သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Moderna ကိုဗစ္ကာကြယ္ေဆး အိႏၵိယမွာ ျဖန္႔ခ်ိေတာ႔မည္


(Zawgyi/Unicode)
အိႏၵိယရဲ႕ ေဆးဝါး လုပ္ငန္း ကုမၸဏီ Cipla က သူ႔ရဲ႕ လုပ္ငန္းမိတ္ဖက္ Moderna ရဲ႕ Covid-19 ကာကြယ္ေဆးကို ျဖန္႔ခ်ိေရး အတည္ျပဳၿပီး ျဖစ္ေၾကာင္း အိႏၵိယ တာ၀န္ရွိသူေတြက အဂၤါေန႔မွာ ေၾကညာပါတယ္။

အိႏၵိယမွာ တတိယ အေၾကာ႔ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈကို ကာကြယ္ႏိုင္ေရး ကာကြယ္ေဆးထိုး အစီအစဥ္ကို အရွိန္ႁမွွင့္ ႏိုင္ေအာင္ ႀကိဳးပမ္းေနခ်ိန္မွာ ထြက္လာတဲ႔ အခု ေၾကညာခ်က္ေၾကာင့္ Moderna ရဲ႕ Covid-19 ကာကြယ္ေဆးကို အိႏၵိယ ႏိုင္ငံတြင္း တင္သြင္းခြင့္ ရရွိသြားတာ ျဖစ္ပါတယ္။

အိႏၵိယမွာ AstraZeneca နဲ႔ အိႏၵိယရဲ႕ Serum Institute တို႔ရဲ႕ Covidshield ကာကြယ္ေဆး၊ Bharat Biotech ရဲ႕ Covaxin ကာကြယ္ေဆးနဲ႔ ႐ုရွားထုတ္ Sputnik V ကာကြယ္ေဆးေတြကို အေရးေပၚ အသံုး ခြင့္ျပဳထားၿပီး ျဖစ္တာေၾကာင့္ အခု Moderna ရဲ႕ Covid-19 ကာကြယ္ေဆးက စတုတၳေျမာက္ အသံုးျပဳခြင့္ရတဲ႔ ကာကြယ္ေဆး ျဖစ္ပါတယ္။

လက္ရွိ အခ်ိန္ထိ အိႏၵိယမွာ ကာကြယ္ေဆး အလံုးေရ သန္း ၃၃၀ ေလာက္ ထိုးႏွံၿပီး ျဖစ္တာေၾကာင့္ အေမရိကန္ ျပည္ေထာင္စုမွာ ထိုးႏွံၿပီး ျဖစ္တဲ႔ အေရအတြက္ထက္ ပိုၿပီး မ်ားပါတယ္။ ဒါေပမယ့္လည္း အိႏၵိ္ယမွာက လူဦးေရ သန္း ၁၃၆၀ ေက်ာ္ ရွိတာေၾကာင့္ ကာကြယ္ေဆး ထိုးႏွံ ၿပီးစီးမႈႏႈန္းက တျခား ႏိုင္ငံေတြနဲ႔ ယွဥ္ရင္ အေတာ္ေလး နည္းေနေသးတာ ျဖစ္ပါတယ္။

ကမၻာတလႊား ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႔ႏွံမႈမွာ အိႏၵိယက ဒုတိယ အဆိုးဆံုး ျဖစ္ၿပီး ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရသူ သန္း ၃၀ ေက်ာ္နဲ႔ ေသဆံုးမႈႏႈန္း ၃၉၈၀၀၀ နီးပါး ရွိေနပါတယ္။ ၿဗိတိန္ႏိုင္ငံမွာ ကူးစက္ျမန္ ကို႐ိုနာဗိုင္းရပ္စ္ Delta မ်ိဳးကြဲ လတ္တေလာ ကူးစက္ ပ်ံ႔ႏွံ႔မႈ တိုးလာတာေၾကာင့္ လန္ဒန္မွာ ေနာက္ သီတင္းပတ္ထဲ က်င္းပဖို႔ ရွိေနတဲ႔ ဥေရာပ ေဘာလံုး ဗိုလ္လုပြဲေတြကို အေသအခ်ာ ဂ႐ုတစိုက္ ျပင္ဆင္ဖို႔ ေဘာလံုးပြဲ စီစဥ္သူေတြကို ဥေရာပ ေကာ္မရွင္က သတိေပးထားပါတယ္။

ကိုဗစ္ကာကြယ္ေဆး အိႏၵိယမွာ ျဖန္႔ခ်ီေတာ႔မည္
please wait

No media source currently available

0:00 0:01:10 0:00
တိုက္႐ိုက္ လင့္ခ္

(Unicode)

Moderna ကိုဗစ်ကာကွယ်ဆေး အိန္ဒိယမှာ ဖြန့်ချိတော့မည်


အိန္ဒိယရဲ့ ဆေးဝါး လုပ်ငန်း ကုမ္ပဏီ Cipla က သူ့ရဲ့ လုပ်ငန်းမိတ်ဖက် Moderna ရဲ့ Covid-19 ကာကွယ်ဆေးကို ဖြန့်ချိရေး အတည်ပြုပြီး ဖြစ်ကြောင်း အိန္ဒိယ တာဝန်ရှိသူတွေက အင်္ဂါနေ့မှာ ကြေညာပါတယ်။

အိန္ဒိယမှာ တတိယ အကြော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်နိုင်ရေး ကာကွယ်ဆေးထိုး အစီအစဉ်ကို အရှိန်မြှင့် နိုင်အောင် ကြိုးပမ်းနေချိန်မှာ ထွက်လာတဲ့ အခု ကြေညာချက်ကြောင့် Moderna ရဲ့ Covid-19 ကာကွယ်ဆေးကို အိန္ဒိယ နိုင်ငံတွင်း တင်သွင်းခွင့် ရရှိသွားတာ ဖြစ်ပါတယ်။

အိန္ဒိယမှာ AstraZeneca နဲ့ အိန္ဒိယရဲ့ Serum Institute တို့ရဲ့ Covidshield ကာကွယ်ဆေး၊ Bharat Biotech ရဲ့ Covaxin ကာကွယ်ဆေးနဲ့ ရုရှားထုတ် Sputnik V ကာကွယ်ဆေးတွေကို အရေးပေါ် အသုံး ခွင့်ပြုထားပြီး ဖြစ်တာကြောင့် အခု Moderna ရဲ့ Covid-19 ကာကွယ်ဆေးက စတုတ္ထမြောက် အသုံးပြုခွင့်ရတဲ့ ကာကွယ်ဆေး ဖြစ်ပါတယ်။ လက်ရှိ အချိန်ထိ အိန္ဒိယမှာ ကာကွယ်ဆေး အလုံးရေ သန်း ၃၃၀ လောက် ထိုးနှံပြီး ဖြစ်တာကြောင့် အမေရိကန် ပြည်ထောင်စုမှာ ထိုးနှံပြီး ဖြစ်တဲ့ အရေအတွက်ထက် ပိုပြီး များပါတယ်။

ဒါပေမယ့်လည်း အိန္ဒိယမှာက လူဦးရေ သန်း ၁၃၆၀ ကျော် ရှိတာကြောင့် ကာကွယ်ဆေး ထိုးနှံ ပြီးစီးမှုနှုန်းက တခြား နိုင်ငံတွေနဲ့ ယှဉ်ရင် အတော်လေး နည်းနေသေးတာ ဖြစ်ပါတယ်။ ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံမှုမှာ အိန္ဒိယက ဒုတိယ အဆိုးဆုံး ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ သန်း ၃၀ ကျော်နဲ့ သေဆုံးမှုနှုန်း ၃၉၈၀၀၀ နီးပါး ရှိနေပါတယ်။

ဗြိတိန်နိုင်ငံမှာ ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် Delta မျိုးကွဲ လတ်တလော ကူးစက် ပျံ့နှံ့မှု တိုးလာတာကြောင့် လန်ဒန်မှာ နောက် သီတင်းပတ်ထဲ ကျင်းပဖို့ ရှိနေတဲ့ ဥရောပ ဘောလုံး ဗိုလ်လုပွဲတွေကို အသေအချာ ဂရုတစိုက် ပြင်ဆင်ဖို့ ဘောလုံးပွဲ စီစဉ်သူတွေကို ဥရောပ ကော်မရှင်က သတိပေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG