ကိုဗစ္-၁၉ ကာကြယ္ေဆး မလံုေလာက္မႈကိုရင္ဆိုင္ေနရတဲ့ အိႏၵိယႏိုင္ငံမွာ ႐ိုဟင္ဂ်ာနဲ႔ ခ်င္း ဒုကၡသည္အမ်ားစုအတြက္ ကာကြယ္ေဆး အျပည့္အ၀ ထိုးမေပးႏိုင္တာေၾကာင့္ ကူးစက္မႈအႏၲရာယ္ဆက္ၿပီး ရင္ဆိုင္ေနရေၾကာင္း ေအပီသတင္းမွာ ေဖၚျပထားပါတယ္။ ဒုကၡသည္တခ်ဳိ႕ကို အိႏၵိယအစိုးရက ကာကြယ္ေဆးထိုးႏွံ႔ေပးခဲ့ေပမယ့္ အမ်ားစုက အခုအခ်ိန္ထိ ကာကြယ္ေဆးမထိုးရေသးဘူးလို႔ ဆိုပါတယ္။ အိႏၵိယႏိုင္ငံမွာ လူဦးေရ ၇ % ေက်ာ္ပဲ ကာကြယ္ေဆးအျပည့္အ၀ ရထားတာျဖစ္ပါတယ္။
ကာကြယ္ေဆးျပတ္လတ္မႈေၾကာင့္လည္း ႏိုင္ငံ့ လူဦးေရ ၁.၄ ဘီလီယံနီးပါး ကပ္ေရာဂါဆိုးဒဏ္ကို ခံခဲ့ၾကရပါတယ္။
ဒုကၡသည္ေတြဟာ သူတို႔ ေနထိုင္ရာ ယာယီစခန္းေတြမွာ အစုလိုက္အျပံဳလိုက္ေနထိုင္ၾကရတဲ့အတြက္ ကူးစက္မႈ အႏၲရာယ္မ်ားတာေၾကာင့္ ကာကြယ္ေဆးထိုးႏွံေရးမွာ ဒုတိယဦးစားေပးအျဖစ္ ေဆာင္ရြက္ဖို႔ ႏိုင္ငံေတြကို ကမာၻ႕က်န္းမာေရးအဖဲြ႕ႀကီး WHO က လေပါင္းအတန္ၾကာ တိုက္တြန္းခဲ့တာပါ။
ႏိုင္ငံေပါင္း ၁၆၀ ေက်ာ္မွာ ဒုကၡသည္ေတြအပါအ၀င္ ကာကြယ္ေဆးထိုးႏွံေပးဖို႔ အစီအစဥ္ရွိေပမယ့္ ကာကြယ္ေဆး အလံုအေလာက္မရတဲ့ ျပႆနာ ရင္ဆိုင္ခဲ့ရတယ္လို႔ ဆိုပါတယ္။ WHO ထုတ္ျပန္ခ်က္အရ ကာကြယ္ေဆး ၈၅%ကို ခ်မ္းသာတဲ့ ႏိုင္ငံေတြက စီမံခန္႔ခဲြတာျဖစ္ပါတယ္။ ဒါေပမယ့္ တကယ္တန္းမွာကမာၻ့ ဒုကၡသည္အေရအတြက္ ၂၆ သန္း ရဲ႕ ၈၅%ဟာ ဖံြ႕ၿဖိဳးဆဲ ႏိုင္ငံေတြမွာ ေနထိုင္ၾကတာျဖစ္ၿပီး ကာကြယ္ေဆးရဖို႔ ႐ုန္းကန္ႀကိဳးပမ္းေနရေၾကာင္း ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ ေအဂ်င္စီကေျပာပါတယ္။
ဘဂၤလားေဒ့ရွ္လို ႏိုင္ငံတခ်ဳိ႕ကေတာ့ ကာကြယ္ေဆးတန္းတူညီမွ်ေရးကို ဦးတည္တဲ့ ကမာၻလံုးဆိုင္ရာ စီမံခ်က္ COVA အေပၚမွာ ေမွ်ာ္လင့္ခ်က္ေတြရွိေနပါတယ္။ အိမ္နီးခ်င္း ျမန္မာနဲ႔ ကပ္ေနတဲ့ ဒုကၡသည္စခန္းေတြက ႐ိုဟင္ဂ်ာ ဒုကၡသည္ တသန္းနီးပါးကို ကာကြယ္ေဆးထိုးေပးဖို႔ဆိုတဲ့ သူတို႔ရဲ႕ မူလ အစီအစဥ္ကို ေဖေဖၚဝါရီလမွာ ဘဂၤလားေဒ့ရွ္အစိုးရ ေျပာင္းလဲခဲ့ရပါတယ္။ ဒါေပမဲ့ လက္ရွိမွာ ႐ိုဟင္ဂ်ာ ဒုကၡသည္ တသိန္းေက်ာ္ကို COVAX အကူအညီနဲ႕ ကာကြယ္ေဆးထိုးေပးခဲ့ၿပီျဖစ္တယ္လို႔ ဆိုပါတယ္။
-----------------------------------
အိန္ဒိယ ရောက်ဒုက္ခသည်တွေ ကိုဗစ်ကာကွယ်ဆေး အခက်ကြုံ
ကိုဗစ်-၁၉ ကာကွယ်ဆေး မလုံလောက်မှုကိုရင်ဆိုင်နေရတဲ့ အိန္ဒိယနိုင်ငံမှာ ရိုဟင်ဂျာနဲ့ ချင်း ဒုက္ခသည်အများစုအတွက် ကာကွယ်ဆေး အပြည့်အ၀ ထိုးမပေးနိုင်တာကြောင့် ကူးစက်မှုအန္တရာယ်ဆက်ပြီး ရင်ဆိုင်နေရကြောင်း အေပီသတင်းမှာ ဖေါ်ပြထားပါတယ်။ ဒုက္ခသည်တချို့ကို အိန္ဒိယအစိုးရက ကာကွယ်ဆေးထိုးနှံ့ပေးခဲ့ပေမယ့် အများစုက အခုအချိန်ထိ ကာကွယ်ဆေးမထိုးရသေးဘူးလို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံမှာ လူဦးရေ ၇ % ကျော်ပဲ ကာကွယ်ဆေးအပြည့်အ၀ ရထားတာဖြစ်ပါတယ်။
ကာကွယ်ဆေးပြတ်လတ်မှုကြောင့်လည်း နိုင်ငံ့ လူဦးရေ ၁.၄ ဘီလီယံနီးပါး ကပ်ရောဂါဆိုးဒဏ်ကို ခံခဲ့ကြရပါတယ်။
ဒုက္ခသည်တွေဟာ သူတို့ နေထိုင်ရာ ယာယီစခန်းတွေမှာ အစုလိုက်အပြုံလိုက်နေထိုင်ကြရတဲ့အတွက် ကူးစက်မှု အန္တရာယ်များတာကြောင့် ကာကွယ်ဆေးထိုးနှံရေးမှာ ဒုတိယဦးစားပေးအဖြစ် ဆောင်ရွက်ဖို့ နိုင်ငံတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က လပေါင်းအတန်ကြာ တိုက်တွန်းခဲ့တာပါ။
နိုင်ငံပေါင်း ၁၆၀ ကျော်မှာ ဒုက္ခသည်တွေအပါအဝင် ကာကွယ်ဆေးထိုးနှံပေးဖို့ အစီအစဉ်ရှိပေမယ့် ကာကွယ်ဆေး အလုံအလောက်မရတဲ့ ပြဿနာ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။ WHO ထုတ်ပြန်ချက်အရ ကာကွယ်ဆေး ၈၅%ကို ချမ်းသာတဲ့ နိုင်ငံတွေက စီမံခန့်ခွဲတာဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တန်းမှာကမ္ဘာ့ ဒုက္ခသည်အရေအတွက် ၂၆ သန်း ရဲ့ ၈၅%ဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ နေထိုင်ကြတာဖြစ်ပြီး ကာကွယ်ဆေးရဖို့ ရုန်းကန်ကြိုးပမ်းနေရကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီကပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်လို နိုင်ငံတချို့ကတော့ ကာကွယ်ဆေးတန်းတူညီမျှရေးကို ဦးတည်တဲ့ ကမ္ဘာလုံးဆိုင်ရာ စီမံချက် COVA အပေါ်မှာ မျှော်လင့်ချက်တွေရှိနေပါတယ်။ အိမ်နီးချင်း မြန်မာနဲ့ ကပ်နေတဲ့ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာ ဒုက္ခသည် တသန်းနီးပါးကို ကာကွယ်ဆေးထိုးပေးဖို့ဆိုတဲ့ သူတို့ရဲ့ မူလ အစီအစဉ်ကို ဖေဖေါ်ဝါရီလမှာ ဘင်္ဂလားဒေ့ရှ်အစိုးရ ပြောင်းလဲခဲ့ရပါတယ်။ ဒါပေမဲ့ လက်ရှိမှာ ရိုဟင်ဂျာ ဒုက္ခသည် တသိန်းကျော်ကို COVAX အကူအညီနဲ့ ကာကွယ်ဆေးထိုးပေးခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။