သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်နိုင်ငံမှာ မိုးကြီး၊ မြေပြိုမှုကြောင့် လူ ၂၀ ခန့် ပျောက်ဆုံး


ဂျပန်နိုင်ငံမှာ မိုးကြီး မြေပြိုမှုကြောင့် ပျက်စီးသွားတဲ့ ဘတ်စ်ကားနဲ့ နေအိမ်အချို့။ (ဇူလိုင် ၃၊ ၂၀၂၁)
ဂျပန်နိုင်ငံမှာ မိုးကြီး မြေပြိုမှုကြောင့် ပျက်စီးသွားတဲ့ ဘတ်စ်ကားနဲ့ နေအိမ်အချို့။ (ဇူလိုင် ၃၊ ၂၀၂၁)

(Zawgyi / Unicode)

ဂျပန်နိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် တိုကျိုအနောက်ပိုင်းက Atami မြို့ကလေးမှာ မြေပြိုပြီး ကားတွေ၊ ဒါဇင်နဲ့ချီတဲ့ နေအိမ်တွေ ရွှံ့နွံတွေအောက် နစ်မြုပ်ကုန်သလို လူပေါင်း ၁၉ ယောက်ထက်မနည်း ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

“လောလောဆယ် ထိခိုက်ပျက်စီးမှု အခြေနေကို အသေချာသိအောင် လုပ်နေကြောင်းနဲ့ ရှီဇူအိုကာခရိုင် အိဇူဆန်အရပ်က အထူးသဖြင့် Atami မြို့ကလေးမှာ နေအိမ်အများအပြားသာမက လူတချို့ပါ မြေပြိုတဲ့အထဲ ပါသွားသလို အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုရှိကြောင်း” ဂျပန်ဝန်ကြီးချုပ် Yoshihide Suga က ပြောပါတယ်။

ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကိုတော့ မီးသတ်၊ ရဲနဲ့ ကမ်းရိုးတန်းစောင့်တပ်သာမက ကိုယ့်ကိုယ်ကို ကာကွယ်ရေးတပ်ဖွဲ့တွေပါ ပါဝင် ဆောင်ရွက်နေကြတာပါ။ ပြင်းထန်တဲ့ ရေစီးနဲ့အတူ ပင်လယ်ထဲ မျောသွားသူ ၂ ဦးကို ကမ်းရိုးတန်းစောင့်တပ်တွေက ကယ်တင်ခဲ့ရပြီး သူတို့ ၂ ဦးရဲ့ အခြေနေ အသေးစိတ်ကို မသိရသေးဘူးလို့ Shizuoka ခရိုင် အုပ်ချုပ်ရေးမှူး Heita Kawakatsu က သတင်းထောက်တွေကို ပြောပါတယ်။

ဂျပန်မှာ ဒီသီတင်းပတ် အစောပိုင်းကစပြီး မိုးသည်းထန်စွာ ရွာသွန်းနေတဲ့အတွက် နောက်ထပ် ရေကြီး မြေပြိုမှုတွေ တိုးလာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။ အမြင့်ဆုံးဖြစ်တဲ့ အဆင့် ၅ သတိပေးချက် ထုတ်ပြန်တာ အပါအဝင် နေရာအတော်များများအတွက် ဘေးလွတ်ရာရှောင်ဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ Atami မြို့ကလေးဟာ တိုကျို အနောက်တောင်ဘက် ကီလို ၁၀၀ လောက်အကွာမှာရှိတဲ့ အပန်းဖြေ ကမ်းရိုးတန်းမြို့ကလေး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)






XS
SM
MD
LG