သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 ကယားစစ်ရှောင်စခန်းမှာ ကိုဗစ်ကူးစက်မှုရှိလာ 


ကယားပြည်နယ် ဒီမော့ဆိုဒေသ စစ်ရှောင်တချို့ (ဓာတ်ပုံ - AFP)
ကယားပြည်နယ် ဒီမော့ဆိုဒေသ စစ်ရှောင်တချို့ (ဓာတ်ပုံ - AFP)

(Zawgyi/Unicode)

ကယားပြည်နယ်လွိုင်ကော်မြို့အရှေ့ဖက် စစ်ဘေးရှောင်စခန်းတခုမှာ ကလေးအများစုပါဝင်တဲ့ စစ်ဘေးရှောင်(၈)ဦး ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိထားပါတယ်။ ပိုးတွေ့လူနာကို သီးသန့်ထားရှိထားတယ်လို့ဆိုပါတယ်။ ဒီအခြေအနေတွေကို ဗွီအိုအေ သတင်းထောက် နိုင်ကွန်းအိန်ကနေပြောပြပေးမှာပါ။

လွိုင်ကော်မြို့အရှေ့ဖက် ဆင်စခန်းစစ်ဘေးရှောင်စခန်းနေ စစ်ဘေးရှောင်ရွာသား(၈)ဦးမှာ စစ်ဆေးချက်အရကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရတယ်လို့ စစ်ရှောင်ကော်မီတီဝင်တဦးကပြောပါတယ်။

“ ဒီစစ်ဘေးရှောင်စခန်းမှာ သူတို့ အဖျား ဝမ်းလျောတာပေါ့နော်။ ဝမ်းလျောဖြစ်ပြီးတော့ အဲတာကိုသူတို့က စစ်ကြည့်လိုက်တော့ Positive တွေ့သွားတယ်။ ကလေးကစုစုပေါင်းက(၆)ဦးနဲ့ဆယ်ကျော်သက်က(၂)ဦး။ ”

ဒီလူနာတွေဟာ စစ်ရှောင်စခန်းအတွင်း ဝမ်းလျော အနံ့ပျောက်နေရာက သြဂုတ်လ(၄)ရက်နေ့မှာ ဆေးခန်းသွားပြပြီး စက်နဲ့ စစ်ဆေးချက်အရ ကိုဗစ် Positive တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။

လက်ရှိ ပိုးတွေ့ရှိတဲ့(၈)ဦးကို သီးသန့်ထားထားတယ်လို့သူကပြောပါတယ်။

“ ကိုဗစ်Positive တွေ့သူကိုတခြားတနေရာမှာ Quarantine လုပ်ထားတယ်။ ရွှေ့ပေးတယ်ပေါ့နော်။ အများနဲ့မတွေ့အောင် ဆိုပြီးတော့ လုံခြုံရေးဘာညာတွေ လုပ်ပေးတယ်။ ”

ရွာ(၁၀)ရွာက လူဦးရေ(၇၀၀)စုပေါင်းနေနေရတဲ့ ဆင်စခန်းစစ်ရှောင်စခန်းတစ်ခုလုံးကို Lockdown (၁၄)ရက် ချထားပြီး အဝင်အထွက်ပိတ်ထားတယ်လို့ စစ်ရှောင်ကော်မီတီဝင်တဦးကပြောပါတယ်။

ဒီစစ်ရှောင်ရွာသားတွေဟာ ပြီးခဲ့တဲ့ မေလကစလို့ဒေသခံPDFတွေနဲ့ စစ်တပ်တို့ အကြားပစ်ခတ်တိုက်ခိုက်မှုပဋိပက္ခအတွင်း နေရပ်ကနေတိမ်းရှောင်နေကြရပါတယ်။

စစ်ရှောင်စခန်းမှာလည်း နှာစေးချောင်းဆိုးသူ များပြားနေပြီး ကိုဗစ်ကူးစက်မှုပြန့်ပွားလာမှာကို စိုးရိမ်နေသလို အောက်စီဂျင်အိုးနဲ့ အကာအကွယ်ဝတ်စုံ(PPE)၊ လိုအပ်နေပါတယ်။

“ ကိုဗစ်နဲ့ပက်သက်တဲ့ဟာဆိုတော့ လိုတာလက်သန့်ဆေးကတော့ ဒီစစ်ရှောင်ကော်မီတီကမှာယူပြီးတော့ ကိုယ့်ဟာကိုယ် ဖျော်တာပေါ့နော်။ အလှူရှင်ရှာပြီးတော့လုပ်ကြတယ်။ အောက်စီဂျင်တော့တအားဖြစ်နေတဲ့အချိန်မှာတော့အခက်ခဲရှိပါတယ်။ PPEကလဲကျွန်တော်တို့က ခက်ခဲပါတယ်။ အဲဒီPPEဝတ်စုံတွေက။ ”

ကိုဗစ်တတိယလှိုင်းအတွင်း ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်မှာ ကိုဗစ်ပိုးတွေ့ရှိသူ ၇၅၀ကျော်ရှိနေပြီး သေဆုံးသူ ၃၀ ကျော်နေပြီးလို့ ရွှေလွိုင်ကော် ပရဟိတအသင်းတာဝန်ရှိသူတဦးကပြောပါတယ်။

“ ဖြစ်နေတယ်ကယားပြည်နယ်မှာအခု(၇၅၀)ကျော်သွားပြီးလေ။ မနေ့ကအထိPositiveက။ သေဆုံးမှုက(၃၁)ယောက် အထိသေသွားပြီး ဒီနေ့မနက်အထိ။ Quarantineကတော့အများကြီးပေါ့ဗျာ။”

စစ်ကောင်စီဖက်ကနေ ကျေးရွာ၊ ရပ်ကွက်တွေမှာ ကိုဗစ်တားဆီး ကာကွယ်ရေးဂိတ်တွေကို ဖျက်သိမ်းခိုင်းတာတွေကြောင့် စစ်ရှောင်စခန်းထိ ပိုမိုကူးစက်ပြန့်နှံ့မှာကို စစ်ဘေးရှောင်သူတွေကနေစိုးရိမ်နေပါတယ်။

မြန်မာစစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း မေလကစလို့ မိုးဗြဲ၊ လွိုင်ကော်၊ ဒီမော့ဆို ဖရူဆိုအစရှိတဲ့မြို့ နယ်တွေမှာ ဒေသ ခံကာကွယ်ရေးတပ်ဖွဲ့ တွေကနေ ရရာလက်နက်စွဲကိုင်ပြီးတော့ စစ်ကောင်စီတပ်ကို ပစ်ခတ် တိုက်ခိုက်မှု တွေဖြစ်ပွါးလာ ပါတယ်။

ဒီလိုတိုက်ခိုက်မှုဖြစ်စဉ်အတွင်း ရွာသား(၇)သောင်းကျော် နေရပ်စွန့်ခွါပြီး စစ်ဘေးတိမ်းရှောင်နေရပါတယ်။

တိုက်ရိုက် လင့်ခ်


.........................................................................................


(Unicode)
















XS
SM
MD
LG