သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ COVID-19 ကူးစက္သူ ၃,၄၅၆ ေယာက္၊ ေသဆံုး ၂၁၂ ေယာက္ ထပ္တိုး


ေတာင္ငူတြင္ ကိုဗစ္လူနာတဦးကို ျပဳစုေနသည့္ ပရဟိတလုပ္သားတဦး။ ၆ ၾသဂုတ္ ၂၀၂၁

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ ဒီေန႔ COVID-19 ေရာဂါပိုးေတြရွိသူ ၃,၄၅၆ ေယာက္နဲ႔ ေသဆုံးသူ ၂၁၂ ေယာက္ရွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနရဲ႕ ဒီေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ဓာတ္ခဲြနမူနာ ၁၃,၀၂၁ ခုကို စစ္ေဆးခဲ့တာမွာ အဲဒီလိုေတြ႕ရွိခဲ့တာျဖစ္ၿပီး ဒါဟာ စုစုေပါင္း ပိုးေတြ႕ရွိမႈပမာဏရဲ႕ ၂၆.၅၄% ၊ ေသဆုံးမႈႏႈန္းပမာဏကေတာ့ ၃.၇% နဲ႔ တတိယလိႈင္းမွာ အမ်ားဆုံးျဖစ္ပါတယ္။ ဒါေၾကာင့္ အခုဆိုရင္ ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ စုစုေပါင္း ၃၄၈,၁၈၆ ေယာက္ ရွိသြားၿပီျဖစ္ၿပီး ေသဆုံးသူစုစုေပါင္းက ၁၂,၈၇၉ ေယာက္ရွိသြားၿပီျဖစ္ပါတယ္။

ဒီေန႔မွာ ေရာဂါ သက္သာေပ်ာက္ကင္းၿပီး ေဆး႐ုံကဆင္းသူ ၃,၁၄၇ ေယာက္ရွိၿပီး ေရာဂါသသက္သာေပ်ာက္ကင္းသူေပါင္း ၂၆၃,၁၇၂ ေယာက္ ရွိသြားၿပီျဖစ္တယ္လို႔ က်န္းမာေရးဌာန ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

တရားဝင္ထုတ္ျပန္တဲ့ ကူးစက္ေသဆံုးသူ အေရအတြက္ထက္ အမွန္တကယ္ ကူးစက္ေသဆံုးသူ အေရအတြက္က ပိုမ်ားႏုိင္တယ္လို႔ က်န္းမာေရးပညာရွင္ေတြနဲ႔ ပရဟိတလုပ္သားေတြက ခန္႔မွန္းထားပါတယ္။

က်န္းမာေရး၀န္ႀကီးဌာနကေတာ့ ေရာဂါကူးစက္မႈ နဲ႔ ေသဆုံးမႈႏႈန္းကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ ကမာၻ႔က်န္းမာေရးအဖဲြ႕က အသိအမွတ္ျပဳထားတဲ့ အရည္အေသြးေကာင္းမြန္တဲ့ ကာကြယ္ေဆးေတြ ၀ယ္ယူၿပီး ကာကြယ္ေဆးထိုးတာေတြကို လုပ္ေဆာင္ေနေၾကာင္း၊ ဒါေပမဲ့ ေစ်းကြက္အတြင္းမွာ ကာကြယ္ေဆးအတုေတြကို အင္တာနက္အြန္လိုင္းေတြကေနတဆင့္ ေရာင္းခ်တာေတြရွိေနတာေၾကာင့္ အဲဒီေဆးေတြက ေရာဂါကာကြယ္ဖို႔အတြက္ အႏၲရာယ္ရွိႏိုင္တဲ့အတြက္ က်န္းမာေရး၀န္ႀကီးဌာနက တရား၀င္ အသိအမွတ္ျပဳထားတဲ့ ကာကြယ္ေဆးေတြကို ထိုးၾကဖို႔ကိုလည္း ဒီေန႔ ထုတ္ျပန္ထားပါတယ။္

ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈ တတိယလိႈင္းနဲ႔ ၾကံဳေနရတဲ့ ျမန္မာႏိုင္ငံမွ ာစာသင္ေက်ာင္းေတြကို ေနာက္ထပ္ သီတင္း တပတ္ ဆက္ပိတ္ထားဖို႔ က်န္းမာေရးနဲ႔အားကစား၀န္ႀကီးဌာနက မေန႔က ေၾကညာထားပါတယ္။

အခုဆိုရင္ ျပည္နယ္နဲ႔ တိုင္းေဒသႀကီးအသီးသီးမွာ လတ္တေလာျဖစ္ေပၚေနတဲ့ ကိုဗစ္-၁၉ တတိယလႈိင္းေၾကာင့္ မလိုအပ္ဘဲ အျပင္မထြက္ရ အမိန႔္ ထုတ္ျပန္ထားတဲ့ ၿမိဳ႕နယ္ေပါင္း အနည္းဆုံး ၁၁၀ ရွိသြားၿပီျဖစ္ၿပီး အစိုးရ႐ုံးပိတ္ရက္ကိုလည္း ၾသဂုတ္လ ၂၂ ရက္ေန႔အထိ တိုးျမွင့္ သတ္မွတ္ထားပါတယ္။

..................

(Unicode)

မြန်မာ COVID-19 ကူးစက်သူ ၃,၄၅၆ ယောက်၊ သေဆုံး ၂၁၂ ယောက် ထပ်တိုး

မြန်မာနိုင်ငံမှာ ဒီနေ့ COVID-19 ရောဂါပိုးတွေရှိသူ ၃,၄၅၆ ယောက်နဲ့ သေဆုံးသူ ၂၁၂ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၃,၀၂၁ ခုကို စစ်ဆေးခဲ့တာမှာ အဲဒီလိုတွေ့ရှိခဲ့တာဖြစ်ပြီး ဒါဟာ စုစုပေါင်း ပိုးတွေ့ရှိမှုပမာဏရဲ့ ၂၆.၅၄% ၊ သေဆုံးမှုနှုန်းပမာဏကတော့ ၃.၇% နဲ့ တတိယလှိုင်းမှာ အများဆုံးဖြစ်ပါတယ်။ ဒါကြောင့် အခုဆိုရင် မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၃၄၈,၁၈၆ ယောက် ရှိသွားပြီဖြစ်ပြီး သေဆုံးသူစုစုပေါင်းက ၁၂,၈၇၉ ယောက်ရှိသွားပြီဖြစ်ပါတယ်။

ဒီနေ့မှာ ရောဂါ သက်သာပျောက်ကင်းပြီး ဆေးရုံကဆင်းသူ ၃,၁၄၇ ယောက်ရှိပြီး ရောဂါသသက်သာပျောက်ကင်းသူပေါင်း ၂၆၃,၁၇၂ ယောက် ရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တရားဝင်ထုတ်ပြန်တဲ့ ကူးစက်သေဆုံးသူ အရေအတွက်ထက် အမှန်တကယ် ကူးစက်သေဆုံးသူ အရေအတွက်က ပိုများနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေနဲ့ ပရဟိတလုပ်သားတွေက ခန့်မှန်းထားပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနကတော့ ရောဂါကူးစက်မှု နဲ့ သေဆုံးမှုနှုန်းကို ထိန်းချုပ်နိုင်ဖို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိအမှတ်ပြုထားတဲ့ အရည်အသွေးကောင်းမွန်တဲ့ ကာကွယ်ဆေးတွေ ဝယ်ယူပြီး ကာကွယ်ဆေးထိုးတာတွေကို လုပ်ဆောင်နေကြောင်း၊ ဒါပေမဲ့ ဈေးကွက်အတွင်းမှာ ကာကွယ်ဆေးအတုတွေကို အင်တာနက်အွန်လိုင်းတွေကနေတဆင့် ရောင်းချတာတွေရှိနေတာကြောင့် အဲဒီဆေးတွေက ရောဂါကာကွယ်ဖို့အတွက် အန္တရာယ်ရှိနိုင်တဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနက တရားဝင် အသိအမှတ်ပြုထားတဲ့ ကာကွယ်ဆေးတွေကို ထိုးကြဖို့ကိုလည်း ဒီနေ့ ထုတ်ပြန်ထားပါတယ။်

ကိုဗစ်ကပ်ရောဂါ ကူးစက်မှု တတိယလှိုင်းနဲ့ ကြုံနေရတဲ့ မြန်မာနိုင်ငံမှ ာစာသင်ကျောင်းတွေကို နောက်ထပ် သီတင်း တပတ် ဆက်ပိတ်ထားဖို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက မနေ့က ကြေညာထားပါတယ်။

အခုဆိုရင် ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးမှာ လတ်တလောဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ တတိယလှိုင်းကြောင့် မလိုအပ်ဘဲ အပြင်မထွက်ရ အမိန့် ထုတ်ပြန်ထားတဲ့ မြို့နယ်ပေါင်း အနည်းဆုံး ၁၁၀ ရှိသွားပြီဖြစ်ပြီး အစိုးရရုံးပိတ်ရက်ကိုလည်း သြဂုတ်လ ၂၂ ရက်နေ့အထိ တိုးမြှင့် သတ်မှတ်ထားပါတယ်။

တိုက္႐ိုက္ လင့္ခ္

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG