သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖိလစ္ပိုင္ တိုင္ဖုန္း ေသဆုံးသူ ၁၀ ဦးရွိၿပီ


(Zawgyi/Unicode)

ဖိလစ္ပုိင္ႏုိင္ငံၿမိဳ႕ေတာ္ ေတာင္ပုိင္းက ခရုိင္ေတြမွာ ၀င္ေရာက္တုိက္ခတ္ခဲ့တဲ့ မုန္တုိင္းေၾကာင့္ ေသဆုံးသူ ၁၀ ဦး ရွိသြားၿပီလုိ႔ သဘာ၀ေဘးဒဏ္ ကယ္ဆယ္ေရး ၀န္ထမ္းေတြက ဒီကေန႔ ေျပာပါတယ္။

အခုလုိ ၁၀ ဦးပဲ ေသဆုံးတာဟာ ႀကိဳတင္ ျပင္ဆင္မႈေတြနဲ႔ မျဖစ္မေန ေဘးလြတ္ရာကုိ ေရွာင္တိမ္းရမယ္ဆုိ ႀကိဳတင္ ေဆာင္ရြက္မႈေတြေၾကာင့္ျဖစ္တယ္လုိ႔ ဆုိပါတယ္။

အခုႏွစ္အတြင္း အႀကိမ္ ၂၀ ေျမာက္အျဖစ္ ၀င္ေရာက္လာတဲ့ Kammuri မုန္တုိင္းဟာ ဖိလစ္ပုိင္ကုိ တနလၤာေန႔ညက ၀င္ေရာက္ တုိက္ခတ္လာတာေၾကာင့္ ေထာင္ေပါင္းမ်ားစြာေသာ ေဒသခံေတြ ေဘးကင္းရာကုိ ေရွာင္တိမ္းေပးခဲ့ရသလုိ ရာနဲ႔ခ်ီတဲ့ ေလေၾကာင္းလုိင္းေတြလဲ ဖ်က္ခဲ့ရပါတယ္။

ဒါ့အျပင္ ဖိလစ္ပုိင္က အိမ္ရွင္အျဖစ္ ဒီဇင္ဘာ ၁၁ ရက္ေန႔အထိ လက္ခံက်င္းပေနတဲ့ အေရွ႕ေတာင္အာရွ အားကစားၿပိဳင္ပြဲက ၿပိဳင္ပြဲတခ်ဳိ႕လဲ ဖ်က္ခဲ့ရပါတယ္။

အလယ္ပုိင္း Bicol ေဒသမွာ လူ ၅ ဦးေသဆုံးခဲ့တာမွာ ၃ ဦးက ေရနစ္ၿပီး ေသဆုံးသြားတာလုိ႔ သဘာ၀ေဘးဒဏ္ ကယ္ဆယ္ေရး ေအဂ်င္စီက ထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ က်န္ ၅ ဦးကေတာ့ ၿမိဳ႕ေတာ္ရဲ႕ ေတာင္ဘက္က ေဒသအတြင္းမွာ ေသဆုံးသြားတာလုိ႔ ဆုိပါတယ္။

လူေပါင္း ၃ သိန္းခြဲေလာက္ဟာ အေရးေပၚကယ္ဆယ္ေရးဌာနမွာ ရွိေနၾကဆဲျဖစ္ၿပီး သူတုိ႔အိမ္ကုိ ျပန္ႏုိင္ေရးအတြက္ အာဏာပုိင္ေတြရဲ႕ ခြင့္ျပဳမိန္႔ရဖုိ႔ ေစာင့္ေနၾကတယ္လုိ႔ ဆုိပါတယ္။

မုန္တုိင္း Kammuri ဟာ အခုခ်ိန္မွာ ေလတုိက္ႏႈန္း တနာရီ ၆၇ မုိင္ႏႈန္းနဲ႔ တုိက္ခတ္ေနၿပီး ဗုဒၶဟူးေန႔ညမွာ တုိင္းျပည္အတြင္းကေန စတင္ ထြက္ခြာသြားၿပီလုိ႔ ဖိလစ္ပုိင္ မုိးဇလဌာနက ေျပာပါတယ္။

ဖိလစ္ပိုင္ တိုင္ဖုန္း ေသဆုံးသူ ၁၀ ဦးရွိၿပီ
please wait

No media source currently available

0:00 0:01:11 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဖိလစ်ပိုင်တိုင်ဖုန်း သေဆုံးသူ ၁၀ ဦးရှိပြီ

ဖိလစ်ပိုင်နိုင်ငံမြို့တော် တောင်ပိုင်းက ခရိုင်တွေမှာ ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် သေဆုံးသူ ၁၀ ဦး ရှိသွားပြီလို့ သဘာဝဘေးဒဏ် ကယ်ဆယ်ရေး ဝန်ထမ်းတွေက ဒီကနေ့ ပြောပါတယ်။

အခုလို ၁၀ ဦးပဲ သေဆုံးတာဟာ ကြိုတင် ပြင်ဆင်မှုတွေနဲ့ မဖြစ်မနေ ဘေးလွတ်ရာကို ရှောင်တိမ်းရမယ်ဆို ကြိုတင် ဆောင်ရွက်မှုတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

အခုနှစ်အတွင်း အကြိမ် ၂၀ မြောက်အဖြစ် ဝင်ရောက်လာတဲ့ Kammuri မုန်တိုင်းဟာ ဖိလစ်ပိုင်ကို တနင်္လာနေ့ညက ဝင်ရောက် တိုက်ခတ်လာတာကြောင့် ထောင်ပေါင်းများစွာသော ဒေသခံတွေ ဘေးကင်းရာကို ရှောင်တိမ်းပေးခဲ့ရသလို ရာနဲ့ချီတဲ့ လေကြောင်းလိုင်းတွေလဲ ဖျက်ခဲ့ရပါတယ်။

ဒါ့အပြင် ဖိလစ်ပိုင်က အိမ်ရှင်အဖြစ် ဒီဇင်ဘာ ၁၁ ရက်နေ့အထိ လက်ခံကျင်းပနေတဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲက ပြိုင်ပွဲတချို့လဲ ဖျက်ခဲ့ရပါတယ်။

အလယ်ပိုင်း Bicol ဒေသမှာ လူ ၅ ဦးသေဆုံးခဲ့တာမှာ ၃ ဦးက ရေနစ်ပြီး သေဆုံးသွားတာလို့ သဘာဝဘေးဒဏ် ကယ်ဆယ်ရေး အေဂျင်စီက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကျန် ၅ ဦးကတော့ မြို့တော်ရဲ့ တောင်ဘက်က ဒေသအတွင်းမှာ သေဆုံးသွားတာလို့ ဆိုပါတယ်။

လူပေါင်း ၃ သိန်းခွဲလောက်ဟာ အရေးပေါ်ကယ်ဆယ်ရေးဌာနမှာ ရှိနေကြဆဲဖြစ်ပြီး သူတို့အိမ်ကို ပြန်နိုင်ရေးအတွက် အာဏာပိုင်တွေရဲ့ ခွင့်ပြုမိန့်ရဖို့ စောင့်နေကြတယ်လို့ ဆိုပါတယ်။

မုန်တိုင်း Kammuri ဟာ အခုချိန်မှာ လေတိုက်နှုန်း တနာရီ ၆၇ မိုင်နှုန်းနဲ့ တိုက်ခတ်နေပြီး ဗုဒ္ဓဟူးနေ့ညမှာ တိုင်းပြည်အတွင်းကနေ စတင် ထွက်ခွာသွားပြီလို့ ဖိလစ်ပိုင် မိုးဇလဌာနက ပြောပါတယ်။

XS
SM
MD
LG