သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တနာရီ မိုင္ ၁၃၀ ႏႈန္း တိုက္ခတ္ႏိုင္တဲ့ မုန္တုိင္းေၾကာင့္ ဖိလစ္ပိုင္မွာ လူ ၁ သန္း ေဘးကင္းရာေရႊ႕


တုိင္ဖုန္းမုန္တုိင္း တုိက္ခတ္မယ့္အေရး ေဘးလြတ္ရာ ေရွာင္တိမ္းေနတဲ့ ဖိလစ္ပုိင္ျပည္သူအခ်ဳိ႕။ (ေအာက္တိုဘာ ၃၁၊ ၂၀၂၀)

(Zawgyi / Unicode)

ဖိလစ္ပိုင္ႏိုင္ငံမွာ ဒီႏွစ္ထဲ အင္အားအျပင္းဆုံးလို႔ ဆိုႏုိင္တဲ့ Goni တိုင္ဖုန္းမုန္တိုင္းဟာ တနာရီကုိ ၁၂၇ မိုင္ ေလတိုက္ႏႈန္းနဲ႔ ဦးတည္ ခ်ဥ္းကပ္လာေနၿပီး တနဂၤေႏြေန႔မွာ Luzon ကၽြန္းမႀကီးကို ျဖတ္မတိုက္ခင္ ဖိလစ္ပိုင္ အေရွ႕ဘက္ကမ္း႐ိုးတန္း အစြန္က Catanduanes ကၽြန္းကို မနက္ပုိင္းမွာ ဝင္ေရာက္ဖ်က္ဆီးဖြယ္ ရွိတယ္လုိ႔ ႏိုင္ငံရဲ႕ မိုးေလဝသဌာနက ခန္႔မွန္းထားပါတယ္။

အဲဒီေဒသမွာ ေလျပင္း႐ုိက္ခတ္မႈနဲ႔ ေရႀကီး ေျမၿပဳိတာေတြ ႀကဳံလာႏိုင္တာမို႔ ေဒသခံ ဖိလစ္ပိုင္ျပည္သူ ၁ သန္းနီးပါးကို ေနအိမ္ေတြကေန စြန္႔ခြာေစၿပီး ေဘးလြတ္ရာ ေရွာင္တိမ္းၾကဖုိ႔ အာဏာပုိင္ေတြ ႏႈိးေဆာ္ထားပါတယ္။

ခိုလႈံေရးစင္တာေတြအျဖစ္ ကုိဗစ္ေၾကာင့္ ပိတ္ထားရတဲ့ စာသင္ေက်ာင္းေတြ၊ ျပည္သူ႔အားကစား႐ုံေတြနဲ႔ အစိုးရပုိင္ အေရးေပၚခုိလႈံေရး အေဆာက္အဦေတြကို အသုံးျပဳမွာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္တုန္းကလည္း ဒီေဒသမွာပဲ Molave တိုင္ဖုန္းမုန္တုိင္း ဝင္တိုက္ခဲ့တာေၾကာင့္ လူ ၂၂ ဦး ေသဆုံးခဲ့ၿပီး ေျမနိမ့္ပိုင္းရြာေတြနဲ႔ စုိက္ပ်ဳိးေျမေတြပါ ေရျမဳပ္ခဲ့ရပါတယ္။ အဲဒီေနာက္ Molave မုန္တုိင္းဟာ ေတာင္တ႐ုတ္ပင္လယ္ကိုျဖတ္ၿပီး ဗီယက္နမ္ႏုိင္ငံဘက္ ထြက္သြားခဲ့တာပါ။

ႀကဳံလာမယ့္ သဘာဝေဘးဒုကၡကို ေျဖရွင္းႏိုင္ဖို႔ ေဒသအာဏာပုိင္ေတြဟာ စေနေန႔တုန္းက အေရးေပၚကယ္ဆယ္ေရး အဖြဲ႔ေတြကို အသင့္ျပင္ထားသလို အသက္ကယ္ပစၥည္းေတြ၊ ကယ္ဆယ္ေရးယာဥ္ေတြကိုပါ ႀကဳိတင္ျပင္ဆင္ထားပါတယ္။

Goni တိုင္ဖုန္းမုန္တုိင္းေၾကာင့္ ပင္လယ္လႈိင္းလုံးအျမင့္ဟာ ၁၀ ေပေလာက္အထိ ျမင့္တက္ ႐ိုက္ခတ္ႏိုင္တယ္လို႔ ခန္႔မွန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

တနာရီ မိုင် ၁၃၀ နှုန်း တိုက်ခတ်နိုင်တဲ့ မုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ လူ ၁ သန်း ဘေးကင်းရာရွှေ့

ဖိလစ်ပိုင်နိုင်ငံမှာ ဒီနှစ်ထဲ အင်အားအပြင်းဆုံးလို့ ဆိုနိုင်တဲ့ Goni တိုင်ဖုန်းမုန်တိုင်းဟာ တနာရီကို ၁၂၇ မိုင် လေတိုက်နှုန်းနဲ့ ဦးတည် ချဉ်းကပ်လာနေပြီး တနင်္ဂနွေနေ့မှာ Luzon ကျွန်းမကြီးကို ဖြတ်မတိုက်ခင် ဖိလစ်ပိုင် အရှေ့ဘက်ကမ်းရိုးတန်း အစွန်က Catanduanes ကျွန်းကို မနက်ပိုင်းမှာ ဝင်ရောက်ဖျက်ဆီးဖွယ် ရှိတယ်လို့ နိုင်ငံရဲ့ မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။

အဲဒီဒေသမှာ လေပြင်းရိုက်ခတ်မှုနဲ့ ရေကြီး မြေပြိုတာတွေ ကြုံလာနိုင်တာမို့ ဒေသခံ ဖိလစ်ပိုင်ပြည်သူ ၁ သန်းနီးပါးကို နေအိမ်တွေကနေ စွန့်ခွာစေပြီး ဘေးလွတ်ရာ ရှောင်တိမ်းကြဖို့ အာဏာပိုင်တွေ နှိုးဆော်ထားပါတယ်။

ခိုလှုံရေးစင်တာတွေအဖြစ် ကိုဗစ်ကြောင့် ပိတ်ထားရတဲ့ စာသင်ကျောင်းတွေ၊ ပြည်သူ့အားကစားရုံတွေနဲ့ အစိုးရပိုင် အရေးပေါ်ခိုလှုံရေး အဆောက်အဦတွေကို အသုံးပြုမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း ဒီဒေသမှာပဲ Molave တိုင်ဖုန်းမုန်တိုင်း ဝင်တိုက်ခဲ့တာကြောင့် လူ ၂၂ ဦး သေဆုံးခဲ့ပြီး မြေနိမ့်ပိုင်းရွာတွေနဲ့ စိုက်ပျိုးမြေတွေပါ ရေမြုပ်ခဲ့ရပါတယ်။ အဲဒီနောက် Molave မုန်တိုင်းဟာ တောင်တရုတ်ပင်လယ်ကိုဖြတ်ပြီး ဗီယက်နမ်နိုင်ငံဘက် ထွက်သွားခဲ့တာပါ။

ကြုံလာမယ့် သဘာဝဘေးဒုက္ခကို ဖြေရှင်းနိုင်ဖို့ ဒေသအာဏာပိုင်တွေဟာ စနေနေ့တုန်းက အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့တွေကို အသင့်ပြင်ထားသလို အသက်ကယ်ပစ္စည်းတွေ၊ ကယ်ဆယ်ရေးယာဉ်တွေကိုပါ ကြိုတင်ပြင်ဆင်ထားပါတယ်။

Goni တိုင်ဖုန်းမုန်တိုင်းကြောင့် ပင်လယ်လှိုင်းလုံးအမြင့်ဟာ ၁၀ ပေလောက်အထိ မြင့်တက် ရိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG