သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေတာရိုင္းတိရိစာၦန္ စီးပြားျဖစ္ ေမြးျမဴခြင့္အေၾကာင္း တေစ႔တေစာင္း


(Zawgyi / Unicode)
မ်ိဳးတုန္းလု ျဖစ္ေနတဲ႔ ဧရာ၀တီ လင္းပိုင္ေတြ က်ားမ်ိဳးစိတ္ေတြ ေရႊသမင္ေတြ အပါအ၀င္ ေတာရိုင္း တိရိစာၦန္ မ်ိဳးစိတ္ ၉၀ ေက်ာ္ကို စီးပြား ျဖစ္ ေမြးခြင့္ေပးဖို႔ ျမန္မာ အစိုးရက ေၾကညာထားပါတယ္။ သားရိုင္းတိရိစာၦန္ စီးပြားေရးအရ ေမြးျမဴခြင့္နဲ႔ ပတ္သက္ၿပီး အျပည္ျပည္ဆိုင္ရာ ေတာရိုင္း တိရိစာၦန္နဲ႔ သဘာ၀ အပင္မ်ား အဖြဲ႔ရဲ႕ ျမန္မာႏုိင္ငံ ေျမာက္ပိုင္းအစီအစဥ္ မန္ေနဂ်ာ Conservation Biologist ဦးေငြလြင္နဲ႔ ေဆြးေႏြးၿပီး ဒီသီတင္းပတ္ စီးပြားေရး အစီအစဥ္မွာ မသိဂၤ ီထိုက္ တင္ျပထားပါတယ္။

ဦးေငြလြင္။ ။ စီးပြားေရး အလိုငွာလို႔ စကားလံုး အရ သံုးေပမယ့္ တကယ္ေတာ့ စီးပြားေရး အရမွာ ေလးမ်ိဳး ျပန္ၿပီးေတာ့ ခြဲထားတာ ရွိပါတယ္။ ေလးမ်ိဳးမွာမွ ပထမ သံုးမ်ိဳးကေတာ့ တခုက တိရိစာၦန္ရံုေတြမွာေပါ့ အမ်ားျပည္သူေတြကို ျပသဖို႔ ေမြးျမဴတာပါဘဲ။ သားေဖာက္ၿပီးေတာ့ ဒီ သားေပါက္ေတြ ေရာင္းမယ္ ဆိုတာမ်ိဳး မဟုတ္ပါဘူး။ ေနာက္တခုကေတာ့ စီးပြားျဖစ္ ျပသျခင္းေပါ့။ မ်က္စိထဲ က်ေနာ္ ျမင္မိတဲ႔ အရာကေတာ့ ဟိုတယ္ေတြမွာ အထူးသျဖင့္ေပါ့ တိရိစာၦန္ရံု အေသးေလးေတြ လုပ္ၿပီးေတာ့ ျပသထားတဲ႔ဟာမ်ိဳးေတြ ရွိပါတယ္။

ေနာက္တခုကေတာ့ သဘာ၀ အေျခခံ ခရီးသြား လုပ္ငန္း အတြက္ဆိုၿပီးေတာ့ သူက အဲဒီ သံုးခုေပါ့။ အဲဒီ သံုးပိုင္းကေတာ့ တကယ္တန္း စီးပြား ျဖစ္ ဆိုေပမယ့္ ေမြးျမဴရံု သက္သက္ဘဲ။ ဒီဥစၥာေတြကို အထူးသျဖင့္ သားေတြေဖာက္ ထြက္လာတဲ႔ ဥစၥာေတြကို ျပန္ၿပီးေတာ့ အေကာင္လိုက္ဘဲ ျဖစ္ျဖစ္ ဒီ တိရိစာၦန္ အစိတ္အပိုင္းဘဲ ျဖစ္ျဖစ္ အသားဘဲ ေရာင္းခ်ဖို႔ မဟုတ္ပါဘူး။

ေနာက္ဆံုး တခ်က္ ရွိတယ္ေပါ့။ အဲဒါကေတာ့ အသားအတြက္ ေရာင္းတယ္ေပါ့။ ဥပမာ ေျပာရရင္ေတာ့ က်ေနာ္တို႔မွာ အရင္က ရွိခဲ႔တဲ႔ မိေက်ာင္း ေမြးျမဴေရး စခန္းေပါ့၊ သာေကတမွာလည္း ရွိတယ္။ အဲဒါမ်ိဳးနဲ႔ ပတ္သက္တဲ႔ ဟာမ်ိဳးေပါ့ေနာ္။ ေျပာရရင္ေတာ့ တိရိစာၦန္ ေမြးျမဴေရး လုပ္ၿပီးေတာ့။ အဲဒီထဲမွာေတာ့ မ်ိဳးစိတ္ တခ်ိဳ႕ေပါ့။ အဲဒီ ထဲမွာေတာ့ ဆတ္၊ ဂ်ီ၊ ဒရယ္ တို႔ ေနာက္ ရစ္ မ်ိဳးစိတ္တခ်ိဳ႕ ငံုးေပါ့ အဲဒါမ်ိဳးေတြနဲ႔ ေနာက္ မိေက်ာင္းလို အေကာင္မ်ိဳးေတြ ပါၿပီးေတာ့ ဒီဥစၥာေတြကေတာ့ က်ေနာ္႔ အျမင္ ေျပာရရင္ ဒီဥစၥာထဲက သီးသန္႔ ေမြးျမဴ အသားထုတ္ ၿပီးေတာ့ လုပ္မယ့္ ဥစၥာေပါ့ေလ။ ဒါ ေတာ္ေတာ္ေလးကိုေတာ့ သတိထားရမယ့္ အပိုင္းေပါ့။

သိဂၤ ီထုိက္။ ။ ဟုတ္ကဲ႔။ တိရိစာၦန္ေပါ့ေနာ္။ သားရိုင္း တိရိစာၦန္ အမ်ိဳးေပါင္း ၉၀ ေက်ာ္ကို စီးပြားေရး အလို႔ငွား ေမြးျမဴခြင့္ ျပဳမယ္ဆိုတဲ႔ စာရင္း ထြက္လာပါတယ္ရွင့္။ ဆိုေတာ့ ဘယ္လုိပံုစံမ်ိဳး ေမြးျမဴရမလဲ ဆိုတဲ႔ နည္းဥပေဒ ေနာက္ တခါ လုပ္ထံုးလုပ္နည္း စည္းမ်ဥ္း စည္းကမ္းေတြ ထြက္မလာခင္မွာ တိရိစာၦန္ အမ်ိဳးအမည္ေတြ အရင္ ထြက္လာတာေပါ့ေနာ္။ ဆိုေတာ့ ဒီအေပၚမွာ ဘယ္လို ျမင္ပါသလဲရွင့္။

ဦးေငြလြင္။ ။ နည္းနည္းေတာ့ က်ေနာ္တို႔ဘက္က ဆိုးက်ိဳးေလးေတြေတာ့ ျဖစ္လာႏုိင္တဲ႔ အေနအထား ရွိတယ္။ ဘာေၾကာင့္လဲ ဆုိေတာ့ က်ေနာ္တို႔ ႏုိင္ငံရဲ႕ ပင္ကိုယ္ကလည္း အေျခအေန မ်ိဳးစံုေၾကာင့္ တရားဥပေဒ စိုးမိုးမႈဘက္မွာ အားနည္းမႈ ရွိတယ္ ဆိုေတာ့ အခု ဒီ ေၾကညာခ်က္ ထြက္လာၿပီးတဲ႔ အခါမွာ က်ေနာ္႔ အျမင္ ေျပာရရင္ေတာ့ ၂ ပိုင္းေတြ႔သြားမယ္။

တပိုင္းက က်ေတာ့ ဒီ ေမြးျမဴခ်င္တဲ႔ လူေတြ ရွိတယ္။ ခုနက က်ေနာ္ ေျပာတဲ႔ ဟိုတယ္လိုမ်ိဳးေတြ ေနာက္တခါ တခ်ိဳ႕ က်ေတာ့လည္း ၿခံေတြ ရွိတယ္။ သူတို႔က ဒါေတြကို ေမြးၿပီးေတာ့ ဧည့္သည္ေတြကို ျပစားမယ္။ သဘာ၀ အေျခခံ ခရီးသြား လုပ္ငန္း အတြက္ ဘယ္လို ေမ်ာက္ေတြေတာ့ ေမြးထားမယ္၊ ၀က္၀ံေတာ့ ေမြးထားခ်င္တယ္ ဆိုတဲ႔ ဒီလိုမ်ိဳးေတြ စီးပြားေရး သမားေတြက စၿပီးေတာ့ စဥ္းစားၿပီးတဲ႔ အခါမွာ သူတို႔က ဒါေတြကို ေမြးဖို႔ စၿပီးေတာ့ ျပင္ဆင္ေတာ့မယ္။

ဒါေပမယ့္ အဲဒီ အခ်ိန္မွာ က်ေနာ္တို႔က လုပ္ထံုး လုပ္နည္းေပါ့ တိက်တဲ႔ လုပ္ထံုး လုပ္နည္းက မရွိေသးတဲ႔ အတြက္ေတာ့ သူတို႔ ျပင္ဆင္တဲ႔ အခါမွာ အမွားအယြင္း ျဖစ္ႏုိင္တယ္။ ေနာက္ လိုအပ္ခ်က္ မ်ားလာႏုိင္တယ္ေပါ့ေလ။


အဲဒီလိုဘဲ ေနာက္တခုက စုေဆာင္းတဲ႔ လူေတြ ရွိတယ္။ က်ေနာ္တို႔ ဒီ ေတာရိုင္း တိရိစာၦန္ေတြ စုေဆာင္း ေရာင္းခ်ၿပီး တရားမ၀င္ လုပ္ေနတဲ႔ လူေတြ ရွိတယ္။ သူတို႔ကလည္း ဒီ ေၾကညာခ်က္ေတာ့ ထြက္ၿပီ။ ဒီေတာ့ ဒီလိုေတြ ျဖစ္တဲ႔ အတြက္ ဒါေတြကိုေတာ့ ေမြးလို႔ ရႏုိင္တယ္။ ေနာက္ တခါ ဒီဟာေတြကို အသား အတြက္ဘဲ ျဖစ္ျဖစ္ ထုတ္လို႔ ရႏုိင္တယ္ဆိုၿပီးေတာ့ သူတို႔က ပိုၿပီးေတာ့ စုေဆာင္းတာမ်ိဳးေတြ ျဖစ္လာႏုိင္တဲ႔ အတြက္ေတာ့ က်ေနာ္ ထင္တယ္ ဒီဥစၥာကေတာ့ နည္းနည္းေလး စိုးရိမ္ရမယ့္ အေနအထားမ်ိဳးေပါ့ေလ။

သိဂၤ ီထုိက္။ ။ ျမန္မာႏုိင္ငံတြင္းမွာ အခုလို ေတာရိုင္း တိရိစာၦန္ ေတာေကာင္ေတြ ေမြးေနၾကေရာ လက္ရွိမွာ ရွိေနပါလားရွင့္။

ဦးေငြလြင္။ ။ လက္ရွိ အားျဖင့္ က်ေနာ္ သိသေလာက္ လက္လွမ္းမီသေလာက္ သိသေလာက္ေတာ့ တခ်ိဳ႕ေတြကလည္း ေမြးျမဴထားတာေတြ ရွိေနတယ္။ အထူးသျဖင့္ေတာ့ ဟိုတယ္ေတြမွာ ေဒါင္းလို အေကာင္ေတြ ၊ ရစ္ငွက္လို အေကာင္မ်ိဳးေတြေပါ့။ တခ်ိဳ႕ ေတာရိုင္း တိရိစာၦန္ေတြကို ဟိုတယ္ေတြမွာ ေမြးထားတယ္၊ ေနာက္ စားေသာက္ဆိုင္ေတြမွာ ဒါမ်ိဳးေတြကို ေမြးထားတယ္။ အမ်ားစုကေတာ့ လိုင္စင္ မရွိၾကေသးဘူး။ လိုင္စင္ လုပ္ဖို႔ အတြက္ကလည္း အခုလိုေပါ့ အခုမွ ဥပေဒက သက္ေရာက္မႈစတယ္ဆိုေတာ့ ဒီဟာနဲ႔ ပတ္သက္ၿပီး သူတို႔ အခုမွ လုပ္တုန္း ရွိေသးတယ္။
တခ်ိဳ႕ ေနရာေတြမွာ တိရိစာၦန္ရံုလို ခပ္ႀကီးႀကီးေတြ လုပ္ၿပီးမွ အေကာင္ေတြ စုထားတာမ်ိဳး ရွိတယ္။ လိုင္စင္ မရွိေသးဘူးေပါ့ေလ။

သိဂၤ ီထုိက္။ ။ ဒီ ျမန္မာ အစိုးရ အေနနဲ႔ ဒီ ေတာရိုင္း တိရိစာၦန္ အမ်ိဳးေပါင္း ၉၀ ေက်ာ္ ဆိုတာ မနည္းဘူး ေပါ့ေနာ္။ ဆိုေတာ့ ဒီဟာကို ေမြးျမဴခြင့္ ေပးလိုက္ေတာ့ေရာ ျမန္မာႏုိင္ငံသူ ႏုိင္ငံသား မ်ား အေနနဲ႔ စီးပြားေရး အခြင့္အလမ္း တခုမ်ား ျဖစ္လာမလားရွင့္။

ဦးေငြလြင္။ ။ စီးပြား ျဖစ္ဖို႔ေတာ့ အမ်ားႀကီးေတာ့ က်ေနာ္ ထင္တယ္ အမ်ားႀကီး ပံ႔ပိုးတဲ႔ အထဲမွာေတာ့ မပါေလာက္ဘူး။ ဘယ္လုိ လုပ္ငန္းေလာက္ဘဲ သြား ျဖစ္မလဲ ဆိုေတာ့ က်ေနာ္တို႔ သဘာ၀ အေျခခံ ခရီးသြား လုပ္ငန္း လုပ္ေနတဲ႔ လူေတြ ဆိုရင္ေတာ့ သူတို႔ကေတာ့ တိရိစာၦန္ေတြကို ေမြးျမဴခ်င္လာမယ္။ စီးပြားေရး သမားေတြ အတြက္ေတာ့ စီးပြားေရး အရေတာ့ အေထာက္အကူ ျဖစ္တာမ်ိဳးေတာ့ ျဖစ္ႏုိင္တယ္။ ေနာက္ က်န္တဲ႔ လုပ္ငန္းပိုင္း ဆိုင္ရာကေတာ့ က်ေနာ္ထင္တယ္ သိပ္ ထူးထူးျခားျခား မရွိဘူး။

တိရိစာၦန္ရံု ဆိုတာကလည္း ဒါ သာမန္ လူတိုင္း လုပ္ႏုိင္တဲ႔ အလုပ္မ်ိဳး မဟုတ္ဘူး။ အရင္းအႏွီး ႀကီးႀကီးနဲ႔ ေပါ့ေနာ္ ဒါမ်ိဳး လုပ္ရတာ ျဖစ္တဲ႔ အတြက္။ သာမန္ အားျဖင့္ေတာ့ မျဖစ္ႏုိင္ဘူး။ အဲမွာ က်ေနာ္တို႔ တခု စဥ္းစား စရာ ရွိတာကေတာ့ ဒီ စီးပြားျဖစ္ ေမြးတဲ႔ ခုနက က်ေနာ္တို႔ အသားတိုး ေမြးတဲ႔ဟာမ်ိဳး ေတြေတာ့ ရွိတာေပါ့။ အသားတိုးေမြးတယ္ ဆိုတာကလည္း ဘယ္ေလာက္ ကန္႔သတ္ခ်က္ ရွိလဲေတာ့ က်ေနာ္တို႔ မေျပာႏုိင္ေသးဘူး ေပါ့ေနာ္။ ဘယ္ေလာက္ထိ လုပ္ႏုိင္မလဲ။ အဲဒီ မွာ ပါတာေတာ့ ငံုးလိုဟာ ေမြးတာပါတယ္။ ငံုးလို ဟာမ်ိဳးကေတာ့ ဥပေဒ မရွိခင္ ကတည္းက နဂိုကတည္းကေတာ့ ေမြးၿပီးေတာ့ သားေဖာက္ ၿပီးေတာ့ေတာ့ ဒါ ငံုးေၾကာ္တို႔ ငံုးဥတုိ႔ ေရာင္းေနတာ ရွိတာေပါ့ေလ။ ဆိုေတာ့ အဲလို လုပ္ငန္းေတြ အတြက္ေတာ့ ပုိၿပီးေတာ့ဘဲ တရား၀င္ ျဖစ္လာၿပီးေတာ့ က်ယ္က်ယ္ျပန္႔ျပန္႔ ျဖစ္လာ မလားေတာ့ မေျပာႏုိင္ဘူး ခင္ဗ်။
ေယဘုယ် အားျဖင့္ေတာ့ က်ေနာ္ ထင္တယ္ ျမန္မာ ျပည္သူေတြရဲ႕ စီးပြားေရး အတြက္ေတာ့ ဒီဥစၥာႀကီးက အရမ္းႀကီး ပံ႔ပိုးမႈေတာ့ မရွိႏုိင္ဘူး။ ဒါေပမယ့္ သြားရွိႏုိင္တာက ေတာရိုင္း တိရိစာၦန္ေတြ အတြက္ေတာ့ အရင္ထက္ စာရင္ေတာ့ ေတာရိုင္း တိရိစာၦန္ ကုန္ကူးမႈနဲ႔ ဖမ္းဆီးခံရတဲ႔ အေရာင္း အ၀ယ္ေတာ့ အရင္ထက္ စာရင္ တိုးလာမယ္လို႔ေတာ့ က်ေနာ္တို႔ ယူဆပါတယ္။


သိဂၤ ီထုိက္။ ။ အခုလို သားရိုင္း တိရိစာၦန္ေတြကို ကိုယ္ပိုင္ ေမြးျမဴခြင့္ ရလာၿပီေပါ့ေနာ္။ ဆိုေတာ့ ျပည္ပ ကို အရင္က ေမွာင္ခို ထြက္တဲ႔ဟာေတြ ရွိပါတယ္။ ဆိုေတာ့ တနည္း တဖံုနဲ႔ ဒီ လမ္းေၾကာင္းကိုမ်ား အားေပးရာ ေရာက္သြားႏုိင္ပါသလားရွင့္။

ဦးေငြလြင္။ ။ ျပည္ပကို ထြက္ရင္လည္း ေမွာင္ခိုဘဲ ထြက္မွာေပါ့။ တရား၀င္ ကေတာ့ အခုလည္း ထြက္သေလာက္ေတာ့ မရွိဘူးဆိုေတာ့။ ေမွာင္ခို ထြက္တဲ႔ အေနအထားကလည္း အားေပးသလိုေတာ့ ရွိတယ္။ သို႔ေပမယ့္ ခုန က်ေနာ္ ပထမ ေျပာသလိုဘဲ လုပ္ထံုး လုပ္နည္းနဲ႔ က်ေနာ္တို႔ တရားဥပေဒ စိုးမိုးမႈ အေပၚမွာဘဲ အမ်ားႀကီး သြားၿပီးေတာ့ မူတည္ပါတယ္ ခင္ဗ်။

တိုက္႐ိုက္ လင့္ခ္

(Unicode)
တောရိုင်းတိရိစ္ဆာန် စီးပွားဖြစ် မွေးမြူခွင့်အကြောင်း တစေ့တစောင်း

မျိုးတုန်းလု ဖြစ်နေတဲ့ ဧရာဝတီ လင်းပိုင်တွေ ကျားမျိုးစိတ်တွေ ရွှေသမင်တွေ အပါအဝင် တောရိုင်း တိရိစ္ဆာန် မျိုးစိတ် ၉၀ ကျော်ကို စီးပွား ဖြစ် မွေးခွင့်ပေးဖို့ မြန်မာ အစိုးရက ကြေညာထားပါတယ်။ သားရိုင်းတိရိစ္ဆာန် စီးပွားရေးအရ မွေးမြူခွင့်နဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ တောရိုင်း တိရိစ္ဆာန်နဲ့ သဘာ၀ အပင်များ အဖွဲ့ရဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းအစီအစဉ် မန်နေဂျာ Conservation Biologist ဦးငွေလွင်နဲ့ ဆွေးနွေးပြီး ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။




ဦးငွေလွင်။ ။ စီးပွားရေး အလိုငှာလို့ စကားလုံး အရ သုံးပေမယ့် တကယ်တော့ စီးပွားရေး အရမှာ လေးမျိုး ပြန်ပြီးတော့ ခွဲထားတာ ရှိပါတယ်။ လေးမျိုးမှာမှ ပထမ သုံးမျိုးကတော့ တခုက တိရိစ္ဆာန်ရုံတွေမှာပေါ့ အများပြည်သူတွေကို ပြသဖို့ မွေးမြူတာပါဘဲ။ သားဖောက်ပြီးတော့ ဒီ သားပေါက်တွေ ရောင်းမယ် ဆိုတာမျိုး မဟုတ်ပါဘူး။ နောက်တခုကတော့ စီးပွားဖြစ် ပြသခြင်းပေါ့။ မျက်စိထဲ ကျနော် မြင်မိတဲ့ အရာကတော့ ဟိုတယ်တွေမှာ အထူးသဖြင့်ပေါ့ တိရိစ္ဆာန်ရုံ အသေးလေးတွေ လုပ်ပြီးတော့ ပြသထားတဲ့ဟာမျိုးတွေ ရှိပါတယ်။

နောက်တခုကတော့ သဘာ၀ အခြေခံ ခရီးသွား လုပ်ငန်း အတွက်ဆိုပြီးတော့ သူက အဲဒီ သုံးခုပေါ့။ အဲဒီ သုံးပိုင်းကတော့ တကယ်တန်း စီးပွား ဖြစ် ဆိုပေမယ့် မွေးမြူရုံ သက်သက်ဘဲ။ ဒီဥစ္စာတွေကို အထူးသဖြင့် သားတွေဖောက် ထွက်လာတဲ့ ဥစ္စာတွေကို ပြန်ပြီးတော့ အကောင်လိုက်ဘဲ ဖြစ်ဖြစ် ဒီ တိရိစ္ဆာန် အစိတ်အပိုင်းဘဲ ဖြစ်ဖြစ် အသားဘဲ ရောင်းချဖို့ မဟုတ်ပါဘူး။

နောက်ဆုံး တချက် ရှိတယ်ပေါ့။ အဲဒါကတော့ အသားအတွက် ရောင်းတယ်ပေါ့။ ဥပမာ ပြောရရင်တော့ ကျနော်တို့မှာ အရင်က ရှိခဲ့တဲ့ မိကျောင်း မွေးမြူရေး စခန်းပေါ့၊ သာကေတမှာလည်း ရှိတယ်။ အဲဒါမျိုးနဲ့ ပတ်သက်တဲ့ ဟာမျိုးပေါ့နော်။ ပြောရရင်တော့ တိရိစ္ဆာန် မွေးမြူရေး လုပ်ပြီးတော့။ အဲဒီထဲမှာတော့ မျိုးစိတ် တချို့ပေါ့။ အဲဒီ ထဲမှာတော့ ဆတ်၊ ဂျီ၊ ဒရယ် တို့ နောက် ရစ် မျိုးစိတ်တချို့ ငုံးပေါ့ အဲဒါမျိုးတွေနဲ့ နောက် မိကျောင်းလို အကောင်မျိုးတွေ ပါပြီးတော့ ဒီဥစ္စာတွေကတော့ ကျနော့် အမြင် ပြောရရင် ဒီဥစ္စာထဲက သီးသန့် မွေးမြူ အသားထုတ် ပြီးတော့ လုပ်မယ့် ဥစ္စာပေါ့လေ။ ဒါ တော်တော်လေးကိုတော့ သတိထားရမယ့် အပိုင်းပေါ့။

သိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့။ တိရိစ္ဆာန်ပေါ့နော်။ သားရိုင်း တိရိစ္ဆာန် အမျိုးပေါင်း ၉၀ ကျော်ကို စီးပွားရေး အလို့ငှား မွေးမြူခွင့် ပြုမယ်ဆိုတဲ့ စာရင်း ထွက်လာပါတယ်ရှင့်။ ဆိုတော့ ဘယ်လိုပုံစံမျိုး မွေးမြူရမလဲ ဆိုတဲ့ နည်းဥပဒေ နောက် တခါ လုပ်ထုံးလုပ်နည်း စည်းမျဉ်း စည်းကမ်းတွေ ထွက်မလာခင်မှာ တိရိစ္ဆာန် အမျိုးအမည်တွေ အရင် ထွက်လာတာပေါ့နော်။ ဆိုတော့ ဒီအပေါ်မှာ ဘယ်လို မြင်ပါသလဲရှင့်။

ဦးငွေလွင်။ ။ နည်းနည်းတော့ ကျနော်တို့ဘက်က ဆိုးကျိုးလေးတွေတော့ ဖြစ်လာနိုင်တဲ့ အနေအထား ရှိတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့ နိုင်ငံရဲ့ ပင်ကိုယ်ကလည်း အခြေအနေ မျိုးစုံကြောင့် တရားဥပဒေ စိုးမိုးမှုဘက်မှာ အားနည်းမှု ရှိတယ် ဆိုတော့ အခု ဒီ ကြေညာချက် ထွက်လာပြီးတဲ့ အခါမှာ ကျနော့် အမြင် ပြောရရင်တော့ ၂ ပိုင်းတွေ့သွားမယ်။

တပိုင်းက ကျတော့ ဒီ မွေးမြူချင်တဲ့ လူတွေ ရှိတယ်။ ခုနက ကျနော် ပြောတဲ့ ဟိုတယ်လိုမျိုးတွေ နောက်တခါ တချို့ ကျတော့လည်း ခြံတွေ ရှိတယ်။ သူတို့က ဒါတွေကို မွေးပြီးတော့ ဧည့်သည်တွေကို ပြစားမယ်။ သဘာ၀ အခြေခံ ခရီးသွား လုပ်ငန်း အတွက် ဘယ်လို မျောက်တွေတော့ မွေးထားမယ်၊ ဝက်ဝံတော့ မွေးထားချင်တယ် ဆိုတဲ့ ဒီလိုမျိုးတွေ စီးပွားရေး သမားတွေက စပြီးတော့ စဉ်းစားပြီးတဲ့ အခါမှာ သူတို့က ဒါတွေကို မွေးဖို့ စပြီးတော့ ပြင်ဆင်တော့မယ်။

ဒါပေမယ့် အဲဒီ အချိန်မှာ ကျနော်တို့က လုပ်ထုံး လုပ်နည်းပေါ့ တိကျတဲ့ လုပ်ထုံး လုပ်နည်းက မရှိသေးတဲ့ အတွက်တော့ သူတို့ ပြင်ဆင်တဲ့ အခါမှာ အမှားအယွင်း ဖြစ်နိုင်တယ်။ နောက် လိုအပ်ချက် များလာနိုင်တယ်ပေါ့လေ။

အဲဒီလိုဘဲ နောက်တခုက စုဆောင်းတဲ့ လူတွေ ရှိတယ်။ ကျနော်တို့ ဒီ တောရိုင်း တိရိစ္ဆာန်တွေ စုဆောင်း ရောင်းချပြီး တရားမဝင် လုပ်နေတဲ့ လူတွေ ရှိတယ်။ သူတို့ကလည်း ဒီ ကြေညာချက်တော့ ထွက်ပြီ။ ဒီတော့ ဒီလိုတွေ ဖြစ်တဲ့ အတွက် ဒါတွေကိုတော့ မွေးလို့ ရနိုင်တယ်။ နောက် တခါ ဒီဟာတွေကို အသား အတွက်ဘဲ ဖြစ်ဖြစ် ထုတ်လို့ ရနိုင်တယ်ဆိုပြီးတော့ သူတို့က ပိုပြီးတော့ စုဆောင်းတာမျိုးတွေ ဖြစ်လာနိုင်တဲ့ အတွက်တော့ ကျနော် ထင်တယ် ဒီဥစ္စာကတော့ နည်းနည်းလေး စိုးရိမ်ရမယ့် အနေအထားမျိုးပေါ့လေ။

သိင်္ဂ ီထိုက်။ ။ မြန်မာနိုင်ငံတွင်းမှာ အခုလို တောရိုင်း တိရိစ္ဆာန် တောကောင်တွေ မွေးနေကြရော လက်ရှိမှာ ရှိနေပါလားရှင့်။

ဦးငွေလွင်။ ။ လက်ရှိ အားဖြင့် ကျနော် သိသလောက် လက်လှမ်းမီသလောက် သိသလောက်တော့ တချို့တွေကလည်း မွေးမြူထားတာတွေ ရှိနေတယ်။ အထူးသဖြင့်တော့ ဟိုတယ်တွေမှာ ဒေါင်းလို အကောင်တွေ ၊ ရစ်ငှက်လို အကောင်မျိုးတွေပေါ့။ တချို့ တောရိုင်း တိရိစ္ဆာန်တွေကို ဟိုတယ်တွေမှာ မွေးထားတယ်၊ နောက် စားသောက်ဆိုင်တွေမှာ ဒါမျိုးတွေကို မွေးထားတယ်။ အများစုကတော့ လိုင်စင် မရှိကြသေးဘူး။ လိုင်စင် လုပ်ဖို့ အတွက်ကလည်း အခုလိုပေါ့ အခုမှ ဥပဒေက သက်ရောက်မှုစတယ်ဆိုတော့ ဒီဟာနဲ့ ပတ်သက်ပြီး သူတို့ အခုမှ လုပ်တုန်း ရှိသေးတယ်။
တချို့ နေရာတွေမှာ တိရိစ္ဆာန်ရုံလို ခပ်ကြီးကြီးတွေ လုပ်ပြီးမှ အကောင်တွေ စုထားတာမျိုး ရှိတယ်။ လိုင်စင် မရှိသေးဘူးပေါ့လေ။

သိင်္ဂ ီထိုက်။ ။ ဒီ မြန်မာ အစိုးရ အနေနဲ့ ဒီ တောရိုင်း တိရိစ္ဆာန် အမျိုးပေါင်း ၉၀ ကျော် ဆိုတာ မနည်းဘူး ပေါ့နော်။ ဆိုတော့ ဒီဟာကို မွေးမြူခွင့် ပေးလိုက်တော့ရော မြန်မာနိုင်ငံသူ နိုင်ငံသား များ အနေနဲ့ စီးပွားရေး အခွင့်အလမ်း တခုများ ဖြစ်လာမလားရှင့်။

ဦးငွေလွင်။ ။ စီးပွား ဖြစ်ဖို့တော့ အများကြီးတော့ ကျနော် ထင်တယ် အများကြီး ပံ့ပိုးတဲ့ အထဲမှာတော့ မပါလောက်ဘူး။ ဘယ်လို လုပ်ငန်းလောက်ဘဲ သွား ဖြစ်မလဲ ဆိုတော့ ကျနော်တို့ သဘာ၀ အခြေခံ ခရီးသွား လုပ်ငန်း လုပ်နေတဲ့ လူတွေ ဆိုရင်တော့ သူတို့ကတော့ တိရိစ္ဆာန်တွေကို မွေးမြူချင်လာမယ်။ စီးပွားရေး သမားတွေ အတွက်တော့ စီးပွားရေး အရတော့ အထောက်အကူ ဖြစ်တာမျိုးတော့ ဖြစ်နိုင်တယ်။ နောက် ကျန်တဲ့ လုပ်ငန်းပိုင်း ဆိုင်ရာကတော့ ကျနော်ထင်တယ် သိပ် ထူးထူးခြားခြား မရှိဘူး။

တိရိစ္ဆာန်ရုံ ဆိုတာကလည်း ဒါ သာမန် လူတိုင်း လုပ်နိုင်တဲ့ အလုပ်မျိုး မဟုတ်ဘူး။ အရင်းအနှီး ကြီးကြီးနဲ့ ပေါ့နော် ဒါမျိုး လုပ်ရတာ ဖြစ်တဲ့ အတွက်။ သာမန် အားဖြင့်တော့ မဖြစ်နိုင်ဘူး။ အဲမှာ ကျနော်တို့ တခု စဉ်းစား စရာ ရှိတာကတော့ ဒီ စီးပွားဖြစ် မွေးတဲ့ ခုနက ကျနော်တို့ အသားတိုး မွေးတဲ့ဟာမျိုး တွေတော့ ရှိတာပေါ့။ အသားတိုးမွေးတယ် ဆိုတာကလည်း ဘယ်လောက် ကန့်သတ်ချက် ရှိလဲတော့ ကျနော်တို့ မပြောနိုင်သေးဘူး ပေါ့နော်။ ဘယ်လောက်ထိ လုပ်နိုင်မလဲ။ အဲဒီ မှာ ပါတာတော့ ငုံးလိုဟာ မွေးတာပါတယ်။ ငုံးလို ဟာမျိုးကတော့ ဥပဒေ မရှိခင် ကတည်းက နဂိုကတည်းကတော့ မွေးပြီးတော့ သားဖောက် ပြီးတော့တော့ ဒါ ငုံးကြော်တို့ ငုံးဥတို့ ရောင်းနေတာ ရှိတာပေါ့လေ။ ဆိုတော့ အဲလို လုပ်ငန်းတွေ အတွက်တော့ ပိုပြီးတော့ဘဲ တရားဝင် ဖြစ်လာပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာ မလားတော့ မပြောနိုင်ဘူး ခင်ဗျ။
ယေဘုယျ အားဖြင့်တော့ ကျနော် ထင်တယ် မြန်မာ ပြည်သူတွေရဲ့ စီးပွားရေး အတွက်တော့ ဒီဥစ္စာကြီးက အရမ်းကြီး ပံ့ပိုးမှုတော့ မရှိနိုင်ဘူး။ ဒါပေမယ့် သွားရှိနိုင်တာက တောရိုင်း တိရိစ္ဆာန်တွေ အတွက်တော့ အရင်ထက် စာရင်တော့ တောရိုင်း တိရိစ္ဆာန် ကုန်ကူးမှုနဲ့ ဖမ်းဆီးခံရတဲ့ အရောင်း အဝယ်တော့ အရင်ထက် စာရင် တိုးလာမယ်လို့တော့ ကျနော်တို့ ယူဆပါတယ်။

သိင်္ဂ ီထိုက်။ ။ အခုလို သားရိုင်း တိရိစ္ဆာန်တွေကို ကိုယ်ပိုင် မွေးမြူခွင့် ရလာပြီပေါ့နော်။ ဆိုတော့ ပြည်ပ ကို အရင်က မှောင်ခို ထွက်တဲ့ဟာတွေ ရှိပါတယ်။ ဆိုတော့ တနည်း တဖုံနဲ့ ဒီ လမ်းကြောင်းကိုများ အားပေးရာ ရောက်သွားနိုင်ပါသလားရှင့်။

ဦးငွေလွင်။ ။ ပြည်ပကို ထွက်ရင်လည်း မှောင်ခိုဘဲ ထွက်မှာပေါ့။ တရားဝင် ကတော့ အခုလည်း ထွက်သလောက်တော့ မရှိဘူးဆိုတော့။ မှောင်ခို ထွက်တဲ့ အနေအထားကလည်း အားပေးသလိုတော့ ရှိတယ်။ သို့ပေမယ့် ခုန ကျနော် ပထမ ပြောသလိုဘဲ လုပ်ထုံး လုပ်နည်းနဲ့ ကျနော်တို့ တရားဥပဒေ စိုးမိုးမှု အပေါ်မှာဘဲ အများကြီး သွားပြီးတော့ မူတည်ပါတယ် ခင်ဗျ။

XS
SM
MD
LG