သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၄နာရီအတြင္း ကိုဗစ္ဓါတ္ခြဲအတည္ျပဳ၃၆၄၁ဦး၊ေသဆုံး၂၆၄ဦး


ကိုဗစ္ေရာဂါနဲ ့ေသဆံုးသူတဦးကိုသယ္ယူနေစဥ္ (ဓာတ္ပံု - Courtesy)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ ဒီေန႔ ကိုဗစ္ ၁၉ ေရာဂါးပိုးေတြရွိသူ ေနာက္ထပ္ ၃၆၅၁ ေယာက္ နဲ႔ ေသဆုံးသူ ၂၆၄ ေယာက္ ရွိတယ္လို႔ က်န္းမာေရး နဲ႔ အားကစားဝန္ႀကီးဌာန ဒီေန႔ည ၈ နာရီထုတ္ျပန္ခ်က္မွာ ေျပာၾကားလိုက္ပါတယ္။ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ဓါတ္ခြဲ နမူနာ ၁၂၅၁၁ ခု စမ္းသပ္စစ္ေဆးခဲ့တာမွာ အခုလို ေတြ႕ရွိခဲ့တာျဖစ္တယ္လို႔ ေျပာပါတယ္။

ေန႔စဥ္စမ္းသပ္မႈ နဲ႔ ယွဥ္လွ်င္ ပိုးေတြ႕ရွိမႈ ၂၉ .၁၈ % ရွိၿပီး၊ ေသဆုံးမႈကေတာ့ ၃.၅၃ ရာခိုင္ႏႈန္း နဲ႔ ေန႔စဥ္ေသဆုံးမႈႏႈန္းမွာ အမ်ားဆုံးျဖစ္တယ္လို႔ ကူးစက္ေရာဂါတိုက္ဖ်က္ေရးဌာန တာဝန္ရွိသူတဦးလည္းျဖစ္ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ေျပာခြင့္ရ ေဒါက္တာခင္ခင္ႀကီးက သူ႔ရဲ႕ လူမႈကြန္ရက္မွာ ေဖာ္ျပထားပါတယ္။

ဒါေၾကာင့္ အခုဆိုရင္ ျမန္မာႏိုင္ငံမွာ ကိုဗစ္ ၁၉ ေရာဂါကူးစက္ခံရသူ စုစုေပါင္း ၃၂၆၀၀၀ ေက်ာ္သြားၿပီျဖစ္ၿပီး၊ ေသဆုံးသူက ၁၁၅၂၆ ေယာက္ရွိသြားၿပီျဖစ္တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

ဒါ့အျပင္ ဒီေန႔မွာ ေရာဂါေပ်ာက္ကင္းၿပီး ေနာက္ထပ္ ေဆး႐ုံးက ဆင္းခြင့္ရသူ ၄၂၉၃ ဦးရွိတာေၾကာင့္ ရာခိုင္ႏႈန္းအားျဖင့္ ၇၃.၁၂ % နဲ႔ အမ်ားဆုံးျဖစ္တယ္လို႔ ေျပာပါတယ္။ ဒါေၾကာင့္ အခုဆိုရင္ ေဆး႐ုံးကဆင္းၿပီး ေနျပန္ေကာင္းလာတဲ့သူ ၂၃၈၀၀၀ ေက်ာ္ရွိသြားၿပီ ျဖစ္တယ္လို႔ ေျပာပါတယ္။

ဒါ့အျပင္ ေရာဂါကူးစက္မႈေတြကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ ျပည္သူလူထုအေနနဲ႔ တတ္ႏိုင္သေလာက္ အိမ္ထဲမွာပဲေနၾကဖို႔၊ အျပင္ထြက္တဲ့အခါမွာ ႏွာေခါင္းစည္းေတြ တပ္ဆင္ၾကဖို႔ ၊ တေယာက္နဲ႔ တေယာက္ခပ္ခြာခြာေနၿပီး၊ လက္မွန္မွန္းဆးၾကဖို႔ကို ဒီေန႔ ထုတ္ျပန္ခ်က္ထဲမွာ တိုက္တြန္းထားပါတယ္။ အမ်ားျပည္သူ ႐ုံးပိတ္ရက္နဲ႔ ေက်ာင္းပိတ္ရက္ကိုလည္း တပတ္ထပ္တိုးလိုက္ပါတယ္။

.....................................................................................................

၂၄နာရီအတွင်း ကိုဗစ်ဓါတ်ခွဲအတည်ပြု၃၆၄၁ဦး၊သေဆုံး၂၆၄ဦး

(Unicode)

မြန်မာနိုင်ငံမှာ ဒီနေ့ ကိုဗစ် ၁၉ ရောဂါးပိုးတွေရှိသူ နောက်ထပ် ၃၆၅၁ ယောက် နဲ့ သေဆုံးသူ ၂၆၄ ယောက် ရှိတယ်လို့ ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာန ဒီနေ့ည ၈ နာရီထုတ်ပြန်ချက်မှာ ပြောကြားလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓါတ်ခွဲ နမူနာ ၁၂၅၁၁ ခု စမ်းသပ်စစ်ဆေးခဲ့တာမှာ အခုလို တွေ့ရှိခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

နေ့စဉ်စမ်းသပ်မှု နဲ့ ယှဉ်လျှင် ပိုးတွေ့ရှိမှု ၂၉ .၁၈ % ရှိပြီး၊ သေဆုံးမှုကတော့ ၃.၅၃ ရာခိုင်နှုန်း နဲ့ နေ့စဉ်သေဆုံးမှုနှုန်းမှာ အများဆုံးဖြစ်တယ်လို့ ကူးစက်ရောဂါတိုက်ဖျက်ရေးဌာန တာဝန်ရှိသူတဦးလည်းဖြစ် ကျန်းမာရေးဝန်ကြီးဌာနရဲ့ပြောခွင့်ရ ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် အခုဆိုရင် မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃၂၆၀၀၀ ကျော်သွားပြီဖြစ်ပြီး၊ သေဆုံးသူက ၁၁၅၂၆ ယောက်ရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဒါ့အပြင် ဒီနေ့မှာ ရောဂါပျောက်ကင်းပြီး နောက်ထပ် ဆေးရုံးက ဆင်းခွင့်ရသူ ၄၂၉၃ ဦးရှိတာကြောင့် ရာခိုင်နှုန်းအားဖြင့် ၇၃.၁၂ % နဲ့ အများဆုံးဖြစ်တယ်လို့ ပြောပါတယ်။ ဒါကြောင့် အခုဆိုရင် ဆေးရုံးကဆင်းပြီး နေပြန်ကောင်းလာတဲ့သူ ၂၃၈၀၀၀ ကျော်ရှိသွားပြီ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ရောဂါကူးစက်မှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ပြည်သူလူထုအနေနဲ့ တတ်နိုင်သလောက် အိမ်ထဲမှာပဲနေကြဖို့၊ အပြင်ထွက်တဲ့အခါမှာ နှာခေါင်းစည်းတွေ တပ်ဆင်ကြဖို့ ၊ တယောက်နဲ့ တယောက်ခပ်ခွာခွာနေပြီး၊ လက်မှန်မှန်းဆးကြဖို့ကို ဒီနေ့ ထုတ်ပြန်ချက်ထဲမှာ တိုက်တွန်းထားပါတယ်။ အများပြည်သူ ရုံးပိတ်ရက်နဲ့ ကျောင်းပိတ်ရက်ကိုလည်း တပတ်ထပ်တိုးလိုက်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG