(Zawgyi/Unicode)
ဗုဒၶဟူးေန႔က ဗီယက္နမ္နိုင္ငံကို အင္အားျပင္းတိုင္ဖုန္းမုန္တိုင္းMolave ဝင္ေရာက္ တိုက္ခတ္ခဲ့တာေၾကာင့္ အနည္းဆုံးလူ ၃၅ ေယာက္ေသဆုံးၿပီး လူ ၅၀ ေက်ာ္ေပ်ာက္ဆုံးေနတယ္လို႔ နိုင္ငံပိုင္သတင္းမွာ ေဖာ္ျပထားပါတယ္။ ေျမၿပိဳတာေတြေၾကာင့္လည္း အနည္းဆုံးလူ ၁.၇ သန္း လၽွပ္စစ္မီး ျပတ္ေတာက္ေနတဲ့ အေျခအေနနဲ႔ ၾကဳံေတြ႕ေနရတာပါ။
နိုင္ငံ့အလယ္ပိုင္းကို ဝင္ေရာက္တိုက္ခိုက္ခဲ့တဲ့ အဲဒီ တိုင္ဖုန္းမုန္တိုင္း Molave က ႏွစ္ေပါင္း ၂၀ အတြင္း ဗီယက္နမ္မွာ တိုက္ခတ္ခဲ့တဲ့ မုန္တိုင္းေတြထဲ အင္အားအျပင္းဆုံး ျဖစ္တယ္လို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။ အဲဒီေဒသမွာ လြန္ခဲ့တဲ့ သီတင္းပတ္ေတြတုန္းကလည္း မိုးသက္ေလျပင္းေတြ က်ေရာက္ခဲ့တာေၾကာင့္ လူ ၁၆၀ ေလာက္ေသဆုံးခဲ့တာပါ။
ေဝးလံတဲ့ေဒသ Quang Nam ျပည္နယ္မွာ ရွာေဖြကယ္ဆယ္ေရးေဆာင္ရြက္ဖို႔ စစ္တပ္က စက္ပစၥည္းေတြနဲ႔ တပ္ဖြဲ႕ဝင္ ရာနဲ႔ ခ်ီ ေစ လႊတ္ထားပါတယ္။ အဲဒီျပည္နယ္မွာ မုန္တိုင္းေၾကာင့္ အနည္းဆုံး ၁၉ ေယာက္ေသဆုံးၿပီး ၁၂ ေယာက္ ေပ်ာက္ဆုံး ေနပါတယ္။ ေျမၿပိဳတာေၾကာင့္ Tra Van ေက်းရြာမွ လူ ၈ ဦးနဲ႔ အနီးက ရြာငယ္တခုမွာေတာ့ ေနာက္ထပ္ လူ ၈ ဦး ေသဆုံးခဲ့ပါတယ္။
တနာရီ မိုင္ ၉၀ႏႈန္းနဲ႔ တိုက္ခဲ့တဲ့ မုန္တိုင္းေၾကာင့္ ဗုဒၶဟူးေန႔က ငါးဖမ္းေလွတစီးလည္း နစ္ျမဳပ္ခဲ့ၿပီး ငါးဖမ္းသမား ၁၂ေယာက္ ေပ်ာက္ဆုံးေနပါတယ္။
ေဒသတစ္ခ်ိဳ႕က အေသအေပ်ာက္၊ အပ်က္အစီးစာရင္းေတြ အတိအက်မသိရေသးတာေၾကာင့္ ေသဆုံးတဲ့သူ အခုထက္ပိုမ်ားနိုင္တယ္ လို႔လည္း တာဝန္ရွိသူေတြက ေျပာပါတယ္။ လူ ၄၀,၀၀၀ ေလာက္ကို အေရးေပၚ ကယ္ဆယ္ေရးစခန္းေတြမွာ ေျပာင္းေရႊ႕ေပးထားရ ၿပီး အေသအေပ်ာက္ထပ္မရွိေအာင္ ကာကြယ္တဲ့အေနနဲ႔အလုပ္နဲ႔ ေက်ာင္းေတြကို ပိတ္ထားတယ္လို႔လည္းတာဝန္ရွိသူေတြကေျပာ ပါတယ္။
..............
ဗီယက်နမ် တိုင်ဖုန်းမုန်တိုင်း လူအသေအပျောက် များပြား
(Unicode)
ဗုဒ္ဓဟူးနေ့က ဗီယက်နမ်နိုင်ငံကို အင်အားပြင်းတိုင်ဖုန်းမုန်တိုင်းMolave ဝင်ရောက် တိုက်ခတ်ခဲ့တာကြောင့် အနည်းဆုံးလူ ၃၅ ယောက်သေဆုံးပြီး လူ ၅၀ ကျော်ပျောက်ဆုံးနေတယ်လို့ နိုင်ငံပိုင်သတင်းမှာ ဖော်ပြထားပါတယ်။ မြေပြိုတာတွေကြောင့်လည်း အနည်းဆုံးလူ ၁.၇ သန်း လျှပ်စစ်မီး ပြတ်တောက်နေတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရတာပါ။
နိုင်ငံ့အလယ်ပိုင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ အဲဒီ တိုင်ဖုန်းမုန်တိုင်း Molave က နှစ်ပေါင်း ၂၀ အတွင်း ဗီယက်နမ်မှာ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းတွေထဲ အင်အားအပြင်းဆုံး ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီဒေသမှာ လွန်ခဲ့တဲ့ သီတင်းပတ်တွေတုန်းကလည်း မိုးသက်လေပြင်းတွေ ကျရောက်ခဲ့တာကြောင့် လူ ၁၆၀ လောက်သေဆုံးခဲ့တာပါ။
ဝေးလံတဲ့ဒေသ Quang Nam ပြည်နယ်မှာ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ဖို့ စစ်တပ်က စက်ပစ္စည်းတွေနဲ့ တပ်ဖွဲ့ဝင် ရာနဲ့ ချီ စေ လွှတ်ထားပါတယ်။ အဲဒီပြည်နယ်မှာ မုန်တိုင်းကြောင့် အနည်းဆုံး ၁၉ ယောက်သေဆုံးပြီး ၁၂ ယောက် ပျောက်ဆုံး နေပါတယ်။ မြေပြိုတာကြောင့် Tra Van ကျေးရွာမှ လူ ၈ ဦးနဲ့ အနီးက ရွာငယ်တခုမှာတော့ နောက်ထပ် လူ ၈ ဦး သေဆုံးခဲ့ပါတယ်။
တနာရီ မိုင် ၉၀နှုန်းနဲ့ တိုက်ခဲ့တဲ့ မုန်တိုင်းကြောင့် ဗုဒ္ဓဟူးနေ့က ငါးဖမ်းလှေတစီးလည်း နစ်မြုပ်ခဲ့ပြီး ငါးဖမ်းသမား ၁၂ယောက် ပျောက်ဆုံးနေပါတယ်။
ဒေသတစ်ချို့က အသေအပျောက်၊ အပျက်အစီးစာရင်းတွေ အတိအကျမသိရသေးတာကြောင့် သေဆုံးတဲ့သူ အခုထက်ပိုများနိုင်တယ် လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ လူ ၄၀,၀၀၀ လောက်ကို အရေးပေါ် ကယ်ဆယ်ရေးစခန်းတွေမှာ ပြောင်းရွှေ့ပေးထားရ ပြီး အသေအပျောက်ထပ်မရှိအောင် ကာကွယ်တဲ့အနေနဲ့အလုပ်နဲ့ ကျောင်းတွေကို ပိတ်ထားတယ်လို့လည်းတာဝန်ရှိသူတွေကပြော ပါတယ်။