သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်တွေကို ကာကွယ်ဆေးစတင်ထိုးနှံ

ဥတုပလောင် ဒုက္ခသည်စခန်းမှာ ကိုဗစ်ကာကွယ်ဆေးထိုးဖို့စောင့်ဆိုင်းနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ ( ဓာတ်ပုံ - AFP)
ဥတုပလောင် ဒုက္ခသည်စခန်းမှာ ကိုဗစ်ကာကွယ်ဆေးထိုးဖို့စောင့်ဆိုင်းနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ ( ဓာတ်ပုံ - AFP)

(Zawgyi/Unicode)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုး စံချိန်တင် ကူးစက်ပြန့်နှံ့နေတဲ့အချိန်မှာဘဲ ဒုက္ခသည်စခန်းတွေမှာ ရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ကိုဗစ်ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်တွေ ဒီကနေ့ သြဂုတ်လ ၁၀ ရက်နေ့မှာ စတင်ပါတယ်။ ဘယ်လိုလူတွေကို ထိုးပေးနေသလဲဆိုတဲ့အကြောင်း AFP သတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က ပြောပြပေးပါမယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက ဒုက္ခသည်စခန်းတွေမှာရှိနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၈ သိန်းခွဲလောက်ထဲမှာ ကိုဗစ်-၁၉ ကူးစက်နေသူ ၂,၆၀၀ ရှိပြီး သေဆုံးသူကတော့ ၂၉ ယောက်ရှိတယ်လို့ ကျန်းမာရေးအရာရှိတွေက ပြောပေမယ့် ဒါဟာ တကယ် ကူးစက် သေဆုံးတဲ့ အရေအတွက်ထက် အများကြီးနည်းနေတယ်လို့ ကျွမ်းကျင်သူ အများစုက သုံးသပ်ထားကြပါတယ်။

ရောဂါပိုးကူးမှာ ကြောက်တဲ့အတွက် ကာကွယ်ဆေးလာထိုးတာလို့ ဒုက္ခသည်တဦးဖြစ်သူ Rahima Khatun က အခုလို ပြောပါတယ်။
“ကိုရိုနာဗိုင်းရပ်စကို ကျမတို့ ကြောက်ပါတယ်။ ကာကွယ်ဆေးထိုးရင်ကောင်းတယ်ဆိုလို့ ကျမ ဒီနေ့ ဆေးလာထိုးတာပါ။”

တခြား ဒုက္ခသည်တဦးဖြစ်သူ Mohammad Zafar ကလည်း “ဒီကပ်ရောဂါကြီးကို ကျော်လွှားနိုင်ဖို့ ကျနော်တို့ ကာကွယ်ဆေးထိုးဖို့ လိုပါတယ်။ ဒါမှလည်း လူတိုင်းက စိတ်ပူနေတဲ့ ဒီရောဂါပိုး မကူးနိုင်မှာပါ။” လို့ပြောပါတယ်။

ဒုက္ခသည် ၄၈,၀၀၀ လောက်ကို တရုတ်နိုင်ငံ Sinopharm ကုမ္ပဏီကထုတ်တဲ့ ကာကွယ်ဆေးကို ထိုးပေးမှာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ကာကွယ်ဆေးဌာနကအရာရှိ Saiful Islam က ပြောပါတယ်။
“အဒီအသုတ်မှာ အသက် ၅၅ နှစ်နဲ့အထက်တွေကို ထိုးပေးမှာပါ။ ဒီ စခန်း အမှတ် (၄) မှာတော့ လူပေါင်း ၁,၀၀၀ လောက်ကို တနေ့ ၁၁၂ ယောက်နှုန်းလောက်နဲ့ ထိုးပေးသွားမှာ ဖြစ်ပါတယ်။”

အခုလို ကာကွယ်ဆေးထိုးပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း Cox’s Bazar ခရိုင်၊ ဘာလုခါလီစခန်းမှာ နေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည် ဦးအေးလွင်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။
“အခုလို ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးခွင့်ရတဲ့အပေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ အပါအဝင် ဆေးလှူဒါန်းပေးကြတဲ့ နိုင်ငံများ ပူးပေါင်းကူညီပေးကြတဲ့ လူ့အဖွဲ့အစည်းများအားလုံးကို အထူးပဲ ကျနော်တို့ ရိုဟင်ဂျာတွေက ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ နောက်ထပ် ကျန်ရှိနေသေးတဲ့ ရိုဟင်ဂျာဒုက္ခသည် အားလုံးကိုလည်း ကိုဗစ် ၁၉ ကာကွယ်ဆေး ထိုးခွင့်ရစေဖို့အတွက် ကျနော်တို့ ရိုဟင်ဂျာတွေက နိုင်ငံတကာအသိုင်းအဝိုင်းကိုရော ဘင်္ဂလားဒေ့ရှ်အစိုးရကိုပါ WHO ကိုပါ အလေးအနက် တောင်းဆိုပါတယ် ခင်ဗျာ။"

ကာကွယ်ဆေးထိုးဖို့ လိုအပ်ကြောင်း ဒုက္ခသည်တွေထံ တအိမ်တက်ဆင်း ပညာပေးလုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အရာရှိတွေက ပြောပါတယ်။

ဘင်္ဂလားပင်လယ်အော်အတွင်းက ဘာရှန်ချားကျွန်းပေါ်ရောက်နေကြတဲ့ ဒုက္ခသည်တွေထဲက ၁၈,၀၀၀ ကိုလည်း အခုသီတင်းပတ်အတွင်း ကာကွယ်ဆေးထိုးပေးတဲ့အစီအစဉ်တွေ စတင်မှာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များဆိုင်ရာကော်မရှင် ဒုတိယအကြီးအကဲ Shams ud Douza က ပြောပါတယ်။ လူဦးရော ၁၆၉ သန်းရှိတဲ့ ဘင်္ဂလားဒေ့ရှ်မှာ ပြီးခဲ့တဲ့ လအနည်းငယ်ကစလို့ ကိုဗစ်-၁၉ ကူးစက်မှုတွေ အရှိန်မြင့် ဖြစ်ပေါ်နေတာကြောင့် ဒုက္ခသည်စခန်းတွေ အပါအဝင် တနိုင်ငံလုံးနီးပါးကို Lockdown ချထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အခုချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၃,၀၀၀ ရှိပြီး ရောဂါပိုးကူးစက်သူကတော့ ၁.၄ သန်းရှိနေတာမှာ အများစုဟာ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ကူးစက်မှုရဲ့ ၉၈% ဟာ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ စတင်တွေ့ရှိတဲ့ ကူးစက်မြန် Delta မျိုးကွဲဖြစ်တယ်လို့ ဆိုပါတယ်။

စခန်းအတွင်းက ဒုက္ခသည်တွေအားလုံးကို ကာကွယ်ဆေးထိုးပေးခြင်းကသာ ရောဂါပိုးပြန့်နှံ့မှုကို ထိရောက်တဲ့ ကာကွယ်နည်းဖြစ်တယ်လို့ နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF ရဲ့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ ဌာနေကိုယ်စားလှယ် Romain Briey က ပြောပါတယ်။

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ရိုဟင်ဂျာဒုက္ခသည်အတော်များများ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားခဲ့ကြတာဖြစ်ပေမယ့် ၄ နှစ်ကြာလာတဲ့အထိ သူတို့ နေရပ်ပြန်နိုင်ရေးအတွက် လမ်းစ မပေါ်သေးပါဘူး။

ဒုက္ခသည်စခန်းအတွင်းက အိမ်တွေထဲမှာ နေရတဲ့ဘ၀ အင်မတန် ခက်ခဲလွန်းတဲ့အပြင် ဒုက္ခသည် အများစုဟာ လုံလောက်တဲ့ မိလ္လာစနစ်နဲ့ သန့်ရှင်းတဲ့ သောက်သုံးရေ မရနိုင်တာတွေကြောင့် သူတို့ကို ကာကွယ်ဆေးထိုးပေးခြင်းဟာ အရေးပါကြောင်း နိုင်ငံတကာ ကြက်ခြေနီအဖွဲ့နဲ့ လခြမ်းနီအဖွဲ့က Hrusikesh Harichandan က ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေကို ကာကွယ်ဆေးစတင်ထိုးနှံ
please wait

No media source currently available

0:00 0:04:06 0:00
တိုက်ရိုက် လင့်ခ်

.......................................................................................


(Unicode)



ရောဂါပိုးကူးမှာ ကွောကျတဲ့အတှကျ ကာကှယျဆေးလာထိုးတာလို့ ဒုက်ခသညျတဦးဖွဈသူ Rahima Khatun က အခုလို ပွောပါတယျ။










This item is part of
XS
SM
MD
LG