[Zawgyi/Unicode]
ျမန္မာႏုိင္ငံ အပါအ၀င္ အေရွ႕ေတာင္အာရွေဒသမွာ လူမႈကြန္ရက္ကေန ေတာ႐ုိင္းတိရစာၦန္ေတြ ေရာင္းခ်ေနတဲ့ ေၾကာ္ျငာေတြကုိ Facebook က ဖယ္ရွားလုိက္တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က သတင္းေပးပို႔ထားပါတယ္။
အေရွ႕ေတာင္အာရွႏိုင္ငံေတြမွာ ေတာ႐ုိင္းတိရစာၦန္ေတြကုိ လူမႈကြန္ရက္ေတြကတဆင့္ ေရာင္းခ်ေနတာေတြ တုိးလာေနရာက အခုေနာက္ဆုံး Facebook က ေၾကာ္ျငာေတြကုိ လက္မခံေတာ့ပဲ ဖယ္ရွားလုိက္တာပါ။ ဒီႏွစ္ေမလအထိဆုိရင္လည္း ေတာ႐ိုင္းတိရစာၦန္ ျမန္မာႏုိင္ငံက Facebook စာမ်က္ႏွာေတြေပၚမွာ မ်ဳိးစိတ္ေပါင္း ၉၄ ခုက ေတာ႐ုိင္းတိရစာၦန္ ၂,၀၀၀ ေက်ာ္ကုိ ေရာင္းခ်ဖုိ႔ ေၾကာ္ျငာခဲ့တာ ေတြ႔ရွိခဲ့ရေၾကာင္းလည္း ကမာၻ႔သား႐ိုင္းတိရစာၦန္ ထိန္းသိမ္းေရးအဖြဲ႕ WWF က စာရင္းျပဳစုထားပါတယ္။
Facebook လူမႈကြန္ရက္မွာ ေတာ႐ိုင္းတိရစာၦန္ေတြ ေရာင္းခ်တဲ့ေၾကာ္ျငာေတြဟာ ၂၀၁၆ ခုႏွစ္ေလာက္မွာ ၂၀၀ ေက်ာ္ေလာက္သာ ရွိခဲ့ရာက ေနာက္ပုိင္းမွာ သိသိသာသာ တုိးလာေနတယ္လုိ႔လည္း WWF ရဲ႕ ျပည္တြင္းတာဝန္ရွိသူတဦးက ဗြီအိုေအကို ေျပာပါတယ္။
“ေနာက္ပိုင္း ဘာျဖစ္လာလဲဆိုေတာ့ သုံးစြဲသူေတြ အရမ္းမ်ားလာတယ္၊ ေရာင္းတဲ့သူေတြလည္း အရမ္းမ်ားလာတယ္။ ဒီ ၂၀၁၇- ၁၈ survey တုန္းကဆို ဥပမာအေနနဲ႔ ေျပာရရင္ ၆ လအတြင္းမွာ Facebook လူမႈကြန္ရက္ စာမ်က္ႏွာေပၚမွာ post ေပါင္း ၅၀၀ ေလာက္အထိ ေရာင္းရတာကို ေတြ႕ရတယ္ဆိုေတာ့ ႏွစ္ဆနီးပါး မ်ားလာတာကို ေတြ႕ရတယ္။ လုံးဝကို ဝယ္လိုအား အရမ္းမ်ားတဲ့ မ်ိဳးစိတ္ေတြဆိုရင္ ေစ်းႏႈန္းေတြကလည္း ၂ဆေလာက္ ျမင့္လာတာကို ေတြ႕ရပါတယ္။”
ေတာ႐ုိင္းတိရစာၦန္ ထိန္းသိမ္းေရး လႈပ္ရွားသူေတြက အေၾကာင္းၾကားခဲ့ၿပီးေနာက္ ဧၿပီလကစလုိ႔ ရာနဲ႔ခ်ီတဲ့ စာမ်က္ႏွာေတြကုိ Facebook ကဖယ္ရွားခဲ့ပါတယ္။ သစ္ေတာဦးစီးဌာန ဒုၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးတင္ထြန္းေတာ့လူမႈကြန္ရက္ကေန ေတာ႐ိုင္းတိရိစာၦန္ ေရာင္းဝယ္မႈေတြကုိ ထိန္းခ်ဳပ္ေရးမွာ စိန္ေခၚမႈေတြ ရွိေနတယ္လုိ႔ ေျပာပါတယ္။
“Facebook မွာ ေရာင္းတာဝယ္တာေတြကိုေတာ့ က်ေနာ္တို႔ ဘယ္လိုထိန္းခ်ဳပ္မယ္ဆိုတာေတာ့ အမွန္အတိုင္းေျပာရင္ေတာ့ မေျပာႏိုင္ေသးဘူး။ သို႔ေသာ္ က်ေနာ္တို႔ သစ္ေတာဦးစီးဌာန ဝန္ထမ္းေတြေရာ ဒီကိစၥမ်ိဳးကိုင္တြယ္တဲ့ ဌာနကေတာ့ Facebook မွာ အၿမဲတမ္း ေစာင့္ၾကည့္ေနတယ္။ ထူးျခားတာေတြ႕ရင္ က်ေနာ္တို႔ခ်က္ခ်င္း source ကိုလိုက္တာေပါ့ေနာ္၊ ၿမိဳ႕နယ္နဲ႔ တိုင္းနဲ႔ျပည္နယ္အားလုံးမွာ က်ေနာ္တို႔သစ္ေတာ ဝန္ထမ္းေတြရွိတာ ျဖစ္တဲ့အတြက္ ဒါမ်ိဳးေပၚလာတာနဲ႔ က်ေနာ္တို႔ အဲဒီလူဆီ ေရာက္ေအာင္သြားတယ္၊ သတိေပးၿပီးလို႔မွ မလိုက္နာရင္ေတာ့လည္း က်ေနာ္တို႔ အေရးယူတာေပါ့၊ wildlife ဥပေဒအရလည္း ေထာင္က်တဲ့အထိ ျဖစ္ႏိုင္တာေပါ့။”
Facebook ေပၚမွာ ေရာင္းခ်ဖုိ႔ ေၾကာ္ျငာခဲ့တဲ့ ေတာ႐ုိင္းတိရစာၦန္ေတြထဲက ၉၀ ရာခိုင္ႏႈန္းေက်ာ္ဟာ အရွင္ေတြျဖစ္ၾကၿပီး သားငွက္႐ုိင္းေတြ၊ ရွားပါးေမ်ာက္ေတြ၊ ေတာေၾကာင္ေတြနဲ႔ ေအာက္ခ်င္းငွက္ေတြကုိ အ၀ယ္မ်ားေလ့ရွိတယ္လုိ႔လည္း WWF ကေျပာပါတယ္။ ေတာ႐ုိင္းတိရစာၦန္ ထိန္းသိမ္းေရး လႈပ္ရွားမႈအဖဲြ႔တခုျဖစ္တဲ့ TRAFFIC ရဲ႕ ၿပီးခဲ့တဲ့ ဇူလုိင္လဆန္းမွာတုန္းက ထုတ္ျပန္ခဲ့တဲ့ အစီရင္ခံစာထဲမွာလည္း ထုိင္း၊ ဗီယက္နမ္နဲ႔ အင္ဒုိနီးရွား ႏုိင္ငံေတြက Facebook နဲ႔ Instagram လူမႈကြန္ရက္ေတြကေန ဆင္စြယ္ပစၥည္း ေရာင္းခ်မႈေပါင္း ၂,၅၀၀ ေလာက္ ရွိခဲ့ေၾကာင္းလည္း ေဖာ္ျပခဲ့ပါတယ္ခင္ဗ်ာ။
[Unicode Version]
မြန်မာအပါအဝင် တောရိုင်းတိရစ္ဆာန် ရောင်းတဲ့ကြော်ငြာတွေ Facebook ဖယ်ရှား
မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှဒေသမှာ လူမှုကွန်ရက်ကနေ တောရိုင်းတိရစ္ဆာန်တွေ ရောင်းချနေတဲ့ ကြော်ငြာတွေကို Facebook က ဖယ်ရှားလိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေမှာ တောရိုင်းတိရစ္ဆာန်တွေကို လူမှုကွန်ရက်တွေကတဆင့် ရောင်းချနေတာတွေ တိုးလာနေရာက အခုနောက်ဆုံး Facebook က ကြော်ငြာတွေကို လက်မခံတော့ပဲ ဖယ်ရှားလိုက်တာပါ။ ဒီနှစ်မေလအထိ ဆိုရင်လည်း တောရိုင်းတိရစ္ဆာန် မြန်မာနိုင်ငံက Facebook စာမျက်နှာတွေပေါ်မှာ မျိုးစိတ်ပေါင်း ၉၄ ခုက တောရိုင်းတိရစ္ဆာန် ၂,၀၀၀ ကျော်ကို ရောင်းချဖို့ ကြော်ငြာခဲ့တာ တွေ့ရှိခဲ့ရကြောင်းလည်း ကမ္ဘာ့သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့ WWF က စာရင်းပြုစုထားပါတယ်။
Facebook လူမှုကွန်ရက်မှာ တောရိုင်းတိရစ္ဆာန်တွေ ရောင်းချတဲ့ကြော်ငြာတွေဟာ ၂၀၁၆ ခုနှစ်လောက်မှာ ၂၀၀ ကျော်လောက်သာ ရှိခဲ့ရာက နောက်ပိုင်းမှာ သိသိသာသာ တိုးလာနေတယ်လို့လည်း WWF ရဲ့ ပြည်တွင်းတာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။
“နောက်ပိုင်း ဘာဖြစ်လာလဲဆိုတော့ သုံးစွဲသူတွေ အရမ်းများလာတယ်၊ ရောင်းတဲ့သူတွေလည်း အရမ်းများလာတယ်။ ဒီ ၂၀၁၇- ၁၈ survey တုန်းကဆို ဥပမာအနေနဲ့ ပြောရရင် ၆ လအတွင်းမှာ Facebook လူမှုကွန်ရက် စာမျက်နှာပေါ်မှာ post ပေါင်း ၅၀၀ လောက်အထိ ရောင်းရတာကို တွေ့ရတယ်ဆိုတော့ နှစ်ဆနီးပါး များလာတာကို တွေ့ရတယ်။ လုံးဝကို ဝယ်လိုအား အရမ်းများတဲ့ မျိုးစိတ်တွေဆိုရင် ဈေးနှုန်းတွေကလည်း ၂ဆလောက် မြင့်လာတာကို တွေ့ရပါတယ်။”
တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး လှုပ်ရှားသူတွေက အကြောင်းကြားခဲ့ပြီးနောက် ဧပြီလကစလို့ ရာနဲ့ချီတဲ့ စာမျက်နှာတွေကို Facebook ကဖယ်ရှားခဲ့ပါတယ်။ သစ်တောဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်းတော့လူမှုကွန်ရက်ကနေ တောရိုင်းတိရိစ္ဆာန် ရောင်းဝယ်မှုတွေကို ထိန်းချုပ်ရေးမှာ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။
“Facebook မှာ ရောင်းတာဝယ်တာတွေကိုတော့ ကျနော်တို့ ဘယ်လိုထိန်းချုပ်မယ်ဆိုတာတော့ အမှန်အတိုင်းပြောရင်တော့ မပြောနိုင်သေးဘူး။ သို့သော် ကျနော်တို့ သစ်တောဦးစီးဌာန ဝန်ထမ်းတွေရော ဒီကိစ္စမျိုးကိုင်တွယ်တဲ့ ဌာနကတော့ Facebook မှာ အမြဲတမ်း စောင့်ကြည့်နေတယ်။ ထူးခြားတာတွေ့ရင် ကျနော်တို့ချက်ချင်း source ကိုလိုက်တာပေါ့နော်၊ မြို့နယ်နဲ့ တိုင်းနဲ့ပြည်နယ်အားလုံးမှာ ကျနော်တို့သစ်တော ဝန်ထမ်းတွေရှိတာ ဖြစ်တဲ့အတွက် ဒါမျိုးပေါ်လာတာနဲ့ ကျနော်တို့ အဲဒီလူဆီ ရောက်အောင်သွားတယ်၊ သတိပေးပြီးလို့မှ မလိုက်နာရင်တော့လည်း ကျနော်တို့ အရေးယူတာပေါ့၊ wildlife ဥပဒေအရလည်း ထောင်ကျတဲ့အထိ ဖြစ်နိုင်တာပေါ့။”
Facebook ပေါ်မှာ ရောင်းချဖို့ ကြော်ငြာခဲ့တဲ့ တောရိုင်းတိရစ္ဆာန်တွေထဲက ၉၀ ရာခိုင်နှုန်းကျော်ဟာ အရှင်တွေဖြစ်ကြပြီး သားငှက်ရိုင်းတွေ၊ ရှားပါးမျောက်တွေ၊ တောကြောင်တွေနဲ့ အောက်ချင်းငှက်တွေကို အဝယ်များလေ့ရှိတယ်လို့လည်း WWF ကပြောပါတယ်။ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ TRAFFIC ရဲ့ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းမှာတုန်းက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထဲမှာလည်း ထိုင်း၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှား နိုင်ငံတွေက Facebook နဲ့ Instagram လူမှုကွန်ရက်တွေကနေ ဆင်စွယ်ပစ္စည်း ရောင်းချမှုပေါင်း ၂,၅၀၀ လောက် ရှိခဲ့ကြောင်းလည်း ဖော်ပြခဲ့ပါတယ်ခင်ဗျာ။