သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကပ်ရောဂါကြောင့် အသက်ဆုံးရတဲ့ မြန်မာလူထုအတွက် ကန်သံအမတ်ကြီး ဝမ်းနည်းစကားဆို


အမေရိကန်သံရုံး ထုတ်ပြန် ကြေညာချက် ( သြဂုတ် -၁၃-၂၀၂၁)
အမေရိကန်သံရုံး ထုတ်ပြန် ကြေညာချက် ( သြဂုတ် -၁၃-၂၀၂၁)

ZAWGYI/UNICODE

COVID-19 ကပ်ရောဂါကာလအတွင်း မြန်မာနိုင်ငံမှာ အသက်ဆုံးရှုံးသွားကြရတဲ့ မြန်မာပြည်သူတွေအတွက် ဝမ်းနည်းစိတ်မကောင်း ဖြစ်ရကြောင်း အမေရိကန်သံအမတ်ကြီး သောမတ်စ် အယ်လ် ဗိုက်ဒါက ပြောကြားလိုက်ပါတယ်။ အမေရိကန်သံရုံးက ဒီနေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာ သူ့အနေနဲ့ အမေရိကန်သံရုံးကိုယ်စား ဝမ်းနည်းစိတ်မကောင်း ဖြစ်ရကြောင်းကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ပြောလိုက်တာပါ။

ဒါ့အပြင် အမေရိကန်ပြည်ထောင်စုအနေနဲ့ ပိုပြီးတော့ ဆိုးရွားလာနေတဲ့ ကပ်ရောဂါကိုရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေကို အကူအညီပေးနိုင်ဖို့အတွက် ကြိုးပမ်းအားထုတ်နေသလို မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိလာရေးအတွက် သန္နိဋ္ဌာန် အခိုင်အမာချမှတ်ထားတယ်လို့ အဲဒီထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်ကစလို့ မြန်မာပြည်သူတွေအတွက် ကပ်ရောဂါနဲ့ပတ်သက်တဲ့ အကူအညီ ဒေါ်လာ သန်း ၂၀ ကျော်ဖိုးပေးထားပြီဖြစ်သလို လူနည်းစုတိုင်းရင်းသားတွေအပါအဝင် ကပ်ရောဂါအတွက် အကူအညီပေးနေတဲ့ အစိုးရမဟုတ်တဲ့ အခြေခံကျန်းမာရေးအဖွဲ့အစည်းတွေကိုလည်း ကူညီပံ့ပိုးပေးခဲ့တယ်လို့ပြောပါတယ်။

ဒါ့အပြင် မြန်မာပြည်သူလူထုကို အကူအညီပေးနိုင်ဖို့အတွက် ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေအဖွဲ့ (Global Fund) နဲ့ Gavi အဖွဲအပါအဝင် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ရန်ပုံငွေတွေကို သိသိသာသာ ဆက်လက်ကူညီပံ့ပိုးပေးနေတယ်လို့ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံကို လူသားစာနာမှုအကူအညီ အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော် ထောက်ပံ့ကူညီသွားမယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas Greenfield က ကြေညာခဲ့ပါတယ်။

UNICODE






တိုက်ရိုက် လင့်ခ်


XS
SM
MD
LG