သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၿမိဳ႕ႀကီးေတြမွာ ကိုဗစ္ကူးစက္ ေသဆုံးေလ်ာ့လာေပမယ့္ ဆင္ေျခဖံုးနဲ႔ေက်းလက္ေတြမွာ မက်ေသး


Virus Outbreak Myanmar

Zawgyi/Unicode

ျမန္မာႏိုင္ငံက ၿမိဳ႕ႀကီးေတြမွာ ကိုဗစ္ကပ္ေရာဂါ ကူးစက္ခံရသူနဲ႔ ေသဆုံးသူအေရအတြက္ ေလ်ာ့နည္းစ ျပဳလာပံုရေပမယ့္ ေက်းလက္နဲ႔ ၿမိဳ႕စြန္ေဒသေတြမွာေတာ့ ေရာဂါကူးစက္ႏႈန္း မက်ေသးပါဘူး။ ေရာဂါထိန္းခ်ဳပ္ကာကြယ္ေရးကိုလည္း ကိုယ္ ထူ ကိုယ္ထစနစ္နဲ႔ ေဆာင္႐ြက္ေနၾကရဆဲျဖစ္ပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းအျပည့္အစုံကို မျမသဇင္ေအာင္က တင္ျပေပးထားပါတယ္။

ကိုဗစ္တတိယလႈိင္းရင္ဆိုင္ေနရတဲ့ ျမန္မာႏိုင္ငံမွာ ဇူလိုင္လပိုင္းက ကပ္ေရာဂါ ကူးစက္ ေသဆံုးသူ တ႐ွိန္ထိုး ျမင့္တက္ခဲ့ၿပီး အခုၾသဂုတ္လကုန္ပိုင္းမွာ နည္းနည္းျပန္ က်စျပဳလာတယ္လို႔ေျမျပင္မွာ ကူညီေဆာင္႐ြက္ေနသူေတြက ေျပာပါတယ္။ ဒါေပမယ့္လည္း ၿမိဳ႕ျပနဲ႔ေဝးတဲ့ အစြန္အဖ်ားေဒသေတြအပါအဝင္ ေက်း႐ြာေတြမွာေတာ့ ေရာဂါကူးစက္မႈႏႈန္းက က်သြားပံု မရေသးပါဘူး။ဧရာဝတီတိုင္း၊ ဗိုလ္ကေလးၿမိဳ႕နယ္အတြင္းက ကဒုံကနိေက်း႐ြာမွာဆိုရင္ ကိုဗစ္ထိန္းခ်ဳပ္ေရးေကာ္မတီဖြဲ႔ၿပီး Positive လူနာေတြအတြက္ ကိုယ္ထူကုိယ္ထ စင္တာဖြင့္ထားပါတယ္။ အလွဴ႐ွင္ေတြ ပရဟိတကူညီသူေတြေပါင္းၿပီး ဖြင့္ထားတာပါ။ ဖ်ားနာသူေတြနဲ႔ ေရာဂါသံသယရွိသူေတြကို တေန႔တာစစ္ေပးႏိုင္သေလာက္ စစ္ေဆးေပးေနၿပီး အတည္ျပဳလူနာေတြကိုေတာ့ ကိုဗစ္စင္တာမွာထားရွိၿပီး ေအာက္စီဂ်င္က်သူေတြကိုေတာ့ ေဆး႐ုံကိုပို႔ေဆာင္ေပးတယ္လို႔ ကိုဗစ္တိုက္ဖ်က္ရာမွာ ပါဝင္တဲ့တာဝန္ရွိသူတဦးက ဗြီအိုေအကိုေျပာပါတယ္။

"ပထမတပတ္ေလာက္ကေတာ့ နည္းနည္းေလး အေသအေပ်ာက္မ်ားသြားတယ္။ ၄၀ ေက်ာ္ေလာက္ ျဖစ္သြားတယ္။ တေန႔တည္းကို တခါတေလ ၂ ေယာက္၊ ၃ ေယာက္ေလာက္ ျဖစ္သြားတယ္။ ေနာက္ပိုင္းက်ေတာ့ နည္းနည္းေတာ့က်ဲသြားပါၿပီ။ ကိုဗစ္က ေက်းလက္မွာက ဆက္ရွိေနတဲ့သေဘာပါပဲ။ ဒီမွာက နယ္စြန္ အစြန္ ဆုံးျဖစ္ေနတဲ့အခါက်ေတာ့ ၿမိဳ႕မွာကေတာ့ က်ဲသြားၿပီ။ ဒီမွာက စားဝတ္ေနေရး မေျပလည္တဲ့သူေတြရွိတဲ့အခါက်ေတာ့ ေက်းလက္မွာက လူေတြကလည္း အသိပညာအားနည္းတဲ့အခါက်ေတာ့ အျပင္ထြက္ဘာညာရွိတယ္ေလ။ အဲဒီမွာတင္ ကူးစက္ မႈႏႈန္းက မ်ားသြားတာပါပဲ။"

ဒီလို ကိုယ္ထူကိုယ္ထစနစ္နဲ႔ ကပ္ေရာဂါတိုက္ဖ်က္ေနၾကတဲ့ ကဒုံကနိေက်း႐ြာမွာ ေစတနာရွင္ေတြရဲ႕ အလႉေငြနဲ႔ ကိုဗစ္ေရာဂါပိုးရွိ၊ မရွိ ႐ြာလုံးကြၽတ္စစ္ေပးႏိုင္ဖို႔ကိုလည္း ေဆာင္႐ြက္ေနတယ္လို႔ ေျပာပါတယ္။

က်န္းမာေရးဝန္ႀကီးဌာနက ေန႔စဥ္ထုတ္ျပန္ေနတဲ့စာရင္းအရ ျမန္မာတႏိုင္ငံလံုးမွာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေသဆံုးသူ တေန႔ကို၁၅၀ ဝန္းက်င္မွာ ရွိေနပါတယ္။ခုလို ကိုဗစ္ေၾကာင့္ ေသဆံုးသူနဲ႔ အတည္ျပဳလူနာ စာရင္းေတြဟာ ေျမျပင္အေျခအေနနဲ႔ ကြဲလြဲမႈေတြရွိေနတယ္လို႔ ကပ္ေရာဂါတိုက္ဖ်က္ေရးမွာ ပါဝင္ေနတဲ့ ပရဟိတအဖြဲ႔ေတြနဲ႔ က်န္းမာေရးပညာရွင္ေတြက မွတ္ခ်က္ျပဳထားပါတယ္။ ရန္ကုန္တိုင္း၊ ထန္းတပင္ၿမိဳ႕နယ္မွာ လက္ရွိျဖစ္ေနတဲ့ေျမျပင္အေျခအေနနဲ႔ အတည္ျပဳထုတ္ျပန္တဲ့စာရင္းေတြဟာ ကြာဟမႈရွိေနတယ္လို႔ ပရဟိတအဖြဲ႔ဝင္တဦးက ေျပာပါတယ္။

"ဘယ္လိုကြာဟမႈရွိေနလဲဆိုရင္ ထန္းတပင္မွာ ေသဆုံးတဲ့လူဦးေရက မ်ားတယ္။ အဲဒီေသဆုံးတဲ့လူဦးေရက ဘယ္လိုမ်ားလဲဆိုရင္ ဒီတိုင္းပဲ အရပ္ထုံးတမ္းစဥ္လာနဲ႔ပဲ ေျမျမႇဳပ္ၾကတာေပါ့ေနာ္။ ဒါေပမယ့္ အဲဒါဘာေရာဂါနဲ႔ ေသတယ္ဆိုတာကို Test စစ္တာမရွိဘူး။ Test စစ္တာမရွိတဲ့အခါက်ေတာ့ အဲဒီေသႏႈန္းစာရင္းေတြဟာ အခုႏိုင္ငံေတာ္က ထုတ္ျပန္တဲ့အပိုင္းက တခါတည္းမေရာက္ဘူးေပါ့ေနာ္။"

ဇူလိုင္လတုန္းက ကပ္ေရာဂါအစုလိုက္ကူးစက္ခံရသူေတြ ရွိခဲ့တဲ့ မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕မွာေတာ့ အခုခ်ိန္မွာ ေရာဂါကူးစက္ခံရသူနဲ႔ ေသဆုံးသူေလ်ာ့က်လာၿပီဆိုေပမယ့္ ေနာက္ဆက္တြဲအခက္အခဲေတြ ရွိေနပါတယ္။ ႏိုင္ငံေရးနဲ႔ ကပ္ေရာဂါအေျခအေနေၾကာင့္ အရင္ကထက္ စားေသာက္ေနထိုင္ေရး ပိုခက္ခဲလာသူေတြမ်ားလာတယ္လို႔ ေစတနာရွင္ လုပ္အားေပးတဦးက ေျပာပါတယ္။

"ကိုဗစ္ေၾကာင့္ေပါ့ေနာ္ စားဝတ္ေနေရးၾကပ္တည္းၿပီး ျပည္သူေတြေတာ္ေတာ္ေလး ဒုကၡေရာက္ေနၾကၿပီ။ အလုပ္ေတြလည္း ပိတ္ထားတယ္၊ ႐ုံးေတြလည္းပိတ္ေတာ့ အလုပ္အကိုင္မရွိ ဘာမရွိဆိုေတာ့ေနရာတိုင္းမွာ တခ်ိဳ႕ဆို ေတာ္ေတာ္ေလးကို ထမင္းတနပ္စားရဖို႔ေတာင္မွ အဆင္မေျပတဲ့မိသားစုေတြ အမ်ားႀကီးေတြ႕ေနရတယ္။ အဲအတြက္ေၾကာင့္ က်ေနာ္တို႔ အခုေနာက္ပိုင္း ေတာက္ေလွ်ာက္ ဆင္းရဲသားရပ္ကြက္ေတြ၊ လက္လုပ္လက္စားသမားေတြကို ဆန္၊ ဆီ စတဲ့ စားနပ္ရိကၡာေတြကို လိုက္လႉေပးေနပါတယ္။ ထမင္းတနပ္စားရဖို႔ေတာင္ ပိုက္ဆံမရွိတဲ့မိသားစုေတြ အမ်ားႀကီးပဲ။ ေတာ္ေတာ္ေလးကို ဒုကၡေရာက္ေနၾကတာေပါ့ေနာ္။"

က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့စာရင္းအရဆို ျပည္တြင္းမွာ ကိုဗစ္အတည္ျပဳလူနာ စုစုေပါင္း ၃၇၀,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၁၄,၀၀၀ ေက်ာ္ ရွိပါတယ္။ ကပ္ေရာဂါကူးစက္ႏႈန္း ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ အသြားအလာကန႔္သတ္ထားတဲ့ ၿမိဳ႕နယ္ေပါင္းကေတာ့ ၁၁၄ ၿမိဳ႕နယ္ရွိၿပီ ျဖစ္ပါတယ္။

=======

တိုက္႐ိုက္ လင့္ခ္


Unicode

မြို့ကြီးတွေမှာ ကိုဗစ်ကူးစက် သေဆုံးလျော့လာပေမယ့် ဆင်ခြေဖုံးနဲ့ကျေးလက်တွေမှာ မကျသေး

မြန်မာနိုင်ငံက မြို့ကြီးတွေမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်ခံရသူနဲ့ သေဆုံးသူအရေအတွက် လျော့နည်းစ ပြုလာပုံရပေမယ့် ကျေးလက်နဲ့ မြို့စွန်ဒေသတွေမှာတော့ ရောဂါကူးစက်နှုန်း မကျသေးပါဘူး။ ရောဂါထိန်းချုပ်ကာကွယ်ရေးကိုလည်း ကိုယ် ထူ ကိုယ်ထစနစ်နဲ့ ဆောင်ရွက်နေကြရဆဲဖြစ်ပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းအပြည့်အစုံကို မမြသဇင်အောင်က တင်ပြပေးထားပါတယ်။

ကိုဗစ်တတိယလှိုင်းရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ ဇူလိုင်လပိုင်းက ကပ်ရောဂါ ကူးစက် သေဆုံးသူ တရှိန်ထိုး မြင့်တက်ခဲ့ပြီး အခုသြဂုတ်လကုန်ပိုင်းမှာ နည်းနည်းပြန် ကျစပြုလာတယ်လို့မြေပြင်မှာ ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။ ဒါပေမယ့်လည်း မြို့ပြနဲ့ဝေးတဲ့ အစွန်အဖျားဒေသတွေအပါအဝင် ကျေးရွာတွေမှာတော့ ရောဂါကူးစက်မှုနှုန်းက ကျသွားပုံ မရသေးပါဘူး။ဧရာဝတီတိုင်း၊ ဗိုလ်ကလေးမြို့နယ်အတွင်းက ကဒုံကနိကျေးရွာမှာဆိုရင် ကိုဗစ်ထိန်းချုပ်ရေးကော်မတီဖွဲ့ပြီး Positive လူနာတွေအတွက် ကိုယ်ထူကိုယ်ထ စင်တာဖွင့်ထားပါတယ်။ အလှူရှင်တွေ ပရဟိတကူညီသူတွေပေါင်းပြီး ဖွင့်ထားတာပါ။ ဖျားနာသူတွေနဲ့ ရောဂါသံသယရှိသူတွေကို တနေ့တာစစ်ပေးနိုင်သလောက် စစ်ဆေးပေးနေပြီး အတည်ပြုလူနာတွေကိုတော့ ကိုဗစ်စင်တာမှာထားရှိပြီး အောက်စီဂျင်ကျသူတွေကိုတော့ ဆေးရုံကိုပို့ဆောင်ပေးတယ်လို့ ကိုဗစ်တိုက်ဖျက်ရာမှာ ပါဝင်တဲ့တာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပါတယ်။

"ပထမတပတ်လောက်ကတော့ နည်းနည်းလေး အသေအပျောက်များသွားတယ်။ ၄၀ ကျော်လောက် ဖြစ်သွားတယ်။ တနေ့တည်းကို တခါတလေ ၂ ယောက်၊ ၃ ယောက်လောက် ဖြစ်သွားတယ်။ နောက်ပိုင်းကျတော့ နည်းနည်းတော့ကျဲသွားပါပြီ။ ကိုဗစ်က ကျေးလက်မှာက ဆက်ရှိနေတဲ့သဘောပါပဲ။ ဒီမှာက နယ်စွန် အစွန် ဆုံးဖြစ်နေတဲ့အခါကျတော့ မြို့မှာကတော့ ကျဲသွားပြီ။ ဒီမှာက စားဝတ်နေရေး မပြေလည်တဲ့သူတွေရှိတဲ့အခါကျတော့ ကျေးလက်မှာက လူတွေကလည်း အသိပညာအားနည်းတဲ့အခါကျတော့ အပြင်ထွက်ဘာညာရှိတယ်လေ။ အဲဒီမှာတင် ကူးစက် မှုနှုန်းက များသွားတာပါပဲ။"

ဒီလို ကိုယ်ထူကိုယ်ထစနစ်နဲ့ ကပ်ရောဂါတိုက်ဖျက်နေကြတဲ့ ကဒုံကနိကျေးရွာမှာ စေတနာရှင်တွေရဲ့ အလှူငွေနဲ့ ကိုဗစ်ရောဂါပိုးရှိ၊ မရှိ ရွာလုံးကျွတ်စစ်ပေးနိုင်ဖို့ကိုလည်း ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက နေ့စဉ်ထုတ်ပြန်နေတဲ့စာရင်းအရ မြန်မာတနိုင်ငံလုံးမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ တနေ့ကို၁၅၀ ဝန်းကျင်မှာ ရှိနေပါတယ်။ခုလို ကိုဗစ်ကြောင့် သေဆုံးသူနဲ့ အတည်ပြုလူနာ စာရင်းတွေဟာ မြေပြင်အခြေအနေနဲ့ ကွဲလွဲမှုတွေရှိနေတယ်လို့ ကပ်ရောဂါတိုက်ဖျက်ရေးမှာ ပါဝင်နေတဲ့ ပရဟိတအဖွဲ့တွေနဲ့ ကျန်းမာရေးပညာရှင်တွေက မှတ်ချက်ပြုထားပါတယ်။ ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်မှာ လက်ရှိဖြစ်နေတဲ့မြေပြင်အခြေအနေနဲ့ အတည်ပြုထုတ်ပြန်တဲ့စာရင်းတွေဟာ ကွာဟမှုရှိနေတယ်လို့ ပရဟိတအဖွဲ့ဝင်တဦးက ပြောပါတယ်။

"ဘယ်လိုကွာဟမှုရှိနေလဲဆိုရင် ထန်းတပင်မှာ သေဆုံးတဲ့လူဦးရေက များတယ်။ အဲဒီသေဆုံးတဲ့လူဦးရေက ဘယ်လိုများလဲဆိုရင် ဒီတိုင်းပဲ အရပ်ထုံးတမ်းစဉ်လာနဲ့ပဲ မြေမြှုပ်ကြတာပေါ့နော်။ ဒါပေမယ့် အဲဒါဘာရောဂါနဲ့ သေတယ်ဆိုတာကို Test စစ်တာမရှိဘူး။ Test စစ်တာမရှိတဲ့အခါကျတော့ အဲဒီသေနှုန်းစာရင်းတွေဟာ အခုနိုင်ငံတော်က ထုတ်ပြန်တဲ့အပိုင်းက တခါတည်းမရောက်ဘူးပေါ့နော်။"

ဇူလိုင်လတုန်းက ကပ်ရောဂါအစုလိုက်ကူးစက်ခံရသူတွေ ရှိခဲ့တဲ့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာတော့ အခုချိန်မှာ ရောဂါကူးစက်ခံရသူနဲ့ သေဆုံးသူလျော့ကျလာပြီဆိုပေမယ့် နောက်ဆက်တွဲအခက်အခဲတွေ ရှိနေပါတယ်။ နိုင်ငံရေးနဲ့ ကပ်ရောဂါအခြေအနေကြောင့် အရင်ကထက် စားသောက်နေထိုင်ရေး ပိုခက်ခဲလာသူတွေများလာတယ်လို့ စေတနာရှင် လုပ်အားပေးတဦးက ပြောပါတယ်။

"ကိုဗစ်ကြောင့်ပေါ့နော် စားဝတ်နေရေးကြပ်တည်းပြီး ပြည်သူတွေတော်တော်လေး ဒုက္ခရောက်နေကြပြီ။ အလုပ်တွေလည်း ပိတ်ထားတယ်၊ ရုံးတွေလည်းပိတ်တော့ အလုပ်အကိုင်မရှိ ဘာမရှိဆိုတော့နေရာတိုင်းမှာ တချို့ဆို တော်တော်လေးကို ထမင်းတနပ်စားရဖို့တောင်မှ အဆင်မပြေတဲ့မိသားစုတွေ အများကြီးတွေ့နေရတယ်။ အဲအတွက်ကြောင့် ကျနော်တို့ အခုနောက်ပိုင်း တောက်လျှောက် ဆင်းရဲသားရပ်ကွက်တွေ၊ လက်လုပ်လက်စားသမားတွေကို ဆန်၊ ဆီ စတဲ့ စားနပ်ရိက္ခာတွေကို လိုက်လှူပေးနေပါတယ်။ ထမင်းတနပ်စားရဖို့တောင် ပိုက်ဆံမရှိတဲ့မိသားစုတွေ အများကြီးပဲ။ တော်တော်လေးကို ဒုက္ခရောက်နေကြတာပေါ့နော်။"

ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့စာရင်းအရဆို ပြည်တွင်းမှာ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၃၇၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁၄,၀၀၀ ကျော် ရှိပါတယ်။ ကပ်ရောဂါကူးစက်နှုန်း ထိန်းချုပ်နိုင်ဖို့အတွက် အသွားအလာကန့်သတ်ထားတဲ့ မြို့နယ်ပေါင်းကတော့ ၁၁၄ မြို့နယ်ရှိပြီ ဖြစ်ပါတယ်။

#Covid19#Myanmar#Yangon##VOABurmese#WhatHappeningInMyanmar#ကိုဗစ်

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG