သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဆေးရုံတက်နေတဲ့ ဦးသန်းရွှေနဲ့ ဇနီး ကိုဗစ်ရောဂါ ကူးစက်ခံထားရ


အိန္ဒိယနိုင်ငံခရီးစဉ်တခုအတွင်း တွေ့ရသည့် ဦးသန်းရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင်။ (ဇူလိုင် ၂၇၊ ၂၀၁၀)

ZAWGYI/UNICODE


ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရတာကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက နေပြည်တော်၊ သိုက်ချောင်းတပ်မတော်ဆေးရုံမှာ ဦးသန်းရွှေ တက်ရောက်နေရတာဖြစ်ပြီး သူနဲ့အတူ ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်လည်း ပါဝင်တယ်လို့ အမည်မဖော်လိုတဲ့ ဆေးရုံဝန်ထမ်းတဦးက ကြာသပတေးနေ့မှာ ပြောပါတယ်။




ဦးသန်းရွှဟော ၁၉၉၂ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်ထိ အုပ်ချုပ်ခဲ့တာဖြစ်ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အတိုက်အခံနိုင်ငံရေးသမားတွေကို ရက်ရက်စက်စက် ဖမ်းဆီးနှိမ်နှင်းခဲ့သလို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ဆန္ဒပြ တက္ကသိုလ်ကျောင်းသားတွေနဲ့ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအတွင်း ရဟန်းသံဃာတွေကိုပါ ပစ်ခတ် နှိမ်နှင်းဖို့ အမိန့်ပေးခဲ့သူလည်းဖြစ်ပါတယ်။

UNICODE

မြန်မာစစ်ခေါင်းဆောင်ဟောင်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ COVID-19 ရောဂါကူးစက်ခံရပြီး စစ်ဆေးရုံတင်ထားရတယ်လို့ တာဝန်ရှိသူတဦးကို ကိုးကားပြီး AP သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရတာကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက နေပြည်တော်၊ သိုက်ချောင်းတပ်မတော်ဆေးရုံမှာ ဦးသန်းရွွှေ တက်ရောက်နေရတာဖြစ်ပြီး သူနဲ့အတူ ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်လည်း ပါဝင်တယ်လို့ အမည်မဖော်လိုတဲ့ ဆေးရုံဝန်ထမ်းတဦးက ကြာသပတေးနေ့မှာ ပြောပါတယ်။

အသက် ၈၈ နှစ် ရှိပြီဖြစ်တဲ့ ဦးသန်းရွှေရဲ့ရောဂါ ဘယ်လောက်အထိ ပြင်းထန်တယ်ဆိုတာမသိရပေမယ့် အခုအခါမှာတော့ သူ့ရဲ့ ကျန်းမာရေးအခြေအနေဟာ တည်တည်ငြိမ်ငြိမ်ရှိနေတယ်လို့ အမည်မဖော်လိုတဲ့ အစိုးရတာဝန်ရှိသူတဦးက ပြောကြောင်း ရိုက်တာသတင်းမှာလည်း ရေးထားပြီး ဆေးရုံမှာ နောက်ထပ် သီတင်းပတ် နှစ်ပတ်လောက် ဆက်ပြီးနေရမယ်လို့ ခန့်မှန်းရကြောင်း ပြောပါတယ်။

ဦးသန်းရွှေနဲ့ ဇနီးဒေါ်ကြိုင်ကြိုင်တို့ နှစ်ယောက်လုံးကို ဆေးရုံက VIP အရေးကြီးပုဂ္ဂိုလ်ဆောင်မှာ ကုသပေးနေပြီး လုံခြုံရေး တင်းကြပ်ထားတယ်လို့လည်း အမည်မဖော်လိုတဲ့ ဆေးရုံဝန်ထမ်းတယောက်က ပြောပါတယ်။

COVID-19 တတိယလှိုင်းအတွင်း မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဒဏ် အပြင်းအထန် ရင်ဆိုင်နေရတာဖြစ်ပြီး အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ဆေးဝန်ထမ်းတွေပါ ပါဝင်နေတာကြောင့် ကျန်းမာရေးစနစ်ကြီးတခုလုံး ဖရိုဖရဲဖြစ်နေတာပါ။

ဦးသန်းရွွှေဟာ ၁၉၉၂ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်ထိ အုပ်ချုပ်ခဲ့တာဖြစ်ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အတိုက်အခံနိုင်ငံရေးသမားတွေကို ရက်ရက်စက်စက် ဖမ်းဆီးနှိမ်နှင်းခဲ့သလို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ဆန္ဒပြ တက္ကသိုလ်ကျောင်းသားတွေနဲ့ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအတွင်း ရဟန်းသံဃာတွေကိုပါ ပစ်ခတ် နှိမ်နှင်းဖို့ အမိန့်ပေးခဲ့သူလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ပြည်နယ်အသီးသီးအလိုက်ရလဒ်များ

XS
SM
MD
LG