သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဂ်ပန္မုန္တိုင္းအလြန္ ကယ္ဆယ္ကူညီေရး စတင္


မုန္တုိင္းတုိက္ခတ္ၿပီးေနာက္ ေဒသခံမ်ားအား ကူညီကယ္ဆယ္ေရး ေဆာင္ရြက္ေနသည့္ ဂ်ပန္တပ္ဖြဲ႔ဝင္မ်ား။ (ေအာက္တိုဘာ ၁၃၊ ၂၀၁၉)

ဂ်ပန္ႏုိင္ငံကို ၀င္ေရာက္တုိက္ခတ္ခဲ့တဲ့ အင္အားျပင္း တုိင္ဖုန္းမုန္တုိင္းအတြင္း ပိတ္မိေနတဲ့သူေတြနဲ႔ ေရႀကီးမႈဒဏ္ ခံေနရတဲ့သူေတြကို ကယ္တင္ႏုိင္ဖို႔အတြက္ ဂ်ပန္အစိုးရက တပ္ဖဲြ႔၀င္ေတြနဲ႔ ကယ္ဆယ္ေရးအဖဲြ႔၀င္ ေသာင္းနဲ႔ခ်ီၿပီး ဒီကေန႔မွာ ေစလႊတ္လိုက္ပါတယ္။

Hagibis တုိင္ဖုန္းမုန္တုိင္းေၾကာင့္ ဂ်ပန္ႏုိင္ငံမွာ လူ ၂၃ ေယာက္ေသဆုံးၿပီး ေနာက္ထပ္ ၁၆ ေယာက္လည္း ေပ်ာက္ဆုံးေနတယ္လို႔ ဂ်ပန္ႏုိင္ငံရဲ႕ NHK သတင္းဌာနက ေျပာပါတယ္။ တုိက်ိဳၿမိဳ႕ဟာလည္း မုန္တုိင္းဒဏ္ အႀကီးအက်ယ္ ခံလိုက္ရတဲ့အတြက္ ၿမိဳ႕ရဲ႕ လည္ပတ္မႈ လုပ္ငန္းစဥ္ေတြဟာလည္း ေခတၱရပ္တန္႔သြားခဲ့ပါတယ္။

Hagibis တုိင္ဖုန္းမုန္တိုင္းဟာ အခုႏွစ္ပိုင္းေတြအတြင္း အဆုိးရြားဆုံး ၀င္ေရာက္တုိက္ခတ္ခဲ့တဲ့ မုန္တုိင္းေတြထဲက တခုျဖစ္ပါတယ္။

မုန္တုိင္းေၾကာင့္ ဂ်ပန္ႏုိင္ငံ အေရွ႕ပိုင္းနဲ႔ အလယ္ပိုင္းေဒသေတြက အနိမ့္ပိုင္းေတြမွာ ေရလႊမ္းမိုးသြားခဲ့ၿပီး အိမ္ေျခ ၅ သိန္းေလာက္လည္း လွ်ပ္စစ္မီးေတြ ျပတ္ေတာက္ကုန္တယ္လို႔ ေျပာပါတယ္။

တုိက်ိဳၿမိဳ႕က နာရီတာေလဆိပ္နဲ႔ ဟာေနးဒါးေလဆိပ္ေတြမွာေတာ့ ေလယာဥ္ေတြ ျပန္ဆင္းလို႔ရၿပီျဖစ္ေပမယ့္ ဒီကေန႔အတြက္ ေလေၾကာင္းခရီးစဥ္ ၈၀၀ ေက်ာ္က ပ်က္သြားတယ္လို႔ NHK သတင္းဌာနက ေျပာပါတယ္။ ဒါ့အျပင္ မုန္ုတိုင္းဒဏ္ အဆုိးရြားဆုံး ခံလိုက္ရတဲ့ ေနရာေတြကို သြားေနတဲ့ က်ည္ဆန္ရထားခရီးစဥ္ေတြကိုလည္း ဖ်က္လိုက္တယ္လို႔ ဆုိပါတယ္။

ဒါ့အျပင္ တုိက်ိဳၿမိဳ႕တ၀ိုက္က Kanto ေဒသမွာ ထုတ္ထားတဲ့ မုိးရြာသြန္းမႈ သတိေပးခ်က္ကိုလည္း အာဏာပိုင္ေတြဘက္က အခုအခါမွာ ျပန္႐ုပ္သိမ္းလုိက္ၿပီး အခုအခါမွာေတာ့ စတုိးဆုိင္ေတြနဲ႔ ရထားခရီးစဥ္ေတြလည္း ျပန္ဖြင့္ေနၿပီျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဂ်ပန္ႏုိင္ငံ အေရွ႕ျခမ္းက ျမစ္ေရလွ်ံလာႏုိင္တဲ့အတြက္ ေနာက္ထပ္ ေရႀကီးမႈေတြ ျဖစ္လာႏုိင္တယ္လို႔ ဂ်ပန္အာဏာပိုင္ေတြက သတိေပးထားပါတယ္။

-----------------------------------

(Unicode)

ဂျပန်မုန်တိုင်းအလွန် ကယ်ဆယ်ကူညီရေး စတင်

ဂျပန်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အင်အားပြင်း တိုင်ဖုန်းမုန်တိုင်းအတွင်း ပိတ်မိနေတဲ့သူတွေနဲ့ ရေကြီးမှုဒဏ် ခံနေရတဲ့သူတွေကို ကယ်တင်နိုင်ဖို့အတွက် ဂျပန်အစိုးရက တပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင် သောင်းနဲ့ချီပြီး ဒီကနေ့မှာ စေလွှတ်လိုက်ပါတယ်။

Hagibis တိုင်ဖုန်းမုန်တိုင်းကြောင့် ဂျပန်နိုင်ငံမှာ လူ ၂၃ ယောက်သေဆုံးပြီး နောက်ထပ် ၁၆ ယောက်လည်း ပျောက်ဆုံးနေတယ်လို့ ဂျပန်နိုင်ငံရဲ့ NHK သတင်းဌာနက ပြောပါတယ်။ တိုကျိုမြို့ဟာလည်း မုန်တိုင်းဒဏ် အကြီးအကျယ် ခံလိုက်ရတဲ့အတွက် မြို့ရဲ့ လည်ပတ်မှု လုပ်ငန်းစဉ်တွေဟာလည်း ခေတ္တရပ်တန့်သွားခဲ့ပါတယ်။

Hagibis တိုင်ဖုန်းမုန်တိုင်းဟာ အခုနှစ်ပိုင်းတွေအတွင်း အဆိုးရွားဆုံး ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းတွေထဲက တခုဖြစ်ပါတယ်။

မုန်တိုင်းကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေက အနိမ့်ပိုင်းတွေမှာ ရေလွှမ်းမိုးသွားခဲ့ပြီး အိမ်ခြေ ၅ သိန်းလောက်လည်း လျှပ်စစ်မီးတွေ ပြတ်တောက်ကုန်တယ်လို့ ပြောပါတယ်။

တိုကျိုမြို့က နာရီတာလေဆိပ်နဲ့ ဟာနေးဒါးလေဆိပ်တွေမှာတော့ လေယာဉ်တွေ ပြန်ဆင်းလို့ရပြီဖြစ်ပေမယ့် ဒီကနေ့အတွက် လေကြောင်းခရီးစဉ် ၈၀၀ ကျော်က ပျက်သွားတယ်လို့ NHK သတင်းဌာနက ပြောပါတယ်။ ဒါ့အပြင် မုန်ုတိုင်းဒဏ် အဆိုးရွားဆုံး ခံလိုက်ရတဲ့ နေရာတွေကို သွားနေတဲ့ ကျည်ဆန်ရထားခရီးစဉ်တွေကိုလည်း ဖျက်လိုက်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တိုကျိုမြို့တဝိုက်က Kanto ဒေသမှာ ထုတ်ထားတဲ့ မိုးရွာသွန်းမှု သတိပေးချက်ကိုလည်း အာဏာပိုင်တွေဘက်က အခုအခါမှာ ပြန်ရုပ်သိမ်းလိုက်ပြီး အခုအခါမှာတော့ စတိုးဆိုင်တွေနဲ့ ရထားခရီးစဉ်တွေလည်း ပြန်ဖွင့်နေပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂျပန်နိုင်ငံ အရှေ့ခြမ်းက မြစ်ရေလျှံလာနိုင်တဲ့အတွက် နောက်ထပ် ရေကြီးမှုတွေ ဖြစ်လာနိုင်တယ်လို့ ဂျပန်အာဏာပိုင်တွေက သတိပေးထားပါတယ်။

ဂ်ပန္မုန္တိုင္းအလြန္ ကယ္ဆယ္ကူညီေရး စတင္
please wait

No media source currently available

0:00 0:01:26 0:00
တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG