သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာမွာ ကိုဗစ္လူနာသစ္ ၄,၁၃၂ ဦးနဲ႔ ေသဆုံးသူ ၂၉၃ ဦး ထပ္တိုး


ေအာက္ဆီဂ်င္ျဖည့္ရန္ တန္းစီေစာင့္ေနၾကသူမ်ား။ (မႏၲေလး၊ ၁၃ ဇူလုိင္ ၂၀၂၁)

Zawgyi/Unicode

ျမန္မာႏိုင္ငံမွာ ဒီကေန႔ ၾသဂုတ္လ ၅ ရက္ေန႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ထုတ္ျပန္ခ်က္အရ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း COVID 19 ကူးစက္သူ လူနာသစ္ ၄,၁၃၂ ဦး ရွိပါတယ္။ ဒီကေန႔ ေသဆုံးသူ ၂၉၃ ဦး ထပ္တိုးတာေၾကာင့္ အခုထိ ျမန္မာႏိုင္ငံမွာ ကိုဗစ္ေၾကာင့္ ေသဆုံးသူ စုစုေပါင္း ၁၀,၉၈၈ ဦး ရွိသြားၿပီ ျဖစ္ပါတယ္။
လက္ရွိ ႏိုင္ငံအတြင္းျဖစ္ေပၚေနတဲ့ ကိုဗစ္တတိယလႈိင္းမွာ ေရာဂါပိုး ကူးစက္သူနဲ႔ ေသဆုံးသူအေရအတြက္ကို တိတိက်က် စာရင္း ေကာက္ယူႏိုင္ျခင္းမရွိတာေၾကာင့္ ကူးစက္၊ ေသဆုံးသူ အေရအတြက္ဟာ က်န္းမာေရးဌာနက တရားဝင္ထုတ္ျပန္ေနတဲ့စာရင္းထက္ အျပင္မွာ ပိုမ်ားႏိုင္ေၾကာင္း က်န္းမာေရးပညာရွင္ေတြနဲ႔ ပရဟိတအဖြဲ႔ေတြက ေျပာပါတယ္။
ကိုဗစ္ကူးစက္မႈေတြေၾကာင့္ အိမ္နီးခ်င္းႏိုင္ငံေတြနဲ႔ နယ္စပ္ကေန အျပန္အလွန္ကုန္သြယ္တာကို ရပ္ဆိုင္းထားေပမဲ့ ကိုဗစ္ေရာဂါအတြက္ လိုအပ္တဲ့ေဆးဝါး၊ ေဆးပစၥည္းေတြကိုေတာ့ ေန႔စဥ္တင္သြင္းခြင့္ ေပးထားေၾကာင္း ျမန္မာစီးပြားကူးသန္းဌာနက ေျပာပါတယ္။ တ႐ုတ္နယ္စပ္ကေန ေဆးဝါးနဲ႔ ဆက္စပ္ပစၥည္းေတြ တင္သြင္းလို႔မရေတာ့ဘူးဆိုတဲ့ ေကာလာဟလေတြက မမွန္ကန္ေၾကာင္းနဲ႔ ဒါက ေဈးကစားသူေတြရဲ႕ ေျပာဆိုခ်က္သာျဖစ္ေၾကာင္း ျမန္မာစီးပြားကူးသန္း ေရာင္းဝယ္ေရးဌာနက ဩဂုတ္လ ၅ ရက္မွာ ေၾကညာခ်က္ထုတ္ျပန္တာပါ။
ျမန္မာႏိုင္ငံမွာ လက္ရွိျဖစ္ေပၚေနတဲ့ ကိုဗစ္-၁၉ တတိယလႈိင္းေၾကာင့္ တႏိုင္ငံလုံး ကူးစက္ႏႈန္းျမင့္တက္လာေနသလို ရခိုင္ျပည္နယ္ေျမာက္ပိုင္းက စစ္ေရွာင္စခန္းတစ္ခ်ိဳ႕မွာကိုဗစ္ကူးစက္မႈေတြရွိေနပါတယ္။
စစ္ေဘးဒုကၡသည္ေတြအေနနဲ႔ စခန္းတြင္း ကိုဗစ္ ကူးစက္ခံရမွာကို စိုးေနရိမ္ေနရတဲ့ အျပင္ ကိုဗစ္ကာလ အျပင္ထြက္ၿပီး အလုပ္မလုပ္ရတာေၾကာင့္ စားဝတ္ေနေရး အခက္အခဲေတြနဲ႔ ပါရင္ဆိုင္ေနၾကရတာပါ။
ရခိုင္ျပည္နယ္အတြင္းမွာ လက္ရွိအခ်ိန္ထိ ေနရပ္မျပန္ႏိုင္ေသးတဲ့ စစ္ေဘးဒုကၡသည္ တသိန္းေက်ာ္ရွိေနၿပီး အဲဒီထဲမွာ သက္ႀကီး႐ြယ္အိုေတြနဲ႔ ကေလးသူငယ္ေတြ အမ်ားဆုံးျဖစ္တယ္လို႔လည္း စစ္ေရွာင္ေတြကို စာရင္းေကာက္ယူေနတဲ့ အဖြဲ႔ေတြရဲ႕ စာရင္းမွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံတြင္း ကိုဗစ္ေရာဂါ ထိန္းခ်ဳပ္ကန္႔သတ္ေရး အခုထိ ၿမိဳ႕နယ္ ၁၁၀ မွာ stay at home မလိုအပ္ဘဲ အိမ္ျပင္မထြက္ရ အမိန္႔ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


=====

Unicode

မြန်မာမှာ ကိုဗစ်လူနာသစ် ၄,၁၃၂ ဦးနဲ့ သေဆုံးသူ ၂၉၃ ဦး ထပ်တိုး

မြန်မာနိုင်ငံမှာ ဒီကနေ့ သြဂုတ်လ ၅ ရက်နေ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း COVID 19 ကူးစက်သူ လူနာသစ် ၄,၁၃၂ ဦး ရှိပါတယ်။ ဒီကနေ့ သေဆုံးသူ ၂၉၃ ဦး ထပ်တိုးတာကြောင့် အခုထိ မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးသူ စုစုပေါင်း ၁၀,၉၈၈ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
လက်ရှိ နိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ ကိုဗစ်တတိယလှိုင်းမှာ ရောဂါပိုး ကူးစက်သူနဲ့ သေဆုံးသူအရေအတွက်ကို တိတိကျကျ စာရင်း ကောက်ယူနိုင်ခြင်းမရှိတာကြောင့် ကူးစက်၊ သေဆုံးသူ အရေအတွက်ဟာ ကျန်းမာရေးဌာနက တရားဝင်ထုတ်ပြန်နေတဲ့စာရင်းထက် အပြင်မှာ ပိုများနိုင်ကြောင်း ကျန်းမာရေးပညာရှင်တွေနဲ့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။
ကိုဗစ်ကူးစက်မှုတွေကြောင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်စပ်ကနေ အပြန်အလှန်ကုန်သွယ်တာကို ရပ်ဆိုင်းထားပေမဲ့ ကိုဗစ်ရောဂါအတွက် လိုအပ်တဲ့ဆေးဝါး၊ ဆေးပစ္စည်းတွေကိုတော့ နေ့စဉ်တင်သွင်းခွင့် ပေးထားကြောင်း မြန်မာစီးပွားကူးသန်းဌာနက ပြောပါတယ်။ တရုတ်နယ်စပ်ကနေ ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေ တင်သွင်းလို့မရတော့ဘူးဆိုတဲ့ ကောလာဟလတွေက မမှန်ကန်ကြောင်းနဲ့ ဒါက ဈေးကစားသူတွေရဲ့ ပြောဆိုချက်သာဖြစ်ကြောင်း မြန်မာစီးပွားကူးသန်း ရောင်းဝယ်ရေးဌာနက ဩဂုတ်လ ၅ ရက်မှာ ကြေညာချက်ထုတ်ပြန်တာပါ။
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ တတိယလှိုင်းကြောင့် တနိုင်ငံလုံး ကူးစက်နှုန်းမြင့်တက်လာနေသလို ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်ရှောင်စခန်းတစ်ချို့မှာကိုဗစ်ကူးစက်မှုတွေရှိနေပါတယ်။
စစ်ဘေးဒုက္ခသည်တွေအနေနဲ့ စခန်းတွင်း ကိုဗစ် ကူးစက်ခံရမှာကို စိုးနေရိမ်နေရတဲ့ အပြင် ကိုဗစ်ကာလ အပြင်ထွက်ပြီး အလုပ်မလုပ်ရတာကြောင့် စားဝတ်နေရေး အခက်အခဲတွေနဲ့ ပါရင်ဆိုင်နေကြရတာပါ။
ရခိုင်ပြည်နယ်အတွင်းမှာ လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးဒုက္ခသည် တသိန်းကျော်ရှိနေပြီး အဲဒီထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေ အများဆုံးဖြစ်တယ်လို့လည်း စစ်ရှောင်တွေကို စာရင်းကောက်ယူနေတဲ့ အဖွဲ့တွေရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်း ကိုဗစ်ရောဂါ ထိန်းချုပ်ကန့်သတ်ရေး အခုထိ မြို့နယ် ၁၁၀ မှာ stay at home မလိုအပ်ဘဲ အိမ်ပြင်မထွက်ရ အမိန့်ထုတ်ပြန်ထားပါတယ်။

#VOABurmese#Covid19#DailyRate#ThirdWave#MilitaryCoup

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG