သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

​ေတာ႐ိုင္းတိရိစာၦန္ေမွာင္ခိုမႈ တားဆီးေရး ဗီယက္နမ္အရွိန္ျမင့္လုပ္ေဆာင္


ဗီယက္နမ္ႏိုင္ငံ Hanoi ၿမိဳ႕မွာေတြ႔ရတဲ့ သင္းေခြခ်ပ္။ (စက္တင္ဘာ ၀၉၊ ၂၀၁၆)

[Zawgyi/Unicode]

ကို႐ိုနာဗိုင္းရပ္စ္က တိရိစာၦန္ကေန လူကို ကူးစက္တာလို႔ သိပၸံပညာရွင္ေတြက ေထာက္ျပေျပာဆိုခဲ့တဲ့ေနာက္မွာ အာရွႏိုင္ငံေတြအၾကား ေတာ႐ိုင္း တိရိစာၦန္ ေမွာင္ခို ေရာင္းဝယ္ေဖာက္ကားမႈကို ပိတ္ပင္ဖို႔ ႀကိဳးစားလာေနတဲ့အထဲ ဗီယက္နမ္ႏိုင္ငံလည္း ပါဝင္ခဲ့ပါတယ္။ အခု ေနာက္ဆုံး ရရွိတဲ့ စာရင္းအင္းေတြအရ ဗီယက္နမ္ အာဏာပိုင္ေတြက တိရိစာၦန္ ေမွာင္ခို ေရာင္းဝယ္ေဖာက္ကားမႈကို ပိတ္ပင္တဲ့ ဥပေဒ ျပဌာန္း႐ုံသာမကပဲ လူေတြ လိုက္နာေအာင္ ႀကိဳးပမ္းေနတာကိုလည္း ျပသေနပါတယ္။

ဒီႏွစ္ ပထမႏွစ္ဝက္မွာ ဗီယက္နမ္ႏိုင္ငံထဲ ေမွာင္ခို ေရာင္းဝယ္ေနတဲ့ ေတာ႐ိုင္း တိရိစာၦန္ေတြကို ဖမ္းဆီးရမိမႈက ၉၇ ရာခိုင္ႏႈန္းအထိ ျမင့္တက္သြား ခဲ့ပါတယ္။ ၂၀၁၅ ခုႏွစ္က ၂၀၁၉ ခုႏွစ္အထိက ၈၇ ရာခိုင္ႏႈန္း ဝန္းက်င္မွာသာ ရွိခဲ့တာပါ။ ဗီယက္နမ္ အပါအဝင္ အေရွ႕ေတာင္ အာရွႏိုင္ငံေတြကေန လင္းႏို႔နဲ႔ သင္းေခြခ်ပ္လို ေတာ႐ိုင္း တိရိစာၦန္ေတြကို တ႐ုတ္ႏိုင္ငံကို တင္ပို႔ ေနတာ ျဖစ္ပါတယ္။ ေတာ႐ိုင္းတိရိစာၦန္ေတြ ေရာင္းဝယ္မႈကို ပိတ္ပင္တဲ့ ဥပေဒရဲ႕ ထိေရာက္မႈနဲ႔ ဥပေဒစိုးမိုးေရးအဖြဲ႕ေတြရဲ႕ ႀကိဳးပမ္းမႈေတြက အခုလို ဖမ္းဆီးရရွိမႈ စာရင္းေတြမွာ ထင္ဟပ္ေဖာ္ျပေနသလို ဗီယက္နမ္ႏိုင္ငံမွာ ဒီကိစၥကို ဘယ္ေလာက္ အေလးထား ေဆာင္႐ြက္ေနတယ္ဆိုတာကို ျပသေနတယ္လို႔ Education for Nature Vietnam အဖြဲ႕က Thi Ha က ေျပာပါတယ္။

ဗီယက္နမ္ႏိုင္ငံမွာ ေတာ႐ိုင္း တိရိစာၦန္ တရားမဝင္ ေရာင္းဝယ္ေဖာက္ကားတာေတြကို တိုးျမႇင့္ တားဆီးႏိုင္တဲ့နည္းတူ ဥပေဒ ခ်ိဳးေဖာက္ သူေတြကို အျပစ္ေပး အေရးယူတဲ့ ႏႈန္းလည္း ျမင့္တက္ေနတာ ျဖစ္ပါတယ္။ ဒီႏွစ္ထဲ ေတာ႐ိုင္း တိရိစာၦန္ ေမွာင္ခို ေရာင္းဝယ္မႈနဲ႔ တရား႐ုံးကို ေရာက္လာတဲ့ အမႈေတြထဲက ၆၈ ရာခိုင္ႏႈန္းက ေထာင္ဒဏ္ခ်မွတ္ခံခဲ့ရပါတယ္။ ၂၀၁၅ ခုႏွစ္နဲ႔ ၂၀၁၉ ခုႏွစ္ အတြင္း ေထာင္ခ်တဲ့ႏႈန္းက ၄၉ ရာခိုင္ႏႈန္းထက္ မပိုခဲ့ပါဘူး။ ေတာ႐ိုင္း တိရိစာၦန္ ေမွာင္ခို ေရာင္းဝယ္မႈ တိုက္ဖ်က္ေရးနဲ႔ ပတ္သက္ၿပီး အစိုးရတစ္ရပ္လုံး ခ်ဥ္းကပ္ေဆာင္႐ြက္ေနတယ္လို႔လည္း ဗီယက္နမ္ႏိုင္ငံက ေျပာပါတယ္။ ဇူလိုင္လတုန္းက ဗီယက္နမ္ ဝန္ႀကီးခ်ဳပ္ Nguyen Xuan Phuc က အမိန္႔ၫႊန္ၾကားခ်က္တစ္ရပ္ကိုထုတ္ျပန္ထားခဲ့ၿပီး ေတာ႐ိုင္း တိရိစာၦန္ တင္သြင္းမႈနဲ႔ ေရာင္းခ်မႈေတြကို ပိတ္ပင္ထားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တောရိုင်းတိရိစ္ဆာန်မှောင်ခိုမှု တားဆီးရေး ဗီယက်နမ်အရှိန်မြင့်လုပ်ဆောင်

ကိုရိုနာဗိုင်းရပ်စ်က တိရိစ္ဆာန်ကနေ လူကို ကူးစက်တာလို့ သိပ္ပံပညာရှင်တွေက ထောက်ပြပြောဆိုခဲ့တဲ့နောက်မှာ အာရှနိုင်ငံတွေအကြား တောရိုင်း တိရိစ္ဆာန် မှောင်ခို ရောင်းဝယ်ဖောက်ကားမှုကို ပိတ်ပင်ဖို့ ကြိုးစားလာနေတဲ့အထဲ ဗီယက်နမ်နိုင်ငံလည်း ပါဝင်ခဲ့ပါတယ်။ အခု နောက်ဆုံး ရရှိတဲ့ စာရင်းအင်းတွေအရ ဗီယက်နမ် အာဏာပိုင်တွေက တိရိစ္ဆာန် မှောင်ခို ရောင်းဝယ်ဖောက်ကားမှုကို ပိတ်ပင်တဲ့ ဥပဒေ ပြဌာန်းရုံသာမကပဲ လူတွေ လိုက်နာအောင် ကြိုးပမ်းနေတာကိုလည်း ပြသနေပါတယ်။

ဒီနှစ် ပထမနှစ်ဝက်မှာ ဗီယက်နမ်နိုင်ငံထဲ မှောင်ခို ရောင်းဝယ်နေတဲ့ တောရိုင်း တိရိစ္ဆာန်တွေကို ဖမ်းဆီးရမိမှုက ၉၇ ရာခိုင်နှုန်းအထိ မြင့်တက်သွား ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်က ၂၀၁၉ ခုနှစ်အထိက ၈၇ ရာခိုင်နှုန်း ဝန်းကျင်မှာသာ ရှိခဲ့တာပါ။ ဗီယက်နမ် အပါအဝင် အရှေ့တောင် အာရှနိုင်ငံတွေကနေ လင်းနို့နဲ့ သင်းခွေချပ်လို တောရိုင်း တိရိစ္ဆာန်တွေကို တရုတ်နိုင်ငံကို တင်ပို့ နေတာ ဖြစ်ပါတယ်။ တောရိုင်းတိရိစ္ဆာန်တွေ ရောင်းဝယ်မှုကို ပိတ်ပင်တဲ့ ဥပဒေရဲ့ ထိရောက်မှုနဲ့ ဥပဒေစိုးမိုးရေးအဖွဲ့တွေရဲ့ ကြိုးပမ်းမှုတွေက အခုလို ဖမ်းဆီးရရှိမှု စာရင်းတွေမှာ ထင်ဟပ်ဖော်ပြနေသလို ဗီယက်နမ်နိုင်ငံမှာ ဒီကိစ္စကို ဘယ်လောက် အလေးထား ဆောင်ရွက်နေတယ်ဆိုတာကို ပြသနေတယ်လို့ Education for Nature Vietnam အဖွဲ့က Thi Ha က ပြောပါတယ်။

ဗီယက်နမ်နိုင်ငံမှာ တောရိုင်း တိရိစ္ဆာန် တရားမဝင် ရောင်းဝယ်ဖောက်ကားတာတွေကို တိုးမြှင့် တားဆီးနိုင်တဲ့နည်းတူ ဥပဒေ ချိုးဖောက် သူတွေကို အပြစ်ပေး အရေးယူတဲ့ နှုန်းလည်း မြင့်တက်နေတာ ဖြစ်ပါတယ်။ ဒီနှစ်ထဲ တောရိုင်း တိရိစ္ဆာန် မှောင်ခို ရောင်းဝယ်မှုနဲ့ တရားရုံးကို ရောက်လာတဲ့ အမှုတွေထဲက ၆၈ ရာခိုင်နှုန်းက ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ် အတွင်း ထောင်ချတဲ့နှုန်းက ၄၉ ရာခိုင်နှုန်းထက် မပိုခဲ့ပါဘူး။ တောရိုင်း တိရိစ္ဆာန် မှောင်ခို ရောင်းဝယ်မှု တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး အစိုးရတစ်ရပ်လုံး ချဉ်းကပ်ဆောင်ရွက်နေတယ်လို့လည်း ဗီယက်နမ်နိုင်ငံက ပြောပါတယ်။ ဇူလိုင်လတုန်းက ဗီယက်နမ် ဝန်ကြီးချုပ် Nguyen Xuan Phuc က အမိန့်ညွှန်ကြားချက်တစ်ရပ်ကိုထုတ်ပြန်ထားခဲ့ပြီး တောရိုင်း တိရိစ္ဆာန် တင်သွင်းမှုနဲ့ ရောင်းချမှုတွေကို ပိတ်ပင်ထားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG