြ ရွိေနသလို ထိခိုက္ ေသဆုံး ဒဏ္ရာရတာေတြလည္း ရွိခဲ့ပါတယ္။ သံတြဲၿမိဳ႕မွာ ဆိုရင္လည္း ႏွစ္စဥ္ ေရႀကီး ေရလ်ံတာေတြ ရွိေပမယ့္ ဒီေန႔မွာေတာ့ ႏွစ္တိုင္းထက္ ေရႀကီး ေရလ်ံတာေတြ ပိုျမင့္တက္ေနတယ္လို႔ ေဒသခံေတြက ေျပာဆိုၾကပါတယ္။

.........................................................................................

သံတွဲမြို့ရေကြီးပြီး လျှပ်စီးမီးများပြတ်တောက်

(Unicode)

ရခိုင်ပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် စစ်ဘေးဒုက္ခသည်စခန်းတွေအပါအဝင် မြို့နယ် တော်တော်များများ ရေကြီးရေလျံတာတွေရှိနေပါတယ်။ သံတွဲမြို့နယ်မှာ တစ်မြို့ လုံးနီးပါး ရေကြီးနေတာကြောင့် ဆေးရုံမှာ ရှိတဲ့ ကိုဗစ်လူနာတွေ အခက်ကြုံနေရသလို လျှပ်စစ်မီး တွေလည်း ပြတ်နေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ ဒီအကြောင်း အပြည့် အစုံ ကိုတော့ ရန်ကုန်က လာတဲ့ သတင်း ကိုသားညွန့်ဦး ပြောပြပါမယ်။

ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းနေတာကြောင့် ရေကြီး ရေလျံတာတွေ ရှိနေပြီး သံတွဲဆေးရုံမှာ ရှိတဲ့ လူနာတွေနေထိုင်ရေး အခက်အခဲဖြစ် နေကြ တယ်လို့ သံတွဲနာရေးကူညီမှုအသင်းဥက္ကဌ ကိုမြင့်ထွန်းက ပြောပါတယ်။

“ သံတွဲမှာရေကြီးနေတဲ့ အခါကျတော့ ကျနော်တို့ သံတွဲ သုဿန်ကို ယူဖို့ကျတော့ အခက် အခဲဖြစ်နေတယ်။ ကမ်းခြေဖက်မှာ ရှိတဲ့ ဂျိတ်တောတို့ ဟင်္သားတို့ကတော့ ကူပြီးတော့ သဂြီုင်္လ်ပေးနေရတာပေါ့။ လက်ရှိလောလောဆယ် နှစ်လောင်းရှိတယ်။အဲတာကို ကျနော်တို့ ထုတ်ဖို့အခက်အခဲဖြစ်နေတယ်။ အဲမှာယူလို့မရ ဆေးရုံမှာလည်း လူနာတွေကအကုန် ရေတွေ ဝင်နေတာကို သူတို့မှာလည်း အောက်ဆီဂျင်စက်တွေလည်း ရေမြုပ်နေတယ်။ အခက်အခဲဖြစ်နေကြတယ်။ ဆေးရုံကိုတော့ ကျနော်တို့ လူတွေ သွားနေတုန်း လှေစောင့်နေကြတယ်။ ရေတော်တော်ကြီးနေပြီ တော်တော်ကို အခက်အခဲဖြစ်နေကြပြီ။ လူနာတွေကတော့ ကုတင်တွေ ထပ်ပြီးတော့ နေကြတာပေါ့အဲလိုမျိုးတွေ။”

လက်ရှိအချိန်ထိ သံတွဲမြို့မှာ ရေ ဆက်လက်မြင့်တက်နေပြီး ကယ်ဆယ်ရေးတွေလည်း မရှိတာကြောင့် ပြည်သူတွေ အခက်ကြုံနေရတယ်လို့ ကိုယ်တိုင်ရေဘေးရင်ဆိုင်နေရတဲ့ မငြိမ်းကေခိုင်က ပြောပါတယ်။

“ ညီမတို့ဆီမှာကျတော့ ရေကတက်နေတုန်းပဲ။ အိမ်က အခုလက်ရှိနေတဲ့ အိမ်ဆိုရင် ၈ပေ ကျော်လောက်ရှိတယ်ပေါ့နော်။ အဲတာတောင် လှေကားက နှစ်ထစ်လောက်ပဲ ကျန်တော့တာ။ အခုလက်ရှိလည်း ရေတက်တာ မရပ်ဘူးဆိုရင် ညဖက် ဘယ်လိုနေရ မလည်းတော့ မသိသေး ဘူးပေါ့နော်။ အခုက တစ်မြို့တည်းမှာ မြေနိုမ့်ပိုင်းလောက်ပဲ ဖြစ်တယ်ဆိုရင်တော့ ကယ်ဆယ်ရေးတွေ ဘာတွေ မျှော်လင့်လို့ရတာပေါ့။အခုက တစ်မြို့လုံးရေမြုပ်နေတာဆိုတော့ ဘယ်သူ့ကို ဘယ်သူက ကူညီပြီးတော့ ဘယ်သူ့ဆီမှာ အကူအညီသွားတောင်းမလဲ အဲလိုပဲ အဆင်ပြေသလို နေကြရတာပေါ့။”

ဒီကနေ့ ညနေ လေးနာရီလောက်မှာတော့ မငြိမ်းကေခိုင်တို့နေတဲ့အိမ်မှာ ရေတွေ ခေါင်မိုး အထိရောက်နေတာကြောင့် အသက်ဘေးနဲ့ပါ ရင်ဆိုင်နေရတယ်လို့လည်း သူက ဆက်ပြောပါတယ်။ သက်ဆိုင်ရာ ဌာနဆိုင်တွေ အရပ်ဖက်လူမှုပရဟိတ အဖွဲ့အစည်းတွေအနေနဲ့လည်း လိုက်လံ ကယ်ဆယ်နေပေမယ့် လူအင်အားမလောက်တာတွေ လှေမရှိတာတွေကြောင့် အခက်ကြုံနေရ တယ်လို့လည်း အရံမီးသတ်တစ်ယောက်က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းကကျောက်ဖြူ တောင်ကုတ်၊ မင်းပြား မြောက်ဦးစတဲ့ မြို့နယ် တွေမှာ လည်း ရေကြီး ရေလျှံတာ ရှိနေပေမယ့် နေထိုင်လို့ရတဲ့ အနေအထားမှာ ရှိနေသေးတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ မြောက်ဦးမြို့နယ်အတွင်းက လူဦးရေ တစ်ထောက်ကျော်နေထိုင်တဲ့ ကလားချောင်း စစ်ဘေးဒုက္ခသည်စခန်းမှာဆိုရင်လည်း ရေကြီးနေတာ လေးရက်လောက်ရှိတာကြောင့် စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကလား ချောင်းစစ်ဘေးဒုက္ခသည်စခန်းတာဝန်ခံ ဦးလှထွန်းယေက ပြောပါတယ်။

“ အခုကရေလည်း ကြီးနေသလို ကိုဗစ်-၁၉ကလည်းရှိနေတော့ အပြင်လည်းမထွက်ရဘူး။ စားရေးသောက်ရေး အခက်အခဲတွေ ကြုံနေရတာပေါ့။ ရေကလည်း ဆက်တက် နေတယ်။ အပြင်ထွက်ပြီးတော့လည်း အလုပ်လုပ်လို့မရဆိုတော့ စားရေးသောက်ရေး နေရေးထိုင်ရေးက အစအကုန်လုံး အခက်အခဲဖြစ်နေတာပေါ့။”

ရခိုင်ပြည်နယ်မှာ မိုးရာသီရောက်တိုင်းနစ်စဉ် ရေကြီးရေလျှံတာတွေ ရှိနေသလို ထိခိုက် သေဆုံး ဒဏ်ရာရတာတွေလည်း ရှိခဲ့ပါတယ်။ သံတွဲမြို့မှာ ဆိုရင်လည်း နှစ်စဉ် ရေကြီး ရေလျံတာတွေ ရှိပေမယ့် ဒီနေ့မှာတော့ နှစ်တိုင်းထက် ရေကြီး ရေလျံတာတွေ ပိုမြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG