သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ COVID-19 ကူးစက်သူ ၃,၀၇၈၊ သေဆုံးသူ ၁၀၂ ယောက်ထပ်တိုး


ကလေးမြို့မှာ ကိုဗစ်လူနာတဦးကို ပြုစုပေးနေတဲ့ စေတနာ့ဝန်ထမ်း။ (ဇူလိုင် ၆၊ ၂၀၂၁)
ကလေးမြို့မှာ ကိုဗစ်လူနာတဦးကို ပြုစုပေးနေတဲ့ စေတနာ့ဝန်ထမ်း။ (ဇူလိုင် ၆၊ ၂၀၂၁)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၃၁,၉၇၃ ခုကို စစ်ဆေးခဲ့တာမှာ COVID-19 ရောဂါကူးစက်သူ ၃,၀၇၈ ထပ်တွေ့ပြီး သေဆုံးသူက ၁၀၂ ယောက်ရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမယ့်လည်း အမှန်တကယ် ကူးစက်သေဆုံးသူ အရေအတွက်ဟာ တရားဝင်ထုတ်ပြန်တာထက် ပိုများနိုင်တယ်ဆိုတာ ကျန်းမာရေးဌာန တာဝန်ရှိသူတွေ ကိုယ်တိုင်က လက်ခံပြောဆိုထားသလို ပရဟိတ လုပ်သားတွေလည်း ပြောကြပါတယ်။

မနေ့တုန်းက ပိုးတွေ့သူ ၃,၄၀၀ ကျော် ဆက်ရှိခဲ့ရာမှာ အခု ကိုဗစ်တတိယလှိုင်းမှာ အရင်ဆုံး ပိုးစတွေ့ခဲ့တဲ့ ချင်းပြည်နယ်မှာ အနည်းဆုံးအဖြစ် ၂၀ ဦးသာ မနေ့က တွေ့ရှိခဲ့ပြီး အရင် အဖြစ်အများဆုံးဖြစ်ခဲ့တဲ့ ရန်ကုန်မှာလည်း တတိယအနည်းဆုံးအဖြစ် ၄၃ ဦးသာ တွေ့ရှိခဲ့ပါတယ်။

မနေ့ကပိုးတွေ့တဲ့အထဲ အဖြစ်အများဆုံးကတော့ ရှမ်းပြည်နယ်ဖြစ်ပြီး ပိုးတွေ့သူ ၈၀၀ ကျော် ရှိနေပါသေးတယ်။ ဒုတိယအများဆုံး အနေနဲ့တော့ ပဲခူးတိုင်းမှာ ၇၀၀ နီးပါး တွေ့ခဲ့ပြီး မကွေးမှာ တတိယအများဆုံး ၄၀၀ ကျော် တွေ့ခဲ့ပါတယ်။

တချိန်တည်းမှာ ကိုဗစ်တတိယလှိုင်းဒဏ်နဲ့အတူ ပြည်တွင်းစစ်မီးပါ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းအပြီး ပိုခံစားလာရတာမို့ ကိုဗစ်ထိန်းချုပ်ရေး လုပ်နိုင်ဖို့ စစ်ရေးလှုပ်ရှားမှုတွေ ဝိုင်းလျှော့ချကြဖို့ ကိုးကန့်၊ ပလောင်နဲ့ ရခိုင်လက်နက်ကိုင် ညီနောင်မဟာမိတ် ၃ ဖွဲ့က ဒီနေ့ ထုတ်ပြန်ချက်ထုတ် တိုက်တွန်းလိုက်ပါတယ်။

လက်ရှိမှာ တရုတ်က ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေရာမှာ အရင် အိန္ဒိယကာကွယ်ဆေးနဲ့ဆိုရင် စုစုပေါင်း ကာကွယ်ဆေးထိုးပြီးသူ ၄ သန်းခွဲကျော်လာပြီး အိမ်မှာ အဓိကနေဖို့ မြို့နယ်ပေါင်း ၁၂၀ နီးပါးမှာ ကြေညာထားကာ အစိုးရရုံးတွေလည်း ဒီလကုန်အထိ ပိတ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------------

(Unicode)








XS
SM
MD
LG