သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမၻာတ၀ွမ္း ေတာရုိင္းတိရိစာၦန္ေစ်းေတြပိတ္ဖုိ႔ ေျမကမၻာေန႔မွာ ကန္ ႏုိင္ငံျခားေရး၀န္ႀကီး ေတာင္းဆုိ


တရုတ္ႏိုင္ငံ Guangzhou ၿမိဳ႕က ေတာရုိင္းတိရိစာၦန္ေစ်းတခု

(Zawgyi/Unicode)

ဧၿပီလ ၂၂ ရက္ေန႔ မေန႔က က်ေရာက္ခဲ့တဲ့ ေျမကမၻာေန႔မွာ အေမရိကန္ျပည္ေထာင္စု ႏိုင္ငံျခားေရးဌာန ဝန္ႀကီး Mike Pompeo က ကမၻာတဝွမ္း တရားမဝင္ ေတာရိုင္း တိရိစၧာန္ေစ်းေတြကို ပိတ္သိမ္းေပးဖို႔ေတာင္းဆိုလိုက္ပါတယ္။

ေတာရိုင္းတိရိစၧာန္ ေရာင္းဝယ္ ေဖာက္ကားျခင္းရဲ႕ အႏၲရာယ္ အက်ိဳးဆက္ကို လည္း ဝန္ႀကီး Pompeo က အေလးေပးေျပာ ၾကားခဲ့ၿပီး လူသားေတြ စားသုံးဖို႔ ေတာရိုင္းတိရိစၧာန္ေတြကို ေရာင္းခ်ေနတာက လူသား မ်ိဳးဆက္ အတြက္ အႏၲရာယ္မ်ားသလို ကပ္ေရာဂါေတြကူးစက္ျပန္႔ပြားေစ တာေၾကာင့္ ေတာရိုင္းတိရိစၧာန္ေစ်းေတြကို အၿပီးတိုင္ပိတ္သိမ္းေပးဖို႔ တ႐ုတ္နိုင္ငံအပါအဝင္ တျခား နိုင္ငံေတြကို ဝန္ႀကီး Pompeo က ေတာင္းဆိုလိုက္ပါတယ္။

ဒါ့အျပင္ ေတာရိုင္း တိရိစၧာန္ေစ်းေတြ အဆုံးသတ္ေရးအတြက္ နိုင္ငံတကာအေနနဲ႔ ပူးေပါင္းပါဝင္ၾကဖို႔ လည္း သူက တိုက္တြန္းခဲ့ပါတယ္။ ေလထုနဲ႔ ေရထုသန္႔ရွင္းေရး၊ သဘာဝသယံဇာတ ထိန္းသိမ္းေရး၊ သဘာဝပတ္ဝန္းက်င္ကို မထိခိုက္ေစတဲ့ စီးပြါးေရး အက်ိဳးျဖစ္ထြန္းမႈကို တြန္းအားေပးေရး၊ ျပည္တြင္း ျပည္ပ ရာသီဉတုေဘး ဒဏ္ခံနိုင္ေရး ထိန္းသိမ္းေစာင့္ေရွာက္မႈေတြကို အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ဦးေဆာင္ဦးရြက္ျပဳလုပ္ေဆာင္ေပးေနတာေတြ အေပၚမ်ားစြာ ဂုဏ္ယူမိတယ္ေၾကာင္း သူက ေျပာပါတယ္။

ကုလသမဂၢ အတြင္းေရးမႈးခ်ဳပ္ Antonio Gutteress ကလည္း သူ႔ရဲ့ သဝဏ္လႊာမွာ ကမၻာႀကီး လတ္တေလာရင္ဆိုင္ေနရတဲ့ ကိုရိုနာဗိုင္းရပ္စ္ အႏၲရာယ္အျပင္ ရာသီဥတုေဖာက္ျပန္ေျပာင္းလဲမႈနဲ႔ ရင္ဆိုင္ေနရတဲ့ ေဘးက ကာကြယ္ၾကဖို႔ ဆုံးျဖတ္ခ်က္ ခိုင္ခိုင္မာမာနဲ႔ လုပ္ေဆာင္ၾကရမယ္လို႔ တိုက္တြန္းခဲ့ပါတယ္။ ဒါ့အျပင္ ကမၻာႀကီး ပူေႏြးေစတဲ့ ဖန္လုံအိမ္ဓာတ္ေငြ႕ရဲ႕သက္ေရာက္မႈ ေတြဟာ ခုရင္ဆိုင္ေနရတဲ့ ကပ္ေရာဂါလိုပဲ လူမ်ိဳးဘာသာမေရြး၊ ေနရာေဒသမေရြး သက္ေရာက္မႈရွိေနတယ္လို႔ သတိေပး လိုက္ပါတယ္။

ေရနံယိုဖိတ္မႈေတြ၊ ေရထု၊ ေလထုညစ္ညမ္းမႈေတြအေပၚ ဆန႔္က်င္ဆႏၵျပရာက ၁၉၇၀၊ ဧၿပီလ ၂၂ ရက္ေန႔မွာ ေျမကမၻာေန႔ ေပၚေပါက္ခဲ့တာပါ။ ပထမဆုံးေျမကမၻာေန႔မွာေတာ့ သဘာဝ ပတ္ဝန္းက်င္ကာကြယ္ေရး အေမရိကန္ျပည္သူ သန္း ၂၀ ေလာက္ စု႐ုံးေတာင္းဆိုခဲ့သလို ကမၻာတလႊားအစိုးရေတြက ေျမကမၻာထိန္းသိမ္းေရးအတြက္ မူဝါဒေတြ ခ်မွတ္ခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

ကမ္ဘာတဝှမ်း တောရိုင်းတိရိစ္ဆာန်ဈေးတွေပိတ်ဖို့ မြေကမ္ဘာနေ့မှာ ကန် နိုင်ငံခြားရေးဝန်ကြီး တောင်းဆို

(Unicode)

ဧပြီလ ၂၂ ရက်နေ့ မနေ့က ကျရောက်ခဲ့တဲ့ မြေကမ္ဘာနေ့မှာ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာန ဝန်ကြီး Mike Pompeo က ကမ္ဘာတဝှမ်း တရားမဝင် တောရိုင်း တိရိစ္ဆာန်ဈေးတွေကို ပိတ်သိမ်းပေးဖို့တောင်းဆိုလိုက်ပါတယ်။

တောရိုင်းတိရိစ္ဆာန် ရောင်းဝယ် ဖောက်ကားခြင်းရဲ့ အန္တရာယ် အကျိုးဆက်ကို လည်း ဝန်ကြီး Pompeo က အလေးပေးပြော ကြားခဲ့ပြီး လူသားတွေ စားသုံးဖို့ တောရိုင်းတိရိစ္ဆာန်တွေကို ရောင်းချနေတာက လူသား မျိုးဆက် အတွက် အန္တရာယ်များသလို ကပ်ရောဂါတွေကူးစက်ပြန့်ပွားစေ တာကြောင့် တောရိုင်းတိရိစ္ဆာန်ဈေးတွေကို အပြီးတိုင်ပိတ်သိမ်းပေးဖို့ တရုတ်နိုင်ငံအပါအဝင် တခြား နိုင်ငံတွေကို ဝန်ကြီး Pompeo က တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် တောရိုင်း တိရိစ္ဆာန်ဈေးတွေ အဆုံးသတ်ရေးအတွက် နိုင်ငံတကာအနေနဲ့ ပူးပေါင်းပါဝင်ကြဖို့ လည်း သူက တိုက်တွန်းခဲ့ပါတယ်။လေထုနဲ့ ရေထုသန့်ရှင်းရေး၊ သဘာဝသယံဇာတ ထိန်းသိမ်းရေး၊ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ စီးပွါးရေး အကျိုးဖြစ်ထွန်းမှုကို တွန်းအားပေးရေး၊ ပြည်တွင်း ပြည်ပ ရာသီဉတုဘေး ဒဏ်ခံနိုင်ရေး ထိန်းသိမ်းစောင့်ရှောက်မှုတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ဦးဆောင်ဦးရွက်ပြုလုပ်ဆောင်ပေးနေတာတွေ အပေါ်များစွာ ဂုဏ်ယူမိတယ်ကြောင်း သူက ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Gutteress ကလည်း သူ့ရဲ့ သဝဏ်လွှာမှာ ကမ္ဘာကြီး လတ်တလောရင်ဆိုင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်အပြင် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနဲ့ ရင်ဆိုင်နေရတဲ့ ဘေးက ကာကွယ်ကြဖို့ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာနဲ့ လုပ်ဆောင်ကြရမယ်လို့ တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာကြီး ပူနွေးစေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ရဲ့သက်ရောက်မှု တွေဟာ ခုရင်ဆိုင်နေရတဲ့ ကပ်ရောဂါလိုပဲ လူမျိုးဘာသာမရွေး၊ နေရာဒေသမရွေး သက်ရောက်မှုရှိနေတယ်လို့ သတိပေး လိုက်ပါတယ်။

ရေနံယိုဖိတ်မှုတွေ၊ ရေထု၊ လေထုညစ်ညမ်းမှုတွေအပေါ် ဆန့်ကျင်ဆန္ဒပြရာက ၁၉၇၀၊ ဧပြီလ ၂၂ ရက်နေ့မှာ မြေကမ္ဘာနေ့ ပေါ်ပေါက်ခဲ့တာပါ။ ပထမဆုံးမြေကမ္ဘာနေ့မှာတော့ သဘာဝ ပတ်ဝန်းကျင်ကာကွယ်ရေး အမေရိကန်ပြည်သူ သန်း ၂၀ လောက် စုရုံးတောင်းဆိုခဲ့သလို ကမ္ဘာတလွှားအစိုးရတွေက မြေကမ္ဘာထိန်းသိမ်းရေးအတွက် မူဝါဒတွေ ချမှတ်ခဲ့ကြပါတယ်။

XS
SM
MD
LG