သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာဂီဘိစ် စူပါတိုင်ဖုန်း တိုကျိုကိုဖြတ်နေ


မုန်တိုင်းအရှိန်ကြောင့် ဂျပန်နိုင်ငံ Kiho နှင့် Mie စီရင်စုနယ်မြေတွင် လှိုင်းလုံးကြီးများ ရိုက်ခတ်နေစဉ်။ (အောက်တိုဘာ ၁၂၊ ၂၀၁၉)
မုန်တိုင်းအရှိန်ကြောင့် ဂျပန်နိုင်ငံ Kiho နှင့် Mie စီရင်စုနယ်မြေတွင် လှိုင်းလုံးကြီးများ ရိုက်ခတ်နေစဉ်။ (အောက်တိုဘာ ၁၂၊ ၂၀၁၉)

ဂျပန်နိုင်ငံ တိုကျိုမြို့တော်နဲ့ အနီးတဝိုက်ကို နှစ်ပေါင်း ၆၀ အတွင်း အဆိုးရွားဆုံး တိုင်ဖုန်းမုန်တိုင်းကြီး စတင်ဝင်ရောက်ပါပြီ။ ဟာဂီဘိစ် (Hagibis) မုန်တိုင်းဟာ ဒေသစံတော်ချိန်၊ စနေညပိုင်းမှာ တိုကျိုမြို့ အနောက်တောင်ပိုင်းကနေ ကုန်းတွင်းပိုင်းကို စတင်ဝင်ရောက်တာ ဖြစ်ပါတယ်။

တိုကျိုမြို့နဲ့ အနီးတဝိုက်တွေမှာ မိုးရေချိန် အန္တရာယ်ရှိလောက်တဲ့ အနေအထားထိ မိုးရွာသွန်းမယ်လို့ ဂျပန် မိုးလေဝသဌာနက သတိပေးထားပါတယ်။ မုန်တိုင်းဟာ Shizuoke အရပ်ကို မဝင်ရောက်ခင်လေးမှာပဲ တိုကျိုမြို့နားက ပင်လယ်ပြင်ကို ဗဟိုပြုပြီး ပြင်းအား ၅.၃ ရှိတဲ့ ငလျင်လှုပ်သွားခဲ့ပါသေးတယ်။ ခုလက်ရှိအချိန်ထိတော့ ဂျပန်အစိုးရ NHK သတင်းဌာနရဲ့ ပြောကြားချက်အရ လူ ၁ ဦးသေဆုံး၊ ၄ ဦး ပျောက်ဆုံးနေပြီး ၅၁ ဦး ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။

အရှေ့ဘက်ကမ်းရိုးတန်းကို အင်အားကြီး တိုင်ဖုန်းမုန်တိုင်း ဟာဂီဘိစ် ချဉ်းကပ်လာနေတာနဲ့အမျှ မုန်တိုင်းလမ်းကြောင်းပေါ်က လူတွေကို ဘေးလွတ်ရာ ချက်ချင်းရှောင်ရှားကြဖို့ အစိုးရက အစောပိုင်းကတည်းက တိုက်တွန်းလိုက်ပါတယ်။

မကြုံစဘူးလောက်အောင် စံချိန်တင် မိုးရွာသွန်းနေတာကို တိုင်းတာတွေ့ရှိထားတယ်လို့လည်း မိုးလေဝသဌာန ပြောခွင့်ရ Yasushi Kajiwara က ဒီကနေ့ ပြောပါတယ်။

ပြီးခဲ့တဲ့လပိုင်းက တိုက်ခတ်သွားတဲ့ တိုင်ဖုန်းမုန်တိုင်းကြောင့် လူနေအိမ်တွေ ပျက်စီးပြီး လျှပ်စစ်ဓာတ်အားတွေပါ ပြတ်တောက်ခဲ့ရတဲ့ တိုကျိုမြို့ အနောက်တောင်ဘက် Shizuoka and Mie စီရင်စုနယ်တွေမှာရော မြောက်ပိုင်းက Chiba အရပ်မှာပါ မိုးကြီးနေတာပါ။

မြေပြိုမှုတွေ ဖြစ်လေ့ရှိတဲ့ တောတောင်ထူထပ်တဲ့ အရပ်တွေမှာလည်း အလားတူ ဖြစ်လာနိုင်ကြောင့် ဂျပန်တာဝန်ရှိသူတွေက သတိပေးထားပါတယ်။ စစ်ဘက်နဲ့ ရဲတပ်ဖွဲ့အင်အား ၁၇၀၀၀ ထက်မနည်းတို့လည်း ကူညီကယ်ဆယ်ရေးအတွက် အဆင်သင့် ပြင်ဆင်ထားပါတယ်။

ဖိလစ်ပိုင်ဘာသာစကားအရ “အရှိန်အဟုန်” လို့ အဓိပ္ပာယ်ရတဲ့ ဟာဂီဘိစ် ဟာရီကိန်းမုန်တိုင်းဟာ တနာရီ မိုင် ၁၀၀ လေတိုက်နှုန်းနဲ့ အနောက်နဲ့ အနောက်မြောက်ပိုင်းဘက်ကို အင်အားကောင်းကောင်းနဲ့ ဦးတည်တိုက်ခတ်နေတယ်လို့ မိုးလေဝသဌာနက ပြောပါတယ်။

---------------------------

(Unicode)









တိုက်ရိုက် လင့်ခ်


XS
SM
MD
LG