သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဧပြီ ၂၂ ရက် မြေကမ္ဘာနေ့ ၁၉၂ နိုင်ငံက လူသန်း ၁ ထောင်ကျော် ပါဝင်လှုပ်ရှားမည်


မနက်ဖြန် ဧပြီလ ၂၂ ရက်နေ့မှာ ကျရောက်မယ့် မြေကမ္ဘာအတွက် နိုင်ငံရေးနဲ့ ပြည်သူ့ လှုပ်ရှားမှု ကမ္ဘာလုံးဆိုင်ရာနေ့မှာ နိုင်ငံပေါင်း ၁၉၂ နိုင်ငံက လူပေါင်း သန်း ၁ ထောင်ကျော် ပါဝင်လှုပ်ရှားကြမယ်လို့ ခန့်မှန်းထားကြပါတယ်။

၂၀၁၉ ခုနှစ် မြေကမ္ဘာနေ့ အထိမ်းအမှတ် အဖြစ်နဲ့ ပြည်သူတွေဘက်က ချီတက်ပွဲတွေ၊ သစ်ပင်စိုက်ပျိုးမှု၊ မြို့တွေ၊ ဥယျာဉ်တွေ၊ ကမ်းခြေတွေနဲ့ ရေစီးရေလာတွေမှာ သန့်ရှင်းရေး လုပ်ကြမှာ ဖြစ်သလို နိုင်ငံရေးသမားတွေဘက်ကတော့ ရေရှည်တည်တံ့ ခိုင်မြဲရေးကို ဦးတည်ဆောင်ရွက်ဖို့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ မူဝါဒတွေကို ကြေညာကြမှာပါ။

ကမ္ဘာတလွှား မြေကမ္ဘာနေ့ လှုပ်ရှားမှုကို ဦးဆောင်နေတဲ့ Earth Day ကွန်ယက်က အခု ၂၀၁၉ ခုနှစ်ကို မျိုးစိတ်များကို ကာကွယ်ကြစို့ ဆိုတဲ့ ဆောင်ပုဒ် ချမှတ်ထားပါတယ်။

လူသားတွေရဲ့ လုပ်ရပ်ကြောင့်ဆိုတာကို အထူးပြုဖော်ပြထားတဲ့ ဆောင်ပုဒ်ဟာဆိုရင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းထောက် Elizabeth Kolbert ရဲ့ The Sixth Extinciton ဆိုတဲ့ စာအုပ်မှာ ဖော်ပြချက်ကို တိုက်ရိုက် ချိတ်ဆက် ရယူထားတာလို့ မြေကမ္ဘာနေ့ ကွန်ယက်က ပြောဆိုထားပါတယ်။ အစုလိုက် အပြုံလိုက် ကွယ်ပျောက် ပျက်သုဉ်းမှုဟာ သဘာဝ အလျောက် ဖြစ်တာထက် လူတွေရဲ့ လုပ်ရပ်ကြောင်း ဖြစ်ရတာလို့ ဒီစာအုပ်မှာ ဖော်ပြထားတာပါ။

သတင်းကောင်းကတော့ ကွယ်ပျောက် ပျက်သုဉ်းမှုနှုန်းကို နှေးကွေးသွားအောင် လုပ်နိုင်နေသေးတာ ဖြစ်တယ်လို့လည်း EDN မြေကမ္ဘာနေ့ ကွန်ယက်ရဲ့ ခေါင်းဆောင် Kathleen Rogers က ဗွီအိုအေကို ပြောပါတယ်။

ချက်ချင်း အရေးယူဆောင်ရွက်ဖို့ အတွက် စားသုံးသူတွေ၊ မဲဆန္ဒရှင်တွေ၊ ဆရာတွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ သိပ္ပံပညာရှင်တွေက ကမ္ဘာတလွှား လှုပ်ရှားမှုတရပ်ကို အခုအချိန်မှာ တညီတညွတ်တည်း အတူတည်ဆောက်ပြီး ဆောင်ရွက်နိုင်ခဲ့မယ်ဆိုရင်တော့ လျော့ကျလာနေတဲ့၊ ခြိမ်းခြောက်ခံနေရတဲ့ ရှားပါး မျိုးစိတ်တွေကို ပြန်လည် ထိန်းသိမ်းနိုင်မှာ ဖြစ်တယ်လို့ မြေကမ္ဘာနေ့ ကွန်ယက် အကြီးအကဲက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မြေကမ္ဘာနေ့ ဆိုတာကတော့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှုတွေကို ပိုပြီး သိရှိလာအောင် ဆောင်ရွက်မှု ဖြစ်ပါတယ်။

၁၉၇၀ ပြည့်နှစ်မှာ စခဲ့တဲ့ ပထမဆုံးသော မြေကမ္ဘာနေ့မှာတော့ ခေတ်သစ် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှုကို စတင်ဖော်ဆောင်ဖို့ အတွက် အမေရိကန် ပြည်သူ သန်း ၂၀ လောက် စုရုံးခဲ့ကြပြီး ကမ္ဘာတလွှား အစိုးရတွေကတော့ မြေကမ္ဘာကို ထိန်းသိမ်းဖို့ အတွက် မူဝါဒတွေ ချမှတ်ပြီး ဥပဒေတွေလည်း ပြဌာန်းခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG