သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တိုင္ဖြန္းမုန္တိုင္း Hagibis ေၾကာင့္ ဂ်ပန္မွာ ေသဆုံးသူ ၅၀ ေက်ာ္အထိရွိ


ဂ်ပန္ႏုိင္ငံ အလယ္ပိုင္းနဲ႔ ေျမာက္ပိုင္းေဒသေတြမွာ စေနေန႔က၀င္ေရာက္ခဲ့တဲ့ အင္အားျပင္းတိုင္ဖြန္းမုန္တုိင္းေၾကာင့္ ထိခိုက္ပ်က္စီးမႈေတြနဲ႔ ေသဆံုးသူ အေရအတြက္ ဒီကေန႔ ထပ္ တုိးလာေနပါတယ္။

ေသဆံုးသူဦးေရ ၅၃ ေယာက္အထိ တိုးလာေနျပီး ေပ်ာက္ဆံုးေနသူ ေနာက္ထပ္ ကိုး ဦးဟာလည္း ေသဆံုးႏုိင္ဖြယ္ရွိတာေၾကာင့္ ေသဆံုးအေရအတြက္ ထပ္တုိးလာႏုိင္တဲ့အေၾကာင္း ၀န္ႀကီးခ်ဳပ္ Shinzo Abe က လႊတ္ေတာ္ ေဆြးေႏြးပြဲတခုမွာ ေျပာဆိုသြားပါတယ္။

က်ိဳဒို သတင္းဌာနကေတာ့ သူတို႔ေကာက္ယူရရွိတဲ့စာရင္းအရ ေသဆံုးသူ ၆၉ ေယာက္အထိ ရွိေၾကာင္း ေျပာပါတယ္။ သဘာ၀ေဘးအႏၱရာယ္ တံု႔ျပန္ကိုင္တြယ္ေရးနဲ႔ ျပန္လည္ တည္ေဆာက္ေရး လုပ္ငန္းေတြ အတြက္ အထူး ဘတ္ဂ်က္အသံုးစရိတ္ကို အတည္ျပဖို႔ သံုးသပ္ စဥ္းစားေနတဲ့အေၾကာင္း အစိုးရက ေျပာပါတယ္။

ဂ်ပန္ႏုိင္ရဲ႕ ပင္မကၽြန္းၾကီးကို စေနေန႔က ၀င္ေရာက္တိုက္ခတ္ခဲ့တဲ့ Hagibis တိုင္ဖြန္းမုန္တိုင္းေၾကာင့္ ေလျပင္းတိုက္ခတ္မႈေတြနဲ႔အတူ သမုိင္းတေလွ်ာက္ မၾကံဳစဖူး မိုးအၾကီးအက်ယ္ ရြာသြန္းခဲ့တာေၾကာင့္ ျမစ္ေပါင္း ၂၀၀ ေက်ာ္ ေရေတြ လွ်ံတက္ခဲ့ျပီး လူေနအိမ္ ေထာင္ေပါင္းမ်ားစြာ ေရျမွဳပ္ခဲ့ရပါတယ္။

အိမ္ေျခေထာင္ေပါင္းမ်ားစြာ ထိခိုက္ပ်က္စီးခဲ့ရျပီး လွ်ပ္စစ္မီးေတြလည္း ပ်က္ေတာက္သြားခဲ့ရပါတယ္။ Hagibis တိုင္ဖြန္းမုန္တိုင္းဟာ ဂ်ပန္ႏိုင္ငံမွာ ႏွစ္ေပါင္း ၆၀ ေက်ာ္အတြင္း အျပင္းထန္ဆံုး တိုက္ခတ္ခဲ့တဲ့ မုန္တိုင္းပဲျဖစ္ပါတယ္။

တိုက်ိဳျမိဳ႕ အလယ္ပိုင္းမွာေတာ့ ေရက်သြားတဲ့ေနရာေတြမွာ ရွင္းလင္းတာေတြ လုပ္ေနၾကျပီး အေျခအေနက ပံုမွန္နီးပါး ျပန္ျဖစ္လာေနေပမဲ့၊ မုန္တုိင္းဒဏ္ ဆုိးဆိုးရြားရြား ခံခဲ့ရတဲ့ Nagano နဲ႔ Fukushima ျမိဳ႕ေတြမွာေတာ့ ခုထိ ေရၾကီးမႈဒဏ္ ခံေနရဆဲပဲ ျဖစ္ပါတယ္။

[Unicode Version]

ဂျပန်နိုင်ငံ အလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ စနေနေ့ကဝင်ရောက်ခဲ့တဲ့ အင်အားပြင်းတိုင်ဖွန်းမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုတွေနဲ့ သေဆုံးသူ အရေအတွက် ဒီကနေ့ ထပ် တိုးလာနေပါတယ်။

သေဆုံးသူဦးရေ ၅၃ ယောက်အထိ တိုးလာနေပြီး ပျောက်ဆုံးနေသူ နောက်ထပ် ကိုး ဦးဟာလည်း သေဆုံးနိုင်ဖွယ်ရှိတာကြောင့် သေဆုံးအရေအတွက် ထပ်တိုးလာနိုင်တဲ့အကြောင်း ဝန်ကြီးချုပ် Shinzo Abe က လွှတ်တော် ဆွေးနွေးပွဲတခုမှာ ပြောဆိုသွားပါတယ်။

ကျိုဒို သတင်းဌာနကတော့ သူတို့ကောက်ယူရရှိတဲ့စာရင်းအရ သေဆုံးသူ ၆၉ ယောက်အထိ ရှိကြောင်း ပြောပါတယ်။ သဘာဝဘေးအန္တရာယ် တုံ့ပြန်ကိုင်တွယ်ရေးနဲ့ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းတွေ အတွက် အထူး ဘတ်ဂျက်အသုံးစရိတ်ကို အတည်ပြဖို့ သုံးသပ် စဉ်းစားနေတဲ့အကြောင်း အစိုးရက ပြောပါတယ်။

ဂျပန်နိုင်ရဲ့ ပင်မကျွန်းကြီးကို စနေနေ့က ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ Hagibis တိုင်ဖွန်းမုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်မှုတွေနဲ့အတူ သမိုင်းတလျှောက် မကြုံစဖူး မိုးအကြီးအကျယ် ရွာသွန်းခဲ့တာကြောင့် မြစ်ပေါင်း ၂၀၀ ကျော် ရေတွေ လျှံတက်ခဲ့ပြီး လူနေအိမ် ထောင်ပေါင်းများစွာ ရေမြှုပ်ခဲ့ရပါတယ်။

အိမ်ခြေထောင်ပေါင်းများစွာ ထိခိုက်ပျက်စီးခဲ့ရပြီး လျှပ်စစ်မီးတွေလည်း ပျက်တောက်သွားခဲ့ရပါတယ်။ Hagibis တိုင်ဖွန်းမုန်တိုင်းဟာ ဂျပန်နိုင်ငံမှာ နှစ်ပေါင်း ၆၀ ကျော်အတွင်း အပြင်းထန်ဆုံး တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းပဲဖြစ်ပါတယ်။

တိုကျိုမြို့ အလယ်ပိုင်းမှာတော့ ရေကျသွားတဲ့နေရာတွေမှာ ရှင်းလင်းတာတွေ လုပ်နေကြပြီး အခြေအနေက ပုံမှန်နီးပါး ပြန်ဖြစ်လာနေပေမဲ့၊ မုန်တိုင်းဒဏ် ဆိုးဆိုးရွားရွား ခံခဲ့ရတဲ့ Nagano နဲ့ Fukushima မြို့တွေမှာတော့ ခုထိ ရေကြီးမှုဒဏ် ခံနေရဆဲပဲ ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG