သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာရီကိန်း Dorian အားပျော့ပြီး အမေရိကန် ဖလော်ရီဒါ ဘက်ဦးတည်


ဟာရီကိန်း မုန်တိုင်း Dorian က Grand Bahama ကျွန်းကို အင်္ဂါနေ့မှာ အကြီးအကျယ် မွှေနှောက် တိုက်ခတ် ဖျက်စီးခဲ့ပြီး အမေရိကန်ရဲ့ တောင်ပိုင်း ပြည်နယ် ဖလော်ရီဒါကို စတင်ချဉ်းကပ်လာ နေပါတယ်။

အပန်းဖြေ ခရီးသွားတွေကြား ကျော်ကြားတဲ့ ဘဟားမား နိုင်ငံမှာ အန္တရာယ် အကြီးဆုံး အဖြစ် သတ်မှတ်ထားတဲ့ ပြင်းအား အဆင့် ၅ ဟာရီကိန်း မုန်တိုင်း အဖြစ်နဲ့ ပထမဆုံး ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် တနာရီကို လေတိုက်နှုန်း ၁၇၅ ကီလိုမီတာ နှုန်း ရှိလာတဲ့ ဟာရီကိန်း မုန်တိုင်း Dorian က အခုတော့ ပြင်းအား အဆင့် ၂ မုန်တိုင်း အဖြစ် သတ်မှတ်ထားပါတယ်။ ဒါပေမယ့်လည်း တချိန်တည်းမှာဘဲ မုန်တိုင်းက ကြီးလာနေတယ်လို့ အမေရိကန် ဟာရီကိန်း စောင့်ကြည့် စင်တာက ပြောဆိုထားပါတယ်။

အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ် ကမ်းခြေကို ဦးတည်ပြီး အနောက်မြောက်ဘက်ကို တနာရီ ၄ ကီလိုမီတာ နှုန်းနဲ့ ရွေ့လျားလာနေတဲ့ Dorian ဟာရီကိန်းက အလွန် အန္တရာယ်ရှိနေဆဲလို့လည်း မိုးလေဝသ ပညာရှင်တွေက ပြောဆိုကြပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ အရှေ့ပိုင်းကို ဦးတည်ပြီး ဗုဒ္ဓဟူးနေ့ ညပိုင်းမှာ မုန်တိုင်း ဦးမလှည့်ခင် အင်္ဂါနေ့ နှောင်းပိုင်းမှာ Dorian က အနည်းငယ် ပိုမြန်လာမယ်လို့လည်း မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းကြပါတယ်။

အင်္ဂါနေ့ ညပိုင်းမှာ ဟာရီကိန်း Dorian က ဖလော်ရီဒါ ကမ်းခြေကို အန္တရာယ်ကြီးတဲ့ အခြေအနေမျိုးနဲ့ ချဉ်းကပ်လာပြီး ဂျော်ဂျီယာနဲ့ တောင်ကယ်ရိုလိုင်းနား ကမ်းခြေတွေကို ဗုဒ္ဓဟူးနေ့ညနဲ့ ကြာသပတေးနေ့ တို့မှာ ချဉ်းကပ်လာဖွယ်ရှိပြီး ကြာသပတေးနေ့မှာတော့ မြောက် ကယ်ရိုလိုင်းနား ကမ်းခြေတွေကို ဦးတည်မယ်လို့ ဟာရီကိန်း စောင့်ကြည့်ရေး စင်တာက ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG