သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Hagibis တုိင္ဖုန္း ဝင္တိုက္သြားသည့္အေျခအေန ေဒသခံေျပာျပခ်က္


မုန္တုိင္းေၾကာင့္ မုိးသည္ထန္ၿပီး တုိက်ဳိၿမိဳ႕ Setagaya ရပ္ကြက္အတြင္း ေရဖုံးလႊမ္းေနသည့္ လမ္းမ်ား။

ႏွစ္ေပါင္း ၆၀ အတြင္း ဂ်ပန္ႏုိင္ငံကို အျပင္းထန္ဆံုးဝင္တိုက္တဲ့ စူပါတိုင္ဖုန္းလို႔ တင္စားေခၚဆိုၾကတဲ့ Hagibis မုန္တိုင္းဒဏ္ကို အျပင္းထန္ဆံုး ခံလိုက္ရတာကေတာ့ Chiba ေဒသျဖစ္တယ္လုိ႔ တိုက်ဳိၿမိဳ႕မွာေနထိုင္္တဲ့ ျမန္မာႏုိင္ငံသားတဦးက ဗီြအိုေအကို ေျပာပါတယ္။ မုန္တိုင္းဝင္တိုက္သြားတဲ့ အေျခအေန၊ လူအေသအေပ်ာက္၊ အပ်က္အစီး စတာေတြနဲ႔ပတ္သက္ၿပီး မုန္တိုင္းအေျခအေနကို မျပတ္ေစာင့္ၾကည့္ေနတဲ့ တိုက်ဳိၿမိဳ႕က စားေသာက္ဆုိင္ပိုင္ရွင္ ဦးထြန္းေဝကို ကိုဉာဏ္ဝင္းေအာင္က ဆက္သြယ္ေမးျမန္းတဲ့ အခါ ဦးထြန္းေဝက အခုလို စေျပာပါတယ္။

“Chiba အထိနာဆုံးပါပဲ။ အရင္က မုန္တုိင္းအမွတ္စဥ္ ၁၇ ဆုိတာ ရွိပါတယ္။ အဲဒီမုန္တုိင္းအမွတ္စဥ္ ၁၇ က အခုလက္ရွိ Chiba ရဲ႕ ၿမိဳ႕တဝက္ေက်ာ္ကို ဝါးၿမိဳျခင္းခံရပါတယ္။ အိမ္ေခါင္မုိးေတြ လြင့္တယ္၊ အိမ္ေတြအလုံးလုိက္ပါသြားတာ ရွိပါတယ္။ မေန႔ကတုိက္တဲ့ မုန္တုိင္းအမွတ္ ၁၉ မွာလည္း အဲဒီေနရာကိုပဲ ဗဟုိျပဳၿပီး ျပန္တုိက္ခတ္သြားတာ ေတြ႔ရပါတယ္။ အဲဒီေတာ့ အဲဒီေနရာမွာ အခုက မီးေတြျပတ္ၿပီးေတာ့ ကယ္ဆယ္ေရးလုပ္ငန္းေတြ ေခတၱခန ရပ္ဆုိင္းထားတာ ျမင္ေနရပါတယ္။ ေရေတြႀကီးတာေတြ ေတြ႔ေနရတယ္။ ေတာ္ေတာ္ေလးကို ဂ်ပန္အစုိးရ အေနနဲ႔ အခက္အခက္ေတြ အမ်ားႀကီးေတြ႔ရတယ္။ ေနာက္ၿပီးေတာ့ တုိက်ဳိဧရိယာဘက္မွာလည္း Family Mart တုိ႔ Lawson တုိ႔ ဗမာေတြ ေတာ္ေတာ္မ်ားမ်ား အဝယ္မ်ားတဲ့ ၂၄ နာရီဆုိင္ေတြမွာလည္း ေရျပတ္တာတုိ႔ စားစရာေတြ ျပတ္တာတုိ႔ ႀကဳံရပါတယ္။ တခ်ဳိ႕ တုိက်ဳိဧရိယာ ျပင္ပဘက္က ကုမၸဏီေတာ္ေတာ္မ်ားမ်ား၊ စားေသာက္ဆုိင္ ေတာ္ေတာ္မ်ားမ်ားက အကုန္လုံး စေနေန႔ညမွာ လုံးဝ ပိတ္ထားရပါတယ္။”

ကုိဉာဏ္ဝင္းေအာင္ - ဟုတ္ကဲ့၊ အဲဒီေလာက္ဆုိးေနေတာ့ လူအေသအေပ်ာက္ ရွိလားခင္ဗ်။

ဦးထြန္းေဝ - “Chiba ဘက္မွာ ကားေမွာက္ၿပီးေတာ့ တဦးေသတယ္။ ကားထဲမွာပါလာတဲ့ သူ႔ရဲ႕မိသားစု ကေလးသုံးေယာက္ကလည္းပဲ လြတ္သြားေပမယ့္ ေဆး႐ုံ အေရးေပၚတင္ရတယ္။ ကားေမာင္းတဲ့လူကေတာ့ ျမစ္ထဲထုိးက်လုိ႔ ဆုံးသြားတယ္ခင္ဗ်။ ၿပီးေတာ့ Fukushima ဘက္မွာ ေတာ္ေတာ္ဆုိးတယ္ဗ်။ Fukushima ၿမိဳ႕တဝက္ေက်ာ္က ေရလႊမ္းသြားပါတယ္။ ေရလႊမ္းသြားၿပီးေတာ့ ၁၀ ေပအထက္ရွိတဲ့ ကမ္းေျခကတက္လာတဲ့ ေရေတြဟာ အင္မတန္ ေၾကာက္ခမန္းလိလိ ၾကည့္ရတဲ့သူက အသည္းကို ယားေနတာပဲ။ ေရက ေတာ္ေတာ္ျပင္းပါတယ္။ တနာရီ ၁၉၈ မုိင္နဲ႔တုိက္တဲ့ မုန္တုိင္း ေလၾကမ္းေတြေၾကာင့္ ပါလာတဲ့ ပင္လယ္ေရေတြက ရပ္ကြက္ထဲကုိဝင္တယ္။ သူတို႔ေနအိမ္ေတြပါ အကုန္လုံးကို ဝင္ေရာက္လာပါတယ္။ ဒါကုိလည္း ဂ်ပန္တပ္မေတာ္ ရဟတ္ယာဥ္ေတြနဲ႔ ကယ္တာေတြ ျမင္ေတြ႔ေနရပါတယ္။”

ကုိဉာဏ္ဝင္းေအာင္ - ဆုိေတာ့ အိမ္ေတြၿပိဳလဲ ပ်က္စီး ဆုံး႐ႈံးတာေတြေရာ ရွိမွာေပါ့ေနာ္။

ဦးထြန္းေဝ - “ေျမၿပိဳတာကေတာ့ Gunma Ken ဘက္မွာ မေန႔က တီဗြီထဲမွာ ဖတ္ရပါတယ္။ လူ ၅ ေယာက္ေလာက္ ေပ်ာက္ဆုံးၿပီးေတာ့ အဲဒီနားမွာေနတဲ့ လူ ၂၀ ေလာက္က လုံးဝ ရွာမေတြ႔ဘူးဆုိၿပီး သတင္းတက္လာပါတယ္။ ဓာတ္တုိင္ေတြ လဲပါတယ္။ အိမ္ေတြလည္း ျမစ္ထဲကို ပါတာလည္း ရွိတယ္။ ေနာက္ၿပီးေတာ့ Miyagi Ken ဘက္မွာ အရင္တုန္းက ျပင္းအား ၇.၂ ရွိတဲ့ ဆူနာမီဝင္တဲ့၊ ငလ်င္လႈပ္ခဲ့တဲ့ေနရာကို ေျပာတာပါ၊ အခု အိမ္ေပၚကေန ကယ္ပါ ကယ္ပါဆုိၿပီး ရဟတ္ယာဥ္ကုိ အကူအညီေတာင္းေနတဲ့ အိမ္ထဲမွာ က်န္ေနတဲ့ လူေတြလည္း ေတြ႔ရပါတယ္။ အဲဒါကေတာ့ လက္ရွိ Miyagi Ken မွာ ေရကေတာ့ လုံးဝ မက်ေသးပါဘူး။ အိမ္ေတြ ေရထဲေမ်ာပါသြားတာလည္း ရွိသလုိ ကားေတြလည္း ေရထဲေမ်ာပါသြားတာ ေတြ႔ေနရပါတယ္။ ဓာတ္တုိင္ေတြလည္း အလီလီလဲတာ ေတြ႔ပါတယ္။”

