သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဗီယက္နမ္မွာ စစ္တပ္ဝင္း ေျမၿပိဳမႈက်မႈ စစ္သား ၁၁ ဦး ေသဆံုး၊ ၁၁ ဦး ေပ်ာက္ဆံုး


ဗီယက္နမ္မွာ ေျမၿပိဳက်မႈအတြင္း နစ္ျမဳပေနသူေတြကို ရွာေဖြေနတဲ့ ကယ္ဆယ္ေရးဝန္ထမ္းမ်ား။ (ေအာက္တိုဘာ ၁၅၊ ၂၀၂၀)

(Zawgyi / Unicode)

ဗီယက္နမ္ႏုိင္ငံမွာ ႏွစ္ေပါင္းမ်ားစြာအတြင္း ဒီႏွစ္ဟာ ေရလႊမ္းမုိးမႈ အဆုိးဆုံးျဖစ္ၿပီး အလယ္ပိုင္းေဒသမွာ တနဂၤေႏြေန႔က ႀကီးမားတဲ့ ေျမၿပဳိမႈေၾကာင့္ ဗီယက္နမ္စစ္သား ၁၁ ဦး ေသဆုံးသြားသလို ေနာက္ထပ္ ေပ်ာက္ဆုံးေနသူ ၁၁ ဦးကုိလည္း အသည္းအသန္ ရွာေဖြေနရပါတယ္။

သီတင္းတပတ္ေက်ာ္ သည္းထန္တဲ့မိုးေၾကာင့္ ေရႀကီး ေျမၿပဳိၿပီး အဲဒီေဒသမွာ အနည္းဆုံး လူ ၆၄ ဦး ေသဆုံးခဲ့တယ္လို႔ ဗီယက္နမ္ သဘာဝေဘးအႏၱရာယ္ စီမံခန္႔ခဲြမႈအဖဲြ႔ တာဝန္ရွိသူေတြက ေျပာပါတယ္။ ေနာက္ထပ္ ေရႀကီးလာမယ့္ အႏၱရာယ္ကိုလည္း စိုးရိမ္ေနတာပါ။

မိုးေၾကာင့္ Quang Tri ခ႐ိုင္မွာရွိတဲ့ စစ္တပ္တန္းလ်ားေပၚကို ေက်ာက္ေဆာင္ေတြ ၿပဳိက်ခဲ့လို႔ အဲဒီမွာရွိတဲ့ စစ္သား အနည္းဆုံး ၂၂ ဦး ထူထပ္တဲ့ ရႊံ႕ညြန္ေတြေအာက္မွာ ပိၿပီး ေသဆုံးသြားတယ္လို႔ ယုံၾကည္ထားေၾကာင္း အစိုးရ အင္တာနက္စာမ်က္ႏွာမွာ ေဖာ္ျပပါတယ္။ အဲဒီထဲက ၁၁ ဦးရဲ႕ ႐ုုပ္အေလာင္းကို ျပန္ရွာေတြ႔ခဲ့ၿပီး ေနာက္ထပ္ ေျမၿပဳိတာ ဆက္ျဖစ္လာႏုိင္တယ္လို႔လည္း သတိေပးထားပါတယ္။

ဒီအေတာတြင္း ေျမၿပဳိတဲ့အထဲမွာ ပိတ္မိေနတဲ့ လွ်ပ္စစ္စက္႐ုုံ လုပ္သားေတြကို သြားေရာက္ကယ္ဆယ္ဖို႔ ႀကဳိးစားရင္း ကယ္ဆယ္ေရးအဖြဲ႔ဝင္ ၁၃ ဦးလည္း ေသဆုံးခဲ့ရပါတယ္။ စက္႐ုံဝန္ထမ္းထဲက အေလာင္း ၂ ခုကို ရွာေတြ႔ခဲ့ေပမယ့္ ေနာက္ထပ္ ၁၅ ေယာက္ ေပ်ာက္ဆုံးေနဆဲ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

ဗီယက်နမ်မှာ စစ်တပ်ဝင်း မြေပြိုမှုကျမှု စစ်သား ၁၁ ဦး သေဆုံး၊ ၁၁ ဦး ပျောက်ဆုံး

ဗီယက်နမ်နိုင်ငံမှာ နှစ်ပေါင်းများစွာအတွင်း ဒီနှစ်ဟာ ရေလွှမ်းမိုးမှု အဆိုးဆုံးဖြစ်ပြီး အလယ်ပိုင်းဒေသမှာ တနင်္ဂနွေနေ့က ကြီးမားတဲ့ မြေပြိုမှုကြောင့် ဗီယက်နမ်စစ်သား ၁၁ ဦး သေဆုံးသွားသလို နောက်ထပ် ပျောက်ဆုံးနေသူ ၁၁ ဦးကိုလည်း အသည်းအသန် ရှာဖွေနေရပါတယ်။

သီတင်းတပတ်ကျော် သည်းထန်တဲ့မိုးကြောင့် ရေကြီး မြေပြိုပြီး အဲဒီဒေသမှာ အနည်းဆုံး လူ ၆၄ ဦး သေဆုံးခဲ့တယ်လို့ ဗီယက်နမ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ နောက်ထပ် ရေကြီးလာမယ့် အန္တရာယ်ကိုလည်း စိုးရိမ်နေတာပါ။

မိုးကြောင့် Quang Tri ခရိုင်မှာရှိတဲ့ စစ်တပ်တန်းလျားပေါ်ကို ကျောက်ဆောင်တွေ ပြိုကျခဲ့လို့ အဲဒီမှာရှိတဲ့ စစ်သား အနည်းဆုံး ၂၂ ဦး ထူထပ်တဲ့ ရွှံ့ညွန်တွေအောက်မှာ ပိပြီး သေဆုံးသွားတယ်လို့ ယုံကြည်ထားကြောင်း အစိုးရ အင်တာနက်စာမျက်နှာမှာ ဖော်ပြပါတယ်။ အဲဒီထဲက ၁၁ ဦးရဲ့ ရုပ်အလောင်းကို ပြန်ရှာတွေ့ခဲ့ပြီး နောက်ထပ် မြေပြိုတာ ဆက်ဖြစ်လာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

ဒီအတောတွင်း မြေပြိုတဲ့အထဲမှာ ပိတ်မိနေတဲ့ လျှပ်စစ်စက်ရုံ လုပ်သားတွေကို သွားရောက်ကယ်ဆယ်ဖို့ ကြိုးစားရင်း ကယ်ဆယ်ရေးအဖွဲ့ဝင် ၁၃ ဦးလည်း သေဆုံးခဲ့ရပါတယ်။ စက်ရုံဝန်ထမ်းထဲက အလောင်း ၂ ခုကို ရှာတွေ့ခဲ့ပေမယ့် နောက်ထပ် ၁၅ ယောက် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG