သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယအေနာက္ပိုင္း ေရႀကီး ေျမၿပိဳမႈေၾကာင့္ လူ ၁၁၂ ဦးထက္မနည္း ေသဆုံး


အိႏၵိယအေနာက္ပိုင္း ေရႀကီး ေျမၿပိဳမႈေၾကာင့္ လူ ၁၁၂ ဦးထက္မနည္း ေသဆုံး

{{Zawgyi/Unicode}}

အိႏၵိယ ႏိုင္ငံ အေနာက္ပိုင္းျပည္နယ္ Maharashtra မွာ မုတ္သံုးမိုးေၾကာင့္ ေျမနိမ့္ပိုင္းေတြမွာ ေရႀကီး ေျမၿပိဳၿပီး ရာနဲ႔ခ်ီတဲ႔ ေက်းရြာေတြ ဆက္သြယ္ေရး ျပတ္ေတာက္ခဲ႔ၿပီး အနည္းဆံုး လူ ၁၁၂ ဦးလည္း ေသဆံုးရေၾကာင္း ဇူလိုင္လ ၂၃ ရက္ေန႔ ေသာၾကာေန႔မွာ အာဏာပိုင္တို႔က ေျပာပါတယ္။

ၿပီးခဲ႔တဲ႔ ၂၄ နာရီေက်ာ္ အတြင္း အိႏၵိယ အေနာက္ဘက္ ကမ္း႐ိုးတန္းေဒသေတြမွာ မိုးေရခ်ိန္ ၂၃ လက္မထိ ေရာက္ရွိခဲ႔ၿပီးေနာက္ ေရလွ်ံလာေတာ့မယ့္ ေရကာတာေတြကေန ေရေတြ ေဖာက္ထုတ္ခဲ႔ရတာနဲ႔ အတူ ေဘးဒဏ္သင့္ ေဒသေတြကေနလည္း လူေတြကို အာဏာပိုင္တို႔ မျဖစ္မေန ကယ္ထုတ္ခဲ႔ရပါတယ္။

Raigad ခ႐ိုင္တြင္း ေျမၿပိဳတာမွာ အိမ္ ၃၂ လံုး ပါသြားေၾကာင္းလည္း သဘာ၀ေဒဘဏ္ တုံ႔ျပန္ကိုင္တြယ္ေရး ဌာန ဒုတိယ အႀကီးအကဲက ေသာၾကာေန႔မွာ ေျပာပါတယ္။

အိႏၵိယရဲ႕ ေတာင္ပိုင္း ျပည္နယ္ေတြ ျဖစ္တဲ႔ Karnataka နဲ႔ Telangana မွာလည္း ျမစ္ေရႀကီးတာေၾကာင့္ အေျခအေနကို ေစာင့္ၾကည့္ေနရေၾကာင္းလည္း အစိုးရ တာ၀န္ရွိသူေတြက ေျပာပါတယ္။

....................................

{{Unicode}}

အိန္ဒိယ နိုင်ငံ အနောက်ပိုင်းပြည်နယ် Maharashtra မှာ မုတ်သုံးမိုးကြောင့် မြေနိမ့်ပိုင်းတွေမှာ ရေကြီး မြေပြိုပြီး ရာနဲ့ချီတဲ့ ကျေးရွာတွေ ဆက်သွယ်ရေး ပြတ်တောက်ခဲ့ပြီး အနည်းဆုံး လူ ၁၁၂ ဦးလည်း သေဆုံးရကြောင်း ဇူလိုင်လ ၂၃ ရက်နေ့ သောကြာနေ့မှာ အာဏာပိုင်တို့က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီကျော် အတွင်း အိန္ဒိယ အနောက်ဘက် ကမ်းရိုးတန်းဒေသတွေမှာ မိုးရေချိန် ၂၃ လက်မထိ ရောက်ရှိခဲ့ပြီးနောက် ရေလျှံလာတော့မယ့် ရေကာတာတွေကနေ ရေတွေ ဖောက်ထုတ်ခဲ့ရတာနဲ့ အတူ ဘေးဒဏ်သင့် ဒေသတွေကနေလည်း လူတွေကို အာဏာပိုင်တို့ မဖြစ်မနေ ကယ်ထုတ်ခဲ့ရပါတယ်။

Raigad ခရိုင်တွင်း မြေပြိုတာမှာ အိမ် ၃၂ လုံး ပါသွားကြောင်းလည်း သဘာဝဒေဘဏ် တုံ့ပြန်ကိုင်တွယ်ရေး ဌာန ဒုတိယ အကြီးအကဲက သောကြာနေ့မှာ ပြောပါတယ်။

အိန္ဒိယရဲ့ တောင်ပိုင်း ပြည်နယ်တွေ ဖြစ်တဲ့ Karnataka နဲ့ Telangana မှာလည်း မြစ်ရေကြီးတာကြောင့် အခြေအနေကို စောင့်ကြည့်နေရကြောင်းလည်း အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG