သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၄နာရီအတြင္း ဓါတ္ခြဲအတည္ျပဳ၂၈၇၈ဦး၊ေသဆုံး၁၆၃ဦး


ကိုဗစ္ေရာဂါနဲ႔ ပ်ံလြန္ေတာ္မူတယ္လို႔ယူဆရတဲ့ ရဟန္းတပါးရဲ႕ ႐ုပ္ကလာပ္ကို မသယ္ခင္ ပိုးသတ္ေဆး ျဖန္းေနပံု။

(zawgyi/unicode)

ျမန္မာႏိုင္ငံမွာ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ကိုဗစ္ေရာဂါအတြက္ ဓာတ္ခြဲနမူနာေပါင္း ၁၁,၉၄၅ ခုကို စစ္ေဆးခဲ့တာမွာ ေရာဂါကူးစက္သူ ၂,၈၇၈ ေယာက္ ေတြ႕ခဲ့ၿပီး ေသဆုံးသူက ၁၆၃ ေယာက္ရွိတယ္လို႔ စစ္ေကာင္စီ က်န္းမာေရးဌာနရဲ႕ ဒီကေန႔ည ၈ နာရီထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ဒီကေန႔ညထုတ္ျပန္တဲ့ စစ္ေဆးတဲ့အေရအတြက္၊ ကူးစက္သူနဲ႔ ေသဆုံးသူ အေရအတြက္ေတြဟာ မေန႔ညက ထုတ္ျပန္တဲ့ အေရအတြက္ေတြထက္ ပိုနည္းပါတယ္။
ဒီကေန႔အထိဆိုရင္ ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါ ကူးစက္သူေပါင္း ၃၆၃,၁၆၉ ေယာက္၊ ေသဆုံးသူေပါင္း ၁၃,၇၈၆ ေယာက္၊ ေဆး႐ုံဆင္းသူစုစုေပါင္း ၂၈၂,၈၈၁ ေယာက္ရွိၿပီလို႔ က်န္းမာေရးဌာနက ထုတ္ျပန္ပါတယ္။
ကိုဗစ္တတိယလႈိင္းအတြင္း တရားဝင္ထုတ္ျပန္တဲ့ ကူးစက္ ေသဆုံးသူ အေရအတြက္ထက္ အမွန္တကယ္ အေရအတြက္က ပိုမ်ားမယ္လို႔ က်န္းမာေရးပညာရွင္ေတြနဲ႔ အကူအညီေပးတဲ့ ပရဟိတလုပ္သားေတြက ခန႔္မွန္းပါတယ္။
ျမန္မာႏိုင္ငံဟာ ကမာၻေပၚမွာ COVID-19 ေရာဂါေၾကာင့္ ေသဆုံးႏႈန္းအျမင့္ဆုံးျဖစ္ေနတဲ့ အာရွ-ပစိဖိတ္ေဒသ ခုနစ္ႏိုင္ငံထဲမွာ ထိပ္ဆုံးငါးႏိုင္ငံထဲ ပါဝင္ေနတယ္လို႔ Our World in Data သိပၸံစာေစာင္က ေဖာ္ျပထားပါတယ္။

covid myanmar update
please wait

No media source currently available

0:00 0:01:23 0:00
တိုက္႐ိုက္ လင့္ခ္


+++++

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်ရောဂါအတွက် ဓာတ်ခွဲနမူနာပေါင်း ၁၁,၉၄၅ ခုကို စစ်ဆေးခဲ့တာမှာ ရောဂါကူးစက်သူ ၂,၈၇၈ ယောက် တွေ့ခဲ့ပြီး သေဆုံးသူက ၁၆၃ ယောက်ရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနရဲ့ ဒီကနေ့ည ၈ နာရီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီကနေ့ညထုတ်ပြန်တဲ့ စစ်ဆေးတဲ့အရေအတွက်၊ ကူးစက်သူနဲ့ သေဆုံးသူ အရေအတွက်တွေဟာ မနေ့ညက ထုတ်ပြန်တဲ့ အရေအတွက်တွေထက် ပိုနည်းပါတယ်။
ဒီကနေ့အထိဆိုရင် မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်သူပေါင်း ၃၆၃,၁၆၉ ယောက်၊ သေဆုံးသူပေါင်း ၁၃,၇၈၆ ယောက်၊ ဆေးရုံဆင်းသူစုစုပေါင်း ၂၈၂,၈၈၁ ယောက်ရှိပြီလို့ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။
ကိုဗစ်တတိယလှိုင်းအတွင်း တရားဝင်ထုတ်ပြန်တဲ့ ကူးစက် သေဆုံးသူ အရေအတွက်ထက် အမှန်တကယ် အရေအတွက်က ပိုများမယ်လို့ ကျန်းမာရေးပညာရှင်တွေနဲ့ အကူအညီပေးတဲ့ ပရဟိတလုပ်သားတွေက ခန့်မှန်းပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ COVID-19 ရောဂါကြောင့် သေဆုံးနှုန်းအမြင့်ဆုံးဖြစ်နေတဲ့ အာရှ-ပစိဖိတ်ဒေသ ခုနစ်နိုင်ငံထဲမှာ ထိပ်ဆုံးငါးနိုင်ငံထဲ ပါဝင်နေတယ်လို့ Our World in Data သိပ္ပံစာစောင်က ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG