သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ ကိုဗစ္ကူးစက္သူ ၃,၄၃၀ ဦး၊ ေသဆုံးသူ ၂၁၅ ဦး ထပ္တိုး


ျမန္မာ ကိုဗစ္၁၉ ထိန္းခ်ဳပ္ေရး (ဓာတ္ပံု - AP/AFP/Reuters)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ လတ္တေလာရင္ဆိုင္ေနရတဲ့ COVID-19 တတိယလႈိင္းေၾကာင့္ ေရာဂါပိုး ကူးစက္သူနဲ႔ ေသဆုံးသူေတြ ေန႔စဥ္ တိုးမ်ားေနတာမွာ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ဓါတ္ခြဲစမ္းသပ္မႈနမူနာ ၁၂,၈၀၁ ဦးကို စစ္ေဆးခဲ့တာမွာ ေရာဂါပိုး ကူးစက္သူ ၃,၄၃၀ ဦး ရွိေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ပါတယ္။

ဒါ့အျပင္ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္းမွာပဲ ေသဆုံးသူ ၂၁၅ ဦး ရွိခဲ့ေၾကာင္း က်န္းမာေရးဌာနရဲ႕ ည ၈ နာရီထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ဒါေပမယ့္ က်န္းမာေရးဌာနက ေန႔စဥ္ထုတ္ျပန္ေနတဲ့ စာရင္းေတြဟာ အျပင္မွာ အမွန္တကယ္ ကူးစက္၊ ေသဆုံးေနတဲ့အေရအတြက္ထက္ အမ်ားႀကီး ကြာဟႏိုင္ေၾကာင္း က်န္းမာေရးပညာရွင္ေတြနဲ႔ ပရဟိတ ကူညီေဆာင္႐ြက္ေပးေနသူေတြက ေျပာပါတယ္။

ကိုဗစ္ကုသေရးေဆး႐ုံေတြအျဖစ္ ေဝဘာဂီေဆး႐ုံ၊ ေတာင္ဥကၠလာပေဆး႐ုံ၊ အင္းစိန္ေဆး႐ုံ၊ မ်က္စိေဆး႐ုံ၊ အ႐ိုးေဆး႐ုံ၊ အေရွ႕ပိုင္းေဆး႐ုံ၊ အေနာက္ပိုင္းေဆး႐ုံ၊ ရန္ကုန္အေထြေထြေရာဂါေဆး႐ုံသစ္တို႔မွာ တိုးျမႇင့္ ကုသေပးေနေၾကာင္း က်န္းမာေရးဌာနက ေၾကညာထားပါတယ္။

ျပည္နယ္နဲ႔ တိုင္းေဒသႀကီးအသီးသီးမွာ လတ္တေလာျဖစ္ေပၚေနတဲ့ ကိုဗစ္-၁၉ တတိယလႈိင္းေၾကာင့္ (Stay at home) မလိုအပ္ဘဲ အျပင္မထြက္ရအမိန႔္ ထုတ္ျပန္ထားတဲ့ ၿမိဳ႕နယ္ေပါင္း အနည္းဆုံး ၁၁၀ ရွိသြားၿပီ ျဖစ္ၿပီး အစိုးရ႐ုံးပိတ္ရက္ကိုလည္း ၾသဂုတ္လ ၂၂ ရက္ေန႔အထိ တိုးျမင့္ သတ္မွတ္လိုက္ေၾကာင္း ဒီကေန႔ဘဲ ေၾကညာခ်က္ ထပ္မံ ထုတ္ျပန္ထားပါတယ္။

...........................................................................

မြန်မာ ကိုဗစ်ကူးစက်သူ ၃,၄၃၀ ဦး၊ သေဆုံးသူ ၂၁၅ ဦး ထပ်တိုး

(Unicode)

မြန်မာနိုင်ငံမှာ လတ်တလောရင်ဆိုင်နေရတဲ့ COVID-19 တတိယလှိုင်းကြောင့် ရောဂါပိုး ကူးစက်သူနဲ့ သေဆုံးသူတွေ နေ့စဉ် တိုးများနေတာမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓါတ်ခွဲစမ်းသပ်မှုနမူနာ ၁၂,၈၀၁ ဦးကို စစ်ဆေးခဲ့တာမှာ ရောဂါပိုး ကူးစက်သူ ၃,၄၃၀ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာပဲ သေဆုံးသူ ၂၁၅ ဦး ရှိခဲ့ကြောင်း ကျန်းမာရေးဌာနရဲ့ ည ၈ နာရီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် ကျန်းမာရေးဌာနက နေ့စဉ်ထုတ်ပြန်နေတဲ့ စာရင်းတွေဟာ အပြင်မှာ အမှန်တကယ် ကူးစက်၊ သေဆုံးနေတဲ့အရေအတွက်ထက် အများကြီး ကွာဟနိုင်ကြောင်း ကျန်းမာရေးပညာရှင်တွေနဲ့ ပရဟိတ ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

ကိုဗစ်ကုသရေးဆေးရုံတွေအဖြစ် ဝေဘာဂီဆေးရုံ၊ တောင်ဥက္ကလာပဆေးရုံ၊ အင်းစိန်ဆေးရုံ၊ မျက်စိဆေးရုံ၊ အရိုးဆေးရုံ၊ အရှေ့ပိုင်းဆေးရုံ၊ အနောက်ပိုင်းဆေးရုံ၊ ရန်ကုန်အထွေထွေရောဂါဆေးရုံသစ်တို့မှာ တိုးမြှင့် ကုသပေးနေကြောင်း ကျန်းမာရေးဌာနက ကြေညာထားပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးမှာ လတ်တလောဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ တတိယလှိုင်းကြောင့် (Stay at home) မလိုအပ်ဘဲ အပြင်မထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ မြို့နယ်ပေါင်း အနည်းဆုံး ၁၁၀ ရှိသွားပြီ ဖြစ်ပြီး အစိုးရရုံးပိတ်ရက်ကိုလည်း သြဂုတ်လ ၂၂ ရက်နေ့အထိ တိုးမြင့် သတ်မှတ်လိုက်ကြောင်း ဒီကနေ့ဘဲ ကြေညာချက် ထပ်မံ ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG