သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကပ္ေရာဂါကာလ ထိုင္းမွာဖမ္းမိတဲ့ထဲ ျမန္မာႏိုင္ငံသားအမ်ားစုပါ


ႀသဂုတ္လ (၁၂) ရက္ေန့က အယုဒယျမိဳ့မွာျမန္မာႏို္င္ငံသားေတြကို ခိုးျပီးတင္လာတာကို ဖမ္းဆီးစစ္ေဆးေနပံု (ဓာတ္ပံု - Police)

(Zawgyi/Unicode)

ထိုင္းႏိုင္ငံ နယ္စပ္ေတြကို ကိုဗစ္ကပ္ေဘးကာလအတြင္း လုံၿခဳံေရးတင္းၾကပ္ထားတဲ့ၾကားမွာပဲ ၿပီးခဲ့တဲ့ ၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္ကေန ၂၀၂၁ ခုႏွစ္ ဇူလိုင္လကုန္အထိ တရားမဝင္ခိုးဝင္သူ ေသာင္းနဲ႔ခ်ီရွိခဲ့တယ္လို႔ ထိုင္းႏိုင္ငံ ကိုဗစ္ကပ္ေရာဂါ ထိန္းခ်ဳပ္ေရးအဖြဲကေျပာပါတယ္။ အဲဒီထဲက ဖမ္းမိသူအမ်ားစုဟာ ျမန္မာႏိုင္ငံသားေတြျဖစ္တယ္လို႔ ထိုင္းအေျခစိုက္ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားအေရး လုပ္ေနသူတဦးက ဗြီအိုေအကိုေျပာပါတယ္။ ဒီအေၾကာင္း ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထိုင္းႏိုင္ငံမွာေနစဥ္ကိုဗစ္ကူးစက္မႈႏႈန္းျမင့္တက္ေနခ်ိန္မွာပဲ တရားမဝင္ခိုးဝင္လာသူေတြက တႏွစ္အတြင္း ၄ေသာင္းေက်ာ္ရွိၿပီး နယ္စပ္ေတြမွာဖမ္းမိသူက ၃ေသာင္းေက်ာ္ရွိတယ္လို႔ ထိုင္းႏိုင္ငံကိုဗစ္ကပ္ေရာဂါထိမ္းခ်ဳပ္ေရးအဖြဲ႕ကေျပာဆိုခဲ့တာပါ ဒီထဲမွာအမ်ားစုက ျမန္မာႏိုင္ငံသားေတြျဖစ္ေၾကာင္းထိုင္းေတာင္ပိုင္းအေျခစိုက္ပညာေရးနဲ႔ဖြံၿဖိဳးေရးေဖာင္ေဒးရွင္းရဲ႕အလုပ္သမားေရးရာတာဝန္ခံဦးမင္းဦးကအခုလိုေျပာပါတယ္။

"ဒီ ၂၀၂၁ ဇူလိုင္လကုန္အထိကို တရားမဝင္ေတြကို ဖမ္းမိတဲ့စာရင္းကိုထုတ္ျပန္တာ အဲဒါ ၄ေသာင္းေက်ာ္ရွိတယ္။ အဲဒီ ၄ေသာင္းေက်ာ္ထဲမွာ နယ္စပ္ေတြမွာမိတာက ၃ေသာင္းေက်ာ္ ထိုင္းျပည္တြင္းမွာမိတာက တေသာင္းေက်ာ္ရွိတယ္ အထဲမွာလည္း ကပ္ေရာဂါေကာ ႏိုင္ငံေရးေကာ ၂ ခုေလ ျပည္တြင္းမွာလည္းအလုပ္အကိုင္ကရွားပါးတာကိုးဟိုတုန္းကတည္းကလည္းသြားလာေနတာ ျပသနာေတြကအမ်ားႀကီးကိုး။"

ထိုင္းႏိုင္ငံ အယုဒၶယၿမိဳ႕မွာ ျမန္မာႏိုင္ငံသားေတြကို ခိုးတင္သယ္ေဆာင္လာတဲ့ ကုန္တင္ယဥ္ငယ္တစင္းကို ၾသဂုတ္လ ၁၂ ရက္ေန႔မွာဖမ္းမိခဲ့သလို နယ္စပ္ေတြမွာလည္း တရက္ျခားေလာက္ ခိုးဝင္လာတဲ့ျမန္မာႏိုင္ငံသားေတြကိုဖမ္းမိေနတာပါ။

ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းက ထိုင္းကာကြယ္ေရး ဒုဝန္ႀကီး ပရဝစ္ ဝုန္စဝမ္က ထိုင္းျမန္မာနယ္စပ္ေဒသဆိုင္ရာလုံၿခဳံေရးတာဝန္ရွိသူေတြနဲ႔ အြန္းလိုင္းကေနလုပ္တဲ့ ေဆြးေႏြးပြဲမွာ ျမန္မာႏိုင္ငံသားေတြ အဓိက အမ်ားဆုံးဝင္ေရာက္လာေနတဲ့ မဲေဆာက္ ၿမိဳ႕ မယ္လမ နယ္စပ္ဝင္လမ္းေတြမွာ လုံၿခဳံေရး အင္းအားတိုးျမင့္ၿပီး တင္းၾကပ္ပိတ္ဆို.ထားဖို့ညႊန္ၾကားထားခဲ့တာပါ။ ထိုင္းအရာရွိေတြလည္းလူကုန္ကူးမႈ၊ လူေမွာင္ခိုမူေတြမွာ ပါဝင္ပတ္သက္ေနရင္ ျပင္းထန္တဲ့ ျပစ္ဒဏ္ခ်မတ္ခံရမယ့္အေၾကာင္း သတိေပးခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ ႏိုင္ငံေရးစီးပြားေရးမေျပလည္မူေတြေၾကာင့္ထိုင္းနယ္စပ္ကေန ခိုးဝင္လာသူေတြအမ်ားအျပားရွိေနပါတယ္ ထိုင္းႏိုင္ငံမွာကိုဗစ္ကူးစက္မူေတြမ်ားေနတဲ့အတြက္ နယ္စပ္ေတြကိုပိုမိုၿပီး လုံၿခဳံေရးခ်ထားသလို နယ္ေျမျဖတ္ေက်ာ္သြားလာခြင့္ေတြကိုကန႔္သတ္ထားပါတယ္။ အဲဒီလိုအေျခအေနမွာပဲ ေန႔စဥ္နီးပါးလည္း ခိုးဝင္လာသူေတြကို ဖမ္းဆီးေနတာပါ။

ထိုင္းႏိုင္ငံမွာကိုဗစ္ကူးစက္သူ ၈၆၃၀၀၀ ေက်ာ္ရွိၿပီး ၾသဂုတ္လ ၁၃ ရက္ေန႔ တေန႔တည္းကူးစက္သူ၂၃၄၀၀ ေက်ာ္ရွိေနတာပါ လက္ရွိမွာလည္း စိုးရိမ္ရတဲ့လူနာေပါင္း၅၀၀၀ေက်ာ္ရွိေနပါတယ္ ေသဆုံးသူကေတာ့၇၁၀၀ေက်ာ္ရွိသြားၿပီးလို႔ထိုင္းက်န္းမာေရးဝန္ႀကီးဌာနက တရားဝင္ထုတ္ျပန္ထားပါတယ္။

...........................................................................................

ကိုဗစ်ကပ်ရောဂါကာလ ထိုင်းမှာဖမ်းမိတဲ့ထဲ မြန်မာနိုင်ငံသားအများစုပါ

(Unicode)

ထိုင်းနိုင်ငံ နယ်စပ်တွေကို ကိုဗစ်ကပ်ဘေးကာလအတွင်း လုံခြုံရေးတင်းကြပ်ထားတဲ့ကြားမှာပဲ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်ကနေ ၂၀၂၁ ခုနှစ် ဇူလိုင်လကုန်အထိ တရားမဝင်ခိုးဝင်သူ သောင်းနဲ့ချီရှိခဲ့တယ်လို့ ထိုင်းနိုင်ငံ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေးအဖွဲကပြောပါတယ်။ အဲဒီထဲက ဖမ်းမိသူအများစုဟာ မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ ထိုင်းအခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး လုပ်နေသူတဦးက ဗွီအိုအေကိုပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမှာနေစဉ်ကိုဗစ်ကူးစက်မှုနှုန်းမြင့်တက်နေချိန်မှာပဲ တရားမဝင်ခိုးဝင်လာသူတွေက တနှစ်အတွင်း ၄သောင်းကျော်ရှိပြီး နယ်စပ်တွေမှာဖမ်းမိသူက ၃သောင်းကျော်ရှိတယ်လို့ ထိုင်းနိုင်ငံကိုဗစ်ကပ်ရောဂါထိမ်းချုပ်ရေးအဖွဲ့ကပြောဆိုခဲ့တာပါ ဒီထဲမှာအများစုက မြန်မာနိုင်ငံသားတွေဖြစ်ကြောင်းထိုင်းတောင်ပိုင်းအခြေစိုက်ပညာရေးနဲ့ဖွံဖြိုးရေးဖောင်ဒေးရှင်းရဲ့အလုပ်သမားရေးရာတာဝန်ခံဦးမင်းဦးကအခုလိုပြောပါတယ်။

"ဒီ ၂၀၂၁ ဇူလိုင်လကုန်အထိကို တရားမဝင်တွေကို ဖမ်းမိတဲ့စာရင်းကိုထုတ်ပြန်တာ အဲဒါ ၄သောင်းကျော်ရှိတယ်။ အဲဒီ ၄သောင်းကျော်ထဲမှာ နယ်စပ်တွေမှာမိတာက ၃သောင်းကျော် ထိုင်းပြည်တွင်းမှာမိတာက တသောင်းကျော်ရှိတယ် အထဲမှာလည်း ကပ်ရောဂါကော နိုင်ငံရေးကော ၂ ခုလေ ပြည်တွင်းမှာလည်းအလုပ်အကိုင်ကရှားပါးတာကိုးဟိုတုန်းကတည်းကလည်းသွားလာနေတာ ပြသနာတွေကအများကြီးကိုး။"

ထိုင်းနိုင်ငံ အယုဒ္ဓယမြို့မှာ မြန်မာနိုင်ငံသားတွေကို ခိုးတင်သယ်ဆောင်လာတဲ့ ကုန်တင်ယဉ်ငယ်တစင်းကို သြဂုတ်လ ၁၂ ရက်နေ့မှာဖမ်းမိခဲ့သလို နယ်စပ်တွေမှာလည်း တရက်ခြားလောက် ခိုးဝင်လာတဲ့မြန်မာနိုင်ငံသားတွေကိုဖမ်းမိနေတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ထိုင်းကာကွယ်ရေး ဒုဝန်ကြီး ပရဝစ် ဝုန်စဝမ်က ထိုင်းမြန်မာနယ်စပ်ဒေသဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတွေနဲ့ အွန်းလိုင်းကနေလုပ်တဲ့ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံသားတွေ အဓိက အများဆုံးဝင်ရောက်လာနေတဲ့ မဲဆောက် မြို့ မယ်လမ နယ်စပ်ဝင်လမ်းတွေမှာ လုံခြုံရေး အင်းအားတိုးမြင့်ပြီး တင်းကြပ်ပိတ်ဆို.ထားဖို့ညွှန်ကြားထားခဲ့တာပါ။ ထိုင်းအရာရှိတွေလည်းလူကုန်ကူးမှု၊ လူမှောင်ခိုမူတွေမှာ ပါဝင်ပတ်သက်နေရင် ပြင်းထန်တဲ့ ပြစ်ဒဏ်ချမတ်ခံရမယ့်အကြောင်း သတိပေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးစီးပွားရေးမပြေလည်မူတွေကြောင့်ထိုင်းနယ်စပ်ကနေ ခိုးဝင်လာသူတွေအများအပြားရှိနေပါတယ် ထိုင်းနိုင်ငံမှာကိုဗစ်ကူးစက်မူတွေများနေတဲ့အတွက် နယ်စပ်တွေကိုပိုမိုပြီး လုံခြုံရေးချထားသလို နယ်မြေဖြတ်ကျော်သွားလာခွင့်တွေကိုကန့်သတ်ထားပါတယ်။ အဲဒီလိုအခြေအနေမှာပဲ နေ့စဉ်နီးပါးလည်း ခိုးဝင်လာသူတွေကို ဖမ်းဆီးနေတာပါ။

ထိုင်းနိုင်ငံမှာကိုဗစ်ကူးစက်သူ ၈၆၃၀၀၀ ကျော်ရှိပြီး သြဂုတ်လ ၁၃ ရက်နေ့ တနေ့တည်းကူးစက်သူ၂၃၄၀၀ ကျော်ရှိနေတာပါ လက်ရှိမှာလည်း စိုးရိမ်ရတဲ့လူနာပေါင်း၅၀၀၀ကျော်ရှိနေပါတယ် သေဆုံးသူကတော့၇၁၀၀ကျော်ရှိသွားပြီးလို့ထိုင်းကျန်းမာရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ထားပါတယ်။

တိုက္႐ိုက္ လင့္ခ္

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG