သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ COVID-19 ကူးစက်သူ ၂,၅၉၀၊ သေဆုံးသူ ၁၅၉ ဦးထပ်တိုး


ဓာတ်ခွဲနမူနာများကို စမ်းသပ်နေစဉ် (ဓာတ်ပုံ - Reuters )
ဓာတ်ခွဲနမူနာများကို စမ်းသပ်နေစဉ် (ဓာတ်ပုံ - Reuters )

(Zawgyi/Unicode)

ကိုဗစ်-၁၉တတိယလှိုင်းဒဏ် ခံစားနေရတဲ့ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓါတ်ခွဲစမ်းသပ်မှုပေါင်း ၁၁,၅၄၆ ခုကို ပြုလုပ်ခဲ့တာမှာ ၂,၅၉၀ ဦးမှာ ရောဂါပိုး ကူးစက်နေတာ တွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီကနေ့ ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင်လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာဘဲ သေဆုံးသူ ၁၅၉ ဦးရှိကြောင်းလည်း အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် ကျန်းမာရေးပညာရှင်တွေနဲ့ ပရဟိတအဖွဲ့အစည်းတွေကတော့ အပြင်မှာ အမှန်တကယ်ရောဂါပိုးကူးစက်သူနဲ့ သေဆုံးသူအရေအတွက်ဟာ ကျန်းမာရေးဌာနကထုတ်ပြန်နေတာထက် အများကြီးပိုများနိုင်ကြောင်း ပြောပါတယ်။

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ကို Stay at home - မလိုအပ်ရင် နေအိမ်အပြင်မထွက်ရမြို့အဖြစ် မနက်ဖြန် သြဂုတ်လ ၂၀ ရက်နေ့စကပြီး သတ်မှတ်လိုက်ကြောင်း ကျန်းမာရေးဌာနက ဒီကနေ့ ကြေညာလိုက်တာကြောင့် အခုဆိုရင် Stay at home ကြေညာထားတဲ့မြို့ပေါင်း ၁၁၁ မြို့ ရှိသွားပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် ကျန်းမာရေးစံနစ် ပြိုကျ ပျက်ဆီးသွားခဲ့တာကြောင့် သီးခြား ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ တိုင်းသားအဖွဲ့အစည်းတွေအကြားမှာလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အာဏာသိမ်းမှုအပြင် လက်ရှိ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ တတိယလှိုင်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီပေးမှုတွေ လျော့ကျသွားတာကြောင့် တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းတွေအကြားမှာ အခက်အခဲတွေ ပိုမို ကြီးထွားလာနေတာပါ။

သူတို့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ နယ်စပ် ဒေသတွေက ဆေးခန်းတွေကို ကိုဗစ်-၁၉ လူနာတွေ တိုးမြင့် ရောက်လာနေတာကြောင့် အောက်စီဂျင်နဲ့ ဆေးဝါးမလုံလောက်မှုတွေနဲ့ အကြီးအကျယ် ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံက ဒုက္ခသည်တွေ၊ ပြည်တွင်းနေရပ် ရွေ့ပြောင်း နေထိုင်နေကြရသူတွေနဲ့ တခြား အခက်အခဲတွေ ရင်ဆိုင်နေရသူတွေအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေကတဆင့် အမေရိကန်ဒေါ်လာ သန်း ၅၀ အမေရိကန်အစိုးရက ကူညီ ထောက်ပံ့ပေးသွားမယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က သြဂုတ်လ ၁၀ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

...................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)







XS
SM
MD
LG