ကိုဉာဏ္ဝင္းေအာင္ - တုိက်ဳိၿမိဳ႕ အခုေနာက္ဆုံး အေျခအေနက မုိးရြာေနတုန္းပဲလား၊ ဘယ္လိုအေျခအေန ျမင္ေနရလဲ။

ဦးထြန္းေဝ - “တုိက်ဳိၿမိဳ႕ လက္ရွိ မုိးအုံ႔ေနတယ္ဗ်၊ မုိးကတိတ္သြားၿပီ၊ မုိးလုံးဝ မရြာေတာ့ဘူး။ ဒါေပမယ့္ အေရးေပၚ ကယ္ဆယ္ေရးလုပ္ငန္းေတြ ဖြင့္ၿပီးေတာ့ အတူတကြ Volunteer အုပ္စုေတြပါ ပါဝင္ကူညီဖုိ႔ ဂ်ပန္အစုိးရက သူ႔ႏုိင္ငံသားေတြ အကုန္လုံးကို တုိက္တြန္းထားပါတယ္။”

ကုိဉာဏ္ဝင္းေအာင္ - မုန္တုိင္းက အခုခ်ိန္မွာ ဘယ္ေရာက္ေနၿပီ သိရလဲ။

ဦးထြန္းေဝ - “အခုခ်ိန္မွာ မုန္တုိင္းက တုိက်ဳိၿမိဳ႕ကေန ထြက္သြားၿပီ။ ေျမပုံအရ ေျပာမယ္ဆုိရင္ ပင္လယ္ဘက္ကုိ ဗဟုိျပဳၿပီး ပင္လယ္ဘက္ကို ျပန္ထြက္သြားတယ္လို႔ တီဗြီမွာ လက္ရွိ ေဖာ္ျပေနပါတယ္။”

ကိုဉာဏ္ဝင္းေအာင္ - တုိင္ဖုန္းမုန္တုိင္း မလာခင္မွာ ဂ်ပန္အစိုးရက မုန္တုိင္းနဲ႔ ပတ္သက္ၿပီးေတာ့ ဘယ္လုိႀကိဳတင္ ျပင္ဆင္မႈေတြ လုပ္တာ သတိထားမိပါသလဲ။

ဦးထြန္းေဝ - “မုန္တုိင္းနဲ႔ ပတ္သက္ၿပီးေတာ့ မုန္တုိင္းမလာခင္ တပတ္အလုိက စၿပီးေတာ့ ၿမိဳ႕နယ္တုိင္း အသီးသီးမွာ အစည္းအေဝးေတြ ေခၚၿပီးေတာ့ မုန္တုိင္းျပင္ဆင္ေရးအတြက္ ဘာေတြလုပ္မယ္၊ ဘာေတြလုပ္မယ္ ဆုိၿပီးေတာ့ သူတုိ႔ စီမံကိန္းေတြ ခ်ပါတယ္။ တပ္မေတာ္သားေတြ၊ ျပည္သူ႔ရဲေတြ၊ မီးသတ္ဝန္ထမ္းေတြ ၂ ေသာင္းေက်ာ္ေလာက္ မုန္တုိင္းမတုိင္ခင္ကတည္းက ဘယ္လိုကူညီမယ္၊ ေက်ာင္းေတြ ဖြင့္ထားတဲ့ ၿမိဳ႕နယ္တုိင္း ရပ္ကြက္တုိင္း ေနရာတုိင္းမွာ ေက်ာင္း ၁၀ ေက်ာင္းကေန ၇ ေက်ာင္းအထက္ အကုန္လုံး မုန္တုိင္းဒုကၡ ခံစားေနရသူေတြ တည္းဖို႔ နားခုိဖို႔ဆုိၿပီးေတာ့ ဖြင့္ေပးထားပါတယ္။”

ကိုဉာဏ္ဝင္းေအာင္ - မုန္တုိင္းက်မယ္ဆုိတဲ့အခ်ိန္မွာ ျမန္မာသံ႐ုံးကလည္း အကူအညီေတြ ေပးမယ္ဆုိၿပီး သတိေပးခ်က္ ထုတ္ျပန္တာ ေတြ႔ရပါတယ္။ အဲေတာ့ ျမန္မာႏုိင္ငံသားေတြ အေနနဲ႔က ျမန္မာသံ႐ုံးကေန အကူအညီ ရရွိေနပါသလား။

ဦးထြန္းေဝ - “သံ႐ုံးက ျမန္မာႏုိင္ငံသားေတြက အကူအညီ ရရိွတယ္ဆုိတာ အခုထက္ထိေတာ့ ဘာမွမၾကားေသးဘူးခင္ဗ်။ က်ေနာ္ မေန႔က ဒီဘက္ Shinjuku ပုိင္းမွာ တေယာက္ဒုကၡေရာက္လို႔ အကူအညီလွမ္းေတာင္းတယ္။ သံ႐ုံးက ဘယ္သူမွ ဖုန္းျပန္မေျဖဘူးခင္ဗ်။ အဲဒါနဲ႔ နီးစပ္ရာကုိ ေခၚၿပီးပဲ အကူအညီ လွမ္းေပးလုိက္ရပါတယ္။”

-----------------------------

(Unicode)

Hagibis တိုင်ဖုန်း ဝင်တိုက်သွားသည့်အခြေအနေ ဒေသခံပြောပြချက်

နှစ်ပေါင်း ၆၀ အတွင်း ဂျပန်နိုင်ငံကို အပြင်းထန်ဆုံးဝင်တိုက်တဲ့ စူပါတိုင်ဖုန်းလို့ တင်စားခေါ်ဆိုကြတဲ့ Hagibis မုန်တိုင်းဒဏ်ကို အပြင်းထန်ဆုံး ခံလိုက်ရတာကတော့ Chiba ဒေသဖြစ်တယ်လို့ တိုကျိုမြို့မှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတဦးက ဗွီအိုအေကို ပြောပါတယ်။ မုန်တိုင်းဝင်တိုက်သွားတဲ့ အခြေအနေ၊ လူအသေအပျောက်၊ အပျက်အစီး စတာတွေနဲ့ပတ်သက်ပြီး မုန်တိုင်းအခြေအနေကို မပြတ်စောင့်ကြည့်နေတဲ့ တိုကျိုမြို့က စားသောက်ဆိုင်ပိုင်ရှင် ဦးထွန်းဝေကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းတဲ့ အခါ ဦးထွန်းဝေက အခုလို စပြောပါတယ်။

“Chiba အထိနာဆုံးပါပဲ။ အရင်က မုန်တိုင်းအမှတ်စဉ် ၁၇ ဆိုတာ ရှိပါတယ်။ အဲဒီမုန်တိုင်းအမှတ်စဉ် ၁၇ က အခုလက်ရှိ Chiba ရဲ့ မြို့တဝက်ကျော်ကို ဝါးမြိုခြင်းခံရပါတယ်။ အိမ်ခေါင်မိုးတွေ လွင့်တယ်၊ အိမ်တွေအလုံးလိုက်ပါသွားတာ ရှိပါတယ်။ မနေ့ကတိုက်တဲ့ မုန်တိုင်းအမှတ် ၁၉ မှာလည်း အဲဒီနေရာကိုပဲ ဗဟိုပြုပြီး ပြန်တိုက်ခတ်သွားတာ တွေ့ရပါတယ်။ အဲဒီတော့ အဲဒီနေရာမှာ အခုက မီးတွေပြတ်ပြီးတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ခေတ္တခန ရပ်ဆိုင်းထားတာ မြင်နေရပါတယ်။ ရေတွေကြီးတာတွေ တွေ့နေရတယ်။ တော်တော်လေးကို ဂျပန်အစိုးရ အနေနဲ့ အခက်အခက်တွေ အများကြီးတွေ့ရတယ်။ နောက်ပြီးတော့ တိုကျိုဧရိယာဘက်မှာလည်း Family Mart တို့ Lawson တို့ ဗမာတွေ တော်တော်များများ အဝယ်များတဲ့ ၂၄ နာရီဆိုင်တွေမှာလည်း ရေပြတ်တာတို့ စားစရာတွေ ပြတ်တာတို့ ကြုံရပါတယ်။ တချို့ တိုကျိုဧရိယာ ပြင်ပဘက်က ကုမ္ပဏီတော်တော်များများ၊ စားသောက်ဆိုင် တော်တော်များများက အကုန်လုံး စနေနေ့ညမှာ လုံးဝ ပိတ်ထားရပါတယ်။”

ကိုဉာဏ်ဝင်းအောင် - ဟုတ်ကဲ့၊ အဲဒီလောက်ဆိုးနေတော့ လူအသေအပျောက် ရှိလားခင်ဗျ။

ဦးထွန်းဝေ - “Chiba ဘက်မှာ ကားမှောက်ပြီးတော့ တဦးသေတယ်။ ကားထဲမှာပါလာတဲ့ သူ့ရဲ့မိသားစု ကလေးသုံးယောက်ကလည်းပဲ လွတ်သွားပေမယ့် ဆေးရုံ အရေးပေါ်တင်ရတယ်။ ကားမောင်းတဲ့လူကတော့ မြစ်ထဲထိုးကျလို့ ဆုံးသွားတယ်ခင်ဗျ။ ပြီးတော့ Fukushima ဘက်မှာ တော်တော်ဆိုးတယ်ဗျ။ Fukushima မြို့တဝက်ကျော်က ရေလွှမ်းသွားပါတယ်။ ရေလွှမ်းသွားပြီးတော့ ၁၀ ပေအထက်ရှိတဲ့ ကမ်းခြေကတက်လာတဲ့ ရေတွေဟာ အင်မတန် ကြောက်ခမန်းလိလိ ကြည့်ရတဲ့သူက အသည်းကို ယားနေတာပဲ။ ရေက တော်တော်ပြင်းပါတယ်။ တနာရီ ၁၉၈ မိုင်နဲ့တိုက်တဲ့ မုန်တိုင်း လေကြမ်းတွေကြောင့် ပါလာတဲ့ ပင်လယ်ရေတွေက ရပ်ကွက်ထဲကိုဝင်တယ်။ သူတို့နေအိမ်တွေပါ အကုန်လုံးကို ဝင်ရောက်လာပါတယ်။ ဒါကိုလည်း ဂျပန်တပ်မတော် ရဟတ်ယာဉ်တွေနဲ့ ကယ်တာတွေ မြင်တွေ့နေရပါတယ်။”

ကိုဉာဏ်ဝင်းအောင် - ဆိုတော့ အိမ်တွေပြိုလဲ ပျက်စီး ဆုံးရှုံးတာတွေရော ရှိမှာပေါ့နော်။

ဦးထွန်းဝေ - “မြေပြိုတာကတော့ Gunma Ken ဘက်မှာ မနေ့က တီဗွီထဲမှာ ဖတ်ရပါတယ်။ လူ၅ ယောက်လောက် ပျောက်ဆုံးပြီးတော့ အဲဒီနားမှာနေတဲ့ လူ ၂၀ လောက်က လုံးဝ ရှာမတွေ့ဘူးဆိုပြီး သတင်းတက်လာပါတယ်။ ဓာတ်တိုင်တွေ လဲပါတယ်။ အိမ်တွေလည်း မြစ်ထဲကို ပါတာလည်း ရှိတယ်။ နောက်ပြီးတော့ Miyagi Ken ဘက်မှာ အရင်တုန်းက ပြင်းအား ၇.၂ ရှိတဲ့ ဆူနာမီဝင်တဲ့၊ ငလျင်လှုပ်ခဲ့တဲ့နေရာကို ပြောတာပါ၊ အခု အိမ်ပေါ်ကနေ ကယ်ပါ ကယ်ပါဆိုပြီး ရဟတ်ယာဉ်ကို အကူအညီတောင်းနေတဲ့ အိမ်ထဲမှာ ကျန်နေတဲ့ လူတွေလည်း တွေ့ရပါတယ်။ အဲဒါကတော့ လက်ရှိ Miyagi Ken မှာ ရေကတော့ လုံးဝ မကျသေးပါဘူး။ အိမ်တွေ ရေထဲမျောပါသွားတာလည်း ရှိသလို ကားတွေလည်း ရေထဲမျောပါသွားတာ တွေ့နေရပါတယ်။ ဓာတ်တိုင်တွေလည်း အလီလီလဲတာ တွေ့ပါတယ်။”

ကိုဉာဏ်ဝင်းအောင် - တိုကျိုမြို့ အခုနောက်ဆုံး အခြေအနေက မိုးရွာနေတုန်းပဲလား၊ ဘယ်လိုအခြေအနေ မြင်နေရလဲ။

ဦးထွန်းဝေ - “တိုကျိုမြို့ လက်ရှိ မိုးအုံ့နေတယ်ဗျ၊ မိုးကတိတ်သွားပြီ၊ မိုးလုံးဝ မရွာတော့ဘူး။ ဒါပေမယ့် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဖွင့်ပြီးတော့ အတူတကွ Volunteer အုပ်စုတွေပါ ပါဝင်ကူညီဖို့ ဂျပန်အစိုးရက သူ့နိုင်ငံသားတွေ အကုန်လုံးကို တိုက်တွန်းထားပါတယ်။”

ကိုဉာဏ်ဝင်းအောင် - မုန်တိုင်းက အခုချိန်မှာ ဘယ်ရောက်နေပြီ သိရလဲ။

ဦးထွန်းဝေ - “အခုချိန်မှာ မုန်တိုင်းက တိုကျိုမြို့ကနေ ထွက်သွားပြီ။ မြေပုံအရ ပြောမယ်ဆိုရင် ပင်လယ်ဘက်ကို ဗဟိုပြုပြီး ပင်လယ်ဘက်ကို ပြန်ထွက်သွားတယ်လို့ တီဗွီမှာ လက်ရှိ ဖော်ပြနေပါတယ်။”

ကိုဉာဏ်ဝင်းအောင် - တိုင်ဖုန်းမုန်တိုင်း မလာခင်မှာ ဂျပန်အစိုးရက မုန်တိုင်းနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုကြိုတင် ပြင်ဆင်မှုတွေ လုပ်တာ သတိထားမိပါသလဲ။

ဦးထွန်းဝေ - “မုန်တိုင်းနဲ့ ပတ်သက်ပြီးတော့ မုန်တိုင်းမလာခင် တပတ်အလိုက စပြီးတော့ မြို့နယ်တိုင်း အသီးသီးမှာ အစည်းအဝေးတွေ ခေါ်ပြီးတော့ မုန်တိုင်းပြင်ဆင်ရေးအတွက် ဘာတွေလုပ်မယ်၊ ဘာတွေလုပ်မယ် ဆိုပြီးတော့ သူတို့ စီမံကိန်းတွေ ချပါတယ်။ တပ်မတော်သားတွေ၊ ပြည်သူ့ရဲတွေ၊ မီးသတ်ဝန်ထမ်းတွေ ၂ သောင်းကျော်လောက် မုန်တိုင်းမတိုင်ခင်ကတည်းက ဘယ်လိုကူညီမယ်၊ ကျောင်းတွေ ဖွင့်ထားတဲ့ မြို့နယ်တိုင်း ရပ်ကွက်တိုင်း နေရာတိုင်းမှာ ကျောင်း ၁၀ ကျောင်းကနေ ၇ ကျောင်းအထက် အကုန်လုံး မုန်တိုင်းဒုက္ခ ခံစားနေရသူတွေ တည်းဖို့ နားခိုဖို့ဆိုပြီးတော့ ဖွင့်ပေးထားပါတယ်။”

ကိုဉာဏ်ဝင်းအောင် - မုန်တိုင်းကျမယ်ဆိုတဲ့အချိန်မှာ မြန်မာသံရုံးကလည်း အကူအညီတွေ ပေးမယ်ဆိုပြီး သတိပေးချက် ထုတ်ပြန်တာ တွေ့ရပါတယ်။ အဲတော့ မြန်မာနိုင်ငံသားတွေ အနေနဲ့က မြန်မာသံရုံးကနေ အကူအညီ ရရှိနေပါသလား။

ဦးထွန်းဝေ - “သံရုံးက မြန်မာနိုင်ငံသားတွေက အကူအညီ ရရှိတယ်ဆိုတာ အခုထက်ထိတော့ ဘာမှမကြားသေးဘူးခင်ဗျ။ ကျနော် မနေ့က ဒီဘက် Shinjuku ပိုင်းမှာ တယောက်ဒုက္ခရောက်လို့ အကူအညီလှမ်းတောင်းတယ်။ သံရုံးက ဘယ်သူမှ ဖုန်းပြန်မဖြေဘူးခင်ဗျ။ အဲဒါနဲ့ နီးစပ်ရာကို ခေါ်ပြီးပဲ အကူအညီ လှမ်းပေးလိုက်ရပါတယ်။”

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG