သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ လူသားစာနာမႈအကူအညီေပးသူေတြ ပိုၿပီးခက္ခဲေနေၾကာင္း ဥေရာပေကာ္မရွင္ထုတ္ျပန္


ကခ်င္ဒုကၡသည္စခန္းတခု (ဓာတ္ပံု- Reuters)

(Zawgyi/Unicode)

ကမာၻတဝန္း ပဋိပကၡအေျခအေနေတြမွာ တာဝန္ထမ္းေဆာင္ေနၾကတဲ့ လူသားခ်င္းစာနာေထာက္ထားေရး ဝန္ထမ္းေတြကို ဂုဏ္ျပဳတဲ့အေနနဲ႔ ဒီကေန႔ ဩဂုတ္လ ၁၉ ရက္ေန႔ကို ကမာၻ႔လူသားခ်င္းစာနာမႈေန႔အျဖစ္ သတ္မွတ္က်င္းပၾကပါတယ္။

လက္ရွိမွာ တကမာၻလုံးအတိုင္းအတာနဲ႔ COVID-19 ကပ္ေရာဂါေဘးကို ရင္ဆိုင္ေနၾကရသလို ျမန္မာႏိုင္ငံမွာ ကပ္ေရာဂါနဲ႔ ၾကံဳေနရခ်ိန္ စစ္တပ္အာဏာသိမ္းလိုက္တာေၾကာင့္ လူသားခ်င္းစာနာေထာက္ထားေရး အကူအညီေပးေနၾကတဲ့ ဝန္ထမ္းေတြ ပိုၿပီးခက္ခဲတဲ့ အေျခအေနေတြနဲ႔ ရင္ဆိုင္ေနၾကရတယ္လို႔ ဥေရာပေကာ္မရွင္၊ အရပ္သားကာကြယ္ေရးနဲ႔ လူသားစာနာမႈအကူအညီလုပ္ငန္းမ်ားဆုိင္ရာဌာနရဲ႕ ဒီကေန႔ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

ဒီလို အခက္အခဲမ်ိဳးစုံၾကားက လူသားခ်င္း စာနာေထာက္ကူေပးေနတဲ့ ဝန္ထမ္းေတြကို ပစ္မွတ္ထားတိုက္ခိုက္မႈေတြလည္း ႀကဳံေတြ႕ေနရတာပါ။ ဒီလို လူသားခ်င္းစာနာကူညီေပးေနသူေတြဟာ ပစ္မွတ္ေတြမဟုတ္ဘဲ တန္ဖိုးထား ေလးစားရမယ့္သူေတြျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္မွာေျပာထားပါတယ္။

ဒါ့အျပင္ ဥေရာပသမဂၢအေနနဲ႔ ပဋိပကၡဒဏ္သင့္သူေတြနဲ႔ ဒဏ္သင့္မယ့္အႏၲရာယ္ ႀကဳံေတြ႕ေနရသူေတြအတြက္ လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးေရး စီမံကိန္းအမ်ိဳးမ်ိဳးနဲ႔ လုပ္ေဆာင္ႀကိဳးပမ္းေနတယ္လို႔လည္း ေဖာ္ျပထားပါတယ္။

လူသားစာနာမႈဆိုင္ရာ အကူအညီေပးသူေတြနဲ႔ အရပ္သားေတြကို ကာကြယ္ေပးတဲ့ေနရာမွာ အျပည္ျပည္ဆိုင္ရာ လူသားစာနာေထာက္ထားမႈဥပေဒကို ေလးစားလိုက္နာဖို႔လိုသလို ဥေရာပေကာ္မရွင္အေနနဲ႔ ကိုဗစ္ကပ္ေဘးေၾကာင့္ ပိုၿပီ အေရးပါလာတဲ့ လူသားစာနာမႈအကူအညီေတြကို ထိေရာက္ေအာင္ ပံ့ပိုးေပးသြားဖို႔ ဆုံးျဖတ္ထားေၾကာင္းလည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံ ဆိုင္ရာ အေမရိကန္သံ႐ုံးကလည္း ျမန္မာႏိုင္ငံနဲ႔ ကမာၻတစ္လႊားက လူသားခ်င္းစာနာမႈဆိုင္ရာလုပ္သားေတြကို ေက်းဇူးတင္အသိအမွတ္ျပဳတဲ့အေၾကာင္းနဲ႔ အထင္ႀကီးေလးစားရတဲ့အေၾကာင္း ကမာၻ႔လူသားခ်င္းစာနာေထာက္ထားေရးေန႔ မွာ ေၾကညာခ်က္ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။

.............................................................................................

တိုက္႐ိုက္ လင့္ခ္


မြန်မာ လူသားစာနာမှုအကူအညီပေးသူတွေ ပိုပြီးခက်ခဲနေကြောင်း ဥရောပကော်မရှင်ထုတ်ပြန်

(Unicode)

ကမ္ဘာတဝန်း ပဋိပက္ခအခြေအနေတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ထမ်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီကနေ့ ဩဂုတ်လ ၁၉ ရက်နေ့ကို ကမ္ဘာ့လူသားချင်းစာနာမှုနေ့အဖြစ် သတ်မှတ်ကျင်းပကြပါတယ်။

လက်ရှိမှာ တကမ္ဘာလုံးအတိုင်းအတာနဲ့ COVID-19 ကပ်ရောဂါဘေးကို ရင်ဆိုင်နေကြရသလို မြန်မာနိုင်ငံမှာ ကပ်ရောဂါနဲ့ ကြုံနေရချိန် စစ်တပ်အာဏာသိမ်းလိုက်တာကြောင့် လူသားချင်းစာနာထောက်ထားရေး အကူအညီပေးနေကြတဲ့ ဝန်ထမ်းတွေ ပိုပြီးခက်ခဲတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဥရောပကော်မရှင်၊ အရပ်သားကာကွယ်ရေးနဲ့ လူသားစာနာမှုအကူအညီလုပ်ငန်းများဆိုင်ရာဌာနရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဒီလို အခက်အခဲမျိုးစုံကြားက လူသားချင်း စာနာထောက်ကူပေးနေတဲ့ ဝန်ထမ်းတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေလည်း ကြုံတွေ့နေရတာပါ။ ဒီလို လူသားချင်းစာနာကူညီပေးနေသူတွေဟာ ပစ်မှတ်တွေမဟုတ်ဘဲ တန်ဖိုးထား လေးစားရမယ့်သူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာပြောထားပါတယ်။

ဒါ့အပြင် ဥရောပသမဂ္ဂအနေနဲ့ ပဋိပက္ခဒဏ်သင့်သူတွေနဲ့ ဒဏ်သင့်မယ့်အန္တရာယ် ကြုံတွေ့နေရသူတွေအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရေး စီမံကိန်းအမျိုးမျိုးနဲ့ လုပ်ဆောင်ကြိုးပမ်းနေတယ်လို့လည်း ဖော်ပြထားပါတယ်။

လူသားစာနာမှုဆိုင်ရာ အကူအညီပေးသူတွေနဲ့ အရပ်သားတွေကို ကာကွယ်ပေးတဲ့နေရာမှာ အပြည်ပြည်ဆိုင်ရာ လူသားစာနာထောက်ထားမှုဥပဒေကို လေးစားလိုက်နာဖို့လိုသလို ဥရောပကော်မရှင်အနေနဲ့ ကိုဗစ်ကပ်ဘေးကြောင့် ပိုပြီ အရေးပါလာတဲ့ လူသားစာနာမှုအကူအညီတွေကို ထိရောက်အောင် ပံ့ပိုးပေးသွားဖို့ ဆုံးဖြတ်ထားကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံရုံးကလည်း မြန်မာနိုင်ငံနဲ့ ကမ္ဘာတစ်လွှားက လူသားချင်းစာနာမှုဆိုင်ရာလုပ်သားတွေကို ကျေးဇူးတင်အသိအမှတ်ပြုတဲ့အကြောင်းနဲ့ အထင်ကြီးလေးစားရတဲ့အကြောင်း ကမ္ဘာ့လူသားချင်းစာနာထောက်ထားရေးနေ့ မှာ ကြေညာချက်ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG