သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏွစ္ ၅၀ ျပည့္ ေျမကမာၻေန႔လႈပ္ရွားမႈ အြန္လိုင္းကေနလုပ္ဖို႔ ႏိႈးေဆာ္ထား


အိႏၵိယႏိုင္ငံ Gujarat ၿမိဳ႕ရွိ ကမၻာလံုးပံုစံေရွ႕တြင္ ေတြ႔ရတဲ့ နွာေခါင္းစည္းတပ္ထားတဲ့ လူတခ်ိဳ႕ (ဧၿပီ ၂၁၊ ၂၀၂၀)

(Zawgyi/Unicode)

ဧၿပီလ ၂၂ ရက္ ဒီကေန႔က်ေရာက္တဲ့ ႏွစ္ ၅၀ ေျမာက္ ေျမကမၻာေန႔ကိုေတာ့ COVID-19 ကပ္ေရာဂါေၾကာင့္ အြန္လိုင္းကေနပဲ ဆင္ႏႊြဲၾကဖို႔ ကမာၻတဝန္း စည္း႐ုံးလႈပ္ရွားေနၾကပါတယ္။

ပုံမွန္အတုိင္းဆိုရင္ေတာ့ ေျမကမၻာေန႔ေရာက္တုိင္း ကမၻာတ၀န္းက သန္းနဲ႔ခ်ီိတဲ့ျပည္သူေတြဟာ ခ်ိီတက္ပြဲေတြ၊ သစ္ပင္စိုက္ပြဲေတြနဲ႔ ေခ်ာင္းေတြ၊ ေျမာင္းေတြ ေရစီးေရလာေကာင္းဖို႔ ရွင္းလင္းေပးတဲ့ သဘာ၀ပတ္၀န္းက်င္ဆုိင္ရာ လႈပ္ရွားမႈေတြ က်င္းပၾကတာပါ။

ေျမကမၻာေန႔သ၀ဏ္လႊာကို ဗြီဒီယိုနဲ႔ ထုတ္ျပန္ခဲ့တဲ့ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ကလည္း ကမၻာႀကီး ပူေႏြးေစတဲ့ ဖန္လုံအိမ္ဓာတ္ေငြ႔ရဲ ႔သက္ေရာက္မႈေတြဟာ ခုရင္ဆိုင္ေနရတဲ့ ကပ္ေရာဂါလိုပဲ လူမ်ိဳးဘာသာမေရြး၊ ေနရာေဒသမေရြး သက္ေရာက္မႈရွိေနတယ္လို႔ သတိေပးသြားပါတယ္။

လူသားထုနဲ႔ ေျမကမၻာအတြက္ က်န္းမာၿပီး ဒဏ္ခံႏုိင္တဲ့ အနာဂတ္တည္ေဆာက္ေရး သူနဲ႔အတူပူးေပါင္းၿပီး ေတာင္းဆိုၾကပါလို႔လည္း အတြင္းေရးမွဴးခ်ဳပ္က တိုက္တြန္းသြားပါတယ္။

ကပ္ေဘးလြန္ကာလေနာက္ပုိင္းမွာလည္း သဘာ၀ပတ္၀န္းက်င္ကို ထိခိုက္မႈနည္းတဲ့ ေရရွည္ခံတဲ့ လုပ္ငန္းေတြဘက္ ေျပာင္းလဲလုပ္ကိုင္ၾကဖို႔၊ သဘာ၀ပတ္၀န္းက်င္အေရးအတြက္ ႏုိင္ငံတကာ ပူးေပါင္းေဆာင္ရြက္ဖို႔လည္း အတြင္းေရးမွဴးခ်ဳပ္ရဲ ႔ ဗြီဒီယိုနဲ႔ ထုတ္ျပန္တဲ့ သ၀ဏ္လႊာမွာ ေမတၱာရပ္ခံထားပါတယ္။ ေရနံယိုဖိ္တ္မႈေတြ၊ ေရထု၊ ေလထုညစ္ညမ္းမႈေတြအေပၚ ဆန္႔က်င္ဆႏၵျပရာက ၁၉၇၀၊ ဧၿပီလ ၂၂ ရက္ေန႔မွာ ေျမကမၻာေန႔ေပၚေပါက္ခဲ့တာပါ။

ပထမဆုံးေျမကမၻာေန႔မွာေတာ့ သဘာ၀ပတ္၀န္းက်င္ကာကြယ္ေရး အေမရိကန္ျပည္သူ သန္း ၂၀ ေလာက္ စု႐ုံးေတာင္းဆိုခဲ့သလို ကမၻာတလႊားအစိုးရေတြကေတာ့ ေျမကမၻာထိန္းသိမ္းေရးအတြက္ မူ၀ါဒေတြ ခ်မွတ္ခဲ့ၾကပါတယ္။

[Unicode Version]

နှစ် ၅၀ ပြည့် မြေကမ္ဘာနေ့လှုပ်ရှားမှု အွန်လိုင်းကနေလုပ်ဖို့ နှိုးဆော်ထား

ဧပြီလ ၂၂ ရက် ဒီကနေ့ကျရောက်တဲ့ နှစ် ၅၀ မြောက် မြေကမ္ဘာနေ့ကိုတော့ COVID-19 ကပ်ရောဂါကြောင့် အွန်လိုင်းကနေပဲ ဆင်နွှွဲကြဖို့ ကမ္ဘာတဝန်း စည်းရုံးလှုပ်ရှားနေကြပါတယ်။

ပုံမှန်အတိုင်းဆိုရင်တော့ မြေကမ္ဘာနေ့ရောက်တိုင်း ကမ္ဘာတဝန်းက သန်းနဲ့ချီတဲ့ပြည်သူတွေဟာ ချီတက်ပွဲတွေ၊ သစ်ပင်စိုက်ပွဲတွေနဲ့ ချောင်းတွေ၊ မြောင်းတွေ ရေစီးရေလာကောင်းဖို့ ရှင်းလင်းပေးတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှုတွေ ကျင်းပကြတာပါ။

မြေကမ္ဘာနေ့သဝဏ်လွှာကို ဗွီဒီယိုနဲ့ ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကလည်း ကမ္ဘာကြီး ပူနွေးစေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ရဲ့သက်ရောက်မှုတွေဟာ ခုရင်ဆိုင်နေရတဲ့ ကပ်ရောဂါလိုပဲ လူမျိုးဘာသာမရွေး၊ နေရာဒေသမရွေး သက်ရောက်မှုရှိနေတယ်လို့ သတိပေးသွားပါတယ်။

လူသားထုနဲ့ မြေကမ္ဘာအတွက် ကျန်းမာပြီး ဒဏ်ခံနိုင်တဲ့ အနာဂတ်တည်ဆောက်ရေး သူနဲ့အတူပူးပေါင်းပြီး တောင်းဆိုကြပါလို့လည်း အတွင်းရေးမှူးချုပ်က တိုက်တွန်းသွားပါတယ်။

ကပ်ဘေးလွန်ကာလနောက်ပိုင်းမှာလည်း သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းတဲ့ ရေရှည်ခံတဲ့ လုပ်ငန်းတွေဘက် ပြောင်းလဲလုပ်ကိုင်ကြဖို့၊ သဘာဝပတ်ဝန်းကျင်အရေးအတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ဖို့လည်း အတွင်းရေးမှူးချုပ်ရဲ့ ဗွီဒီယိုနဲ့ ထုတ်ပြန်တဲ့ သဝဏ်လွှာမှာ မေတ္တာရပ်ခံထားပါတယ်။ ရေနံယိုဖိတ်မှုတွေ၊ ရေထု၊ လေထုညစ်ညမ်းမှုတွေအပေါ် ဆန့်ကျင်ဆန္ဒပြရာက ၁၉၇၀၊ ဧပြီလ ၂၂ ရက်နေ့မှာ မြေကမ္ဘာနေ့ပေါ်ပေါက်ခဲ့တာပါ။

ပထမဆုံးမြေကမ္ဘာနေ့မှာတော့ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး အမေရိကန်ပြည်သူ သန်း ၂၀ လောက် စုရုံးတောင်းဆိုခဲ့သလို ကမ္ဘာတလွှားအစိုးရတွေကတော့ မြေကမ္ဘာထိန်းသိမ်းရေးအတွက် မူဝါဒတွေ ချမှတ်ခဲ့ကြပါတယ်။

XS
SM
MD
LG