သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်တိုင်ဖွန်း လူ ၁၃ ဦးထက်မနည်း သေဆုံး


Phanfone တိုင်ဖွန်းမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ အိမ်တလုံးကို တွေ့ရစဉ် (ဒီဇင်ဘာ၊ ၂၅၊ ၂၀၁၉)
Phanfone တိုင်ဖွန်းမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ အိမ်တလုံးကို တွေ့ရစဉ် (ဒီဇင်ဘာ၊ ၂၅၊ ၂၀၁၉)

(Zawgyi/Unicode)

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းမှာ ခရစ္စမတ်နေ့က တိုက်ခတ်သွားခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်းကြောင့် လူ ၁၃ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။

Phanfone တိုင်ဖွန်းမုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံကို ၂ ရက်ကြာ ဖြတ်သန်းတိုက်ခတ်စဉ် တနာရီ လေတိုက်နှုန်း ကီလိုမီတာ ၁၂၀ လောက်နဲ့ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာပါ။

မုန်တိုင်းကြောင့် လူပေါင်းထောင်သောင်းချီ တိမ်းရှောင်ခဲ့ရပြီး စာသင်ကျောင်းတွေ၊ အားကစားရုံတွေနဲ့ အစိုးရအဆောက်အဦးတွေမှာ ယာယီခိုလှုံခဲ့ကြရပါတယ်။

ကူးတို့သင်္ဘော ပြေးဆွဲမှုတွေ ရပ်ဆိုင်းထားရတဲ့အတွက် မနေ့တုန်းက ဆိပ်ကမ်းတွေမှာ လူ ၂၀,၀၀၀ ကျော်လောက်လည်း သောင်တင်ခဲ့သလို ပြည်တွင်းလေယာဉ် ခရီးစဉ်တွေလည်း ရပ်ဆိုင်းခဲ့ရတာပါ။

မုန်တိုင်းရာသီ နိုဝင်ဘာလမှာ အဆုံးသတ်လေ့ ရှိတတ်တဲ့ ဖိလစ်ပိုင်နိုင်ငံဟာ တိုင်ဖွန်းနဲ့ အပူပိုင်းမုန်တိုင်းတွေ ဖြတ်သန်းတိုက်ခတ်တာ ခံရလေ့ရှိတတ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ အဆိုးဆုံးကြုံခဲ့ရတဲ့ ၂၀၁၃ နိုဝင်ဘာလထဲ Haiyan တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ခဲ့ရာမှာတော့ လူပေါင်း ၆,၀၀၀ ကျော် သေဆုံးပြီး အိမ်ခြေ ၂ သိန်းလောက် ပျက်စီးခဲ့တာပါ။

အင်အားအပြင်းဆုံး မုန်တိုင်း ၂၀၁၈ ခုနှစ် စက်တင်ဘာလထဲ တိုက်ခတ်ခဲ့ရာမှာလည်း မနီလာမြို့တော် မြောက်ဘက် တောင်ထူထပ်ရာဒေသမှာ လူပေါင်း ၈၁ ယောက် သေဆုံးခဲ့ဖူးပါတယ်။

Mankhut မုန်တိုင်းဒဏ်ခံခဲ့ရပြီးနောက် မုန်တိုင်းဒဏ် မကြာခဏ ကြုံရလေ့ရှိတတ်တဲ့ ဖိလစ်ပိုင်နိုင်ငံမှာ ကပ်ဘေးဒဏ် ခံနိုင်တဲ့ နေအိမ်တွေ ဆောက်လုပ်ရေးနဲ့ ပတ်သက်လို့ မေးခွန်းတွေလည်း ထွက်ပေါ်လာခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

[Unicode Version]










XS
SM
MD
LG